Fri the 30th: Feast of The Holy Family.
Sir 3:3-17; Ps 128:1-5; Col 3:12-21 or 3:12-17; Matt 2:13-23
ဆီရပ်ခ်၏နီတိဒေသနာကျမ်း အခန်းကြီး (၃)Sir 3:3-17
၃။ မိမိဖခင်ကို ရိုသေလေးစားသော သူသည်အပြစ်များ
၎။ အတွက် ဒဏ်ဆပ်ဖြေရာ ရောက်၍။ မိမိ၏ မိခင်ကို ရိုသေကိုင်းရှိုင်းမှုြုပသောသူသည် များစွာသော စည်းစိမ်ဥစ္စာကို စုဆောင်းရာ၏။
၅။ မိမိဖခင်အားရိုသေလေး စားသော သားသည် မိမိ၏ သားသမီးများကြောင့် ဝမ်းသာရွှင်လန်းရလိမ့်မည်။သူဆုတောင်းသောအခါ၌လည်း သူ၏ဆုတောင်းသံသည် နားညောင်းခြင်းခံရ လိမ့်မည်။
၆။ မိမိဖခင်ကို ရိုသေ ကိုင်းရှိုင်းသောသူသည် အသက်ရှည်လိမ့်မည်။ သခင်ဘုရားကို နာခံသောသူ သည် မိမိ၏မိခင်အား နှစ်သိမ့်ခြင်းပေး၏။
၇။ မိမိ၏မိဘများကိုအရှင်သခင်ကဲ့သို့အစေခံလိမ့်မည်။
၈။ သင်၏ဖခင်ကို နှုတ်ဖြင့်ဖြစ်စေ အမူအရာဖြင့်ဖြစ်စေ
ရိုသေလေးစားလော့။ သူ၏ ကောင်းချီး မင်္ဂလာသည် သင့်အပေါ် သက်ရောက်လိမ့်မည်။
၉။ အကြောင်းမူကား ဖခင်တစ်ဦး၏ ကောင်းချီးမင်္ဂလာသည် သားသမီးတို့ ၏အိမ်ယာကို ခိုင်မာတောင့်တင်းစေ၏သို့သော်မိခင် တစ်ဦး၏ ကျိန်စာသည် သူတို့၏ အခြေအမြစ်ကိုဆွဲ နူတ်ပစ်လေ၏။
၁၀။ သင့်ဖခင်၏ အရှက်တကွဲ ဖြစ်ရခြင်းကို ဝမ်းမြောက် ဝမ်းသာမဖြစ်လေနှင့်။ အဘယ်ကြောင့်ဆိုသော် သူ အရှက်တကွဲဖြစ်ရခြင်းသည်သင့်အတွက် ဂုဏ်ယူစရာ မဟုတ်ပေ။
လူတစ်ယောက်အတွက် သူ့ဖခင်၏ ဂုဏ်သိက္ခာသည် ဂုဏ်ယူစရာဖြစ်၏။ မိခင်၏အရှက်တစ်ကွဲဖြစ်ရခြင်း သည် သူမ သားသမီးတို့အတွက် အသရေပျက်ခြင်း ဖြစ်၏။
၁၁။ ငါ့သား၊ သင့်ဖခင်အား အိုမင်းသောအရွယ်၌ ကြည့်ရှုစောင့်ရှောက်လော့၊ သူအသက်ရှင်သမျှကာလ ပတ်လုံး စိတ်မဆင်းရဲပါစေနှင့်။
၁၂။ အကယ်၍ သူသည် သတိမကောင်းဘဲ ချို့ယွင်းနေသည့်တိုင် သူ့အား ထောက်ထားစာနာပါလော့။ သင်သည်အရွယ်ကောင်း ၍ ကျန်းမာသန်စွမ်းသော အချိန်တွင် သူ့ကိုမထီလေး စားမြုပလေနှင့်။
၁၃။ အကြောင်းမူကား ဖခင်တစ်ဦးအားသနားကြင်နာခြင်း သည်မေ့လျော့ခြင်း ခံရလိမ့်မည်မဟုတ်။သင့်အတွက် ဒဏ် ဆပ်ဖြေဖွယ်ရာ ပူဇော်ခြင်းဖြစ်၍ အစဉ်တည်မြဲ လိမ့်မည်။
၁၄။ သင်ဒုက္ခဆင်းရဲရောက်သောအချိန်၌ဘုရား သခင်သည် သင့်အတွက် အကျိုးဖြစ်ထွန်းစရာအဖြစ် သတိရခြင်း ခံရပြီး၊ ရေခဲသည် အပူဓာတ်ကြောင့် အရည်ပျော်သကဲ့သို့ သင်၏ အပြစ်တို့သည် အရည် ပျော်လိမ့်မည်။ မိမိဖခင်ကို ပြစ်တင် ရှုတ်ချသောသူ သည် ဘုရားသခင်ကို ထိခိုက်စော်ကားသောသူကဲ့သို့ ဖြစ်၍ မိမိ၏မိခင်ကို အမျက်ထွက်စေသော သူသည် ဘုရားသခင်ကိုကျိန်ဆဲသူနှင့်တူ၏။
၁၅။ ငါ့သား သင်၏ အြုပအမူတို့ကို နှိမ့်ချစွာြုပမူဆောင် ရွက်လော့၊ ပေးကမ်းစွန့်ကြဲသော အလှူရှင်ထက်ပို၍ သင့်ကို ချစ်မြတ်နိုးကြလိမ့်မည်။
ဆာလံကျမ်း အခန်းကြီး ၁၂၈ (Ps 128:1-5);
၁ ထာဝရဘုရားကို ကြောက်ရွံ့၍၊ လမ်းခရီးတော်သို့ လိုက်သွားသမျှသော သူတို့သည် မင်္ဂလာရှိကြ၏။
၂ ထိုသို့ပြုလျှင် သင်သည် မိမိလက်နှင့် လုပ်ဆောင်၍ရသော အစာကိုစားရလိမ့်မည်။ မင်္ဂလာရှိ၍ ကောင်းစား ရလိမ့်မည်။
၃ သင်၏မယားသည် သင့်အိမ်နားမှာ များစွာအသီးသီးသော စပျစ်နွယ်ပင်ကဲ့သို့၎င်း၊ သားသမီးတို့သည် သင့်စားပွဲ ပတ်လည်၌ စိုက်ပျိုးသော သံလွင်ပင်များ ကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။
၎ ထာဝရဘုရားကို ကြောက်ရွံ့သော သူသည် ထိုသို့သော မင်္ဂလာရှိရလိမ့်မည်။
၅ ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်က ကောင်းကြီးပေးတော်မူ၍၊ ယေရုရှလင်မြို့ ခံရသော ကောင်းကျိုးကို တသက်လုံးမြင် ရလိမ့်မည်။
ကောလောသဲသြဝါဒစာ အခန်းကြီး ၃ (Col 3:12-21 or 3:12-17);
၁၂ ထိုကြောင့် သင်တို့သည် ဘုရားသခင်ရွေးကောက်သောသူ၊ သန့်ရှင်းသောသူ၊ ချစ်အပ်သောသူကဲ့သို့၊ သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကိုယူတင်ဝတ်ဆောင်ကြလော့။
၁၃ တယောက်၌တယောက်အပြစ်တင်စရာအခွင့်ရှိလျှင်၊ အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ ခရစ်တော် သည်သင်တို့၏ အပြစ်ကိုလွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူ ပြုကြလော့။
၁၄ စုံလင်ခြင်းအဖွဲ့အစည်းတည်းဟူသော ချစ်ခြင်းမေတ္တာကိုထပ်၍ ယူတင်ဝတ်ဆောင်ကြလော့။
၁၅ သင်တို့စိတ်နှလုံးအထဲ၌ ခရစ်တော်၏ ငြိမ်သက်ခြင်းအုပ် စိုးစေ။ ထိုသို့အလိုငှါ သင်တို့သည် တလုံးတကိုယ်တည်း၌ ခေါ်ထားတော်မူခြင်းကိုခံကြသည်ဖြစ်၍၊ ကျေးဇူးတော် ကိုသိသောစိတ်ရှိကြလော့။
၁၆ ခရစ်တော်၏ နှုတ်ကပတ်တရားသည် ပညာအမျိုးမျိုးနှင့် သင်တို့အထဲ၌ ကြွယ်ဝစွာတည်နေ၍ သင်တို့ သည်ဆာလံသီချင်းမှစသော ဓမ္မသီချင်းအမျိုးမျိုးအားဖြင့်၊ အချင်းချင်းတို့ကို ဆုံးမသွန်သင်ခြင်း၊ သတိပေးခြင်း ကိုပြု၍၊ နူးညွတ်သောစိတ်နှလုံးနှင့် ဘုရားသခင့်ရှေ့တော်၌ တင့်တယ်လျောက်ပတ်စွာ သီချင်းဆိုကြလော့။
၁၇ စကားပြော သော်င်း၊ အမှုဆောင်ရွက်သော်င်း၊ သခင်ယေရှု၏ နာမတော်ကိုထောက်၍ ခပ်သိမ်းသောအမှု တို့ကိုပြုမူလျက်၊ ကျေးဇူးတော်ကြီးလှပါ၏ဟု ထိုသခင်ကိုအမှီပြု၍ ခမည်းတော်ဘုရားသခင့်ရှေ့၌ ဝန်ခံကြလော့။
၁၈ အချင်းမိန်းမတို့၊ သခင်ဘုရား၌ လျောက်ပတ်သည်အတိုင်း၊ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကိုဝန်ခံကြလော့။
၁၉ အချင်းယောက်ျားတို့၊ ကိုယ်ခင်ပွန်းကိုချစ်ကြလော့။ ကြမ်းတမ်းစွာ မပြုကြနှင့်။
၂၀ သားသမီးတို့၊ မိဘစကားကို အရာရာ၌ နားထောင်ကြလော့။ မိဘစကားကို နားထောင်ခြင်းအမှုသည် သခင်ဘုရားနှစ်သက်တော်မူသော အမှုဖြစ်၏။
၂၁ အဘတို့၊ ကိုယ်သားသမီးကိုစိတ်ဆိုးစေခြင်းငှါ မပြုကြနှင့်။ ထိုသို့ပြုလျှင်၊ သူတို့သည်အားလျော့ စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည်။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂ (Matt 2:13-23);
၁၃ ထိုသူတို့သွားကြသည်နောက်၊ ယောသပ်သည်အိပ်မက်ကိုမြင်သည်မှာ၊ ထာဝရဘုရား၏ ကောင်းကင် တမန်သည်ထင်ရှား၍၊ သင်ထလော့။ မယ်တော်နှင့်သူငယ်တော်ကိုဆောင်ယူပြီးလျှင်၊ အဲဂုတ္တုပြည်သို့ပြေး၍၊ တဖန် ငါပြောဆိုသည်တိုင်အောင် ထိုပြည်၌နေလော့။ ဟေရုဒ်မင်းကြီးသည် သူငယ်တော်ကိုသတ်အံ့သောငှါရှာလိမ့်မည် ဟုဆိုလေ၏။
၁၄ ထိုအခါယောသပ်သည်ထ၍ မယ်တော်နှင့် သူငယ်တော်ကို ညဥ့်အချိန်၌ဆောင်ယူပြီးလျှင် အဲဂုတ္တု ပြည်သို့ထွက်သွား၍၊
၁၅ ဟေရုဒ်မင်းကြီး အနိစ္စရောက်သည်တိုင်အောင်ထိုပြည်၌နေလေ၏။ ဤအကြောင်းအရာကား ငါ့သားကို အဲဂုတ္တုပြည်မှ ငါခေါ်ခဲ့ပြီဟု ထာဝရဘုရားသည်ပရောဖက်ဖြင့် ထားတော်မူသောဗျာဒိတ်တော်ပြည့်စုံ မည်အကြောင်းတည်း။
၁၆ ထိုအခါဟေရုဒ်မင်းကြီးသည် မာဂုပညာရှိတို့လှည့်ဖြားသည်ကိုသိလျှင်၊ ပြင်းစွာအမျက်ထွက်၍ လူကိုစေလွှတ်သဖြင့်၊ မာဂုပညာရှိတို့၌ စေ့စေ့မေးမြန်းပြီးသောကြယ်၏ အချိန်ကာလကိုထောက်၍၊ ဗက်လင်မြို့မှစသော ကျေးလက်ရှိသမျှတို့၌ နှစ်နှစ်အရွယ်မှစ၍၊ ထိုအရွယ်အောက်ယုတ်သော သူငယ်ယောက်ျားအပေါင်းတို့ကိုသတ်စေ၏။
၁၇ ပရောဖက်ယေရမိဟောဘူးသည်ကား၊
၁၈ ရာမအရပ်၌ သည်းစွာသော ညည်းတွားငိုကြွေးမြည်တမ်းခြင်းအသံကို ကြားရ၍၊ ရာခေလသည် မိမိသားတို့မရှိ သောကြောင့် ငို၍စိတ်မပြေနိုင်ဟူသောစကားသည် ထိုအခါ၌အမှန်ကျ သတည်း။
၁၉ ဟေရုဒ်မင်းကြီးအနိစ္စရောက်သည်နောက်၊ ယောသပ်သည်အဲဂုတ္တုပြည်၌ အိပ်မက်ကိုမြင်ပြန် သည်မှာ၊ ထာဝရဘုရား၏ကောင်းကင်တမန်သည်ထင်ရှား၍၊
၂၀ သင်ထလော့။ မယ်တော်နှင့်သူငယ် တော်ကိုဆောင်ယူပြီးလျှင်၊ ဣသရေလတိုင်းသို့သွားလော့။ သူငယ်တော်ကိုသတ်အံ့သောငှါရှာသော သူတို့သည်သေကြပြီဟုဆိုလေ၏။
၂၁ ထိုအခါယောသပ်သည်ထ၍ မယ်တော်နှင့်သူငယ်တော်ကို ဆောင်ယူပြီး လျှင်၊ ဣသရေလတိုင်းသို့သွား၍ရောက် သည်ရှိသော်၊
၂၂ ဟေရုဒ်မင်းကြီး၏အရာ၌သားတော်အာခေလသည် ယုဒပြည်တွင်မင်းပြုကြောင်းကိုကြားရလျှင်၊ ထိုပြည်သို့မသွားဝံ့၍ အိပ်မက်၌ဗျာဒိတ်တော်ကိုရပြန်ပြီးမှ ဂါလိလဲပြည်သို့သွား၍၊
၂၃ ခရစ်တော်ကို နာဇရက်လူဟု ခေါ်ဝေါ်ကြလတံ့ ဟူသောပရောဖက်တို့၏ နှုတ်ထွက်နှင့်အညီ၊ နာဇရက်အမည်ရှိသောမြို့သို့ရောက်၍အမြဲနေလေ၏။