Sun the 8th: Psalter Varies, End of Christmas Season.
Feast of The Baptism of the Lord.
Isa 42:1-7; Ps 29:1-10; Acts 10:34-38; Matt 3:13-17
ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၄၂ (Isa 42:1-7);
၁ ငါထောက်မသော ငါ့ကျွန်ရင်း၊ ငါနှစ်သက်မြတ်နိုးရာ ငါရွေးချယ်သောသူကို ကြည့်ရှုလော့။ ထိုသူ၏ အပေါ်၌ ငါ့ဝိညာဉ်ကို ငါတည်စေမည်။ သူသည် လူအမျိုးမျိုးတို့ကို တရားပေးလိမ့်မည်။
၂ အော်ဟစ်ခြင်း၊ ကြွေးကြော်ခြင်းကို မပြုမူ၍ လမ်းခရီး၌ သူ၏ အသံကို အဘယ်သူမျှမကြားစေရ။
၃ နင်းနယ်လျှက်ရှိသော ကျူပင်ကို မချိုး။ အတောင့် သေးသော မီးစာကို မသတ်။ တရားသည် မြဲမြံခြင်းသို့ ရောက်မည့်အကြောင်း စီရင်လိမ့်မည်။
၎ မြေကြီးပေါ်မှာ တရားတော်ကို မတည်စေမှီတွင် အားမလျော့၊ စိတ်လည်းမပျက်ရ။ သူ၏ တရားကိုလည်း၊ တစ်ကျွန်းတစ်နိုင်ငံသားတို့ သည် မျှော်လင့်ကြလိမ့်မည်။
၅ မိုဃ်းကောင်းကင်ကို ဖန်ဆင်း၍ ကြက်တော်မူထသော၊ မြေကြီးနှင့်မြေကြီးထဲက ဖြစ်သမျှတို့ကို ခင်းကျင်း တော်မူထသော၊ မြေကြီးပေါ်မှရှိသော သူတို့အား အသက်ကိုင်း၊ မြေကြီးကို လျှောက်လှမ်း သူတို့အား ဝိညာဉ် ကို၎င်း ပေးတော်မူသော ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည်ကား၊
၆-၇ ငါထာဝရဘုရားသည် သင့်ကို တရားသဖြင့်ခေါ်ထာသည်ဖြစ်၍ လက်ဆွဲလျှက်ထောက်မမည်။ သင်သည် ကန်းသောမျက်စိတို့ကို ဖွင့်စိမ့်သောငှာ င်း၊ ချုပ်ထားသော သူတို့ကို လွှတ်စိမ့်သောငှာင်း၊ မှောင်မိုက်၌ နေသောသူတို့ကို အမိုက်ထောင်ထဲက နှုတ်ယူစိမ့်သော ငှာင်း၊ သင့်ကို လူများနှင့် ပဋိညာဉ်ဖွဲ့စရာဘို့၊ လူအမျိုးမျိုး လင်းစရာဘို့ ခန့်ထားမည်။
ဆာလံကျမ်း အခန်းကြီး ၂၉ (Ps 29:1-10);
၁ အိုဘုရားသခင်သားတို့ ထာဝရဘုရားသည် ဘုန်းတန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့၊၊
၂ ထာဝရဘုရား၏ နာမတော်သည် ဘုန်းကြီးတော်မူသည်ဟု ဝန်ခံလျက် သန့်ရှင်းသော တန်ဆာကို ဆင်၍ ထာဝရဘု ရား ကို ကိုးကွယ်ကြလော့၊၊
၃ ထာဝရဘုရား၏ အသံတော်သည် သမုဒ္ဒရာပေါ်မှာ ရှိတော်မူ၏၊၊ ဘုန်းကြီးတော်မူသော ဘုရားသခင်သည် မိုဃ်းချုန်းတော်မူ၏၊၊ ထာဝရဘုရားသည် များစွာသော ရေပေါ်မှာ ရှိတော်မူ၏၊
၎ ထာဝရဘုရား၏ အသံတော်သည် တန်ခိုးနှင့် ပြည့်စုံတော်မူ၏၊၊ ထာဝရဘုရား၏ အသံတော်သည် ဘုန်းအာနုဘော်နှင့် ပြည့်စုံတော်မူ၏၊၊
၅ ထာဝရဘုရား၏ အသံတော်သည် အာရဇ်ပင်တို့ကို ချိုးတော်မူ၏၊၊ အကယ်စင်စစ် ထာဝရဘုရားသည် လေဗနုန် အာရဇ်တောကို ချိုးတော်မူ၏၊၊
၆ တောကို နွားသငယ်ကဲ့သို့၎င်း၊ လေဗနုန်တောနှင့် စိရုန်တောကို ကြံ့သငယ်ကဲ့သို့၎င်း၊ ခုန်စေတော်မူ၏၊၊
၇ ထာဝရဘုရား၏ အသံတော်သည် မီးလျှံကို ခွဲတော်မူ၏၊၊
၈ ထာဝရဘုရား၏ အသံတော်သည် တောကို ချောက်ချားတော်မူ၏၊၊ ထာဝရဘုရားသည် ကာဒေရှတောကို ချောက်ခြားတော်မူ၏။
၉ ထာဝရဘုရား၏ အသံတော်သည် သမင်ဒရယ်မတို့ကို မွေးဘွားစေတော်မူ၏၊၊ တောတန်ဆာတို့ကိုလည်း ပယ်ရှင်းတော်မူ၏။ ဗိမာန်တော်၌ ခပ်သိမ်းသော သူတို့သည် ဘုန်းတော်ကို ဘော်ပြကြစေ။
၁၀ ထာဝရဘုရားသည် မိုဃ်းသက် မုန်တိုင်းပေါ်မှာ ထိုင်တော်မူ၏၊၊ အကယ်စင်စစ် ထာဝရဘုရားသည် အစဉ်အမြဲ ရှင်ဘုရင်အရာနှင့် ထိုင်တော်မူ၏၊၊
တမန်တော်ဝတ္ထု အခန်းကြီး ၁၀ (Acts 10:34-38);
၃၄ ထိုအခါပေတရုသည် နှုတ်ကိုဖွင့်၍၊ အကယ်စင်စစ် ဘုရားသခင်သည် လူမျက်နှာကို မှတ်တော်မမူ။
၃၅ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌ မျက်နှာရသည်ကို ငါသိမြင်၏။
၃၆ အလုံးစုံတို့ကို အစိုးရတော်မူသော သခင်ယေရှုခရစ်အားဖြင့် ရန်ငြိမ်းခြင်း တရားဟူသော ဧဝံဂေလိတရားကို ဟောတော်မူလျှက်၊ ဣသရေလအမျိုးသားတို့အား ပေးလိုက်တော်မူသော တရားတော်နှင့်အညီ၊
၃၇ ယောဟန်သည် ဗတ္တိဇံ တရားကို ဟောသည်နောက် ဂါလိလဲပြည်မှစ၍ ယုဒပြည်အရပ် ရပ်တို့၌ နှံ့ပြားသောအကြောင်းအရာကို သင်တို့သည်သိကြ၏။
၃၈ ထိုအကြောင်းအရာဟူမူကား၊ ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်၎င်း၊ တန်ခိုးတော်နှင့်၎င်း၊ နာဇရက်မြို့သားယေရှုကို ဘိသိက်ပေးတော် မူသဖြင့်၊ ထိုသူသည် ဘုရားသခင်၏အခွင့်တော်နှင့် ကျေးဇူးပြုလျက် မာရ်နတ်ညှဉ်းဆဲသောသူအပေါင်းတို့အား ချမ်းသာကိုပေး လျက် လှည့်လည်တော်မူ၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၃ (Matt 3:13-17);
၁၃ ထိုအခါယေရှုသည် ဗတ္တိဇံကိုခံအံ့သောငှါ ဂါလိလဲပြည်မှယော်ဒန်မြစ်နား ယောဟန်ထံသို့ ကြွတော်မူ၏။
၁၄ ယောဟန်ကလည်း၊ အကျွန်ုပ်သည် ကိုယ်တော်ထံ၌ ဗတ္တိဇံကိုခံရမည်အကြောင်း ရှိပါသည်ဖြစ်၍၊ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ကြွလာတော်မူသလော ဟု ယေရှုကိုဆီးတားလေ၏။
၁၅ ယေရှုကလည်းအလုံးစုံသောတရားတို့ကို အကုန်အစင်ကျင့်သင့်သည်ဖြစ်၍၊ ယခုအခွင့်ပေးပါဟု ပြန်ပြောတော်မူ၏။ ထိုအခါယောဟန်သည်ဝန်ခံလေ၏။
၁၆ ယေရှုသည် ဗတ္တိဇံ ကိုခံတော်မူပြီးလျှင်၊ ရေမှပေါ်ထစဉ်တွင်၊ ကောင်းကင်ဖွင့်လှစ်သဖြင့်၊ ဘုရားသခင်၏ဝိညာဉ် တော်သည်ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ကိုယ်တော်အပေါ်၌နားတော်မူသည်ကို မြင်ရ၍၊
၁၇ ဤသူကားငါနှစ်သက် မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း ဟု ကောင်းကင်ကအသံတော်ဖြစ်လေ၏။