Monday, 12 December 2016

12-DEC-2016 (READING ADV3 -YA-C1)

Mon the 12th: (Memorial of Our Lady of Guadalupe (Americas).)
(Optional memorial of Jane Frances de Chantal, religious.)
Num 24:1-17; Ps 25:4-9; Matt 21:23-27

(Num 24:1-17) တောလည်ရာကျမ်း အခန်းကြီး ၂၄

၁ ထာဝရဘုရားသည်၊ ဣသရေလအမျိုးကို ကောင်းကြီးပေးခြင်းငှါ အလိုရှိတော်မူကြောင်းကို ဗာလမ်သိ မြင်လျှင်၊ ထူးဆန်းသောအတတ်ကို ရှာခြင်းငှါ အရင်သွားသကဲ့သို့ မသွားဘဲ၊ တောသို့ မျက်နှာပြုလေ၏။
၂ သို့ရာတွင်၊ မျှော်ကြည့်၍ ဣသရေလအမျိုးသား တို့သည် အမျိုးအနွှယ်အလိုက် အသီးအသီးတပ်ချလျက် နေကြသည်ကို မြင်သောအခါ၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်တော်မူလျှင်၊
၃ သူသည် ပရောဖက် စကားအားဖြင့် မြွက်ဆိုလေသည်မှာ၊ မျက်စိပွင့်သောသူ၊ ဗောရသားဗာလမ်၏စကား၊
၎ ဘဝင်ဖြစ်၍ မျက်စိပွင့်လျက် အနန္တတန်ခိုးရှင်၏ ရူပါရုံကိုမြင်၍၊ ဘုရားသခင်၏ အမိန့်တော်ကို ကြားသောသူ၏စကား ဟူမူကား၊
၅ အိုယာကုပ်  အမျိုး၊ သင်တို့၏တဲများ၊ အိုဣသရေလ အမျိုး၊ သင်တို့၏ ဘုံဗိမာန်များတို့သည် အဘယ်မျှလောက် တင့်တယ်ကြ သည်တကား။
၆ ကျယ်ဝန်း သောချိုင့်များ၊ မြစ်နားမှာရှိသော ဥယျာဉ်များ၊ ထာဝရဘုရား စိုက်တော်မူသော အကျော်ပင်များ၊ ရေနားမှာပေါက်သော အာရဇ်ပင်များကဲ့သို့ ဖြစ်ကြသည်တကား၊
၇ ထိုအမျိုး၏ ရေပုံးတို့မှ ရေစီး လိမ့်မည်။ ရေပေါသောအရပ်၌ မျိုးစေ့ကျလိမ့်မည်။ သူ၏ရှင်ဘုရားသည် အာဂတ်မင်းထက် ဘုန်းကြီး၍၊ နိုင်ငံတော် သည် မြှောက်သောနိုင်ငံ ဖြစ်လိမ့်မည်။
၈ ဘုရားသခင်သည် အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသည် ဖြစ်၍၊ ဣသရေလအမျိုးသည် ကြံ့အားကြီးသကဲ့သို့ အားကြီး၏။ ရန်သူဖြစ်သော လူမျိုးတို့ကို ကိုက်ဝါး၍၊ အရိုးတို့ကို ချိုးဖဲ့လိမ့်မည်။ မြ‡ားဖြင့်ထုတ်ခြင်းခတ်အောင် ခွင်းလိမ့်မည်။
၉ ပ်လျက်နေ၏။ ခြင်္သေ့ကဲ့သို့၎င်း၊ ခြင်္သေ့မကဲ့သို့၎င်း၊ ဝပ်တွားလေ၏။ အဘယ်သူနှိုးဆော်ဝံ့မည်နည်း။ သင့်ကို ကောင်းကြီးပေးသောသူသည် ကောင်းကြီးမင်္ဂလာရှိ၏။ သင့်ကို ကျိန်ဆဲသောသူသည် ကျိန်ဆဲခြင်းကို ခံရသည်ဟု မြွက်ဆို၏။
၁၀ ထိုအခါ ဗာလက်မင်းသည်၊ ဗာလမ်ကိုအမျက်ထွက်၍ လက်ခုတ်တီးလျက်၊ ငါ၏ရန်သူတို့ကို ကျိန်ဆဲစေ ခြင်းငှါ သင့်ကို ငါခေါ်ခဲ့၏။ သင်သည် သုံးကြိမ်တိုင်အောင် အကြွင်းမဲ့ကောင်းကြီး ပေးလေပြီ တကား။
၁၁ ထိုကြောင့် သင့်နေရာပြည်သို့ ပြေးသွားလော့။ သင့်ကိုချီးမြောက်မည်ဟု အထက်ကငါအကြံရှိ၏။ သို့ရာတွင် ထာဝရဘုရားသည် သင်၏ဘုန်းမတိုးပွားစေခြင်းငှါ ဆီးတားလေပြီဟု ဆိုလေ၏။
၁၂ ဗာလမ်ကလည်း၊ ဗာလက်မင်းသည် ရွှေငွေနှင့် ပြည့်သော မိမိနန်းတော်ကိုပင် ပေးသော်လည်း၊
၁၃ ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူး၍ ကောင်းသောအမှု၊ မကောင်းသောအမှု တစုံတခုကို ကိုယ်အလိုအလျောက် ငါမပြုနိုင်။ ထာဝရဘုရား မိန့်တော်မူသမျှကို ငါပြောပါမည် ဟု မင်းကြီးစေလွှတ်သော သံတမန်တို့အား ငါပြောနှင့်ပြီမဟုတ်လော။
၁၄ ယခုမူကား၊ ငါ့အဆွေအမျိုးတို့ထံသို့ ငါသွားတော့မည်။ နားထောင်ပါ။ နောင်ကာလ၌ ဤလူမျိုးသည် မင်းကြီး၏လူမျိုး၌ အဘယ်သို့ ပြုမည်အရာကို မင်းကြီးအား ကြားပြောပါဟု ဗာလက်မင်းအား ပြန်ဆိုပြီးမှ၊
၁၅ ပရောဖက်စကားအားဖြင့် မြွက်ဆိုလေသည်မှာ၊ မျက်စိပွင့်သောသူ ဗောရသား ဗာလမ်၏စကား၊
၁၆ ဘဝင်ဖြစ်၍ မျက်စိပွင့်လျက်၊ အနန္တတန်ခိုးရှင်၏ ရူပါရုံကိုမြင်၍၊ အမြင့်ဆုံးသောဘုရား ပေးတော်မူသော ဥာဏ်ကိုရ၍၊ ဘုရားသခင်၏ အမိန့်တော်ကို ကြားသောသူ၏ စကားဟူမူကား၊
၁၇ ထိုအရာကို ငါမြင်၏။ သို့သော်လည်း ယခုမဖြစ်ရသေး။ ထိုအရာကို ငါရှု၏။ သို့သော်လည်း ဖြစ်ရသော အချိန်မနီးသေး။ ကြယ်တလုံးသည် ယာကုပ်အမျိုး၌ ပေါ်ထွန်း၍၊ ရာဇလှံတံသည် ဣသရေလအမျိုး၌ ထင်ရှားလိမ့် မည်။ မောဘပြည်စွန်းတိုင်အောင် ထိခိုက်၍ မငြိမ်မဝပ် ရုန်းရင်းခပ်ပြုတတ်သော သူအပေါင်းတို့ကို ဖျက်ဆီးလိမ့် မည်။


ဆာလံကျမ်း အခန်းကြီး ၂၅ (Ps 25:4-9)

၎ အိုထာဝရဘုရား၊ ကိုယ်တော်၏ လမ်းတို့ကို
အကျွန်ုပ်အားပြညွှန်၍၊ ခရီးတော်တို့ကို သွန်သင်တော်မူပါ။
၅ ကိုယ်တော်၏ သမ္မာ တရားကိုပြ၍၊ အကျွန်ုပ်ကိုသွန်သင်တော်မူပါ၊၊  အကြောင်းမူကားကိုယ်တော်သည် အကျွန်ုပ်ကို ကယ်တင်သော ဘုရားသခင် ဖြစ်တော်မူ၏၊၊  ကိုယ်တော်ကို အစဉ်မြော်လင့်လျက်နေပါ၏၊၊
၆ အိုထာဝရဘုရားရှေးကာလ မှစ၍ ပြတော် မူသော ကရုဏာ နှင့် မေတ္တာသဘောကိုအောက်မေ့တော်မူပါ၊၊
၇ အကျွန်ုပ်သည်အသက်ငယ်ရွယ်စဉ် ပြစ်မှားမိသော အပြစ်တို့ကိုအောက်မေ့ တော်မမူနှင့်၊၊ ကောင်းမြတ်တော်မူသည်ဖြစ်၍ ကရုဏာတော်ရှိသည် အတိုင်း အကျွန်ုပ်ကိုအောက်မေ့ တော်မူပါ ထာဝရဘုရား။
၈ ထာဝရဘုရားသည် ကောင်းသောသဘော ဖြောင့်မတ်သောသဘောနှင့် ပြည့်စုံတော်မူသည်ဖြစ်၍ အပြစ်ရှိသောသူတို့ကိုလမ်းပြတော်မူ၏၊၊
၉ နှိမ့်ချလျက်ရှိသောသူတို့ကို တရားလမ်း၌ သွေးဆောင်တော်မူ၏၊၊ နှိမ့်ချလျက်ရှိသော သူတို့အား ခရီးတော်တို့ကို သွန်သင်တော်မူ၏၊၊

 ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၁ (Matt 21:23-27)

 ၂၃ ဗိမာန်တော်သို့ဝင်ပြန်၍ ဆုံးမသြဝါဒပေးတော်မူစဉ်တွင်၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင်အကြီးအကဲ ဖြစ်သောသူတို့သည် အထံတော်သို့ချဉ်းကပ်၍၊ ကိုယ်တော်သည် ဤအမှုများကို အဘယ် အခွင့်နှင့် ပြုသနည်း။ ထိုအခွင့်ကိုအဘယ်သူပေးသနည်းဟုမေးလျှောက်ကြသော်၊
၂၄ ယေရှုက၊ ငါသည်တစုံတခုကိုမေး ဦးမည်။ သင်တို့ဖြေလျှင် ဤအမှုများကိုအဘယ်ခွင့်နှင့် ငါပြုသည်ကိုငါပြောမည်။
၂၅ ယောဟန်၏ဗတ္တိဇံတရားသည် အဘယ်ကဖြစ်သနည်း။ ဘုရားကဖြစ်သလော။ လူကဖြစ်သလော ဟုမေးတော်မူ၏။ ထိုသူတို့သည် အချင်းချင်းဆင်ခြင်၍ဘုရားကဖြစ်သည်ဟုငါတို့ဖြေလျှင်၊ သင်တို့သည် ယောဟန်ကို အဘယ်ကြောင့် မယုံသနည်းဟု သူမေးလေဦးမည်။
၂၆ လူကဖြစ်သည်ဟု ငါတို့ဖြေလျှင် လူများကိုကြောက်ရ၏။ အကြောင်းမူကား၊ လူအပေါင်းတို့သည် ယောဟန်ကိုပရောဖက်ကဲ့သို့ထင်မှတ်ကြ၏၊ ဟုအချင်းချင်းဆင်ခြင်ပြီးမှ၊
၂၇ အကျွန်ုပ်တို့မသိပါဟု ယေရှုအားပြန်ပြောကြ၏။ ကိုယ်တော်ကလည်း၊ ထိုအတူ ဤအမှုများကို အဘယ်အခွင့်နှင့်ငါ့ပြုသည်ကိုငါမပြော။