Tuesday, 30 July 2019

30-JULY-2019 (READING -ORD17 -YC-C1)

Tue the 30th:     Optional memorial of Peter Chrysologus, bishop and doctor.
Exod 33:7-11; 34:5-28; Ps 103:6-13; Matt 13:36-43

ထွက်မြောက်ရာကျမ်း အခန်းကြီး ၃၃ (Exod 33:7-11; 34:5-28);

၇ မောရှေသည် တဲတော်ကိုယူ၍ တပ်ပြင်၌ ခပ်ဝေးဝေးဆောက်ပြီးလျှင်၊ ပရိသတ်စည်းဝေးရာတဲဟူ၍ ခေါ်ဝေါ်၏။ ထာဝရဘုရားကို ရှာသောသူအပေါင်းတို့သည် တပ်ပြင်၌ရှိသော ပရိသတ်စည်းဝေးရာ တဲတော်သို့ ထွက်သွားကြ၏။
၈ မောရှေသည် တဲတော်သို့ထွက်သွားသောအခါ၊ လူအပေါင်းတို့သည် ထ၍ အသီးအသီးမိမိတို့ တဲတံခါးဝ၌ ရပ်လျက် တဲတော်အထဲသို့ မောရှေဝင်သည်တိုင်အောင် ကြည်ရှုလျက်နေကြ၏။
၉ မောရှေသည် တဲတော်အထဲသို့ ဝင်ပြီးမှ၊ မိုဃ်းတိမ်တိုင်ဆင်းသက်၍ တဲတော်တံခါးဝ၌ ရပ်သဖြင့်၊ ထာဝရဘုရားသည် မောရှေနှင့် နှုတ်ဆက်တော်မူ၏။
၁၀ တဲတော်တံခါးဝ၌ မိုဃ်းတိမ်တိုင်ရပ်နေသည်ကို မြင်လျှင် လူအပေါင်းတို့သည် ထ၍ အသီး အသီး မိမိတို့တဲတံခါးဝ၌ ကိုးကွယ်ကြ၏။
၁၁ ထာဝရဘုရားသည် အဆွေခင်ပွန်းခြင်းကို နှုတ်ဆက်တတ်သည် နည်းတူ၊ မောရှေနှင့် မျက်နှာချင်းဆိုင်၍ နှုတ်ဆက်တော်မူ၏။ မောရှေသည် တပ်ထဲသို့ ပြန်ဝင်သောအခါ၊ သူ၏လက်ထောက် နုန်၏သား ယောရှုမည်သောလုလင်သည်၊ တဲတော်မှမထွက်ဘဲနေ၏။
၅ ထာဝရဘုရားသည် မိုဃ်းတိမ်ဖြင့် ဆင်းသက်၍၊ ထိုအရပ်၌ မောရှေအနားမှာ ရပ်လျက်၊ ထာဝရဘုရား၏ နာမတော် ကို ကြွေးကြော်တော်မူ၏။
၆ ထာဝရဘုရားသည် မောရှေရှေ့၌ ကြွသွားတော်မူလျက်၊ ထာဝရဘုရား၊ ထာဝရဘုရား၊  ချစ်ခြင်းသနား မေတ္တာကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူထသော၊ 
၇ အထောင်အသောင်း များသောသူတို့အား သနားခြင်းကျေးဇူး တရားကို စောင့်တော်မူထသော၊ အဓမ္မကျင့်ခြင်း လွန်ကျူးခြင်း၊ ဖြစ်မှားခြင်းအပြစ်တို့ကို ဖြေလွှတ်သော်လည်း၊ အချည်းနှီးသက်သက် ဖြေလွှတ်တော်မမူထသော၊ သားစဉ်မြေးဆက်၊ တတိယအဆက်၊ စတုတ္ထအဆက် တိုင်အောင်၊ အဘတို့၏အပြစ်ကို သားတို့၌ ဆပ်ပေးစီရင်တော်မူသော ဘုရားသခင်ဟု ကြွေးကြော်တော်မူ၏။
၈ မောရှေသည် အလျင်အမြန်ဦးညွတ်ချ၍ ကိုးကွယ်လျက်၊
၉ အိုဘုရားရှင်၊ အကျွန်ုပ်သည် ရှေ့တော်၌ မျက်နှာရလျှင်၊ အကျွန်ုအရှင်သည် အကျွန်ုပ်တို့နှင့် အတူ ကြွတော်မူပါစေသော၊ အကျွန်ုပ်တောင်းပန်ပါ၏။ ဤလူမျိုးသည် လည်ပင်းခိုင်မာသော အမျိုးဖြစ်သော်လည်း အကျွန်ုပ်တို့ပြစ်မှားမိသော ဒုစရိုက်အပြစ်များကို လွှတ်၍ အကျွန်ုပ်တို့ကို ကိုယ်တော်အမွေဥစ္စာဘို့ သိမ်းယူတော် မူပါဟု လျှောက်လျှင်၊
၁၀ ထာဝရဘုရားက၊ ကြည့်ရှုလော့။ ငါ့ပဋိညာဉ်ပြု၏။ မြေကြီးပေါ်မှာလူမျိုး၌ မပြုစဖူးသော အံ့ဖွယ်သောအမှုတို့ကို သင်တို့၏လူမျိုးရှေ့မှာ ငါပြုမည်။ သင်တို့အဘို့ ငါထာဝရဘုရား ပြုရသောအမှုသည် ကြောက်မက်ဘွယ်သော အမှုဖြစ်ကြောင်းကို၊ သင်ပေါင်းဘော်သော လူအပေါင်းတို့သည် မြင်ရကြလိမ့်မည်။
၁၁ ယနေ့ ငါမှာထားသောစကားကို မှတ်လော့။ သင့်ရှေ့မှာ အာမောရိလူ၊ ခါနနိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူ တို့ကို ငါနှင်ထုတ်မည်။
၁၂ သင်သည် ယခုသွားသော ပြည်သူပြည်သားတို့နှင့် မိဿဟာယဖွဲ့သဖြင့်၊ သင့်အလယ်၌ တိုက်မိ၍ လဲစရာအကြောင်း မဖြစ်စေခြင်းငှါ၊ ကိုယ်ကိုကိုယ်သတိပြုလော့။
၁၃ သူတို့ယဇ်ပလ္လင်များကို ဖျက်ဆီးရမည်။ သူတို့ရုပ်တုဆင်းတုများကို ချိုးဖဲ့ရမည်။ သူတို့အာရှရပင်များကို ခုတ်လှဲရမည်။
၁၄ အခြားသောဘုရားကို သင်သည် မကိုးကွယ်ရ။ အပြစ်ရှိ ယုံလွယ်အမည်ရှိသော ထာဝရဘုရားသည် အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားသခင် ဖြစ်တော်မူ၏။
၁၅ သင်သည် ထိုပြည်သူပြည်သားတို့နှင့် မိဿဟာယဖွဲ့သဖြင့်၊ သူတို့သည် မိမိတို့ဘုရားနှင့် မှားယွင်း ခြင်းကိုပြု၍၊ ထိုဘုရားတို့အား ယဇ်ပူဇော်သောအခါ၊ သင့်ကိုခေါ်၍ သင်သည် ထိုယဇ်ကောင်ကို စားရမည်ဟူ၍ ၎င်း၊
၁၆ သင်သည် သူတို့သမီးများကိုယူ၍၊ ကိုယ်သားတို့နှင့် ထိမ်းမြားပေးစားသဖြင့်၊ ထိုသမီးတို့သည် မိမိတို့ဘုရား နှင့် မှားယွင်းခြင်းကိုပြု၍ သင်၏သားတို့ကို ထိုဘုရားတို့နှင့် မှားယွင်းစေမည်ဟူ၍၎င်း စိုးရိမ်စရာရှိ၏။
၁၇ သင်သည် ကိုယ်အဘို့သွန်းသော ဘုရားတို့ကိုမလုပ်ရ။
၁၈ သင်သည် အဗိဗလ၌ အဲဂုတ္တုပြည်မှ ထွက်သောကြောင့်၊ ငါပညတ်သည်အတိုင်း၊ အဗိဗလတွင် ခုနစ်ရက် ပတ်လုံးတဆေးမဲ့မုန့်ကိုစား၍ အဇုမပွဲကိုခံရမည်။
၁၉ သားဦးအပေါင်းတို့သည် ငါ့ဥစ္စာဖြစ်ကြ၏။ သင်၏တိရစ္ဆာန်တို့တွင် လည်း၊ နွားဖြစ်စေ၊ သိုးဖြစ်စေ၊ သားဦးအပေါင်းတို့သည် ငါ့ဥစ္စာဖြစ်ကြ၏။ သို့ရာတွင်၊ မြည်းသားဦးကို သိုးသငယ်နှင့် ရွေးယူရမည်။
၂၀ မရွေးလိုလျှင်၊ မြည်းသငယ်၏ လည်ပင်ကို ချိုးရမည်။ သင်၏သားဦးအပေါင်းတို့ကို ရွေးရမည်။ ငါ့ထံသို့ အဘယ်သူမျှလက်ချည်းမပေါ်မလာရ။
၂၁ ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေရမည်။ လယ်လုပ်ရာကာလ၊ အသီးအနှံသိမ်းရာကာလ ဖြစ်သော်လည်း၊ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေရမည်။
၂၂ ဂျုံစပါးကို သိမ်းစရှိသည်ကာလ ခုနစ်သိတင်းပွဲကို၎င်း၊ နှစ်လဲသောအခါ သိုထားပွဲကို၎င်း ကိုခံရမည်။
၂၃ သင်တို့အမျိုးသား ယောက်ျ်ားအပေါင်းတို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင်တည်းဟူသော ထာဝရ အရှင်ဘုရားသခင့်ရှေ့တော်၌ တနှစ်လျှင် သုံးကြိမ်မျက်နှာပြရကြမည်။
၂၄ တပါးအမျိုးသားများကို သင်တို့ရှေ့က ငါနှင့်ထုတ်၍၊ သင်တို့နေရာနယ်ကို ငါကျယ်စေမည်။ သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တနှစ်တွင်သုံးကြိမ် မျက်နှာပြသွားရသောအခါ၊ သင်၏မြေကို အဘယ်သူမျှမတပ်မက်ရ။
၂၅ ငါ့ယဇ်ကောင်အသွေးကို တဆေးနှင့်ရော၍ မပူဇော်ရ။ ပသခါပွဲယဇ်ကောင်ကို၊ နံနက်တိုင်အောင် မကြွင်းစေရ။
၂၆ သင်၏မြေ၌အဦးသီးသော အသီးအနှံအကောင်းဆုံးကို သင်၏ ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ထဲသို့ ဆောင်သွင်းရမည်။ ဆိတ်သငယ်ကို အမိနို့ရည်နှင့် မပြုတ်မချက်ရ။
၂၇ ဤစကားများကို ရေးထားလော့။ ဤစကားများလာသည် အတိုင်း သင်မှစ၍ဣသရေလအမျိုးနှင့် ငါပဋိညာဉ်ပြုသည်ဟု မောရှေအားမိန့်တော်မူ၏။
၂၈ ထိုအရပ်မှာ မောရှေသည် အစာကိုမစား၊ ရေကိုမသောက်ဘဲ၊ အရက်လေးဆယ်ပတ်လုံး ထာဝရဘုရားအထံတော်၌ နေလေ၏။ ကျောက်ပြားပေါ်မှာ ပဋိညာဉ်စကား၊ ပညတ်တော် ဆယ်ပါးကိုရေးထားတော်မူ၏။

ဆာလံကျမ်း အခန်းကြီး ၁၀၃ (Ps 103:6-13);

၆ ထာဝရဘုရားသည် ညှင်းဆဲခြင်းကိုခံရသမျှ သော သူတို့အဘို့တရားပေး၍ စီရင်ဆုံးဖြတ်တော်မူ၏။
၇ ဘာသာဓလေ့တော်တို့ကိုမောရှေ၌၎င်း၊ စီရင်တော်မူသောအရာတို့ကို ဣသရေလအမျိုးသားတို့၌၎င်း ပြတော်မူပြီ။
၈ ထာဝရဘုရားသည် သနားတတ်သောသဘော၊ ကျေးဇူးပြုတက်သောသဘော၊ စိတ်ရှည်၍ ကရုဏာ ကြွယ်ဝသော သဘောရှိတော်မူ၏။
၉ အစဉ်မပြတ် အပြစ်တင်တော်မူသည်မဟုတ်။ အငြိုးကို အမြဲထားတော်မူသည်မဟုတ်။
၁၀ ငါတို့ပစ်မှားခြင်းနှင့် အလျောက် ငါတို့၌ပြုတော်မမူတတ်။ ငါတို့၌ ဒုစရိုက်ရှိသည်အတိုင်း အပြစ်ကို ပေးတော်မမူတတ်။
၁၁ မြေကြီးပေါ်တွင် ကောင်းကင်အမြင့်ရှိသည့်အတိုင်း ထာဝရဘုရားကိုကြောက်ရွံသောသူတို့၌ ဂရုဏာတော်သည် အားကြီးပေ၏၊၊
၁၂ အရှေ့မျက်နှာစွန်းသည် အနောက်မျက်နှာစွန်းနှင့် ဝေးသည်အတိုင်း၊ ငါတို့ အပြစ်များကို ငါတို့နှင့် ဝေးစေတော်မူ၏၊၊
၁၃ အဘသည် သားတို့ကို သနားစုံမက်သည်နည်းတူ၊ ထာဝရဘုရားသည် ကြောက်ရွံ့သော သူတို့ကို  သနားစုံမက်တော် မူ၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၃ (Matt 13:36-43);

၃၆ ထိုနောက်မှ ယေရှုသည် လူအစုအဝေးများကိုလွှတ်၍ အိမ်သို့ဝင်တော်မူပြီးမှ၊ တပည့်တော်တို့သည် ချဉ်းကပ်၍၊ လယ်၌ကြဲသောတောမျိုးစေ့၏ ဥပမာအနက်အဓိပ္ပါယ်ကို အကျွန်ုပ်တို့အား ဘော်ပြတော်မူပါဟု လျှောက်ကြလျှင်၊
၃၇ ကိုတော်က၊ ကောင်းသောမျိုးစေ့ကိုကြဲသောသူသည် လူသားဖြစ်၏။
၃၈ လယ်ကား ဤလောက ဖြစ်၏။ ကောင်းသောအစေ့ကား နိုင်ငံတော်သားဖြစ်၏။ တောမျိုးစေ့ကား နတ်ဆိုးသားဖြစ်၏။
၃၉ တောမျိုးစေ့ကို ကြဲသောရန်သူကား မာရ်နတ်ဖြစ်၏။ စပါးရိတ်သောကာလကား ဤကမ္ဘာကုန်သောကာဖြစ်၏။ စပါးရိတ်သောသူ ကား ကောင်းကင်တမန်ဖြစ်၏။
၄၀ တောပင်တို့ကိုရွေးနှုတ်၍ မီးရှို့သကဲ့သို့ ဤကမ္ဘာအဆုံး၌ဖြစ်လတံ့။
၄၁ လူသားသည် မိမိကောင်းကင်တမန်တို့ကို စေလွှတ်ပြီးလျှင်၊ မှားယွင်းစေသောသူတို့နှင့် မတရားသောအမှုကိုပြုသောသူရှိသမျှတို့ ကို နိုင်ငံတော်ထဲကရွေးနှုတ်၍၊
၄၂ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို၌ချကြလတံ့။
၄၃ ထိုအခါဖြောင့်မတ်သော သူတို့သည် နေထွန်းလင်းသကဲ့သို့ မိမိတို့အဘ၏နိုင်ငံတော်၌ ထွန်းလင်းကြလတံ့။ ကြားစရာနားရှိသောသူမည် သည်ကား ကြားပါစေ။