Monday, 18 May 2015

18-MAY-2015-(READING)

Mon the 18th:        Optional memorial of John I, pope and martyr.
Acts 19:1-8; Ps 68:1-7; Col 3:1; John 16:29-33

တမန်တော်ဝတ္ထု အခန်းကြီး ၁၉(Acts 19:1-8);
၁ အာပေါလုသည် ကောရိသုမြို့၌နေစဉ်၊ ပေါလုသည် အထက်အရပ်များသို့ ရှောက်သွားပြီးမှ ဧဖက်မြို့ သို့ရောက်၍၊ တပည့်တော်အချို့တို့ကိုတွေ့လျှင်၊
၂ သင်တို့သည် ယုံကြည်သည်နောက်၊ သန့်ရှင်းသောဝိညာဉ် တော်ကိုခံကြပြီလောဟု မေးသည်ရှိသော်၊ သန့်ရှင်းသောဝိညာဉ်တော် သက်ရောက်သည်ကို အကျွန်ုပ်တို့ မသိပါဟု ပြောဆိုကြ၏။
၃ ပေါလုကလည်း၊ သို့ဖြင်လျှင်၊ သင်တို့သည် အဘယ်မည်သော ဗတ္တိဇံ ကိုခံကြသနည်း ဟု မေးလျှင် ယောဟန်၏ ဗတ္တိဇံ ကိုခံပါသည်ဟု ပြောဆိုကြ၏။
၎ ပေါလုကလည်း၊ ယောဟန်က၊ ငါ့နောက်ကြွ လာသောသူကို ယုံကြည်ရမည်ဟု လူများတို့အားပြောဆိုလျက်၊ နောင်တနှင့်စပ်ဆိုင်သော ဗတ္တိဇံ ကိုပေး၏။ ထိုသို့ဆိုရာ၌ ယေရှုခရစ်ကိုဆိုလိုသည်၊
၅ ဟူသောစကားကို ကြားလျှင်၊ ထိုသူတို့သည် သခင်ယေရှု၏နာမ၌ ဗတ္တိဇံ ကိုခံကြ၏။
၆ ပေါလုသည်လည်း၊ သူတို့အပေါ်၌ လက်ကိုတင်လျှင်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ဆင်းသက်တော်မူသဖြင့်၊ ထိုသူတို့သည် အမျိုးမျိုးသော ဘာသာစကားကိုပြော၍ ပရောဖက်ပြုကြ၏။
၇ ထိုသူ တို့သည် အရေအတွက်အားဖြင့် တကျိတ်နှစ်ယောက်မျှလောက် ရှိသတည်း။
၈ ထိုနောက်မှ ပေါလုသည် တရားစရပ်သို့ဝင်၍ သုံးလပတ်လုံး ဘုရားသခင်၏ နိုင်ငံတော်အကြောင်း များကို ဆွေးနွှေးနှီးနှော၍ ဖြားယောင်းသွေး ဆောင်သဖြင့် ရဲရင့်စွာဟောပြောလေ၏။

ဆာလံကျမ်း အခန်းကြီး ၆၈ (Ps 68:1-7);

၁ ဘုရားသခင်ထတော်မူ၍ ရန်သူတို့သည် အရပ်ရပ်သို့ ကွဲပြားကြပါစေသော၊၊ ဘုရားသခင်ကို မုန်းသောသူ တို့သည် အထံတော်ကပြေးကြပါစေသော။
၂ မီးခိုးလွှင့်သကဲ့သို့သူတို့ကိုလွှင့်တော်မူပါ။ ဘယောင်းသည် မီးရှေ့မှာ အရည် ဖြစ်သကဲ့သို့ မတရားသောသူတို့သည် ဘုရားသခင်ရှေ့တော်မှာ ပျက်စီးကြစေသော။
၃ ဖြောင့်မတ်သော သူတို့သည် ဝမ်းမြောက်၍ ဘုရားသခင်ရှေ့တော်မှာ ရွှင်လန်းသောစိတ်နှင့် အလွန်ဝမ်းမြောက်ဝမ်းသာကြ ပါစေသော။
၎ ဘုရားသခင်အား သီချင်းဆိုကြလော့။ နာမတော်ကို ထောမနာသီချင်းဆိုကြလော့။ တော၌စီး၍ ကြွတော်မူသော အရှင်ဘို့လမ်း ကိုပြင်ကြလော့။ ထိုအရှင်၏နာမတော်ကား ထာဝရဘုရားတည်း။ ရှေ့တော်၌ရွှင်လန်းကြလော့။
၅ ဘုရားသခင်သည် သန့်ရှင်းသောဘုံဗိမာန်တော်၌ စံပယ်လျက် မိဘမရှိ သောသူတို့၏ အဘဖြစ်၍ မုတ်ဆိုးမ တို့ဘက်မှာ တရားစီရင်တော်မူ၏။
၆ ဘုရားသခင်သည် ပေါက်ဘော်မရှိသောသူတို့အား အိမ်ထောင်ချခြင်းအခွင့်ကို ပေးတော်မူ၍ ချုပ်ထားသောသူ တို့ကိုလည်း ကြွယ်ဝခြင်းထဲသို့ သွင်းတော်မူ၏။ ငြင်းဆန်သောသူတို့မူကား သွေ့ခြောက်သော အရပ်၌ နေရကြ၏။
၇ အိုဘုရားသခင် ကိုယ်တော်၏လူစုရှေ့မှာကြွ၍ တော၌ချီတော်မူသောအခါ၊
၈ ဘုရားသခင်၏ မျက်နှာတော်ကြောင့်၊  မြေကြီးလှုပ်၍ မိုဃ်းကောင်းကင်သည် ယိုစီးလေ၏။

ကောလောသဲသြဝါဒစာ အခန်းကြီး ၃ (Col 3:1);

၁ အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ သင်တို့သည်ခရစ်တော်နှင့် အတူထမြောက်ကြသည်မှန်လျှင်၊ ဘုရား သခင်၏ လက်ျာတော်ဘက်မှာ ခရစ်တော်သည် ထိုင်နေတော်မူရာ အရပ်၌ရှိသော အထက်အရာတို့ကို ရှာကြလော့။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၆ (John 16:29-33);

၂၉ တပည့်တော်တို့ကလည်း၊ ကိုယ်တော်သည် ယခုတွင် ပုံဥပမာကိုမဆောင်ဘဲ အတည့်အလင်းဟောတော်မူ၏။
၃၀ အလုံးစုံတို့ကို သိတော်မူသည်ကို၎င်း၊ အဘယ်သူမျှ ကိုယ်တော်ကိုမေးမြန်းစေခြင်းငှါ အလိုတော် မရှိသည်ကို၎င်း၊ ယခုတွင် အကျွန်ုပ်တို့သိကြပါ၏။ အကျွန်ုပ်တို့ သည် ဤအကြောင်းကိုထောက်၍ ကိုယ်တော်သည် ဘုရားသခင့်အထံတော်မှ ကြွလာတော်မူသည်ကို ယုံပါသည်ဟု လျှောက်ကြ၏။
၃၁ ယေရှုကလည်း၊ ယခုတွင် ယုံကြပြီလော။
၃၂ သင်တို့သည် ကွဲပြား၍ငါ့ကို တကိုယ်တည်းနေစေခြင်းငှါ စွန့်ပစ်လျက် အသီးအသီးမိမိတို့နေရာသို့ ပြေးသွားမည်အချိန်ကာလသည် လာ၍ ယခုပင်ရောက်ပေ၏။ သို့သော်လည်း ငါသည် တကိုယ်တည်းနေသည်မဟုတ်။ ခမည်းတော်သည် ငါနှင့်အတူ ရှိတော် မူ၏။
၃၃ သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကားကို ငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကို အောင်ပြီဟုမိန့်တော်မူ၏။