Friday, 1 May 2015

1-MAY-2015-(READING)

Fri the 1st:    Optional memorial of Joseph the Worker.
Acts 13:26-33; Ps 2:6-11; John 14:1-6

တမန်တော်ဝတ္ထု အခန်းကြီး ၁၃ (Acts 13:26-33);

၂၆ အာဗြဟံအမျိုးဖြစ်သော ညီအစ်ကိုမှစ၍ သင်တို့တွင် ဘုရားသခင်ကိုကြောက်ရွံ့သောသူတို့၊ ဤကယ်တင်တော်မူခြင်း တရားစကားကို သင်တို့အားကြားလိုက်တော်မူ၏။
၂၇ ယေရုရှလင်မြို့၌ နေသောသူ တို့နှင့်တကွ မင်းများတို့သည် ထိုသခင်ကို၎င်း၊ ဥပုသ်နေ့တိုင်း အစဉ်ဘတ်ရွက်သော ပရောဖက်တို့၏စကား ကို၎င်း၊ မသိနားမလည်သောကြောင့်၊ ထိုသခင်ကိုစီရင်သောအားဖြင့်၊ ထိုပရောဖက်တို့၏စကားကို ပြည့်စုံစေကြပြီ။
၂၈ ကိုယ်တော်၌ သေထိုက်သောအပြစ် တစုံတခုကိုမျှမတွေ့သော်လည်း၊ ကွပ်မျက်စေမည်အကြောင်း ပိလိတ်မင်းထံ၌ တောင်းလျှောက်ကြ၏။
၂၉ ထိုသခင်ကိုရည်မှတ်၍ ကျမ်းစာ၌ရေးထားသမျှတို့ကို ပြည့်စုံစေပြီးလျှင်၊ အလောင်းတော်ကို သစ်တိုင်မှချ၍ သင်္ချိုင်းတွင်း၌ထားကြ၏။
၃၀ ဘုရားသခင်သည်လည်း သေခြင်းမှထမြောက် စေတော်မူသည်ဖြစ်၍၊
၃၁ ဂါလိလဲပြည်မှ ယေရုရှလင်မြို့သို့ နောက်တော်၌လိုက်သော သူတို့အား နေ့ရက်များစွာ ကိုယ်ကို ထင်ရှားပြတော်မူ၏။
၃၂ ထိုသူတို့သည် လူများတို့အား သက်သေခံဖြစ်ကြ၏။
၃၃ ဆာလံကျမ်း ဒုတိယ ခဏ်း၌လာသည်ကား၊ သင်သည် ငါ့သားဖြစ်၏။

ဆာလံကျမ်း အခန်းကြီး ၂ (Ps 2:6-11);

၆ ငါ၏ ရှင်ဘုရင်ကို သန့်ရှင်းသော ဇိအုန်တောင်တော်ပေါ်မှာ ငါကိုယ်တိုင် ဘိသိက်ပေးပြီဟု မိန့်တော်မူမည်၊၊
၇ ဗျာဒိတ်တော်အချက်ကို ငါပြန်ကြားပေအံ့၊၊ ထာဝရဘုရားက သင်သည် ငါ့သားဖြစ်၏၊၊  ယနေ့ပင် သင့်ကို ငါဖြစ်ဘွားစေပြီ၊၊
၈ င့ါကို တောင်းလော့၊၊ လူအမျိုးမျိုးတို့ကို သင်၏အမွေဥစ္စာဘို့ ငါပေးမည်၊၊ မြေကြီးစွန်းတိုင်အောင် ပိုင်ထိုက်သော အခွင့်ကိုလည်း ငါပေးမည်၊၊
၉ သင်သည် သူတို့ကို သံလှံတံနှင့် အုပ်စိုး၍ မြေအိုးကို ခွဲဖျက်သကဲ့သို့ ခွဲဖျက်လိမ့်မည် ဟု င့ါအား မိန့်တော်မူပြီ၊၊
၁၀ သို့ဖြစ်၍  ရှင်ဘုရင်တို့ ပညာသတိရှိကြလော့၊၊ လောကီမင်းတို့ ဆုံးမခြင်းကို ခံကြလော့၊၊
၁၁ ကြောက်ရွံ့သော စိတ်နှင့် ထာဝရဘုရား၏ အမှုတော်ကို ထမ်းရွက်၍ တုန်လှုပ်ခြင်းနှင့် ဝမ်းမြောက်ကြလော့၊၊
၁၂ သားတော်ကို နမ်းကြလော့၊၊ သို့မဟုတ်လျှင် အမျက်တော်ထွက်၍  သင်တို့သည် လမ်း၌ ပျက်စီးခြင်းကို ရောက်ကြလိမ့်မည်၊၊ အမျက်တော်သည် ချက်ခြင်းထွက်လိမ့်မည်၊၊ သားတော်ကို ကိုးစားသော သူအပေါင်းတို့သည် မင်္ဂလာရှိကြ၏၊၊






ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄ (John 14:1-6);

၁ တဖန်တုံ ယေရှုက၊ သင်တို့စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်။ ဘုရားသခင်ကိုယုံကြည်ကြလော့။ ငါ့ကိုလည်းယုံ ကြည်ကြလော့။
၂ ငါ့အဘ၏ အိမ်တော်၌ နေစရာအခန်းအများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲမနေ။ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။
၃ ငါသည်သွား၍သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါ သင်တို့ကိုငါ့ထံသို့ သိမ်းဆည်းမည်။
၎ ငါသည်အဘယ် အရပ်သို့သွားသည်ကို၎င်း၊ လမ်းခရီးကို၎င်း၊ သင်တို့သိကြ၏ ဟုမိန့်တော်မူသည်။
၅ သောမကလည်း၊ သခင်၊ ကိုယ်တော်သည် အဘယ်အရပ်သို့ သွားတော်မူသည်ကို အကျွန်ုပ်တို့မသိသည်ဖြစ်၍၊ လမ်းခရီးကိုအဘယ်သို့ သိနိုင်ပါမည်နည်းဟု လျှောက်လျှင်၊
၆ ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင်အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။