Sat the 28th: Deut 26:16-19; Ps 119:1-8; Matt 5:43-48
တရားဟောရာကျမ်း အခန်းကြီး ၂၆ (Deut 26:16-19);
၁၆ ယခုစီရင်ထုံးဖွဲ့သမျှအတိုင်း ကျင့်ရမည်ဟု သင်၏ဘုရားသခင် ထာဝရဘုရားမှာ ထားတော်မူသည်ဖြစ်၍ စိတ်နှလုံးအကြွင်းမဲ့ ကျင့်စောင့်ရမည်။
၁၇ ထာဝရဘုရားသည် သင်၏ဘုရားသခင်ဖြစ်တော်မူသည် ဟူ၍င်း၊ လမ်းတော်သို့လိုက်ပါမည်၊ စီရင်ထုံးဖွဲ့တော်မူသော ပညတ်တရားတော်ကို စောင့်ရှောက်ပါမည်၊ စကားတော်ကို နားထောင်ပါမည်ဟူ၍င်း၊ ယနေ့သင်သည်ဝန်ခံပြီ။
၁၈ ထာဝရဘုရားသည်လည်း ဂတိထားတော်မူသမျှအတိုင်း၊ သင်သည် ပညတ်တော်အလုံးစုံတို့ကို စောင့်ရှောက်စေခြင်းငှာ၊ အထူးသဖြင့်ကိုယ်တော်၏ လူမျိုးဖြစ်သည် ဟူ၍င်း၊
၁၉ ဖန်ဆင်းတော်မူသော လူမျိုးတကာတို့ထက် သင်၏ဂုဏ်အသရေကျော်စော ကိတ္တိကို လွန်ကဲစေတော်မူမည်ဟူ၍ င်းဂတိတော်ရှိသည်အတိုင်း၊ သင်၏ဘုရားသခင်ထာဝရဘုရား အဘို့သန့်ရှင်းသော လူမျိုးဖြစ်စေခြင်းငှာင်း ယနေ့ ဝန်ခံတော်မူပြီဟု ဣသရေလအမျိုးသားတို့အား ဟောပြောလေ၏။
ဆာလံကျမ်း အခန်းကြီး ၁၁၉ (Ps 119:1-8);
၁ ထာဝရဘုရား၏ တရားလမ်း၌ မလွဲမတိမ်း လိုက်သွားသောသူတို့သည် မင်္ဂလာရှိကြ၏၊၊
၂ သက်သေခံတော် မူချက်ကို စောင့်၍ ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာသောသူတို့သည် မင်္ဂလာရှိကြ၏၊၊
၃ ထိုသူတို့သည် ဒုစရိုက် ကိုမပြု လမ်းခရီးတော်၌ လိုက်သွားတတ်ကြ၏၊
၎ အကျွန်ုပ်တို့သည် ကြိုးစား၍ ကျင့်ဘိုရာ ကိုယ်တော်သည် သြဝါ ဒ ပေးတော်မူပြီ၊၊
၅ ကိုယ်တော်၏ အထုံးအဖွဲ့များကို စောင့်နိုင်မည်အကြောင်း၊ အကျွန်ုပ်သည် လမ်းဖြောင့် ပါစေသော၊
၆ အကျွန်ုပ်သည် ပညတ်တော်အလုံးစုံတို့ကို ထောက်ထားသောအခါ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ရပါ၏၊
၇ ဖြောင့်မတ်စွာ စီရင်တော်မူချက်များကို အကျွန်ုပ်လေ့ကျင့်ပြီးမှ ဂုဏ်တော်ကို ဖြောင့်သောသဘောနှင့် ချီးမွမ်းပါမည်။
၈ ကိုယ်တော်၏ အထုံးအဖွဲ့များကို စောင့်ပါမည်၊၊ အကျွန်ုပ်ကို ရှင်းရှင်းစွန့်ပစ်တော်မမူပါနှင့်၊၊
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၅ (Matt 5:43-48);
၄၃ ကိုယ်နှင့်စပ်ဆိုင်သောသူကိုချစ်လော့။ ရန်သူကိုမုန်းလော့ ဟူသောပညတ်စကားကိုသင်တို့ကြား ရပြီ။
၄၄ ငါပညတ်သည်ကား၊ သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏သားဖြစ်လိုသောငှါ၊ သင်တို့၏ ရန်သူတို့ကိုချစ်ကြလော့။ သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကိုမုန်းသောသူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကိုနှောင့်ရှက်ညှဉ်းဆဲသောသူတို့အဘို့ ဘုရားသခင်ကိုဆုတောင်းကြလော့။
၄၅ အကြောင်း မူကား၊ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည်၊ ကောင်းသောသူ မကောင်း သောသူတို့အပေါ်၌ ကိုယ်တော်၏နေကိုထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ မဖြောင့်မတ်သောသူတို့အပေါ်၌ မိုဃ်းကိုရွာစေတော်မူ၏။
၄၆ သင်တို့ကိုချစ်သောသူတို့အားသာ ချစ်တုံ့ပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ အခွန်ခံသူတို့ပင် ဤမျှ လောက်ပြုကြသည်မဟုတ်လော။
၄၇ အဆွေအမျိုး တို့အားသာ လောကဝတ်ပြုလျှင် အဘယ်သို့ထူးမြတ်သနည်း။ သာသနာပလူတို့ပင် ထိုအတူပြုကြသည် မဟုတ်လော။