Thu the 22nd: 1 Sam 1:24-28; 1 Sam 2:1-8; Luke 1:46-56
ဓမ္မရာဇဝင်ပဌမစောင် အခန်းကြီး ၁ (1 Sam 1:24-28);
၂၄ နို‹ကွာပြီးမှ၊ အသက်သုံးနှစ်ရှိသော နွားတကောင်၊ မုန်‹ညက်တဧဖာ၊ စပျစ်ရေတဘူးနှင့်တကွ သူငယ်ကိုဆောင်သွား၍၊ ရှိလောမြို‹၌ ထာဝရဘုရား၏အိမ်တော်သို‹ ရောက်လေ၏။ ထိုအခါသူငယ်သည် အသက်နုသေး၏။
၂၅ နွားကိုသတ်၍ သူငယ်ကို ဧလိထံသို‹သွင်းလျက်၊ ဟန္နက၊ ကíန်မ၏သခင်၊
၂၆ ကိုယ်တော်အသက်ရှင်သည်အတိုင်း၊ ကíန်မသည် ယမန်တခါ ဤအရပ်၌ ကိုယ်တော်အနားမှာ ရပ်လျက် ဆုတောင်းသော မိန်းမဖြစ်ပါ၏။
၂၇ ထိုအခါ ဤသူငယ်ကို ရမည်အကြောင်း ဆုတောင်းပါ၏။ တောင်းသည့်အတိုင်း ထာဝရဘုရားသည် ပေးသနားတော်မူပြီ။
၂၈ ထို‹ကြောင့်ကíန်မသည် သူ‹ကိုထာဝရဘုရား အား ငှါးပါပြီ။ သူသည် တသက်လုံး ထာဝရဘုရားထံတော်၌ အငှါးခံ၍နေရပါမည်သခင်ဟု လျှောက် ပြီးမှ၊ ထိုအရပ်၌ ထာဝရဘုရားကို ကိုးကွယ်ကြ၏။
ဓမ္မရာဇဝင်ပဌမစောင် အခန်းကြီး ၂ (1 Sam 2:1-8);
၁ တဖန်ဟန္နသည် ပဌနာစကားကို မြွတ်ဆိုသည်ကား၊ ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို အမှီပြု၍ရìင်လန်းလျက်၊ ထာဝရဘုရားကြောင့် ငါ့ဦးချိုမြင့်လျှက်ရှိ၏။ ကယ်တင်ခြင်း ကျေးဇူးတော်ကြောင့် ဝမ်းမြောက်၍၊ ရန်သူတို‹အား ဝါကြွားသော စကားကို ပြောရ၏။
၂ ထာဝရဘုရားသန်‹ရှင်းတော်မူသကဲ့သို‹ အဘယ်သူမျှမသန်‹ရှင်း ကိုယ်တော် မှတပါးအခြားသော ဘုရားမရှိ။
၃ ငါတို‹ဘုရားသခင်ကဲ့သို‹သော ခိုလှုံစရာမရှိ။ ကိုယ့်ကို ကိုယ်မမြှောက်ကြနှင့်။ ဝါကြွားစော်ကားသောစကားကိုမပြောကြနှင့်။ အဓမ္မစကားကို နှုတ်ထဲကမထွက်စေကြနှင့်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သဗ္ဗညုတဘုရားဖြစ်တော်မူ၏။ အမူအရာ တို‹ကို ညီညွတ်တော်မူ၏။
၎ သူရဲတို‹ကိုင်သော လေးများ ကျိုးလျက်၊ လဲတတ်သောသူတို‹သည် ခွန်အားနှင့်ပြည့်စုံလျက်ရှိကြ၏။
၅ စွာစားသော သူတို‹သည် စားစရာကို ရခြင်းငှါ၊ သူငှါးလုပ်ရကြပြီ၊ ငတ်မွတ်သောသူတို‹မူကား၊ တဖန်အားလျော့ပြီး
၆ ထာဝရဘုရားသည် သေစေသောအခွင့်၊ အသက်ရှင်စေသောအခွင့်၊ မရဏနိုင်ငံသို‹နှိမ့်ချသောအခွင့်၊
၇ ထမြောက်စေသော အခွင့်ရှိတော်မူ၏။ ဆင်းရဲစေ ခြင်းငှါင်း၊ ရတတ်စေခြင်းငှါင်း၊ ထာဝရဘုရားပြု၍နှိမ့်ချသော အခွင့်၊ ချီးမြောက်သောအခွင့် ရှိတော်မူ၏၊
၈ ဆင်းရဲသောသူကို မြေမှုန်‹ထဲကင်း၊ ငတ်မွတ်သောသူကို နောက်ချေးပုံထဲက င်း၊ မြှောက်၍၊ မင်းသားတို‹နှင့်ထိုင်ရ သောအခွင့်၊ ဘုန်းကြီးသော ပလ္လင်ကို အမွေခံ ရသောအခွင့်ကိုပေး တော်မူ၏။ အကြောင်းမူကား၊ မြေကြီးတိုင်တို‹ကို ထာဝရဘုရားပိုင်၏၊ ထိုတိုင်တို‹အပေါ်မှာ လောက ဓါတ်ကိုတည်တော်မူပြီ။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁ (Luke 1:46-56);
၄၆ မာရိကလည်း၊ ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို ချီးမွမ်း၏။
၄၇ ငါ့ကို ကယ်တင်တော်မူသောအရှင် ဘုရားသခင်ကိုအမှီပြု၍ ငါ့ဝိညာဉ်သည် ရွှင်လန်းခြင်းရှိ၏။
၄၈ အကြောင်းမူကား၊ မိမိကျွန်မ၏ နှိမ့်ချသော အဖြစ်ကို ကြည့်ရှုတော်မူပြီ။ နောင်ကာလ၌ ခပ်သိမ်းသောလူ အစဉ်အဆက်တို့သည် ငါ့ကိုမင်္ဂလာရှိသော သူဟူ၍ ခေါ်ကြလိမ့်မည်။
၄၉ တန်ခိုးနှင့်ပြည့်စုံတော်မူသောဘုရားသည် အံ့ဘွယ်သောကျေးဇူးတော်ကို ငါ့အားပြုတော်မူပြီ။ ထိုဘုရား၏ နာမတော်သည် ရိုသေဘွယ်ဖြစ်တော်မူ၏။
၅၀ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့သည် သနားတော် မူခြင်း ကျေးဇူးကို အစဉ်မပြတ်ခံစားကြ၏။
၅၁ လက်ရုံးတော်အားဖြင့် တန်ခိုးကို ပြတော်မူပြီ။ မာနထောင်လွှားသော သူတို့ကို ကွဲလွင့်စေတော်မူပြီ။
၅၂ ဘုရင်တို့ကို ရာဇပလ္လင်ပေါ်မှ ချ၍ နှိမ့်ချသောသူတို့ကို မြှောက်တော်မူပြီ။
၅၃ ငတ်မွတ်သောသူတို့ကို ကောင်းမွန်စွာပေး၍ ရတတ်သောသူတို့ကို လက်ချည်းလွှတ်လိုက်တော်မူပြီ။
၅၄ ငါတို့ ဘိုးဘေးများတို့အား ဗျာဒိတ်ထားတော် မူသည်နှင့်အညီ၊
၅၅ အာဗြဟံမှစသော သူ၏အမျိုးအနွှယ်အား သနားခြင်း ကျေးဇူးတော်ကို အစဉ်အမြဲပြုခြင်း ငှါ သတိထား၍ မိမိကျွန် ဣသရေလကို မစတော်မူသည်ဟုဆို၏။
၅၆ မာရိသည် လည်း ဧလိရှဗက်ထံမှာ သုံးလခန့်နေပြီးမှ မိမိအိမ်သို့ပြန်လေ၏။
၅၇ ဧလိရှဗက်သည် ဘွားအံ့သောနေ့လစေ့သောအခါ သားယောက်ျားကို ဘွားမြင်၏။
၅၈ ထာဝရ ဘုရားသည် ထူးမြတ်သောသနားခြင်း ကျေးဇူးတော်ကို ဧလိရှဗက်အားပြုတော်မူသည်ကို၊ အိမ်နီးချင်းအဆွေ အမျိုးတို့သည် ကြားလတ်သော်၊ သူနှင့်အတူ ဝမ်းမြောက်ဝမ်းသာကြ၏။