Thu the 26th: Esth C:12-25; Ps 138:1-8; Matt 7:7-12
အက်စတာပူးတွဲအခန်းကြီး (ဂ)( Esth C : ၁၂-၂၅)း
၁၂။ မိဖုရား အက်စတာသည်လည်း သေလုမတတ်ခံစားရသော စိတေ် သာက ပူဆွေးခြင်းဖြင့်ဘုရားသခင်ထံ
၁၃။အသနားခံတောင်းလျှောက်လေ၏။သူမ၏တင့်တယ့်လှပသော ၀တ်ရုံများကို ချွတ်ခွာ၍၀မ်းနည်းပူဆွေး
ခြင်းအထမိးအမှတ် အ၀တ်များကိုဝတ်ဆင်ပြီး၊အဖိုးတန်သောနံ့သာအမွှေးအကြိုင်များ အစား၊ပြာမှုန့်နှင့်
နွားချေးကို သူမ၏ ဦးခေါင်းမှာ ဖုံးထားလေ၏။ပွဲအခမ်းအနားတွငေ် ပျာ်ရွှင်စွာ ဆင်ယင်ခြယ်သခဲ့သမျှ
တို့ကိုဖယ်ရှားပြီး၊ မိမိခန္ဓာကိုယ်ကိုပြင်းထန်စွာဒဏ် ပေးကာ ဆံပင် ဖရိုဖရဲနှင့် နေလေ၏။
၁၄။ ထို့နောက်သူမသည်အစ္စရေးလ်လူမျိုး၏ အရှင်ဘုရားသခင်ထံဆုတောင်းသည်မှာ တပည့်တော်မ၏ အရှင်သခင်တပည့်တော်မတို့၏ဘုရင်ကိုယ်တော်တစ်ပါးတည်းသာလျှင်ဘုရားဖြစ်တော်မူပါ၏။တပည့်တော်မကိုကူညီမစတော်မူပါ။တပည့်တော်မသည်တစ်ယောက်တည်းဖြစ်၍ကိုယ်တော်မှတစ်ပါးကူညီမည့်သူမရှိပါ။
၁၅။အကြောင်းမှာ တပည့်တော်မသည် သေရမည့်ဘေးအန္တရာယ်နှင့် လက်တစ်ကမ်းတွင် ရောက်နေပါပြီ။
၁၆။တပည့်တော်မငယ်ရွယ်စဉ်အချိန်မှစ၍တပည့်တော်မဘိုး ဘေးများနှင့်မျိုးနွယ်တို့၏သွန်သင်ချက်များအား
ဖြင့် ကိုယ်တော်သည် လူအမျိုးမျိုး၊ နိုင်ငံအမျိုးမျိုးအနက်မှ အစ္စရေးလ်လူမျိုးကို ရွေးချယေ် တ်ာမူခဲ့
ကြောင်းကိုလည်းကောင်း၊တပည့်တော်မတို့ဘိုးဘေးများအား သူတို့၏ဘိုးစဉ်ဘောင်ဆက်လူမျိုးထဲမှရွေး
ချယ်လျက် အစဉ် ထာဝရတည်သောအမွေတော်ကိုပေးတော်မူခဲ့ကြောင်းကလို ည်းကောင်း၊ ကိုယ်တော်
သည်သူတို့အပေါ်မှာအစဉ်ကတိတည်တော်မူကြောင်းကိုလည်းကောင်း၊ တပည့်တော်မ ကြားခဲ့ရပါ၏။
၁၇။သို့သောယ် ခုမှာ တပည့်တော်တို့သည်ကိုယ်တော်၏မျက်မှောက်တော်၌ အပြစ်ûပမိခဲ့သောကြောင့် ကိုယ်
တော်သည် တပည့်တော်တို့ကိုရန်သူတို့၏လက်တွင် အပ်နှံတော်မူခဲ့ပြီ။
၁၈။အကြောင်းမူကား၊တပည့်တော်တို့သည် သူတို့ဘုရားများကို ရှိခိုးကိုးကွယ်မိခဲ့သောကြောင့်ဖြစ်ပါ၏။ ကိုယ်တော်သည် တရားမျှတ၊မှန်ကန်တော်မူပါ၏။
၁၉။သို့သော်ယခုမှာမူသူတို့သည် တပည့်တော်တို့ခါးသည်းစွာကျွန်ခံရခြင်းကိုပင် မကျေ
၂၀။ နပ်နိုင်သေးဘဲ၊မိမိတို့၏ရုပ်တုများကိုတိုင်တည်လျက်ကိုယ်တော်၏ မိန့်မှာတော်မူချက်ကို ဖျောက်ဖျက်၍၊ကိုယ်တော်၏အမွေတော်ကိုဖျက်ဆီးရန်လည်းကောင်း
၂၁။ ကိုယ်တော်ကို ချီးမွမ်းထောပနာûပသောသူတို့၏နှုတ်ဖျားကို တိတ်ဆိတ်စေရန်လည်းကောင်း၊ကိုယ်တော့်
ဗိမာန်တော်နှငယ့် ဇ်ပလ’င်တော်တို့၏ဘုန်းဂုဏ်တော်
၂၂။ ကိုချုပ်ငြိမ်းစေရန်လည်းကောင်း၊မမှန်ကန်သောသူတို့၏ ဘုရားများကိုချီးမွမ်းမည့်လူမျိုးဘာသာခြားတို့၏
နှုတ်များကို ဖွင့်ဟစေခြင်းငှာလည်းကောင်း၊သေမျိုးဖြစ်သောဘုရင်ကို အစဉ် ချီးမြှောက်နိုင်ရန်လည်း
ကောင်း ကြိုးပမ်းအားထုတ်ခဲ့ကြပါပြီ။
၂၃။ အိုသခင် ကိုယ်တော၏် ရာဇလှံတကိုံအသက်မဲ့သောအရာများလက်သို့ကမ်းတော်မမူပါနှင့်။ တပည့်တော်
မတို့၏ ပျက်စီးခြင်းကိုသူတို့ နှစ်ထောင်းအားရစွာကြည့်စေခြင်းငှာ ခွင့်ûပတော် မမူပါနှင့်။ သူတို့၏
မကောင်းသောအကြံအစည်များကိုသူတို့အပေါ်သို့ပြန်လည် သက်ရောက်စေတော်မ၍ူ ၊ တပည့်တော်တို့၏
အဓိက ရန်သူအားစံနမူနာအဖြစ်ထိုသို့ûပတော်မူပါ။
၂၄။ အသို ခင်တပည့်တော်တို့ကိုသတိရတော်မူပါ။တပည့်တော်တို့ကိုဒုက္ခရောက်သောအချိန်တွင်ကိုယ်တော၏်
ဘုန်းတနခိုးတော်ကို ထုတ်ဖော်ပြတော်မူပါ။တပည့်တော်မအား ခွန်အားသတ္တိကို ပေးသနားတော်မူပါ
ဘုရား၊အားလုံးတို့၏ဘုရင်၊တန်ခိုးအာဏာအပေါင်း
၂၅။တို့၏အရှင်သခင်၊ခြင်္သေ့၏ရှေ့သို့တပည့်တော်မ ၀င်ရောက်သောအခါ သင့်လျော်၍နားဝင်အောင်ပြောဆို
နိုင်သောစကားများကိုတပည့်တော်မနှုတ်မှထွက်လာစေတော်မူပါ။သ၏ူ အမျက်ဒေါသကိုတပည့်တော်တို့
ရန်သူအပေါ်သို့လွှဲပြောင်းပေး၍သူနှင့်သူ၏အပေါင်းအပါတို့ကို ပျက်စီးစေတော်မူပါ။
ဆာလံကျမ်း အခန်းကြီး ၁၃၈(Ps 138:1-8);
၁ အိုထာဝရဘုရား၊ ကိုယ်တော်ကို စိတ်နှလုံး အကြွင်းမဲ့ အကျွန်ုပ်ချီးမွမ်းပါမည်။ အခြားတစ်ပါးသော ဘုရားတို့ရှေ့မှာ ကိုယ်တော်ကို ထောမနာ သီချင်းကိုဆိုပါမည်။
၂ သန့်ရှင်းသော ဗိမာန်တော်သို့ မျက်နှာပြုလျက် ပြပ်ဝပ်ကိုးကွယ်၍၊ ကရုဏာတော်နှင့် သစ္စာတော်ကြောင့် နာမတော်ကို ချီးမွမ်းပါမည်။ အကြောင်းမူကား၊ ကတိတော်ကို သိတင်းတော် ရှိသမျှထက် ချီးမြှောက်တော်မူပြီ။
၃ အကျွန်ုပ်အော်ဟစ်သော နေ့တွင် နားထောင်တော်မူ၍၊ စိတ်ဝိညာဉ်ထဲသို့ ခွန်းအားကို သွင်းသဖြင့်၊ အကျွန်ုပ်ကို ခိုင်မာစေတော်မူ၏။
၎ အိုထာဝရဘုရား၊ လောကီရှင်ဘုရင် အပေါင်းတို့သည် နှုတ်တော်ထွက် စကားတို့ကို ကြားရသည် ဖြစ်၍၊ ဂုဏ်တော်ကို ချီးမွမ်းကြပါလိမ့်မည်။
၅ ထာဝရဘုရား၏ လမ်းခရီးတော်တို့၌ လိုက်၍ သီချင်းဆိုကြပါလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဘုန်းကြီးတော်မူ၏။
၆ ထာဝရဘုရားသည် မြင့်မြတ်တော်မူသော်လည်း၊ စိမ့်နှိမ့်ချသော သူတို့ကို ကြည့်ရှုတော်မူ၏။ စိတ်မြင့်သောသူတို့ကိုကား၊ အဝေးက သိတော်မူ၏။
၇ အကျွန်ုပ်သည် ဆင်းရဲဒုက္ခများ၌ ကျင်လည်သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို အသက်ရှင်စေတော်မူလိမ့်မည်။ လက်တော်ကို ဆန့်လျက်၊ ရန်သူ တို့၏ အမျက်ဒေါသ ကို ဆီးတား၍၊ လက်ျာလက်တော်အားဖြင့် အကျွန်ုပ်ကို ကယ်တင်တော် မူလိမ့်မည်။
၈ ထာဝရဘုရားသည် ငါ၏အမှုကို ပြီးစီးစေတော်မူမည်။ အိုထာဝရဘုရား၊ ကရုဏာသည် အစဉ်အမြဲ တည်ပါသည်ဖြစ်၍၊ ကိုယ်တော်၏ လက်နှင့် ပြုစုသော အမှုတို့ကို စွန့်ပစ်တော်မမူပါနှင့်။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၇ (Matt 7:7-12);
၇ တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။
၈ တောင်းသောသူမည်သည်ကားရ၏။ ရှာသောသူလည်းတွေ့၏။ ခေါက်သော သူအားလည်း တံခါးကိုဖွင့်၏။
၉ သားသည်မုန့်ကိုတောင်းလျှင် မိမိ၏သားအားကျောက်ကိုပေးမည်သူ၊
၁၀ ငါးကိုတောင်းလျှင် မြွေကို ပေးမည်သူ တစုံတယောက်မျှသင်တို့တွင်ရှိသလော။
၁၁ သင်တို့သည် အဆိုးဖြစ်လျက်ပင်ကိုယ်သားတို့အား ကောင်းသောအရာကိုပေးတတ်လျှင်၊ ထိုမျှမကကောင်းကင်ဘုံ၌ ရှိတော်မူသောသင်တို့အဘသည် ဆုတောင်းသော သူတို့အား၊ ကောင်းသောအရာကိုသာ၍ ပေးတော်မူမည်မဟုတ်လော။
၁၂ သင်တို့သည် ကိုယ်၌သူတပါးပြုစေလို သမျှအတိုင်း သူတပါး၌ပြုကြလော့။ ဤပညတ်ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့၏အချုပ်အချာပင်ဖြစ်သတည်း။