Wed the 7th: (Memorial of Ambrose, bishop and doctor.)
Vigil of Solemnity of The Immaculate Conception.
Isa 40:25-31; Ps 103:1-10; Matt 11:28-30
ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၄၀ (Isa 40:25-31);
၂၅ သို့ဖြစ်ပါ၍၊ ငါ့ကိုအဘယ်သို့ပုံပြုအံ့နည်း။ ငါသည် အဘယ်သူနှင့် တူရအံ့နည်းဟု သန့်ရှင်းသောဘုရား မေးတော်မူ၏။
၂၆ အထက်သို့ မျှော်ကြည့်ကြလော့။ ထိုအရာသည်တို့ကို အဘယ်သူဖန်ဆင်း သနည်း။ ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့် ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့် ပြည့်စုံတော်မူသောကြောင့်၊ တစုံတခုမျှမပေါ်ဘဲမနေရ။
၂၇ အိုယာကုပ်အမျိုး၊ သင်သွားသော လမ်းကိုထာဝရဘုရား သိတော်မမူဟု အဘယ်ကြောင့်ပြောသနည်း။ အိုဣသရေလအမျိုး၊ သင့်အမှုကိုသင်၏ဘုရားသခင် မှတ်တော်မမူဟု၊ အဘယ်ကြောင့် ဆိုရသနည်း။
၂၈ ထာဝရဘုရား သည်အစဉ်အမြဲ တည်တော်မူသော ဘုရားသခင် ဖြစ်ကြောင်းကိုင်း၊ မြေကြီးစွန်းတိုင်အောင် ဖန်ဆင်းတော်မူသော အရှင်ဖြစ်ကြောင်းကိုလည်းကောင်း၊ မောတော်မူခြင်း၊ ပင်ပန်းတော်မူခြင်းမရှိ၊ စစ်၍မကုန်နိုင်သော ဥာဏ်နှင့် ပြည့်စုံတော်မူကြောင်းကိုင်း၊ သင်သည်မသိမကြားဘူးသလော။
၂၉ ထိုဘုရားသည် မောသောသူတို့အား၊ ခွန်အားကို ပေးတော်မူ၏။ နွမ်းနွယ်သော သူတို့အား၊ အစွမ်းသတ္တိနှင့် ပြည့်စုံသောအခွင့်ကို ပေးတော်မူ၏။
၃၀ လူပျိုတို့သည် မော၍ ပင်ပန်းခြင်းသို့ ရောက်ကြလိမ့်မည်။ လုလင်တို့သည်လည်း ထိမိ၍ လဲကြလိမ့်မည်။
၃၁ ထာဝရဘုရားကို မျှော်လင့်သော သူတို့မူကား၊ အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့အတောင်ကို အသစ်ပြုပြင် ကြလိမ့်မည်။ ပြေးသောလည်းမပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။
ဆာလံကျမ်း အခန်းကြီး ၁၀၃ (Ps 103:1-10);
၁ အိုငါ့ဝိညာဉ်၊ ထာဝရဘုရားကိုကောင်းကြီးပေးလော့။ ငါ၏ အထဲမှာ ရှိသမျှတို့ ၊ သန့်ရှင်းသော နာမတော်ကို ကောင်းကြီး ပေးကြလော့။
၂ အိုငါ့ဝိညာဉ်၊ထာဝရဘုရားကိုကောင်းချီးပေးလော့။ ကျေးဇူးတော် အပေါင်းကို မမေ့လျော့နှင့်။
၃ သင်၏ အပြစ် အလုံးစုံတို့ကို ဖြေလွှတ်၍ သင်၏အနာရောဂါရှိသမျှတို့ကို လည်း ပျောက်စေတော်မူ၏။
၎ သင်၏ အသက်ကို ဖျက်ဆီးခြင်း ထဲကရွေး၍ ကျေးဇူးတော် ကရုဏာတော်များနှင့် သင်၏ ခေါင်းကို ရစ်ပတ်တော်မူ၏။
၅ သင့်ကို အသက်ကြီးစဉ်၊ ကောင်းသော အရာနှင့် ရောင့်ရဲစေတော်မူသဖြင့်၊ သင်၏အရွယ်သည် ရွေလင်းတ၏ အရွယ်ကဲ့သို့ ပြုပြင်ခြင်းရှိ၏။
၆ ထာဝရဘုရားသည် ညှင်းဆဲခြင်းကိုခံရသမျှ သော သူတို့အဘို့တရားပေး၍ စီရင်ဆုံးဖြတ်တော်မူ၏။
၇ ဘာသာဓလေ့တော်တို့ကိုမောရှေ၌၎င်း၊ စီရင်တော်မူသောအရာတို့ကို ဣသရေလအမျိုးသားတို့၌၎င်း ပြတော်မူပြီ။
၈ ထာဝရဘုရားသည် သနားတတ်သောသဘော၊ ကျေးဇူးပြုတက်သောသဘော၊ စိတ်ရှည်၍ ကရုဏာ ကြွယ်ဝသော သဘောရှိတော်မူ၏။
၉ အစဉ်မပြတ် အပြစ်တင်တော်မူသည်မဟုတ်။ အငြိုးကို အမြဲထားတော်မူသည်မဟုတ်။
၁၀ ငါတို့ပစ်မှားခြင်းနှင့် အလျောက် ငါတို့၌ပြုတော်မမူတတ်။ ငါတို့၌ ဒုစရိုက်ရှိသည်အတိုင်း အပြစ်ကို ပေးတော်မမူတတ်။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၁ (Matt 11:28-30)
၂၈ ၀န်လေး၍ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်။
၂၉ ငါ့ထမ်းဘိုးကိုတင်၍ထမ်းကြလော့။ ငါ့ထံ၍ နည်းခံကြလော့။ ငါသည်နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။
၃၀ အကြောင်းမူကား၊ ငါ့ထမ်းဘိုးသည်ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့ ၏ဟုမိန့်တော်မူ၏။