Tuesday, 5 May 2015

5-MAY-2015-(READING)

Tue the 5th:    Acts 14:19-28; Ps 145:10-21; Luke 24:26,46; John 14:27-31

တမန်တော်ဝတ္ထု အခန်းကြီး ၁၄ (Acts 14:19-28);

၁၉ ထိုအခါ ယုဒလူတို့သည် အန္တိအုတ်မြို့၊ ဣကောနိမြို့မှလာကြ၍ လူအစုအဝေးတို့ကို ညှိညွှတ် တိုင်ပင်ပြီးလျှင်၊ ပေါလုကို ကျောက်ခဲနှင့်ပစ်၍ သေပြီဟုစိတ်ထင်နှင့် မြို့ပြင်သို့ဆွဲငင်ကြ၏။
၂၀ တပည့်တော်တို့ သည် ဝန်းရံ၍နေကြစဉ်၊ ပေါလုသည်ထ၍ မြို့ထဲသို့ဝင်ပြန်၏။ နက်ဖြန်နေ့၌ ဗာနဗနှင်တကွ ဒေရဗေမြို့သို့ ထွက်သွားလေ၏။
၂၁ ထိုမြို့၌ ဧဝံဂေလိတရားကို ဟောပြော၍ လူများတို့ကို တပည့်တော်ဖြစ်စေပြီးမှ၊ လုတ္တရမြို့၊ ကုကောနိမြို့၊ အန္တိအုတ်မြို့တို့ကို အစဉ်အတိုင်းလှည့်လည်၍ ပြန်ကြ၏။
၂၂ ထိုသို့ပြန်ကြစဉ်၊ တပည့်တော်များ၏ စိတ်နှလုံးကို မြဲမြန်ခိုင်ခံ့စေသဖြင့်၊ ယုံကြည်ခြင်း၌ တည်ကြည်မည်အကြောင်း နှိုးစော်ချီပင့်၍၊ ငါတို့သည် များပြားသော ဆင်းရဲဒုက္ခကိုခံ၍ ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရကြမည်ဟု ဟောပြောပြညွှန်ကြ၏။
၂၃ အသင်းတော်များတို့၌ သင်းအုပ်တို့ကိုခန့်ထား၍၊ အစာရှောင်လျက် ဆုတောင်းပဌနာပြုပြီးလျှင်၊ သင်းဝင်သူတို့ ယုံကြည်သောသခင်ဘုရား၏ လက်တော်သို့ ထိုအသင်းတော်တို့ကို အပ်နှံကြ၏။
၂၄ ပိသိဒိပြည် တပြည်လုံးကို ရှောက်သွား၍ ပံဖုလိပြည်သို့ရောက်လျှင်၊
၂၅ ပေရဂေမြို့၌ နှုတ်ကပတ်တရားတော်ကို ဟောပြော၍ အတ္တလိ မြို့သို့ သွားကြပြန်၏။
၂၆ ထိုမြို့မှ သင်္ဘောစီး၍လွှင့်သဖြင့်၊ မိမိတို့ဆောင်ရွက်ခဲ့ပြီးသော အမှုအလိုငှါ ဘုရားသခင် ၏ကျေးဇူးတော်သို့ အပ်နှံ၍စေလွှတ်သော အန္တိအုတ်မြို့သို့ရောက်လာကြ၏။
၂၇ ထိုမြို့သို့ရောက်ပြီးလျှင် သင်းဝင်သူတို့ကို စုဝေးစေ၍၊ မိမိတို့အားဖြင့် ဘုရားသခင်သည် ပြုတော်မူသမျှတို့ကို၎င်း၊ ယုံကြည်ခြင်းတံခါးကို တပါးအမျိုးသားတို့အား ဖွင့်တော်မူကြောင်းကို၎င်း ပြန်ကြားကြ၏။

ဆာလံကျမ်း အခန်းကြီး ၁၄၅ (Ps 145:10-21);

၁၀ အိုထာဝရဘုရား ဖန်ဆင်းတော်မူသမျှတို့သည် ဂုဏ်တော်တို့ကိုပြ၍ ကိုယ်တော်၏သန့်ရှင်းသူတို့သည် ကောင်းကြီးပေးကြ ပါ၏၊၊
၁၁ နိုင်ငံတော်၏ ဘုန်းကို၎င်း၊ တန်ခိုးတော်ကို၎င်း၊ ဟောပြောမြွက်ဆိုသဖြင့်၊
၁၂ တန်ခိုးပါသော အမှုတော်များနှင့် နိုင်ငံတော်၏ဘုန်းအသရေများကို လူသားတို့ အား ဘော်ပြကြပါ၏၊၊
၁၃ ကိုယ်တော်၏ နိုင်ငံသည် နိစ္စထာဝရနိုင်ငံဖြစ်၍ အာဏာတော်သည် ကာလအစဉ်အဆက် တည်ရပါ၏၊၊ ထာဝရဘုရားသည် လဲသောသူရှိသမျှတို့ကို  ထောက်မတော်မူ၏၊၊
၁၄ နှိမ့်ချသော သူအပေါင်းတို့ကို ကြွပင့်တော်မူ၏။
၁၅ ခပ်သိမ်းသော သတ္တဝါတို့သည် ကိုယ်တော်ကို မျှော်ကြည့်ကြ၍ အချိန်တန်မှ သူတို့ကို ကျွေးမွေး တော်မူ၏၊၊
၁၆ လက်တော်ကို ဖွင့်၍ အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေတော်မူ၏။
၁၇ ထာဝရဘုရား၏ လမ်းခရီးတော်ရှိသမျှတို့သည် ဖြောင့်မတ်၍ ခပ်သိမ်း သောအမှုတော် တို့သည် သန့်ရှင်းကြပါ၏။
၁၈ ထာဝရဘုရားသည် ပဌနာပြုသောသူအပေါင်း၊ သစ္စာနှင့်တကွ ပဌနာ ပြုသောသူအပေါင်း၊ တို့၏အနီး အပါး၌ ရှိတော်မူ၏၊၊
၁၉ ကြောက်ရွံ့သောသူတို့၏ အလိုကို ပြည့်စုံစေတော်မူ၏၊၊ ထိုသူတို့၏ အော်ဟစ်ခြင်းကို ကြား၍ ကယ်တင်တော်မူ၏။
၂၀ ထာဝရဘုရားသည် ကြည်ညိုသောသူအပေါင်းတို့ကို စောင့် မတော်မူ၏၊၊ မတရားသောသူအပေါင်းတို့ကိုကား ဖျက်ဆီးတော်မူမည်၊၊

ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၄ (Luke 24:26,46);

၂၆ ခရစ်တော်သည် ဤသို့ပင်အသေခံ၍ မိမိဘုန်းစည်းစိမ်တော်ကို ဝင်စားရမည် မဟုတ်လောဟု မိန့်တော်မူ၏။
၄၆ ဤသို့ကျမ်းစာလာ၏။ ဤသို့ခရစ်တော်သည် အသေခံ၍ သုံးရက်မြောက်သောနေ့၌ သေခြင်းမှထမြောက်ရမည်။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄ (John 14:27-31);

၂၇ ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း မရှိစေနှင့်။
၂၈ ငါသည် ယခုသွားသော်လည်း သင်တို့ဆီသို့လာဦးမည်ဟု ငါပြောသောစကားကို သင်တို့ကြား ရကြပြီ။ သင်တို့သည် ငါ့ကိုချစ်လျှင် ခမည်းတော်ထံသို့ ငါသွားမည်ကို ဝမ်းမြောက် ကြလိမ့်မည်။ အကြောင်း မူကား၊ ငါ့ခမည်းတော်သည် ငါ့ထက်သာ၍ ကြီးမြတ်တော်မူ၏။
၂၉ ထိုအမှုအရာရောက် သောအခါ သင်တို့သည် ယုံကြည်စေခြင်းငှါ၊ မရောက်မှီယခုပင် သင်တို့အား ငါပြောနှင့်ပြီ။
၃၀ ယခုမှစ၍ ငါသည် သင်တို့နှင့် များစွာမပြောရ။ အကြောင်းမူကား ဤလောကကို အစိုးရသောမင်းသည် လာဆဲဖြစ်၏။ လာသော်လည်း ငါ၌အဘယ်အခွင့်အရာကိုမျှ မတွေ့ရ။
၃၁ ငါသည် ခမည်းတော်ကိုချစ်သည်ကို၎င်း၊ ခမည်းတော်မှာတော်မူ သည်အတိုင်း ငါပြုသည်ကို၎င်း လောကီသားတို့သိမည်အကြောင်းတည်း။ ထိုအရပ်မှ ထ၍ သွားကြကုန်အံ့။