Friday, 29 May 2015

29-MAY-2015-(READING)

Fri the 29th:    Sir 44:1-13; Ps 149:1-9; John 15:16; Mark 11:11-26

ဆီရပ်ခ်၏နီတိဒေသနာကျမ်းအခန်းကြီး (၄၄) (Sir 44:1-13)း

၁။ထင်ပေါ်ကျော်ကြားသောလူများနှင့် ငါတို့၏ဘိုးဘေး များကိုယခုချီးမွမ်းကြကုန်စို့။
၂။ကိုယ်တော်သည်မိမိ၏ဘုန်းတော်ဂုဏ်တော်နှင့်ကြီးကျယ်မြင့်မြတ်တော်မူခြင်းကိုသူတို့အားအစဦးကပင်ဝေငှ ပေးသနားတော်မူ ၏။
၃။အချို့တို့သည်တိုင်းနိုင်ငံများကို အုပ်ချုပ်ခဲ့ကြ၍ သူတို့၏ အောင်မြင်မှုများကြောင့်ထင်ပေါ်ကျော်ကြား  ခဲ့ကြ၏။ အချို့သည်ကားသိနားလည်ခြင်းဖြင့်အကြံဉာဏ်များပေးခြင်းနှင့်ကြိုတင်နိမိတ်ပေးဟောကြားချက်များကိုûပလုပ် နိုင်ခဲ့ကြ၏။
၎။အချို့တို့သည် သူတို့၏စဉ်းစားဉာဏ်ဖြင့်လူတို့ကိုဦး ဆောင်ကာ လူမျိုးအတွက်ဥပဒေသများ၊တတ်သိနား လည်ခြင်းနှင့်ဉာဏ်ပညာနှင့်ပြည့်စုံသောသွန်သင်ဆုံးမခြင်းများအားဖြင့်ညွှန်ကြားအုပ်ချုပ်ခဲ့ကြသည်။
၅။အချို့သည်ကားတေးသီချင်းများဖွဲ့ဆိုကြလျက်လင်္ကာ ကဗျာများ စပ်ဆိုရေးသားခဲ့ကြ၏။
၆။အချို့မူကား ချမ်း သာကြယ်ဝ၍ အစွမ်းအစပြည့်စုံကြပြီး မိမိတို့အိုးအိမ် များမှာ အေးချမ်းစွာ နေထိုင်ခဲ့ကြ၏။
၇။ဤပုဂ္ဂိုလ်ကြီးများ အားလုံးသည် သူတို့၏ မျိုးဆက် တွင် ဂုဏ်ûပချီးမွမ်းခံခဲ့ကြရပြီး သူတို့ခေတ်ကာလ၏ ဂုဏ်ယူအားထားဖွယ်ရာ ပုဂ္ဂိုလ်များလည်း  ဖြစ်ခဲ့ကြ ၏။
၈။အချို့သော သူတို့သည် လူများ ဂုဏ်ûပလေးစား ထိုက်သောပုဂ္ဂိုလ်များအဖြစ် အမည်တွင် ရစ်စေခဲ့ကြ ၏။
၉။အချို့မူကား အောက်မေ့ သတိရဖွယ်ရာ မကျန် ရစ်ဘဲသူတို့အသက်မရှင်ခဲ့ကြသကဲ့သို့လည်းကောင်း မွေးဖွားခြင်းမခံခဲ့ကြရသကဲ့သို့လည်းကောင်းဖြစ်ခဲ့ကြ ပြီး ပျက်စီးကွယ်ပျောက်ခဲ့ကြ၏။
၁၀။သူတို့နောက်တွင်လည်း သူတို့ သားသမီးများသည် ထိုကဲ့သို့ဖြစ်ခဲ့ကြ၏။သို့သော်ဤပုဂ္ဂိုလ်ကြီးများသည် သနားကရုဏာထားသောသူများဖြစ်၍သူတို့၏ဖြောင့်မတ်သောလုပ်ရပ်များသည်မေ့လျော့ခြင်းမခံကြရပေ။
၁၁။သူတို့၏ စည်းစိမ်ဥစ္စာသည် သူတို့၏ သားသမီးများ နှင့်အတူ တည်ရှိ၍ အမွေအနှစ်များသည်လည်းသူတို့ သားသမီးတို့၏သားသမီးများနှင့်အတူရှိ၏။
၁၂။သူတို့၏ နောင်လာနောင်သားများနှင့် သားသမီးများ သည်သူတို့ကြောင့်ပင် ပဋိညာဉ်တော်အပေါ် သစ္စာရှိ စွာ ရပ်တည်ခဲ့ကြ၏။
၁၃။သူတို့၏ သားမြေးများသည် အစဉ် ထာဝရ ဆက်လက်တည်ရှိနေမည်ဖြစ်၍ သူတို့ ၏ ဘုန်းဂုဏ်သည်လည်း  ကွယ်ပျောက်  သွားလိမ့် မည်မဟုတ်ချေ။

ဆာလံကျမ်း အခန်းကြီး ၁၄၉(Ps 149:1-9);

၁ ထာဝရဘုရားရှေ့တော်၌ အသစ်သော သီချင်းကို ဆို၍ သန့်ရှင်းသူတို့ စည်းဝေးရာ၌ ဂုဏ်တော်ကို ချီးမွမ်းကြလော့၊၊
၂ ဣသရေလအမျိုးသည် မိမိကို ဖန်ဆင်းတော်မူသောဘုရားကို အမှီပြု၍ ဝမ်းမြောက်စေ၊၊ ဇိအုန် သားတို့သည် မိမိရှင်ဘုရင်ကို အမှီပြု၍ ရွှင်လန်းကြစေ၊၊
၃ သူတို့သည် ကခုန်လျက် နာမတော်ကို ချီးမွမ်းကြစေ၊၊ ပတ်သာနှင့် စောင်းကိုတီးလျက် ထောမနာသီချင်းဆိုကြစေ၊၊
၎ အကြောင်းမူကား၊ ထာဝရဘုရားသည် မိမိလူစုကို နှစ်သက်တော်မူ၏၊၊ စိတ်နှိမ့်ချသော သူတို့ကို ကယ်တင်ခြင်းအားဖြင့် အသရေတင့်တယ်စေတော်မူ၏၊၊
၅ သန့်ရှင်း သောသူတို့သည် ဘုန်းကြီး၍ ဝမ်းမြောက်ဝမ်းသာကြစေ၊၊ ကျိန်းဝပ်ရာပေါ်မှာ ရွှင်လန်းစွာ သီချင်းဆိုကြစေ၊၊
၆ တပါး အမျိုးသားတို့တွင် တရားအတိုင်းအပြစ်ပေး၍ လူစုတို့အား ဒဏ်ခတ်ခြင်းငှါ၎င်း၊ သူတို့၏  ရှင်ဘုရင်များကို သံကြိုးနှင့် ချည်နှောင်၍ ၊ မူးမတ်များကို သံခြေချင်းခတ်ခြင်းငှါ၎င်း၊ ကျမ်းစာ၌ မှတ်သားသော အပြစ်စီရင်ခြင်းကို သူတို့အားပြုခြင်း ငှါ ၎င်း၊ သန့်ရှင်းသောသူတို့သည် ဘုရားသခင်၏ ဂုဏ်တော်ကို နှုတ်နှင့် ချီးမွမ်း၍ သန်လျက်ကို လက်နှင့်ကိုင်ကြစေ၊ ထာဝရဘုရား၏ သန့်ရှင်းသောသူအပေါင်းတို့သည် ထိုသို့သော ဘုန်းနှင့်ဆိုင်ကြ၏၊၊ ဟာလေလုယ၊၊

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၅ (John 15:16);

၁၆ သင်တို့သည် ငါ့ကိုရွေး ကောက်ကြသည်မဟုတ်။ ငါသည် သင်တို့ကိုရွေးကောက်သဖြင့်၊ သင်တို့သည်သွား၍ တည်ကြည်သော အသီးကို သီးမည်အကြောင်းနှင့် ငါ့နာမကိုအမှီပြု၍ ခမည်းတော်မှာ တောင်းသမျှတို့ကို ရမည်အကြောင်း သင်တို့ကို ငါခန့်ထား၏။

ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၁ (Mark 11:11-26);

၁၁ ယေရှုသည် ယေရုရှလင်မြို့သို့၎င်း၊ ဗိမာန်တော် သို့၎င်းဝင်၍ အရာရာတို့ကို ကြည့်ရှုတော်မူပြီး လျှင်၊ မိုဃ်းချုပ်သောကြောင့် တကျိပ်နှစ်ပါးသောသူတို့နှင့်တကွ ဗေသနိရွာသို့ထွက်ကြွတော်မူ၏။
၁၂ နက်ဖြန်နေ့၌ ဗေသနိရွာမှပြန်ကြစဉ်တွင် ဆာမွတ်တော်မူ၏။
၁၃ အရွက်နှင့် ပြည့်စုံသော သင်္ဘောသဖန်း ပင်ကို အဝေးကမြင်လျှင်၊ သင်္ဘောသဖန်းသီး ဆွတ်သောအချိန်ကာလ မရောက်သေးသောကြောင့်၊ ထိုအပင်၌ အသီးကိုတွေ့ကောင်းတွေ့လိမ့်မည်ဟု ကြွသွား၍ရောက်သောအခါ၊ အရွက်ကိုသာတွေ့တော်မူသည်ရှိသော်၊
၁၄ ယခုမှစ၍ အစဉ်မပြတ် သင်၏အသီးကို အဘယ်သူမျှမစားစေနှင့်ဟု မိန့်တော်မူ၏။  တပည့်တော်တို့သည် လည်း ကြားကြ၏။
၁၅ ယေရုရှလင်မြို့သို့ရောက်သောအခါ ယေရှုသည် ဗိမာန်တော်သို့ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သောသူတို့ကို နှင်ထုတ်၍ ပွဲစားခုံတို့ကို၎င်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်ရာကို၎င်း တွန်းလှဲတော်မူ၍၊
၁၆ ဗိမာန်တော်ထဲ၌ အဆောက်အဦးကို အဘယ်သူမျှမဆောင်မရွက်ရမည်အကြောင်း မြစ်တားတော်မူလျက်၊
၁၇ ငါ့အိမ်ကို လူအမျိုးမျိုး ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ် ကြလတံ့ဟု ကျမ်းစာ၌လာသည် မဟုတ်လော။ သို့သော်လည်း သင်တို့သည် ထိုအိမ်ကို ထားပြတွင်းဖြစ်စေကြပြီတကားဟူ၍ ဆုံးမသြဝါဒ ပေးတော်မူ၏။
၁၈ ကျမ်းပြုဆရာနှင့် ယဇ်ပရောဟိတ်အကြီးတို့သည်ကြားလျှင် ကိုယ်တော်ကိုသတ်ရသောအခွင့် ကို ရှာကြံကြ၏။ လူများအပေါင်းတို့သည် ဆုံးမသြဝါဒပေးတော်မူခြင်းကို အံ့သြမိန်းမောသောကြောင့်၊ ထိုသူ တို့သည် ကိုယ်တော်ကို ကြောက်ရွံ့ကြ၏။
၁၉ ညအချိန်ရောက်သောအခါ မြို့ပြင်သို့ထွက်တော်မူ၏။
၂၀ နံနက်အချိန်တွင် လမ်း၌သွားကြစဉ်၊ သင်္ဘောသဖန်းပင်သည် အမြစ်မှစ၍ ခြောက်သွေ့လျက်ရှိသည်ကို မြင်ကြ၏။
၂၁ ပေတရုသည် သတိရလျှင် အရှင်ဘုရား ကြည့်တော်မူပါ။ ကျိန်တော်မူသောသင်္ဘောသဖန်းပင်သည် ခြောက်သွေ့ပါ ပြီတကားဟု လျှောက်လေ၏။
၂၂ ယေရှုကလည်း၊ သင်တို့သည်ဘုရားသခင်ကို ယုံကြည်ခြင်း ရှိကြလော့။
၂၃ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ယုံမှားသောစိတ်နှင့် ကင်း၍ မိမိဆိုသည်အတိုင်း ဖြစ်မည်ဟု ယုံကြည်လျက်၊ ထိုတောင်ကိုနေရာမှရွေ့လော့၊ ပင်လယ်၌ကျလော့ဟုဆိုလျှင်၊ ထိုသူဆိုသည်အတိုင်း ဖြစ်လိမ့်မည်။
၂၄ ထိုကြောင့် ငါဆိုသည်ကားသင်တို့သည် ဆုကျေးဇူးကိုရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှ တို့ကိုရကြလိမ့်မည်။
၂၅ သင်တို့သည် ဆုတောင်းသောအခါ သူတပါး၌အပြစ်တင်ခွင့်ရှိလျှင်၊ သူ့အပြစ်ကိုလွှတ် ကြလော့။ လွှတ်လျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူ မည်။
၂၆ သင်တို့သည် သူ့အပြစ်ကိုမလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည်သင်တို့၏ အပြစ်ကိုလွှတ်တော်မမူ ဟု မိန့်တော်မူ၏။