Thursday, 28 May 2015

28-MAY-2015-(READING)

Thu the 28th:    Sir 42:15-25; Ps 33:1-9; John 8:12; Mark 10:46-52

ဆီရပ်ခ်၏နီတိဒေသနာကျမ်း အခန်းကြီး (၄၂) (Sir 42:15-25)း

၁၅။သခင်ဘုရားûပတော်မူသောအရာများကိုယခုသင်တို့အားသတိရစေ၍ငါမြင်ခဲ့သောအရာများကိုပြန်ပြောပြမည်။ကိုယ်တော်၏ရွှေနှုတ်တော်ထွက်စကားများအား ဖြင့်ကိုယ်တော်၏လုပ်ရပ်များ ဖြစ်ပေါ်လာခဲ့ကြ၏။
၁၆။နေသည် မိမိ၏ ထွန်းတောက်သောအလင်းရောင်ဖြင့် အရာခပ်သိမ်းတို့ကို ကြည့်ရှု၍ ကိုယ်တော်၏လုပ်ရပ် သည်ကိုယ်တော်၏ဘုန်းတော်ဂုဏ်တော်နှင့်ပြည့်နှက်
လျက်ရှိ၏။
၁၇။စင်္ကြာဝဠာ တစ်ခုလုံးသည် ကိုယ်တော်၏ဘုန်းတော် ဂုဏ်တော်၌ ခိုင်မြဲစွာ ရပ်တည်နိုင်ရန် အားလုံးစုံကိုတတ်နိုင်တော်မူသောသခင်ဘုရားကိုယ်တော်တိုင်စီမံအတည်ûပတော်မူခဲ့သည်။ကိုယ် တော်၏အံ့သြဖွယ်ရာလုပ်ဆောင်ချက်များအားလုံးကိုကြေငြာရန်ပင်မိမိ၏သန့်ရှင်းသောသူတို့ကိုအခွင ပေးတော်မမူခဲ့ချေ။
၁၈။ကိုယ်တော်သည်နက်ရှိုင်းလှသောချောက်ကမ်းပါးနှင့် လူ့နှလုံးသားများ၏အတိမ်အနက်ကို ရှာဖွေတော်မူ၍ သူတို့၏ လျှို့ဝှက်သော အကြံအစည်များကို သိနား လည်တော်မူ၏။ အကြောင်းမူကား အမြင့်ဆုံးသောအရှင်သခင်သည်အရာခပ်သိမ်းတို့ကိုသိမြင်ပိုင်ဆိုင်တော်မူ၍အချိန်ကာလတိုင်း၏အ မှတ်လက္ခဏာတို့ကိုလည်း သိမြင်တော်မူ၏။
၁၉။ကိုယ်တော်သည် အတိတ်က ဖြစ်ခဲ့သမျှတို့နှင့် နောင် တွင်ဖြစ်လာမည့်အရာတို့ကိုပြသတော်မူ၍လောက၏ခက်ခဲနက်နဲမှု  အားလုံးကိုလည်း ဖွင့်လှစ် ထုတ်ဖော် တော်မူ၏။
၂၀။မည်သည့် အကြံအစည် အတွေးအခေါ်မျှ ကိုယ်တော်ထံမှ လွတ်ထွက်သွားသောအရာမရှိ။ မည် သည့်  စကားတစ်လုံးမျှ  ကိုယ်တော်ရှေ့မှာ ဖုံးကွယထားခြင်းမရှိ။်
၂၁။ကိုယ်တော်သည်မိမိဉာဏ်ပညာတော်၏ကြီးကျယ်ခမ်းနားတင့်တယ်မှုများကိုစီစဉ်ဆောင်ရွက်ထား တော်မူ၍ ကိုယ်တော်သည် ထာဝရမှထာဝရတိုင် အစဉ်တည်တော်မူ၏။ မည်သည့်အရာမျှထပ်ဖြည့်ရန် လည်း မလိုဘဲ မည်သည့်အရာမျှနှုတ်ယူသွားစရာအကြောင်းမရှိချေ။ကိုယ်တော်အားအကြံဉာဏ်ပေးရန်  ၂၂။မည်သူကိုမျှလည်းမလိုအပ်ချေ။သေးငယ်သောမီးပွားကလေးကိုပင်တောက်ပစွာမြင်တွေ့နိုင်ရ လောက်အောင်ကိုယ်တော်ûပသမျှအရာအားလုံးတို့သည်မည်မျှကြီးကျယ်လှပ၍နှစ်သက်ဖွယ်ကောင်းလှသနည်း။
၂၃။ဤအရာ အားလုံးတို့သည် အသက်ရှင်ကြ၍ လိုအပ် ချက်အားလုံးကို  ပြည့်ဝစေရန် အစဉ်ထာဝရတည်နေကြပြီးအားလုံးသည်နာခံလျက်ရှိကြ၏။ 
၂၄။အရာအားလုံး သည်အစုလိုက်ရှိနေပြီးတစ်ခုနှင့်တစ်ခုဆန့်ကျင်ဘက် ဖြစ်လျက် ကိုယ်တော်ûပတော်မူသမျှတို့တွင် မပြည့်စုံ သောအရာ တစ်စုံတစ်ခုမျှမရှိချေ။
၂၅။အရာတစ်ခုသည် အခြားတစ်ခု၏ကောင်းမြတ်ခြင်းကိုခိုင်မြဲစေ၏။ မည်သူသည်ကိုယ်တော်၏ဘုန်းတော်ဂုဏ်တော်ကို ပြည့်ဝစုံလင်စွာ သိမြင်နိုင်မည်နည်း။

ဆာလံကျမ်း အခန်းကြီး ၃၃(Ps 33:1-9);

၁ ဖြောင့်မတ်သောသူတို့ ထာဝရဘုရားကိုအမှီပြု၍ ရွှင်လန်းစွာသီချင်းဆိုကြလော့၊၊ ထောမနာပြုခြင်း အကျင့်သည် သဘောဖြောင့်သောသူတို့နှင့် ထိုက်တန်လျောက်ပတ်ပေ၏၊၊
၂ စောင်းတီး၍ ထာဝရဘုရားကို ချီမွမ်းကြလော့၊၊ ကြိုးဆယ်ပင်ရှိသော တူရိယာနှင့် ထောမနာသီချင်းဆိုကြလော့၊၊
၃ ရှေ့တော်၌အသစ်သော သီချင်းကို ဆိုကြလော့၊၊ တံပိုးမှုတ်ခြင်းနှင့်တကွ သာယာစွာတီးကြလော့၊၊
၎ အကြောင်းမူကား ထာဝရဘုရား၏ နှုတ်ကပတ် တော်သည် ဖြောင့်မတ်ပေ၏၊၊ စီရင်တော်မူသမျှသော အမှုတို့သည်လည်း သစ္စာတရားနှင့် ညီကြ၏၊၊
၅ ဖြောင့်မတ်စွာ ကျင့်ခြင်း တရားသဖြင့်စီရင်ခြင်းကို နှစ်သက်တော်မူ၏၊၊ ပထဝီမြေကြီးသည် ထာဝရဘုရား၏ ကျေးဇူးတော်နှင့် ပြည့်ဝလျက်ရှိ၏၊၊
၆ ထာဝရဘုရား၏ နှုတ်ကပတ်တော်အားဖြင့် မိုဃ်းကောင်းကင်ကို၎င်း နှုတ်တော်အသက်အားဖြင့် မိုဃ်း ကောင်းကင်တန်ဆားများကို၎င်း ဖန်ဆင်းတော်မူ၏၊၊
၇ သမုဒ္ဒရာရေကို စုပုံစုဝေးစေတော်မူ၏၊၊ နက်နဲသောသမုဒ္ဒရာ ကိုလည်း လုံခြုံရာအရပ်တို့၌ သိုထားတော်မူ၏၊၊
၈ ထာဝဘုရားကို မြေကြီးတပြင်လုံး ကြောက်ရွံ့စေ၊၊ လောကီနိုင်ငံ သား အပေါင်းတို့သည် ရိုသလေးမြတ်ကြစေ၊၊
၉ အကြောင်းမူကား ထာဝရဘုရားမြွက်ဆို၍ မြွက်ဆိုတော်မူသည်အတိုင်း ဖြစ်၏၊၊ အမိန့်တော်ရှိ၍ မိန့်တော်မူသည်အတိုင်း တည်လျက်နေ၏၊၊

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၈ (John 8:12);

၁၂ တဖန်တုံ ယေရှုက၊ ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ၊ အသက်၏အလင်းကို ရလိမ့်မည်ဟု မိန့်တော်မူ၏။

ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၀ (Mark 10:46-52);

၄၆ ယေရိခေါ မြို့သို့ရောက်ကြလျှင် တပည့်တော်တို့မှစ၍ များစွာသောလူအပေါင်းတို့နှင့်တကွ ထိုမြို့မှ ထွက်ကြွတော်မူစဉ်တွင်၊ တိမဲ၏သား ဗာတိမဲအမည်ရှိသောလူကန်းသည် လမ်းနားမှာထိုင်၍တောင်းစားလေ၏။
၄၇ နာဇရက်မြို့သား ယေရှုရှိကြောင်းကို ကြားရလျှင် ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို ကယ်မသနားတော် မူပါဟု ဟစ်ကြော်လေ၏။
၄၈ ထိုသူကို တိတ်ဆိတ်စွာနေစေခြင်းငှါ လူများတို့သည် ငေါက်၍ဆိုကြသော်လည်း၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု သာ၍ဟစ်ကြော်လေသော်၊
၄၉ ယေရှုသည် ရပ်တော်မူလျက်၊ ထိုသူကိုခေါ်ခဲ့ဟု အမိန့်တော်ရှိ၏။ သူတပါးတို့သည် လူကန်းကိုခေါ်၍ မစိုးရိမ်နှင့်၊ ထလော့။ သင့်ကိုခေါ်တော်မူသည်ဟု ဆိုကြ၏။
၅၀ ထိုသူသည် မိမိအဝတ်ကိုခြုံပြီးလျှင်၊ ထ၍ယေရှုထံတော်သို့ သွား၏။
၅၁ ယေရှုကလည်း၊ သင်၌အဘယ် သို့ပြုစေလိုသနည်းဟု မေးတော်မူလျှင်၊
၅၂ အရှင်ဘုရား၊ အကျွန်ုပ်မျက်စိမြင်စေ ခြင်းငှါ ပြုတော်မူပါဟု လူကန်း လျှောက်လေသော်၊ ယေရှုက၊ သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကယ်မပြီဟု မိန့်တော်မူ၏။ ထိုခဏခြင်း တွင် ထိုသူသည် မျက်စိမြင်၍ လမ်း၌နောက်တော်သို့လိုက်လေ၏။