Sun the 11th: Psalter III, Advent Week 3.
Gaudete Sunday.
(Optional memorial of Damasus I, pope.)
Isa 35:1-10; Ps 146:6-10; Jas 5:7-10; Matt 11:1-11
ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၃၅(Isa 35:1-10)
၁ တောနှင့်လွင်ပြင်သည် ဝမ်းမြောက်လိမ့်မည်၊၊ ဆိတ်ညံသော အရပ်သည်လည်း ရွှင်လန်း၍၊ နှင်းပွင့်ကဲ့သို့ အပွင့်ပွင့်လိမ့်မည်၊၊
၂ အလွန်ပွင့်လန်း၍ ဝမ်းမြောက်ခြင်း၊ သီချင်းဆိုခြင်းနှင့်တကွ မြူးထူးလိမ့်မည်၊၊ လေဗနုန်တောင်၏ ဘုန်းနှင့်င်း၊ ကရမေလတောင်၊ ရှာရုန်အရပ်တို့၏ တင့်တယ်ခြင်းအသရေနှင့်င်း ပြည်စုံလိမ့်မည်၊၊ ထာဝရဘုရား၏ ဘုန်းတော်ကိုင်း၊ ငါတို့ဘုရားသခင်၏တန်ခိုးအာနုဘော်တော်ကိုင်း မြင်ရကြလိမ့်မည်၊၊
၃ အားမရှိသောလက်တို့ကို ခိုင်ခံ့စေကြလော့၊၊ လှုပ်တတ်သောဒူးတို့ကိုမြဲမြံစေကြလော့၊၊
၎ အားယူကြ လော့။ မစိုးရိမ်ကြနှင့်ဟု ကြောက်တတ်သောသူတို့အား ဆိုကြလော့၊၊ အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင်သည် အပြစ်ပေးလျက်၊ ဒဏ်စီရင်လျက်ကြွလာတော်မူလိမ့်မည်၊၊ ဘုရားသခင်သည် ကိုယ်တော်တိုင် ကြွလာ၍၊ သင်တို့ကို ကယ်တင်တော်မူလိမ့်မည်၊၊
၅ ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြ လိမ့်မည်၊၊ နားပင်းသော သူတို့ သည် နားးပင်းခြင်းနှင့် လွတ်ကြလိမ့်မည်၊၊
၆ ခြေဆွံ့သော သူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့်မည်၊၊ စကားအသောသူ တို့သည် သီချင်းဆိုကြလိမ့်မည်၊၊ အကြောင်းမူကား၊ တော၌စမ်းရေထွက်၍၊ လွင်ပြင်၌မြစ်ရေစီးလိမ့်မည်၊၊
၇ တံလျှပ်သည် ရေကန်ဖြစ်လိမ့်မည်၊၊ သွေ့ခြောက်သောမြေသည် စမ်းရေတွင်းဖြစ် လိမ့်မည်။ မြေခွေးအိပ်ရာနေရာ၌ ကျူပင်နှင့်ဂမာပင်အစား၊ မြက်ပင်ပေါက်လိမ့်မည်၊၊
၈ ထိုအရပ်၌လမ်းမကြီး ရှိလိမ့်မည်၊၊ ထိုလမ်းကို သန့်ရှင်းရာလမ်းဟု သမုတ်ကြလိမ့်မည်။ မစင်ကြယ်သောသူသည် ထိုလမ်းကို မရှောက်မသွားရ၊၊ သွားသောသူတို့နှင့်အတူ ကိုယ်တော်တိုင်ခရီးသွားလျက် ရှိတော်မူသည်ဖြစ်၍၊ မိုက်သောသူသော်လည်း လမ်းမလွဲရ၊၊
၉ ထိုလမ်း၌ ခြင်္သေ့မရှိရ၊၊ သားရဲတကောင်မျှမတက်မလာရ။ ရှာ၍မတွေ့ရ၊၊ ရွေးနှုတ်သောသူတို့သာလျှင် ခရီးသွားကြလိမ့်မည်၊၊
၁၀ ထာဝရဘုရား ကယ်လွှတ်တော်မူသော သူတို့သည်ပြန် လာ၍၊ သီချင်းဆိုလျက် ထာဝရဝမ်းမြောက်ခြင်း သရဖူကိုဆောင်းလျက်၊ ဇိအုန်မြို့သို့ ရောက်ကြ လိမ့်မည်၊၊ ဝမ်းမြောက်ရွှင်လန်းခြင်းအခွင့်ကိုရကြ၍၊ ဝမ်းနည်းခြင်းနှင့် ညည်းတွားခြင်းသည် ပြေးသွားရလိမ့်မည်
ဆာလံကျမ်း အခန်းကြီး ၁၄၆ (Ps 146:6-10)
၆ ထိုဘုရားသခင်သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် တကွ အရပ်ရပ်၌ ရှိသမျှတို့ကို ဖန်ဆင်းတော် မူ၏၊၊ သစ္စာတော်ကို အစဉ်အမြဲ စောင့်တော်မူ၏၊၊
၇ ညှဉ်းဆဲခြင်းကို ခံရသော သူတို့အား တရားပြတော်မူ၏၊၊ ငတ်မွတ် သောသူတို့ကို ကျွေးမွေးတော်မူ၏၊၊ ထာဝရဘုရားသည် ချုပ်ထားခြင်းကို ခံရသောသူတို့ကို လွှတ်တော်မူ၏၊၊
၈ ထာဝရ ဘုရားသည် မျက်စိကန်းသောသူတို့ကို မြင်စေတော်မူ၏၊၊ ထာဝရဘုရားသည် နှိမ့်ချသောသူတို့ကို ကြွပင့်တော် မူ၏၊ ထာဝရဘုရားသည် ဖြောင့်မတ်သော သူတို့ကို ချစ်တော်မူ၏၊
၉ ထာဝရဘုရားသည် ဧည့်သည်တို့ကို စောင့်မ တော်မူ၍ မုတ်ဆိုးမနှင့် မိဘမရှိသော သူတို့ကို ထောက်မတော်မူ၏၊၊ မတရားသောသူတို့၏ လမ်းကိုကား ကွေ့ကောက်စေတော်မူ၏၊၊
၁၀ အိုဇိအုန်မြို့ သင်၏ ဘုရားသခင်တည်းဟူသော ထာဝရဘုရားသည် ကာလအစဉ်အမြဲ ကမ္ဘာအဆက်ဆက် စိုးစံတော်မူလတံ့သတည်း၊၊ ဟာလေလုယ၊၊
ရှင်ယာကုပ်သြဝါဒစာ အခန်းကြီး ၅ (Jas 5:7-10)
၅ သင်တို့သည် မြေကြီးပေါ်မှာ ကာမဂုဏ်ခံစား၍ အလွန်ပျော်မွေ့ကြပြီ၊ သတ်ရသောနေ့၌ကဲ့သို့၊ မိမိတို့ နှလုံးကိုမွေးမြူကြပြီ။
၆ ဖြောင့်မတ်သောသူကို အပြစ်စီရင်၍ ကွပ်မျက်ကြပြီ။ သူသည်လည်း သင်တို့ကိုမဆီးတား။
၇ ထိုကြောင့်၊ ညီအစ်ကိုတို့၊ ဘုရားသခင်ကြွလာတော် မူသည်တိုင်အောင် သည်းခံလျက်စောင့်နေ ကြလော့။ အကယ်၍ လယ်လုပ်သောသူသည် အရင်မိုဃ်း၊ နောက်မိုဃ်းကို ရသည်တိုင်အောင်၊ အဘိုးထိုက်သောမြေအသီး ကိုသည်းခံလျက် စောင့်နေ၍ မြော်လင့်တတ်၏။
၈ သင်တို့သည်လည်း သည်းခံလျက်စောင့်နေကြလော့။ ကိုယ်စိတ် နှလုံးကို မြဲမြံစေကြလော့။ သခင်ဘုရားကြွလာတော်မူသော အချိန် ရောက်လုနီးပြီ၊
၉ ညီအစ်ကိုတို့၊ စစ်ကြောစီရင် ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ အချင်းချင်း ငြင်းခုံပြစ်တင်ခြင်းကို မပြုကြနှင့်။ တရားစီရင်ပိုင်သောသူသည် တံခါး နားမှာရှိတော်မူ၏။
၁၀ ငါ့ညီအစ်ကိုတို့၊ ထာဝရဘုရား၏နာမတော်ကို အမှီပြု၍ဟောပြောသော ပရောဖက်တို့သည် ဆင်းရဲဆင်းဒုက္ခတွြေ့ခင်း၊ သည်းခံခြင်း၏ ပုံသက်သေကိုပြကြပြီဟု မှတ်ကြလော့။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၁(Matt 11:1-11)
၁ ထိုသို့တကျိပ်နှစ်ပါးသောတပည့်တော်တို့ကို အကုန်အစင်မှာထားတော်မူပြီးလျှင်၊ မြို့ရွာများတို့၌ ဆုံးမ သြဝါဒပေးခြင်းငှာ၎င်း၊ သိတင်းကြားပြောခြင်းငှာ၎င်း၊ ထိုအရပ်မှကြွတော်မူ၏။
၂ ခရစ်တော်ပြုတော်မူသောအမှုတို့ကို ယောဟန်သည်ထောင်ထဲမှာကြားသောအခါ၊ မိမိတပည့်နှစ် ယောက်ကို စေလွှတ်၍၊ ကိုယ်တော်သည် ကြွလာသောသူမှန်သလော။
၃ သို့မဟုတ် အခြားသောသူကို မြော်လင့်ရပါမည်လော ဟု မေးလျှောက်စေ၏။
၎ ယေရှုကလည်း၊ သင်တို့သည် ကြားရသမျှ မြင်ရသမျှတို့ကို သွား၍ယောဟန်အား ကြားလျှောက်ကြလော့။
၅ မျက်စိကန်းသောသူတို့သည် မျက်စိမြင်ရကြ၏။ ခြေမစွမ်းသောသူတို့သည် လှမ်းသွား ရကြ၏။ နူနာစွဲသောသူတို့သည် သန့်ရှင်းခြင်းသို့ရောက်ရကြ၏။ နားပင်းသောသူတို့သည် နားကြားရကြ၏။ သေသောသူတို့သည် ထမြောက်ခြင်းသို့ ရောက်ရကြ၏။ ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာသိတင်းကို ကြားရကြ၏။
၆ ငါ့ကြောင့် စိတ်မပျက်သောသူသည် မင်္ဂလာရှိ၏ ဟု ပြန်ပြောတော်မူ၏။
၇ ထိုသူတို့သည် သွားကြသည်နောက် ယေရှုသည် ယောဟန်ကိုအကြောင်းပြု၍ ပရိသတ်တို့အား၊ သင်တို့သည် အဘယ်မည်သောအရာကို ကြည့်ရှုခြင်းငှာ တောသို့ထွက်သွားကြသနည်း။ လေလှုပ်သော ကျူပင်ကို ကြည့်ရှုခြင်းငှာ သွားသလော။
၈ သို့မဟုတ် နူးညံ့သောအဝတ်ကို ဝတ်ဆင်သောသူကို ကြည့်ရှုခြင်းငှာသွားသလော။ နူးညံ့သောအဝတ်ကို ဝတ်ဆင်သောသူတို့သည် မင်းအိမ်၌နေတတ်ကြ၏။
၉ ပရောဖက်ကိုကြည့်ရှုခြင်းငှာ သွားသေလော။ မှန်ပေ၏။ ပရောဖက်ထက်ကြီးမြတ်သောသူလည်းဖြစ်သည်ဟု ငါဆို၏။
၁၀ ကျမ်းစာ၌လာသည်ကား၊ ကြည့်ရှုလော့။ သင်သွားရာလမ်းကို ပြင်ရသောငါ၏တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏ဟုဆိုရာ၌ ထိုသူကို ဆိုလို သတည်း။
၁၁ ငါအမှန်ဆိုသည်ကား၊ မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံ ဆရာရောဟန်ထက် ကြီးမြတ်သောသူ တယောက်မျှ မပေါ် ထွန်းသေး။ သို့သော်လည်း ကောင်းကင်နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ထိုသူထက် သာ၍ကြီးမြတ်၏။