Thursday, 18 July 2019

18-JULY-2019 (READING -ORD15 -YC-C1)

Thu the 18th: Exod 3:13-20; Ps 105:1-27; Matt 11:28; Matt 11:28-30

ထွက်မြောက်ရာကျမ်း အခန်းကြီး ၃ (Exod 3:13-20);

၁၃ မောရှေကလည်း၊ အကျွန်ုပ်သည် ဣသရေလအမျိုးသားတို့ရှိရာသို့ရောက်၍၊ သင်တို့ဘိုးဘေး များ၏ ဘုရားသခင် သည် ငါ့ကိုသင်တို့ရှိရာသို့စေလွှတ်တော်မူပြီဟု အကျွန်ုပ်ဆိုလျှင်၊ သူတို့က၊ ထိုဘုရားသခင်၏ နာမတော်ကား အဘယ်သို့နည်းဟု အကျွန်ုပ်ကိုပြန်၍မေးသောအခါ၊ အဘယ်သို့ပြန်ပြောရပါမည်နည်း ဟုဘုရား သခင်အားမေး လျှောက်လေ၏။
၁၄ ဘုရားသခင်ကလည်း၊ ငါဖြစ်သည်အတိုင်းငါဖြစ်၏ ဟူ၍၎င်း၊ ငါဖြစ်သည်ဟု အမည်ရှိသော သူသည်၊ ငါ့ကို သင်တို့ရှိရာသို့စေလွှတ်တော်မူပြီဟု ဣသရေလအမျိုးသားတို့အား ပြန်ပြောလော့ ဟူ၍၎င်း၊ မောရှေအားမိန့် တော်မူ၏။
၁၅ တဖန်ဘုရားသခင်က၊ သင်တို့ဘိုးဘေးများ၏ ဘုရားသခင်၊ အာဗြဟံ၏ ဘုရား၊ ဣဇာက်၏ ဘုရား၊ ယာကုပ် ၏ဘုရားတည်းဟူသောထာဝရဘုရားသည်၊ ငါ့ကိုသင်တို့ရှိရာသို့ စေလွှတ်တော်မူပြီဟု ဣသရေလ အမျိုးသားတို့အား ပြောရမည်။ ထိုအမည်သည် အစဉ်ငါ့အမည်ဖြစ်၏။ လူမျိုးအစဉ်အဆက်မပြတ် ငါ့ဘွဲ့နာမ ဖြစ်၏။
၁၆ သွား၍ဣသရေလ အမျိုးအသက်ကြီးသူတို့ကို စုဝေးစေပြီးလျှင်၊ သင်တို့ ဘိုးဘေးများ၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရားသည် ငါ့အား ထင်ရှား တော်မူလျက်၊ အကယ်စင်စစ် သင်တို့ကိုငါအကြည့်အရှုလာ၍၊ အဲဂုတ္တုပြည်၌ သင်တို့အားပြုသောအမှုကို ငါမြင်ပြီ။
၁၇ အဲဂုတ္တုပြည်၌ ခံရသောဒုက္ခ ထဲက သင်တို့ကိုငါနှုတ်၍၊ ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့နေရာ၊ နို့နှင့် ပျားရည် စီးတတ်သော ပြည်သို့ပို့ဆောင်မည်  ငါဂတိရှိသည်ဟု မိန့်တော်မူပြီ ဟု သူတို့အားပြောလော့။
၁၈ သူတို့သည် သင်၏စကားကိုနားထောင်၍၊ သင်သည်ဣသရေလ အမျိုးသား အသက်ကြီး သူများပါလျက်၊ အဲဂုတ္တုရှင်ဘုရင် ထံသို့ဝင်သဖြင့်၊ ဟေဗြဲလူတို့၏ ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့် တွေ့တော် မူပြီ။ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားအားယဇ်ပူဇော်ခြင်းငှါ တောသို့သုံးရက် ခရီးသွားရသော အခွင့်ကိုပေးတော်မူဟု လျှောက်ရမည်။
၁၉ အဲဂုတ္တုရှင်ဘုရင်သည် ကြီးစွာသောတန်ခိုးကို မတွေ့မမြင်လျှင်၊ သွားရသော အခွင့်ကို သင်တို့အား မပေးကြောင်းကို ငါသိ၏။
၂၀ ငါသည်လည်း လက်ကိုဆန်၍၊ အဲဂုတ္တုပြည်ထဲ၌ ငါပြုလတံ့သောငါ ၏အံဘွယ်သော အမှုရှိသမျှတို့နှင့် ထိုပြည်ကို ဒဏ်ခတ်မည်။ ထိုနောက် အဲဂုတ္တုပြည်ရှင်ဘုရင်သည် သင်တို့ကိုလွှတ် လိမ့်မည်။

ဆာလံကျမ်း အခန်းကြီး ၁၀၅ (Ps 105:1-27);

၁ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ နာမတော်ကိုပဌာနပြုကြလော့။ အမှုတော်တို့ကို လူများတို့အား ပြသကြလော့။
၂ ထာဝရဘုရားကို သီချင်းဆိုကြလော့။ ဆာလံသီချင်းကို ဆိုကြ လော့။အံ့ဘွယ်သော အမှုတော်အပေါင်းတို့ကို ဟောပြောကြလော့။
၃ သန့်ရှင်းသော နာမတော်၌ ဝါကြွားဝမ်းမြောက် ကြလော့။ ထာဝရ ဘုရားကို ရှာသောသူတို့သည် စိတ်နှလုံးရွှင်လန်းကြစေ။
၎ ထာဝရဘုရားနှင့်တန်ခိုးတော်ကို ရှာကြလော့။ မျက်နှာတော်ကို အစဉ်အပြတ် ရှာကြလော့။
၅ စီရင်တော်မူသော အံ့သြဘွယ်တို့ကို၎င်း၊ ထူးဆန်းသောအမှု တော်တို့နှင့် နှုတ်ထွက်ပညတ်တို့ကို ၎င်း၊အောက်မေ့ကြလော့။
၆ ထာဝရဘုရား၏ ကျွန်အာဗြဟံအမျိုးရွေးကောက် တော်မူသော ယာကုပ်အနွယ်တို့၊
၇ ကိုယ်တော်မြတ်ထာဝရဘုရားသည် ငါတို့ဘုရားသခင်ဖြစ်တော်မူ၏။ မြေကြီးတပြင် လုံး၌ တရားစီရင်ပိုင်တော်မူ၏။
၈-၁၀ ငါသည်သင်တို့အမွေခံရာဘို့ ခါနာန်ပြည်ကိုသင်၌ ပေးမည်ဟု ငါတို့အမျိုးသည် အရေအတွက်အားဖြင့် မများ၊ အလွန်နည်း၍ ထိုပြည်၌ ဧည့်သည်ဖြစ် လျက်နေသောအခါ ၊ အာဗြဟံ၌ ဂတိထား၍၊ ဣဇာတ်ကို ကျိန်ဆိုတော်မူလျက်၊ ယာကုပ်၌မြဲမြံသောတရား၊ ဣသရေလ၌ နိစ္စထာဝရပဋိညာဉ်ဖြစ်စေခြင်းငှါ၊လူမျိုး အဆက်တစ်ထောင်တိုင်အောင် မိန့်မြွက်တော်မူသော နှုတ်ကပတ်တည်း ဟူသော ဝန်ခံခြင်းတရားကို အစဉ်အမြဲအောက်မေ့တော်မူ၏။
၁၃ သူတို့သည် တမြို့မှ တမြို့သို့၎င်း၊ တနိုင်ငံမှ တနိုင်ငံသို့၎င်း၊ လှည့်လည်၍ သွားကြသောအခါ၊
၁၄ သူတို့ကို ညှင်းဆဲစေခြင်းငှါ အဘယ်သူအားမျှ အခွင့်ပေးတော်မမူ၊ သူတို့အတွက်လည်း ရှင်ဘုရင်ကို  ဆုံးမလျက်၊
၁၅ ငါ့ထံ၌ ဘိတ်သိတ်ခံသောသူတို့ကို မထိမခိုက်နှင့်။ ငါ၏ပရောဖတ်တို့ကို အပြစ်မပြုနှင့်ဟု မိန့်တော်မူ၏။
၁၆ တဖန်တုံ၊ ထိုပြည်၌ မွတ်သိပ်ခြင်းဘေးကို ခေါ်၍၊ အစာအဟာရတည်းဟူသော အထောက်အပင့်ရှိသမျှကို ချိုးဖြတ်တော်မူသောအခါ၊
၁၇ ကျွန်ဖြစ်စေဘို့ အရောင်းခံရသောယောသပ်ကို သူတို့ရှေ့မှာစေလွှတ်တော်မူ၏။
၁၈ သူ့ ကိုခြေချင်းခတ်၍ သံနှင့်ညှင်းဆဲကြသည်။
၁၉ သူ၏စကားမပြည့်စုံမီ တိုင်အောင်၊ ထာဝရဘုရား၏ အမိန့်တော်အတိုင်း စုံစမ်းခြင်းကို ခံရ၏။
၂၀ လူတို့ကိုအစိုးရသော အရှင်တည်းဟူသော ရှင်ဘုရင်သည် စေလွှတ်၍ သူ့ကိုနှုတ်ပြီးမှ ချမ်းသာ ပေးတော်မူ၏။
၂၁ သူသည်  မိမိအလိုရှိသည့် အတိုင်းမင်းအရာရှိတို့ကို ချည်နှောင်၍၊ မှူးတော်မတ်တော်တို့ကို ဆုံးမ ပိုင်သော
၂၂ အခွင့်နှင့်နန်းတော်အုပ်  ၊ နိုင်ငံတော်အုပ်အရာ၌ ထိုသူကို ခန့်ထားတော်မူ၏။
၂၃ ဣသရေလသည်လည်း အဲဂုတ္တုပြည်သို့ ရောက်လာ၍၊ ယာကုပ်သည် ဟာမအမျိုးနေရာ ပြည်၌ တည်းခို၏။
၂၄ ဘုရားသခင်သည် မိမိလူတို့ကို အလွန်များပြားစေ၍၊ ရန်သူတို့ထက်အားကြီးစေတော်မူ၏။
၂၅ မိမိလူတို့ကို ရန်သူတို့သည် မုန်း၍၊မိမိကျွန်တို့ကို ပရိယာယ်ပြုမည်အကြောင်း၊ ထိုသူတို့စိတ်နှလုံးကို ပြောင်းလဲစေ တော်မူ၏။
၂၆ တဖန်မိမိကျွန်မောရှေနှင့် ရွေးကောက်တော်မူသောအာရုန်ကို စေလွတ်တော်မူ၏။
၂၇ အဲဂုတ္တုပြည်သား တို့တွင် လက္ခဏာသက်သေတော်တို့ကို  ပြ၍၊ ဟာမအမျိုးနေရာပြည်၌ အံ့ဘွယ်သော အမှုတို့ကို ပြုကြ၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၁ (Matt 11:28);
၂၈ ၀န်လေး၍ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၁ (Matt 11:28-30);

၂၈ ၀န်လေး၍ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်။
၂၉ ငါ့ထမ်းဘိုးကိုတင်၍ထမ်းကြလော့။ ငါ့ထံ၍ နည်းခံကြလော့။ ငါသည်နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။
၃၀ အကြောင်းမူကား၊ ငါ့ထမ်းဘိုးသည်ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့ ၏ဟုမိန့်တော်မူ၏။