သင်တို့သည် သမ္မာတရားကိုလည်း သိကြသဖြင့် ထိုသမ္မာတရားသည် သင်တို့ကို လွတ်လပ်စေလိမ့်မည်။ (ယောဟန် ၈း ၃၂)
Monday, 5 December 2016
05-DEC-2016 (READING ADV2 -YA-C1)
Mon the 5th: Isa 35:1-10; Ps 85:9-14; Luke 5:17-26
ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၃၅ (Isa 35:1-10);
၁ တောနှင့်လွင်ပြင်သည် ဝမ်းမြောက်လိမ့်မည်၊၊ ဆိတ်ညံသော အရပ်သည်လည်း ရွှင်လန်း၍၊ နှင်းပွင့်ကဲ့သို့ အပွင့်ပွင့်လိမ့်မည်၊၊
၂ အလွန်ပွင့်လန်း၍ ဝမ်းမြောက်ခြင်း၊ သီချင်းဆိုခြင်းနှင့်တကွ မြူးထူးလိမ့်မည်၊၊ လေဗနုန်တောင်၏ ဘုန်းနှင့်င်း၊ ကရမေလတောင်၊ ရှာရုန်အရပ်တို့၏ တင့်တယ်ခြင်းအသရေနှင့်င်း ပြည်စုံလိမ့်မည်၊၊ ထာဝရဘုရား၏ ဘုန်းတော်ကိုင်း၊ ငါတို့ဘုရားသခင်၏တန်ခိုးအာနုဘော်တော်ကိုင်း မြင်ရကြလိမ့်မည်၊၊
၃ အားမရှိသောလက်တို့ကို ခိုင်ခံ့စေကြလော့၊၊ လှုပ်တတ်သောဒူးတို့ကိုမြဲမြံစေကြလော့၊၊
၎ အားယူကြ လော့။ မစိုးရိမ်ကြနှင့်ဟု ကြောက်တတ်သောသူတို့အား ဆိုကြလော့၊၊ အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင်သည် အပြစ်ပေးလျက်၊ ဒဏ်စီရင်လျက်ကြွလာတော်မူလိမ့်မည်၊၊ ဘုရားသခင်သည် ကိုယ်တော်တိုင် ကြွလာ၍၊ သင်တို့ကို ကယ်တင်တော်မူလိမ့်မည်၊၊
၅ ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြ လိမ့်မည်၊၊ နားပင်းသော သူတို့ သည် နားးပင်းခြင်းနှင့် လွတ်ကြလိမ့်မည်၊၊
၆ ခြေဆွံ့သော သူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့်မည်၊၊ စကားအသောသူ တို့သည် သီချင်းဆိုကြလိမ့်မည်၊၊ အကြောင်းမူကား၊ တော၌စမ်းရေထွက်၍၊ လွင်ပြင်၌မြစ်ရေစီးလိမ့်မည်၊၊
၇ တံလျှပ်သည် ရေကန်ဖြစ်လိမ့်မည်၊၊ သွေ့ခြောက်သောမြေသည် စမ်းရေတွင်းဖြစ် လိမ့်မည်။ မြေခွေးအိပ်ရာနေရာ၌ ကျူပင်နှင့်ဂမာပင်အစား၊ မြက်ပင်ပေါက်လိမ့်မည်၊၊
၈ ထိုအရပ်၌လမ်းမကြီး ရှိလိမ့်မည်၊၊ ထိုလမ်းကို သန့်ရှင်းရာလမ်းဟု သမုတ်ကြလိမ့်မည်။ မစင်ကြယ်သောသူသည် ထိုလမ်းကို မရှောက်မသွားရ၊၊ သွားသောသူတို့နှင့်အတူ ကိုယ်တော်တိုင်ခရီးသွားလျက် ရှိတော်မူသည်ဖြစ်၍၊ မိုက်သောသူသော်လည်း လမ်းမလွဲရ၊၊
၉ ထိုလမ်း၌ ခြင်္သေ့မရှိရ၊၊ သားရဲတကောင်မျှမတက်မလာရ။ ရှာ၍မတွေ့ရ၊၊ ရွေးနှုတ်သောသူတို့သာလျှင် ခရီးသွားကြလိမ့်မည်၊၊
၁၀ ထာဝရဘုရား ကယ်လွှတ်တော်မူသော သူတို့သည်ပြန် လာ၍၊ သီချင်းဆိုလျက် ထာဝရဝမ်းမြောက်ခြင်း သရဖူကိုဆောင်းလျက်၊ ဇိအုန်မြို့သို့ ရောက်ကြ လိမ့်မည်၊၊ ဝမ်းမြောက်ရွှင်လန်းခြင်းအခွင့်ကိုရကြ၍၊ ဝမ်းနည်းခြင်းနှင့် ညည်းတွားခြင်းသည် ပြေးသွားရလိမ့်မည်၊၊
ဆာလံကျမ်း အခန်းကြီး ၈၅ (Ps 85:9-13);
၉ ငါတို့ပြည်၌ ဘုန်းတော်ကျိန်းဝပ်မည်အကြောင်း၊ ကယ်တင်တော် မူခြင်း ကျေးဇူးသည်၊ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၏ အနီးသို့ ဧကန်အမှန်ရောက်လေပြီ။
၁၀ ကရုဏာနှင့် သစ္စာဆုံမိပြီ။ တရားနှင့် ချမ်းသာသည် တပါးကိုတပါးနမ်းကြပြီ။
၁၁ သစ္စာသည် မြေကြီးထဲကပေါက်လိမ့်မည်။ တရားသည်လည်း ကောင်းကင်ပေါ်က ငုံ့ကြည့်လိမ့်မည်။
၁၂ အကယ်စင်စစ် ထာဝရဘုရားသည် ကျေးဇူးပြုတော်မူ၍၊ ငါတို့မြေသည် မိမိဘဏ္ဍာကို ပေးလိမ့်မည်။
၁၃ တရားသည် ရှေ့တော်၌သွား၍ ခြေတော်ရာတို့ကို ပဲ့ပြင်လိမ့်မည်။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၅ (Luke 5:17-26);
၁၇ တနေ့သ၌ ကိုယ်တော်သည် ဆုံးမသြဝါဒပေးတော်မူစဉ်၊ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ဂါလိလဲပြည် မြို့ရွာများတို့က ရောက်လာသောဖာရိရှဲတို့နှင့် နိဿရည်းဆရာတို့သည် ထိုင်လျက်ရှိကြ၍၊ အနာရောဂါကိုငြိမ်းစေ ခြင်းငှါ သခင်ဘုရား၏ တန်ခိုးတော်သည် ထင်ရှား၏။
၁၈ ထိုအခါ လက်ခြေသေသောသူတယောက်ကို အိပ်ရာနှင့်တကွ အထံတော်သို့ ဆောင်ခဲ့၍ ရှေ့တော်၌သွင်းထားခြင်းငှါ ရှာကြံကြ၏။
၁၉ လူစုဝေးလျက်ရှိသောကြောင့် ဝင်စရာလမ်းကို မတွေ့သဖြင့် အိမ်မိုးပေါ်သို့တက်၍ အုတ်မိုးကိုဖောက်ပြီးမှ လူနာကို အိပ်ယာနှင့်တကွ လူများအလယ် ယေရှု၏ ရှေ့တော်သို့လျော့ချကြ၏။
၂၀ ကိုယ်တော်သည် ထိုသူတို့၏ယုံကြည်ခြင်းကိုမြင်လျှင် လူနာအား၊ အချင်းလူ၊ သင်၏အပြစ်ကိုလွတ်စေပြီဟု မိန့်တော်မူ၏။
၂၁ ကျမ်းပြုဆရာနှင့်၊ ဖာရိရှဲတို့က၊ ဘုရားကိုလွန်ကျူး၍ပြောသော ဤသူကား အဘယ်သူနည်း။ ဘုရားသခင်မှတပါး အဘယ်သူသည် အပြစ်ကိုလွှတ်နိုင်သနည်းဟု ထင်မှတ်ကြ၏။
၂၂ ယေရှုသည် ထိုသူတို့၏ထင်မှတ်ခြင်းကို သိတော်မူလျှင်၊ သင်တို့စိတ်ထဲမှာအဘယ်ကြောင့် ထင်မှတ်ကြသနည်း။
၂၃ အဘယ်စကားကိုသာ၍ ပြောလွယ်သနည်း။ သင်၏အပြစ်ကိုလွတ်စေပြီဟု ပြောလွယ်သလော။ သင်ထ၍ လှမ်းသွားလော့ဟု ပြောလွယ်သလော။
၂၄ လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှါ ထလော့။ ကိုယ်အိပ်ယာကို ဆောင်၍ ကိုယ်အိမ်သို့သွားလော့၊ သင့်အားငါဆိုသည်ဟု လက်ခြေသေသောသူအား မိန့်တော်မူ၏။
၂၅ ထိုသူသည် လည်း လူများရှေ့မှာချက်ခြင်းထ၍ အိပ်ယာကို ဆောင်လျက်။ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းလျက် မိမိအိမ်သို့ သွားလေ၏။
၂၆ ထိုသူအပေါင်းတို့သည် မိန်းမောတွေဝေ၍ ကြောက်ရွံ့အားကြီးသည်နှင့်၊ ငါတို့သည် အံ့ဘွယ်သော အမူအရာကို ယနေ့မြင်ခဲ့ပြီဟု ပြောဆို၍ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။