Mon the 25th: Psalter IV, Ordinary Time Week 8.
Optional memorial of Venerable Bede, priest and doctor; Gregory VII, pope; Mary Magdalene de Pazzi, virgin.
Sir 17:20-24; Ps 32:1-7; 2 Cor 8:9; Mark 10:17-27
ဆီရပ်ခ်၏နီတိဒေသနာကျမ်းအခန်းကြီး (၁၇) (Sir 17:20-24)း
၂၀။သူတို့၏ မကောင်းမှုများသည် ကိုယ်တော့်ထံမှ ဖုံး ကွယ်၍မရချေ။ သူတို့ûပသမျှအပြစ်များသည် ကိုယ် တော့်ရှေ့မှာ ရှိ၏။
၂၁။ ကောင်းမြတ်တော်မူသော ကိုယ် တော်သည် မိမိ ဖန်ဆင်းခံတို့ ûပလုပ်ထားသမျှကိုသိ တော်မူလျက် သူတို့အားငြင်းပယ်တော်မူသည်လည်း မဟုတ်၊စွန့်ပစ်တော်မူခြင်းလည်းမရှိဘဲသနားညှာတာ တော်မူ၏။
၂၂။ဘုရားသခင်သည်လူတစ်ဦးûပသောကုသိုလ်ကောင်းမှုကိုမိမိတံဆိပ်လက်စွပ်ကဲ့သို့မြတ်နိုးတော်မူ၍သူ၏သီလပါရမီတို့ကိုမိမိ၏မျက်လုံးအိမ်သဖွယ် ယုယတော်မူ၏။
၂၃။တစ်နေ့၌ ကိုယ်တော်သည် ကြလာ၍ ဆုလာဘ်များ ပေးတော်မူလိမ့်မည်။ မိုက်မဲသော သူတို့ကိုမိမိတို့နှင့် ထိုက်သင့်သည့်အလျောက်စီရင်၍ သူတို့ပေးဆပ်စရာ ရှိသည်တို့ကိုသူတို့ဦးခေါင်းပေါ်မှာကျရောက်စေမည်။
၂၄။သို့ရာတွင်နောင်တသံဝေဂရပြီးပြန်လာသူတို့အတွက်ကိုယ်တော်သည် ပြန်လမ်းကို ဖွင့်ပေးလျက်ရှိပြီးမျှော် လင့်ချက်ဆုံး၍စိတ်ပျက်နေသူတို့ကို အားပေးနှစ်သိမ့် တော်မူ၏။
ဆာလံကျမ်း အခန်းကြီး ၃၂(Ps 32:1-7);
၁ အပြစ်မှလွှတ်ခြင်း ဒုစရိုက်အပြစ်ကိုဖုံးအုပ်ခြင်းသို့ ရောက်သောသူသည်မင်္ဂလာရှိ၏၊၊
၂ ထာဝရဘုရား အပြစ်တင်တော်မူခြင်းနှင့် လွတ်၍လှည့်စားတတ်သော စိတ်သဘောထားနှင့် ကင်းစင်သောသူသည် မဂ်လာရှိ၏၊၊
၃ ငါသည်အပြစ်ကို မဘော်မပြဘဲ နေစဉ်အခါတနေ့လုံး ညည်းတွားသောအားဖြင့် ငါ့အရိုးတို့သည် ဆွေးမြေ့ ခြင်းသို့ရောက်ရ၏၊၊
၎ နေ့ညဥ့်မပြတ် ကိုယ်တော်၏လက်သည် အကျွန်ုပ်ပေါ်မှာလေး၍ အကျွန်ုပ်၏ချွေးသည် နွေကာလ၌ သွေ့ခြောက်ခြင်းကဲ့သို့ ဖြစ်ပါ၏၊၊
၅ တဖန်အကျွန်ုပ်သည် ကိုယ်အပြစ်ကို ရှေ့တော်၌ ဝန်ချပါ၏၊၊ ပြုမိသောဒုစရိုက်ကို ဝှက်၍မထားပါ၊၊ ငါလွန်ကျုးသောအရာကို ထာဝရဘုရားအား ဘော်ပြတောင်းပန်မည်ဟု ပြောဆိုသောအခါ ကိုယ် တော်သည်အကျွန်ုပ်ပြစ်မှားခြင်း အပြစ်ကိုလွှတ်တော် မူ၏၊၊
၆ ထို့ကြောင့်ကိုယ်တော်ကို တွေ့သင့်သောအချိန်ကာလ၌ သန့်ရှင်းသူအပေါင်းတို့သည်ရှေ့တော်၌ တောင်းလျှောက် ကြပါလိမ့်မည်၊၊ အကယ်စင်စစ် လွှမ်းမိုးတတ်သော ရေကြီးသည် သူတို့ထံသို့မချဉ်းရပါ၊၊
၇ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ၏၊၊ အကျွန်ုပ်ကို ဘေးလွတ်စေ ခြင်းငှါ ကွယ်ကာစောင့်မ တော်မူ၏၊၊ ကယ်လွှတ်ကြောင်းကို ဆိုသောသီချင်းနှင့် အကျွန်ုပ်ကို ခြံရံစေတော်မူ၏၊၊
ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၈ (2 Cor 8:9);
၉ အကြောင်းမူကား၊ ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း၊ ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည်စည်းစိမ်ရှိစေခြင်းငှါ၊ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကို ခံတော်မူသော ကျေးဇူးတော်ကို သင်တို့သိကြ၏။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၀ (Mark 10:17-27);
၁၇ လမ်းမှာကြွတော်မူစဉ်တွင် လူတယောက်သည် အထံတော်သို့ပြေး၍ ဒူးထောက်လျက်၊ ကောင်းမြတ်သော ဆရာ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှါ၊ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု မေးလျှောက် သော်၊
၁၈ ယေရှုက၊ ငါ့ကိုကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တပါးတည်းသာ ကောင်းမြတ် တော်မူ၏။
၁၉ သင်သည် ပညတ်တော်တို့ကိုသိသည်မဟုတ်လော။ သူ့မယားကိုမပြစ်မှားနှင့်။ လူအသက်ကိုမသတ်နှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မမှန်သောသက်သေကိုမခံနှင့်။ သူ့ဥစ္စာကိုမတရားသဖြင့်မသိမ်းနှင့်။ မိဘကို ရိုသေစွာပြုလော့ဟု မိန့်တော်မူလျှင်၊
၂၀ အရှင်ဘုရား၊ ထိုပညတ်ရှိသမျှတို့ကို အကျွန်ုပ်သည် ငယ်သောအရွယ်မှစ၍ စောင့်ရှောက်ပါပြီဟု လျှောက်ပြန်လျှင်၊
၂၁ ယေရှုသည်၊ ထိုသူကိုကြည့်ရှုလျက် ချစ်သောစိတ်ရှိ၍၊ သင်သည်တခုလိုသေး၏။ သွားလော့။ ကိုယ်ဥစ္စာရှိသမျှကို ရောင်း၍ ဆင်းရဲသောသူတို့အားပေးလော့။ ထိုသို့ပြုလျှင်၊ ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုရလိမ့်မည်။ သို့ပြီးမှလာ၍ လက်ဝါးကပ်တိုင်ကို ထမ်းလျက် ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။
၂၂ ထိုသူသည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် မျက်နှာပျက်၍ စိတ်မသာသည်နှင့်သွားလေ၏။
၂၃ ယေရှုကလည်း၊ ဥစ္စာရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏ဟု ပတ်လည် သို့ကြည့်ရှု၍ တပည့်တော်တို့အား မိန့်တော်မူ၏။
၂၄ တပည့်တော်တို့သည် ထိုစကားကိုကြားလျှင် မိန်းမောတွေဝေ ခြင်းရှိကြ၏။ တဖန်ယေရှုက၊ ငါ့သားတို့၊ မိမိဥစ္စာကိုမှီခိုသောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏။
၂၅ ကုလားအုပ်သည် အပ်နဖားကို လျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ခဲသည်ဟု မိန့်တော်မူ၏။
၂၆ ထိုသူတို့သည် သာ၍မိန်းမောတွေဝေခြင်းရှိ၍၊ သို့ဖြစ်လျှင်အဘယ်သူသည် ကယ်တင်တော်မူခြင်း သို့ရောက်နိုင်မည်နည်းဟု အချင်းချင်းပြောဆိုကြ၏။
၂၇ ယေရှုသည်လည်း၊ သူတို့ကိုကြည်ရှု၍၊ ဤအမှုကို လူမတတ် နိုင်သော်လည်း ဘုရားသခင်မတတ်နိုင်သည်မဟုတ်။ ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်တော် မူသည်ဟု မိန့်တော်မူ၏။