Wed the 27th: Optional memorial of Augustine of Canterbury, bishop.
Sir 36:1-17; Ps 79:8-13; Mark 10:45; Mark 10:32-45
ဆီရပ်ခ်၏နီတိဒေသနာကျမ်း အခန်းကြီး (၃၆) (Sir 36:1-17)း
၁။စင်္ကြာဝဠာ တစ်ခုလုံး၏ ဘုရားသခင်၊ တပည့်တော် တို့ကို သနားတော်မူပါ။ တပည့်တော်တို့ကို ကြည့်ရှု တော်မူပါ။ တိုင်းနိုင်ငံအားလုံးတို့သည်ကိုယ်တော်ရှင် အားကြောက်ရွံ့ရိုသေကြစေတော်မူပါ။
၂။ဘာသာခြားလူ တို့ကို ဆန့်ကျင်၍ ကိုယ်တော်၏ လက်တော်ကိုဆန့် တန်းတော်မူခြင်းအားဖြင့် ကိုယ်တော်၏ ဘုန်းတန်ခိုး တော်ကို သူတို့အား သိမြင်စေတော်မူပါ။
၃။ကိုယ်တော်၏သန့်ရှင်းတော်မူခြင်းကိုသူတို့အားပြတော်မူရန်တပည့်တော်တို့ကိုအသုံးûပတော်မူသကဲ့သို့ယခုလည်း ကိုယ်တော်၏ ဘုန်းတော် ဂုဏ်တော်ကြီး မြတ်တော်မူခြင်းကို တပည့်တော်တို့အားပြသတော်မူ ရန် သူတို့ကိုအသုံးûပတော်မူပါ။
၎။ဤသို့ဖြင့် သူတို့သည်လည်း တပည့်တော်တို့ အသိ အမှတ်ûပသကဲ့သို့ ကိုယ်တော်မှတစ်ပါးအခြား ဘုရား မရှိကြောင်းကိုအသိအမှတ်ûပလာကြပါလိမ့်မည်။
၅။နိမိတ် လက္ခဏာတော် အသစ်များကို ပြတော်မူ၍သစ်လွင်သောအံ့သြဖွယ်ရာများကိုလည်းûပတော်မူပါ။
၆။ကိုယ်တော်၏အမျက်တော်ကိုတောက်လောင်စေလျက်ကိုယ်တော်၏ဒေါသမာန်တို့ကိုသွန်းလောင်း၍ ကိုယ် တော်အားဆန့်ကျင်သောရန်သူတို့ကိုဖျက်ဆီးချေမှုန်း တော်မူပါ။
၇။အချိန်မနှောင်းစေဘဲ ကြလာတော်မူပြီး ကိုယ်တော်၏ ပဋိညာဉ်တော်ကို သတိရတော်မူလျက် ကိုယ်တော်ûပတော်မူမည့် အံ့သြဖွယ်ရာများကိုတပည့် တော်တို့ ပြောဆိုခွင့်ရစေတော်မူပါ။
၈။မသေဘဲကျန်ရစ် သူများကို ဒေါသမီးဖြင့် ၀ါးမျိုစေ၍ ဖိနှိပ်သူတို့အား ပျက်စီးစေတော်မူပါ။
၉။သူတို့နှင့် ûပိင်ဖက်မရှိဟု ကြေးကြော်ကြသော ရန်သူ ဘုရင်များ၏ဦးခေါင်းကိုချေမှုန်းတော်မူပါ။
၁၀။ယာကုပ်အမျိုးအနွယ်အားလုံးကိုစုရုံးစေ၍ရှေးကကဲ့သို့သူတို့သည်ဤနိုင်ငံကိုအမွေအနှစ်အဖြစ်ခံစားကြရစေ တော် မူပါ။
၁၁။ကိုယ်တော်၏ သားဦးကို အမည်ပေးခဲ့သော အစ္စရေးလ်အမည်ဖြင့်ကိုယ်တော်ခေါ်တော်မူသောလူ မျိုးတော်ကိုကြင်နာသနားတော်မူပါ။
၁၂။ကိုယ်တော်ကိန်းအောင်းတော်မူရာ သန့်ရှင်းသောûမိ့တော်ဂျေရုဆလင် ကိုသနားကရုဏာပြတော်မူပါ။
၁၃။ကိုယ်တော်၏ ကြီးမြတ်တော်မူခြင်းဖြင့်ဇီအုန်ကိုပြည့် လျှံစေတော်မူ၍ ကိုယ်တော်၏ ဗိမာန်တော်ကိုဘုန်း
တော် ဂုဏ်တော်နှင့် ပြည့်နှက်စေတော်မူပါ။
၁၄။အစဦး၌ ကိုယ်တော် ဖန်ဆင်းတော်မူခဲ့သည်အရာများ ဖြစ်ကြောင်းကို သက်သေခံတော်မူ၍ ကိုယ်တော်၏ နာမတော်၌ ဟောကြားခဲ့ကြသော ကြိုတင်နိမိတ်ပေး ဟောပြောချက်များကို ပြည့်စုံစေတော်မူပါ။
၁၅။ကိုယ်တော်၌မျှော်လင့်ကိုးစားသောသူတို့ကိုဆုလာဘ်များပေးသနားတော်မူပါ။ ကိုယ်တော်၏ပရောဖက်တို့ ဟောပြောထားချက်များသည်မှန်ကန်ကြောင်းအတည်ûပတော်မူပါ ။
၁၆။ကိုယ်တော့်အစေခံများ၏ဆုတောင်းသံ ကိုနားညောင်းတော်မူပါ။အကြောင်းမူကားကိုယ်တော် သည် မိမိလူမျိုးအပေါ်မှာ အစဉ်အမြဲ ကျေးဇူးတော် ပေးသနားတော်မူ၏။ ကိုယ်တော်၏ရဟန်းများသည် အာရွန်၏ ကောင်းချီးမင်္ဂလာကို ကိုယ်တော်၏လူမျိုး တော်အား ပေးကြသည်ကို လက်ခံ တော်မူပါ။
၁၇။ဤသို့ဖြင့် ကိုယ်တော်သာလျှင် အရှင်သခင် ထာဝရ ဘုရား ဖြစ်တော်မူကြောင်း ကမ္ဘာပေါ်မှာရှိကြသောလူ အားလုံးတို့သည်သိမှတ်ဝန်ခံလာကြပါစေသော်။
ဆာလံကျမ်း အခန်းကြီး ၇၉ (Ps 79:8-13);
၈ ရှေးကပြစ်မှားမိသော အပြစ်များကို အကျွန်ုပ်တို့၌ မှတ်တော်မမူပါနှင့်။ အကျွန်ုပ်တို့သည် အလွန်နှိမ့်ချလျက် ရှိပါသည်ဖြစ်၍၊ ကရုဏာတော်သည် အလျှင်အမြန်ကူမပါစေသော။
၉ ကယ်တင်တော်မူသောဘုရား၊ နာမတော်၏ ဂုဏ်ကိုထောက်၍ အကျွန်ုပ်တို့ကို မစတော်မူပါ။ နာမတော်အတွက် ကြောင့်၊ အကျွန်ုပ်တို့ကို နှုတ်ယူ၍ အပြစ်များကို ဖြေရှင်းတော်မူပါ။
၁၀ သူတို့၏ဘုရားသခင်သည် အဘယ်မှာရှိသနည်းဟု တပါးအမျိုးသား တို့သည် အဘယ်ကြောင့်ဆို ရကြပါမည်နည်း။ သွန်ပြီးသော ကျွန်တော်မျိုး၏ အသွေးဘက်မှာ တရားစီရင်တော်မူ သော အကြောင်းသည် တပါး အမျိုးသားတို့တွင် အကျွန်ုပ်တို့ မျက်မှောက်၌ ထင်ရှားပါစေသော။
၁၁ အချုပ်ခံရသောသူ၏ ညည်းတွားသံကို နားထောင်တော်မူပါ။ သေရသောသူတို့ကို လက်ရုံးတော် တန်ခိုးကြီးသည် နှင့်အညီ ချမ်းသာပေးတော်မူပါ။
၁၂ အကျွန်ုပ်တို့ အိမ်နီးချင်းတို့သည် ကိုယ်တော်အား ကဲ့ရဲ့ခြင်းအပြစ် ကို သူတို့ရင်ခွင်ထဲသို့ ခုနှစ်ဆတိုင်အောင် ဆပ်ပေးတော်မူပါဘုရား။
၁၃ သို့ဖြစ်၍၊ ကိုယ်တော်ထံ၌ ကျက်စားသော သိုးစုတည်းဟူသော ကိုယ်တော်၏လူ အကျွန်ုပ်တို့သည် ကိုယ်တော်ကို အစဉ်မပြတ် ချီးမွမ်း၍၊ ဂုဏ်ကျေးဇူးတော်ကို အစဉ်အဆက် ဖြစ်လတံ့သော သူတို့အားဖော်ပြကြပါမည်။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၀ (Mark 10:45);
၄၅ အကြောင်းမူကား၊ လူသားသည် သူတပါးကိုစေစားခြင်းငှါ မလာ၊ သူတပါးအစေကိုခံခြင်းငှါ၎င်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှါ၎င်း၊ ကြွလာသတည်းဟု မိန့်တော်မူ၏။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၀ (Mark 10:32-45);
၃၂ ယေရုရှလင်မြို့သို့တက်သွားကြရာ၊ လမ်းမှာယေရှုသည် တပည့်တော်တို့ရှေ့၌ ကြွတော်မူစဉ်၊ သူတို့သည် မိန်းမောတွေဝေ၍ ကြောင်ရွံ့သောစိတ်နှင့် လိုက်ကြ၏။ ထိုအခါကိုယ်တော်သည် တကျိပ်နှစ်ပါး တို့ကို တဖန်ခေါ်၍၊ ငါတို့သည် ယေရုရှလင်မြို့သို့ ယခုသွားကြ၏။
၃၃ လူသားသည် ယဇ်ပရောဟိတ်အကြီး၊ ကျမ်းပြုဆရာ တို့လက်သို့ရောက်လိမ့်မည်။ ထိုသူတို့သည် သေပြစ်ကိုစီရင်၍ တပါးအမျိုးသားတို့လက်သို့ အပ်နှံကြလိမ့်မည်။
၃၄ သူတို့သည်လည်း လူသားအား ပြက်ယယ်ပြုခြင်း၊ ရိုက်ပုတ်ခြင်း၊ တံထွေးနှင့်ထွေးခြင်း၊ အသေသတ်ခြင်းကို ပြုကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူ၍ မိမိကို၌ရောက်လတံ့ သော အမှုအရာတို့ကို တပည့်တော်တို့အား မိန့်တော်မူ၏။
၃၅ ထိုအခါ ဇေဗေဒဲ၏သား ယာကုပ်နှင့်ယောဟန်သည် အထံတော်သို့ချဉ်းကပ်၍၊ အရှင်ဘုရား၊ အကျွန်ုပ်တို့ တောင်းသော ဆုကျေးဇူးကို ပြုတော်မူစေချင်ပါသည်ဟု လျှောက်လေ၏။
၃၆ ကိုယ်တော်က ငါသည်သင်တို့ကို အဘယ်သို့ပြုစေချင်သနည်းဟု မေးတော်မူသော်၊
၃၇ ကိုယ်တော်သည် ဘုန်းပွင့်တော်မူသောအခါ အကျွန်ုပ်တို့သည် လက်ျာတော်ဘက်၌တယောက်၊ လက်ဝဲတော်ဘက်၌တယောက် ထိုင်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ကြ၏။
၃၈ ယေရှုကလည်း သင်တို့သည် အဘယ်သို့တောင်းပန်သည်ကို သင်တို့မသိကြ။ ငါသောက်သောခွက်ကို သောက်ခြင်းငှါ၎င်း၊ ငါခံသော ဗတ္တိဇံ ကိုခံခြင်းငှါ၎င်း၊ သင်တို့သည် တတ်စွမ်းနိုင်သလော ဟုမေးတော်မူလျှင်၊
၃၉ အကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ပါ၏ဟု လျှောက်ကြသော်၊ ယေရှုက၊ ငါသောက်သော ခွက်ကို သင်တို့သည် သောက်ရကြလိမ့်မည်၊ ငါခံသော ဗတ္တိဇံ ကိုလည်း သင်တို့သည် ခံရကြလိမ့်မည်။
၄၀ သို့သော်လည်း ငါ့လက်ျာဘက် လက်ဝဲဘက်မှာ ထိုင်ရသောအခွင့်ကိုကား အကြင်သူတို့အဘို့ အလိုငှါ ပြင်ဆင်၏၊ ထိုသူတို့အားသာ ငါပေးပိုင်သည်ဟု မိန့်တော်မူ၏။
၄၁ အခြားသောတပည့်တော်တကျိပ်တို့သည် ကြားသိလျှင်၊ ယာကုပ်နှင့်ယောဟန်တို့ကို အမျက်ထွက် ကြ၏။
၄၂ ယေရှုသည် ထိုသူတို့ကို ခေါ်တော်မူ၍၊ သင်တို့သိသည်အတိုင်း လောကီမင်းတို့သည် အစိုးတရ ပြုတတ်ကြ၏။ အကဲအမှူးတို့သည် အာဏာထားတတ်ကြ၏။
၄၃ သင်တို့မူကား ထိုသို့မပြုကြနှင့်။ သင်တို့တွင် အကဲအမှူး ပြုလိုသော သူသည် သင်တို့အစေခံဖြစ်ရမည်။
၄၄ သင်တို့တွင် အထွဋ်အမြတ်လုပ်ချင်သောသူသည် လည်း အလုံးစုံတို့၏စေခိုင်းရာ ကျွန်ဖြစ်ရမည်။
၄၅ အကြောင်းမူကား၊ လူသားသည် သူတပါးကိုစေစားခြင်းငှါ မလာ၊ သူတပါးအစေကိုခံခြင်းငှါ၎င်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှါ၎င်း၊ ကြွလာသတည်းဟု မိန့်တော်မူ၏။