Sunday, 3 May 2015

3-MAY-2015-(READING)

Sun the 3rd:    Psalter I, Easter Week 5.
                        (Feast of Philip and James, apostles.)
Acts 9:26-31; Ps 22:26-32; 1 John 3:18-24; John 15:1-8

တမန်တော်ဝတ္ထု အခန်းကြီး ၉ (Acts 9:26-31);

၂၆ ယေရုရှလင်မြို့သို့ရောက်သောအခါ၊ တပည့်တော်တို့နှင့် ပေါင်းဘော်မည်ပြုသော်၊ သူသည် တပည့် တော်ဖြစ်ကြောင်းကို တပည့်တော်အပေါင်းတို့သည် မယုံသဖြင့် သူ့ကိုကြောက်ရွံ့ကြ၏။
၂၇ ထိုအခါ ဗာနဗသည် သူ့ကိုခေါ်၍ တမန်တော်များထံသို့ ပို့ဆောင်ပြီးလျှင်၊ အထက်ကရှောလုသည် လမ်းခရီး၌ ဘုရားသခင်ကို မြင်သည်ဟူ၍၎င်း၊ သူ့အား မိန့်တော်မူသည်ဟူ၍၎င်း၊ ဒမာသက်မြို့၌ ယေရှု၏နာမတော်ကို အမှီပြုလျက်၊ ရဲရင့်စွာဟောသည်ဟူ၍၎င်း ပြောလေ၏။
၂၈ ထိုနောက်မှ ရှောလုသည် ယေရုရှလင်မြို့၌ တမန်တော်တို့နှင့် ပေါင်းဘော်၍၊ သခင်ယေရှု၏နာမတော်ကို အမှီပြု၍ ရဲရင့်စွာဟောလျက်နေ၏။
၂၉ ဟေလေနစ်လူတို့နှင့် နှီးနှော ပြောဆိုသဖြင့်၊ ထိုသူတို့သည် ရှောလုကိုသတ်မည်ဟု အားထုတ်ကြ၏။
၃၀ ထိုအကြောင်းကို ညီအစ်ကိုတို့သည် ကြားသိလျှင်၊ ရှောလုကို ကဲသရိမြို့သို့ပို့၍ တာရှုမြို့တိုင်အောင် စေလွှတ်ကြ၏။
၃၁ ထိုအခါ ယုဒပြည်၊ ဂါလိလဲပြည်၊ ရှမာရိပြည် အရပ်ရပ်တို့တွင် အသင်းတော်တို့သည် ငြိမ်သက်၍ တည်ဆောက်ခြင်းရှိကြ၏။ သခင်ဘုရားကို ကြောက်ရွံ့ခြင်း၌င်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ အဆုံးအမ၌၎င်း၊ မွေ့လျော်သောအားဖြင့် ပွားများကြ၏။

ဆာလံကျမ်း အခန်းကြီး ၂၂ (Ps 22:26-32);

၂၆ နှိမ့်ချ လျက်ရှိသော သူတို့သည် ဝစွာ စားရကြလိမ့်မည်၊၊ ထာဝရဘုရားကိုရှာသောသူတို့သည် ချီးမွမ်းကြလိမ့်မည်။ သင်တို့ စိတ်နှလုံးသည် အစဉ်အမြဲ အားဖြည့်ရလိမ့်မည်၊၊
၂၇ မြေကြီးစွန်းရှိသမျှတို့သည် သတိရ၍ထာဝရဘုရား ထံတော်သို့ ပြောင်းလဲကြလိမ့်မည်၊၊ လူအမျိုးအနွယ်အပေါင်း တို့သည် ရှေ့တော်၌ ကိုးကွယ်ကြလိမ့်မည်၊၊
၂၈ အကြောင်းမူကား၊ ထာဝရဘုရားသည် စိုးစံပိုင်တော်မူ၏၊၊ လူမျိုးတို့ကို မင်းပြုတော်မူ၏၊၊
၂၉ မြေကြီးပေါ်မှာ ကြွယ်ဝသော သူအပေါင်းတို့သည် စား၍ ကိုးကွယ်ကြလိမ့်မည်၊၊ ကိုယ့်အသက်ကို မစောင့်နိုင်၊၊ မြေမှုန့်သို့ ဆင်းရသော သူအပေါင်း တို့သည်လည်း ရှေ့တော်၌ ညွတ်ပြပ်ဝပ်တွား ကြလိမ့်မည်၊၊
၃၀ သူတို့အမျိုး အနွယ်သည်လည်း ဝတ်တော်ကို ပြုသဖြင့် လူအစဉ်အဆက်တို့သည်ထာဝရဘုရား၏ သိတင်းတော်ကို ကြားရလိမ့်မည်၊၊
၃၁ ဤသို့စီရင်တော်မူပြီဟု သူတို့သည် ပေါ်လာ၍တရားသော အမှုတော်ကို ဘွားသော လူမျိုးအား ဘော်ပြရကြလိမ့်မည်။






ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၃ (1 John 3:18-24);

၁၈ ချစ်သားတို့၊ ငါတို့သည်စကားပြောကာမျှအားဖြင့် သာမချစ်ဘဲ၊ စိတ်ပါကိုယ်ရောက်ဧကန် အမှန်ချစ်ကြ ကုန်အံ့။
၁၉ ထိုသို့ချစ်လင်၊ ကိုယ်တိုင်သမ္မာတရားနှင့် ဆိုင်သည်ကို ကိုယ်သိရ၍၊ ဘုရားသခင့်ရှေ့ တော်၌ ကိုယ်စိတ်နှလုံး ကိုသက်သာစေကြလိမ့်မည်။
၂၀ အကြောင်းမူကား၊ ကိုယ်စိတ်နှလုံးသည်ကိုယ်ကို အပြစ်တင်လျှင်၊ ဘုရားသခင်သည် ငါတို့၏ စိတ်နှလုံးထက်သာ၍ ကြီးမြတ်သည်ဖြစ်၍၊ အလုံးစုံတို့ကို သိတော်မူသည်ကို ငါတို့သိကြ၏။
၂၁ ချစ်သူတို့၊ ကိုယ်စိတ်နှလုံးသည်ကိုယ်ကိုအပြစ်မတင်လျှင်၊ ဘုရားသခင့် ရှေ့တော်၌ ရဲရင့်ရသောအခွင့်ရှိကြ၏။
၂၂ ငါတို့သည် ပညတ်တော်တို့ကိုစောင့်ရှောက်၍၊ နှစ်သက်တော်မူသော အကျင့်တို့ကို ကျင့်သောကြောင့်၊ ဆုတောင်းသမျှတို့ကို ဘုရားသခင့်ထံတော်မှရကြ၏။
၂၃ ဘုရားသခင်၏ ပညတ်တော်ဟူမူကား၊ သားတော်ယေရှုခရစ်ကို ယုံကြည်ရမည်။ သားတော်ပညတ်တော်မူသည်အတိုင်း၊ အချင်းချင်းချစ်ရမည်ဟူသော ပညတ်တော်ပေတည်း။
၂၄ ပညတ်တော်တို့ကို စောင့်သောသူသည် ဘုရား သခင်၌တည်၏။ ထိုသူ၌လည်း ဘုရားသခင်တည်တော်မူ၏။ ငါတို့အားပေးတော်မူသော ဝိညာဉ်တော်ကို ငါတို့သည်အမှီပြု၍၊ ဘုရားသခင်သည် ငါတို့၌တည်တော်မူသည်ကို သိရကြ၏။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၅ (John 15:1-8);

၁ ငါသည် မှန်သောစပျစ်နွယ်ပင်ဖြစ်၏။ ငါ့ခမည်းတော်သည်လည်း ဥယျာဉ်စောင့်ဖြစ်တော်မူ၏။
၂ ငါ၌ အသီးမသီးသော အခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏။ အသီးသီးသော အခက်ရှိသမျှတို့ကို သာ၍ အသီးသီး စေခြင်းငှါ သုတ်သင်ရှင်းလင်းတော်မူ၏။
၃ သင်တို့သည် ငါဟောပြောသောစကားအားဖြင့် ယခုပင်ရှင်းလင်းလျက် ရှိကြ၏။
၎ ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ်ခက်သည် အပင်၌မတည်လျှင်၊ ကိုယ်အလိုအလျောက် အသီးမသီးနိုင်သကဲ့သို့ သင်တို့သည် ငါ၌မတည်လျှင် အသီးမသီးနိုင်ကြ။
၅ ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည်လည်း သူ၌တည်၏၊ ထိုသူသည် များစွာသောအသီးကိုသီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှမတတ်နိုင်ကြ။
၆ ငါ၌မတည်သောသူသည် သွေ့ခြောက်သောအခက်ကဲ့သို့ ပြင်သို့ပစ်လိုက်ခြင်းကို ခံရ၏။ ထိုသို့သောအခက်များကို လူတို့သည် စုသိမ်း၍ မီးထဲသို့ချလိုက်ကြသဖြင့် မီးလောင်ခြင်းသို့ရောက်ကြ၏။
၇ သင်တို့သည် ငါ၌တည်၍ ငါ့စကားသည် သင်တို့၌တည်လျှင်၊ သင်တို့သည် တောင်းချင်သမျှကို တောင်း၍ရကြလိမ့်မည်။
၈ သင်တို့သည် များစွာသောအသီးကို သီးသောအားဖြင့်၊ ငါ့ခမည်းတော်သည် ဘုန်းထင်ရှား တော်မူ၍၊ သင်တို့သည်လည်း ငါ၏တပည့်မှန်ကြလိမ့်မည်။