Thursday, 7 May 2015

7-MAY-2015-(READING)

Thu the 7th:    Acts 15:7-21; Ps 96:1-10; John 10:27; John 15:9-11

တမန်တော်ဝတ္ထု အခန်းကြီး ၁၅ (Acts 15:7-21);

၇ များစွာသောဆွေးနွေးငြင်းခုန်ခြင်းရှိသောအခါ ပေတရုသည်ထလျှက်၊ ညီအစ်ကိုတို့၊ ဘုရားသခင်သည် ရှေ့ဦးစွာငါတို့တွင် ရွေးကောက်တော်မူ၍၊ ငါဟောပြောသောအားဖြင့် တပါးအမျိုးသားတို့သည် ဧဝံဂေလိတရား ကိုကြားနာ၍ ယုံကြည်ရမည်အကြောင်း စီရင်တော်မူသည်ကို သင်တို့သိကြ၏။
၈ စိတ်နှလုံးကိုသိတော်မူသော ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို ငါတို့အားပေးသည်နည်းတူ သူတို့အားပေးသဖြင့်၊ သူတို့ဘက်၌ သက်သေခံတော်မူ၏။
၉ ယုံကြည်ခြင်းအားဖြင့်လည်း သူတို့၏စိတ်နှလုံးကို စင်ကြယ်စေ၍ ငါတို့ကိုခြားနားစေတော်မမူ။
၁၀ သို့ဖြစ်လျှင်၊ ငါတို့နှင့်ငါတို့ဘိုးဘေးများမထမ်းနိုင်သော ထမ်းပိုးကိုတပည့်တော်တို့၏လည်ပင်းပေါ်၌ တင်စေခြင်းငှါ အဘယ်ကြောင့် ဘုရားသခင်ကို စုံစမ်းကြသနည်း။
၁၁ သခင်ယေရှု၏ ကျေးဇူးတော်အားဖြင့်သာ ထိုသူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်သည်နည်းတူ၊ ငါတို့သည်လည်း ရောက်ရမည်ကို ငါတို့သည် ယုံကြ၏ဟု ပေတရုပြောဆို၏။
၁၂ ထိုအခါဗာနဗနှင့်ပေါလုတို့သည် မိမိတို့အားဖြင့် တပါးအမျိုးသားတို့တွင် ဘုရားသခင်ပြုတော်မူသမျှသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို ကြားပြောသည်ကို စုဝေးသောသူ အပေါင်းတို့သည် တိတ်ဆိတ်စွာနေ၍ နားထောင်ကြ၏။
၁၃ ထိုသူတို့သည် အကုန်အစင်ပြောဆိုပြီးမှ၊ ယာကုပ်က ညီအစ်ကိုတို့၊ ငါ့စကားကိုနားထောင်ကြလော့။
၁၄ ဘုရားသခင်သည် မိမိနာမအဘို့၊ တပါးအမျိုးသားတို့အထဲက အချို့သောသူတို့ကို နှုတ်ယူခြင်းငှါ၊ ရှေ့ဦးစွာ တပါးအမျိုးသားတို့ကို အကြည့်အရှုကြွလာတော်မူသည် အကြောင်းအရာကို ရှိမုန်သည်ဟောပြောခဲ့ပြီ။
၁၅ ထိုအကြောင်းအရာသည်လည်း ပရောဖက်တို့၏စကားနှင့်ညီ၏။
၁၆ ကျမ်းစာလာသည်ကား၊ ငါ၏နာမဖြင့် သမုတ်သော တပါးအမျိုးသားအပေါင်းတည်းဟူသော ကျန်ကြွင်းရစ်သောသူတို့သည် ထာဝရဘုရားကို ရှာစေ ခြင်းငှါ နောက်မှငါပြန်လာမည်။
၁၇ လဲလျှက်ရှိသော ဒါဝိဒ်၏တဲကို ဆောက်တည်ပြန်မည်။ ပြိုပျက်ရာများကိုလည်း ပြုပြင်ပြီးလျှင်၊ ထိုတဲကို မတ်စေပြန်မည်ဟု၊
၁၈ ဤအမှုအရာတို့ကို စီရင်တော်မူသော ထာဝရဘုရား၏ ဗျာဒိတ် တော်ရှိ၏ဟု လာသတည်း။ ဘုရားသခင်သည် ကမ္ဘာဦးမှစ၍ မိမိစီရင်တော်မူသမျှသော အမှုအရာတို့ကို သိတော်မူသည်။
၁၉ ထိုကြောင့်၊ တပါးအမျိုးသားတို့အထဲမှ ဘုရားသခင့်ထံတော်သို့ ပြောင်းလဲသောသူတို့ကို မနှောင့် ရှက်ဘဲလျက်၊
၂၀ ရုပ်တုတို့၏ညစ်ညူးရာကို၎င်း၊ မတရားသောမေထုံကို၎င်း၊ လည်ပင်းကိုညှစ်၍သတ်သော အရာကို၎င်း၊ အသွေးကို၎င်း ကြဉ်ရှောင်စေခြင်းငှါ သူတို့ကိုမှာလိုက်သင့်သည်ဟု ငါသဘောရှိ၏။
၂၁ အကြောင်းမူကား မောရှေ၏ပညတ္တိကျမ်းကို တရားစရပ်၌ ဥပုသ်နေ့တိုင်းဘတ်ရွတ်သဖြင့်၊ မောရှေ၏တရားကို ရှေးကာလမှ စ၍ ခပ်သိမ်းသောမြို့တို့၌ ဟောပြောလေ့ရှိသည်ဟု ယာကုပ်ပြောဆို၏။

ဆာလံကျမ်း အခန်းကြီး ၉၆ (Ps 96:1-10);

၁ ထာဝရဘုရားအား အသစ်သော သီချင်းကို ဆိုကြလော့။ မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရား အား သီချင်းဆိုကြလော့။
၂ ထာဝရဘုရားအား သီချင်းဆို၍၊ နာမတော်ကို ကောင်းကြီးပေးကြလော။့ ကယ်တင်တော်မူခြင်း တရားကို တနေ့ထက်တနေ့ ညွှန်ကြားကြလော့။
၃ ဘုန်းတော်ကို တပါးအမျိုးသား တို့၌၎င်း၊ အံ့ဘွယ်သော အမှု တော်တို့ကို ခပ်သိမ်းသော လူမျိုးတို့၌၎င်းဖော်ပြကြလော့။
၎ ထာဝရဘုရားသည် ကြီးမြတ်၍ အလွန်းချီးမွမ်းဘွယ် ဖြစ်တော်မူ၏။ ဘုရားတကာတို့ထက် ကြောက်ရွံ့ဘွယ် ဖြစ်တော်မူ၏။
၅ တပါးအမျိုးသားတို့၏ ဘုရားရှိသမျှတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ ထာဝရဘုရားမူကား၊ မိုဃ်းကောင်းကင်ကို ဖန်ဆင်းတော်မူ၏။
၆ ဘုန်းတန်ခိုး အာနုဘော်သည် ရှေ့တော်၌ရှိ၏။ အစွမ်းသတ္တိနှင့် ဂုဏ်အသရေလည်း သန့်ရှင်းရာ ဌာနတော်၌ ရှိ၏။
၇ လူအမျိုးမျိုးတို့၊ ထာဝရဘုရားသည် ဘုန်းတန်ခိုးအစွမ်းသတ္တိ ရှိတော်မူသည်ဟု ဝန်ခံကြလော့။ ရှိတော်မူ သည်ဟု ဝန်ခံကြလော့။
၈ ထာဝရဘုရား၏ နာမတော်သည် ဘုန်းကြီးတော်မူသည်ဟု ဝန်ခံကြလော့။ ပူဇော်သက္ကာကို ဆောင်ခဲ့လျက် တန်တိုင်းတော်သို့ ဝင်ကြလော့။
၉ သန့်ရှင်းသော တန်ဆာကိုဆင်၍၊ ထာဝရဘုရားကို ကိုးကွယ်ကြ လော့။ မြေကြီးသား အပေါင်းတို့၊ ရှေ့တော်၌ ကြောက်ရွံ့ခြင်းရှိကြလော့။
၁၀ ထာဝရဘုရား စိုးစံတော်မူသည်ဟု တပါးအမျိုးသားတို့တွင် ဟောပြောကြလော့။ လောကဓါတ်သည် မလှုပ်ရှားနိုင်အောင် မြဲမြံစွာတည်လိမ့်မည်။ လူများ ကို ဖြောင့်မတ်စွာ တရားစီရင်တော်မူလိမ့်မည်။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၀ (John 10:27);

၂၇ ငါ့သိုးတို့သည် ငါ့စကားသံကိုနား ထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကိုငါသိ၏။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၅ (John 15:9-11);

၉ ခမည်းတော်သည် ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည်သင်တို့ကို ချစ်၏။ ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလော့။
၁၀ ငါသည် ငါ့ခမည်းတော်၏ပညတ်တို့ကို စောင့်ရှောက်၍ ခမည်းတော်၏ မေတ္တာ၌ တည်နေသကဲ့သို့ သင်တို့သည် ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌ တည်နေ ကြလိမ့်မည်။
၁၁ သင်တို့၌ ငါဝမ်းမြောက်စရာအကြောင်းတည်စေခြင်းငှါ၎င်း၊ သင်တို့ဝမ်း မြောက်စရာ အကြောင်း စုံလင်စေခြင်းငှါ၎င်း၊ ဤစကားကို သင်တို့အားဟောပြော၏။