Monday, 4 May 2015

4-MAY-2015-(READING)

Mon the 4th:    Acts 14:5-18; Ps 115:1-16; John 14:21-26

တမန်တော်ဝတ္ထု အခန်းကြီး ၁၅ (Acts 14:5-18);

၅ ဖာရိရှဲစုထဲက ယုံကြည်သောသူအချို့တို့သည် အရေဖျားလှီးခြင်းကို ပေးရမည်။ မောရှေ၏တရားကို ကျင့်စေခြင်းငှါ ဆုံးမရမည်ဟုဆိုကြ၏။
၆ ထိုအခါ တမန်တော်တို့နှင့် သင်းအုပ်တို့သည် ထိုအမှုကိုကြည့်ရှုဆင် ခြင်ခြင်းငှါ စည်းဝေးကြ၏။
၇ များစွာသောဆွေးနွေးငြင်းခုန်ခြင်းရှိသောအခါ ပေတရုသည်ထလျှက်၊ ညီအစ်ကိုတို့၊ ဘုရားသခင်သည် ရှေ့ဦးစွာငါတို့တွင် ရွေးကောက်တော်မူ၍၊ ငါဟောပြောသောအားဖြင့် တပါးအမျိုးသားတို့သည် ဧဝံဂေလိတရား ကိုကြားနာ၍ ယုံကြည်ရမည်အကြောင်း စီရင်တော်မူသည်ကို သင်တို့သိကြ၏။
၈ စိတ်နှလုံးကိုသိတော်မူသော ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို ငါတို့အားပေးသည်နည်းတူ သူတို့အားပေးသဖြင့်၊ သူတို့ဘက်၌ သက်သေခံတော်မူ၏။
၉ ယုံကြည်ခြင်းအားဖြင့်လည်း သူတို့၏စိတ်နှလုံးကို စင်ကြယ်စေ၍ ငါတို့ကိုခြားနားစေတော်မမူ။
၁၀ သို့ဖြစ်လျှင်၊ ငါတို့နှင့်ငါတို့ဘိုးဘေးများမထမ်းနိုင်သော ထမ်းပိုးကိုတပည့်တော်တို့၏လည်ပင်းပေါ်၌ တင်စေခြင်းငှါ အဘယ်ကြောင့် ဘုရားသခင်ကို စုံစမ်းကြသနည်း။
၁၁ သခင်ယေရှု၏ ကျေးဇူးတော်အားဖြင့်သာ ထိုသူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်သည်နည်းတူ၊ ငါတို့သည်လည်း ရောက်ရမည်ကို ငါတို့သည် ယုံကြ၏ဟု ပေတရုပြောဆို၏။
၁၂ ထိုအခါဗာနဗနှင့်ပေါလုတို့သည် မိမိတို့အားဖြင့် တပါးအမျိုးသားတို့တွင် ဘုရားသခင်ပြုတော်မူသမျှသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို ကြားပြောသည်ကို စုဝေးသောသူ အပေါင်းတို့သည် တိတ်ဆိတ်စွာနေ၍ နားထောင်ကြ၏။
၁၃ ထိုသူတို့သည် အကုန်အစင်ပြောဆိုပြီးမှ၊ ယာကုပ်က ညီအစ်ကိုတို့၊ ငါ့စကားကိုနားထောင်ကြလော့။
၁၄ ဘုရားသခင်သည် မိမိနာမအဘို့၊ တပါးအမျိုးသားတို့အထဲက အချို့သောသူတို့ကို နှုတ်ယူခြင်းငှါ၊ ရှေ့ဦးစွာ တပါးအမျိုးသားတို့ကို အကြည့်အရှုကြွလာတော်မူသည် အကြောင်းအရာကို ရှိမုန်သည်ဟောပြောခဲ့ပြီ။
၁၅ ထိုအကြောင်းအရာသည်လည်း ပရောဖက်တို့၏စကားနှင့်ညီ၏။
၁၆ ကျမ်းစာလာသည်ကား၊ ငါ၏နာမဖြင့် သမုတ်သော တပါးအမျိုးသားအပေါင်းတည်းဟူသော ကျန်ကြွင်းရစ်သောသူတို့သည် ထာဝရဘုရားကို ရှာစေ ခြင်းငှါ နောက်မှငါပြန်လာမည်။
၁၇ လဲလျှက်ရှိသော ဒါဝိဒ်၏တဲကို ဆောက်တည်ပြန်မည်။ ပြိုပျက်ရာများကိုလည်း ပြုပြင်ပြီးလျှင်၊ ထိုတဲကို မတ်စေပြန်မည်ဟု၊
၁၈ ဤအမှုအရာတို့ကို စီရင်တော်မူသော ထာဝရဘုရား၏ ဗျာဒိတ် တော်ရှိ၏ဟု လာသတည်း။ ဘုရားသခင်သည် ကမ္ဘာဦးမှစ၍ မိမိစီရင်တော်မူသမျှသော အမှုအရာတို့ကို သိတော်မူသည်။

ဆာလံကျမ်း အခန်းကြီး ၁၁၅ (Ps 115:1-16);

၁ အကျွန်ုပ်တို့ကို ဘုန်းမရှိစေဘဲ၊ အိုထာဝရဘုရား အကျွန်ုပ်တို့ကို ဘုန်းမရှိစေဘဲ ကိုယ်တော်၏ နာမ၌ ကရုဏာတော်နှင့် သစ္စာတော်ကြောင့် ဘုန်းရှိပါစေသတည်း၊၊
၂ သူတို့၏ ဘုရားသခင်သည် အဘယ်မှာ ရှိသနည်းဟု တပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆိုရကြမည်နည်း၊၊
၃ ငါတို့၏ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိတော် မူ၏၊၊ အလိုတော်ရှိသမျှအတိုင်း ပြုတော်မူ၏၊၊
၎ သူတို့၏ ရုပ်တုများမူကား ငွေလည်းဖြစ်၏၊၊ ရွှေလည်းဖြစ်၏၊၊ လူလက်ဖြင့် လုပ်သော အရာပေတည်း၊၊
၅ ထိုရုပ်တုတို့သည် နှုတ်ရှိ၍ စကား မပြောတတ်၊၊ မျက်စိရှိ၍ မမြင်တတ်၊၊
၆ နားရှိ၍ မကြားတတ်၊၊ နှာခေါင်းရှိ၍ မနမ်းတတ်၊၊
၇ လက်ရှိ၍ မကိုင်တတ်၊၊ ခြေရှိ၍ မသွားတတ်၊၊ သူတို့ လည်ချောင်းဖြင့် အသံမပြုတတ်ပါတကား၊၊
၈ လုပ်သောသူတို့လည်း အတူတူ၊ ကိုးစားသောသူအပေါင်းတို့လည်း အတူတူပါတကား။
၉ အိုဣသရေလအမျိုး၊ ထာဝရဘုရားကို ကိုးစားလော၊၊ ထာဝရဘုရားသည် ဣသရေလအမျိုးကို မစသောသူ ကွယ်ကာသော သူဖြစ်တော်မူ၏၊၊
၁၀ အိုအာရုန်အမျိုးအနွယ် ထာဝရဘုရားကို ကိုးစားလော့၊၊ ထာဝရဘုရားသည် အာရုန်အမျိုးအနွယ်ကို မစသောသူ၊ ကွယ်ကာသောသူဖြစ်တော်မူ၏၊၊ 
၁၁ ထာဝရဘုရား ကို ကြောက်ရွံ့သောသူတို့ ထိုဘုရားကို ကိုးစားကြလော့၊၊ ထာဝရဘုရားသည် ထိုသို့သောသူတို့ကို မစသောသူ၊ ကွယ်ကာသောသူ ဖြစ်တော်မူ၏။
၁၂ ထာဝရဘုရားသည် ငါ့တို့ကို အောက်မေ့ တော်မူ၏၊၊ ကောင်းကြီးပေးတော်မူမည်၊၊  ဣသရေလ အမျိုးကို ကောင်းကြီးပေးတော်မူမည်၊ အာရုန်အမျိုးအနွယ်ကို ကောင်းကြီးပေးတော်မူမည်၊၊
၁၃ ထာဝရဘုရားကို ကြောက်ရွံ့ သောသူအကြီးအငယ်တို့ကို ကောင်းကြီး ပေးတော်မူမည်၊၊ 
၁၄ ထာဝရဘုရားသည် သင်တို့နှင့် သင်တို့သား မြေးတို့၌ မင်္ဂလာကို တိုးပွားစေတော်မူမည်၊
၁၅ သင်တို့သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းသော ထာဝရဘုရား ကောင်းကြီးပေးတော်မူသော သူဖြစ်ကြ၏၊၊
၁၆ ကောင်းကင်ကား ထာဝရဘုရား၏ ကောင်းကင်ဖြစ်၏၊၊ မြေကြီးကိုကား လူသားတို့အား ပေးတော်မူပြီ၊၊

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄ (John 14:21-26);

၂၁ ငါပညတ်တို့ကို ရ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သော သူကို ငါ့ခမည်းတော်သည် ချစ်တော်မူမည်။ ငါသည်လည်းထိုသူကို ချစ်၍သူ့အားကိုယ်တိုင် ထင်ရှားမည်ဟု မိန့်တော်မူ၏။
၂၂ ယဒရှကာရုတ်မဟုတ်၊ အခြားသောယုဒက၊ သခင်၊ ကိုယ်တော်သည် လောကီသားတို့အား မထင်မရှားဘဲ အကျွန်ုပ်တို့အားအဘယ်သို့ ထင်ရှားတော်မူမည်နည်းဟု မေးလျှောက်၏။
၂၃ ယေရှုကလည်း၊ ငါ့ကိုချစ်သော သူသည် ငါ့စကားကိုနားထောင်လိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကိုချစ်တော်မူသည်။ ငါတို့သည်လည်း သူ့ဆီသို့ကြွ၍ နေရာချမည်။
၂၄ ငါ့ကိုမချစ်သောသူသည် ငါ့စကားကိုနားမထောင်။ သင်တို့ကြားသောစကားသည် ငါ့စကားမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏စကား တော်ဖြစ် ၏။
၂၅ ငါသည် သင်တို့နှင့်အတူ ရှိစဉ် တွင် ဤစကားကိုပြောခဲ့ပြီ။
၂၆ ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသော ဥပဇ္ဈယ်ဆရာတည်း ဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသောစကားတို့ကို မှတ်မိသောဥာဏ်ကို သင်တို့အား ပေးတော်မူမည်။