Sun the 29th: Psalter IV, Ordinary Time Week 4.
Zeph 2:3, 3:12-13; Ps 146:6-10; 1 Cor 1:26-31; Matt 5:1-12
ဇေဖနိအနာဂတ္တိကျမ်း အခန်းကြီး ၂ (Zeph 2:3, 3:12-13);
၃ တရားတော်အတိုင်းကျင့်၍ စိတ်နှိမ့်ချသော ပြည်သူပြည်သားအပေါင်းတို့၊ ထာဝရဘုရားကို ရှာကြလော့။ ဖြောင့်မတ်ခြင်းနှင့် စိတ်နှိမ့်ချခြင်းကို လည်း ရှာကြလော့။ ထာဝရဘုရားအမျက်ထွက်တော်မူသော နေ့၌ သင်တို့သည် ပုန်းရှောင်ရာကို တွေ့ကောင်း တွေ့ကြလိမ့်မည်။
၁၂ နှိမ့်ချဆင်းရဲသောအမျိုးကို သင့်အလယ်၌ ငါချန်ထားမည်။ ထိုသူ တို့သည် ထာဝရဘုရား၏ နာမတော်ကို ခိုလှုံကြလိမ့်မည်။
၁၃ ကျန်ကြွင်းသော ဣသရေလ အမျိုးသားတို့သည် မတ ရားသောအမှုကို မပြုရကြ။ မုသာမပြောရကြ။ သူတို့၌ လှည့်စားတတ်သော လျှာမရှိရ။ အဘယ်သူမျှ မကြောက် စေဘဲ စားသောက်လျက်၊ အိပ်လျက် နေရကြလိမ့်မည်။
ဆာလံကျမ်း အခန်းကြီး ၁၄၆ (Ps 146:6-10);
၆ ထိုဘုရားသခင်သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် တကွ အရပ်ရပ်၌ ရှိသမျှတို့ကို ဖန်ဆင်းတော် မူ၏၊၊ သစ္စာတော်ကို အစဉ်အမြဲ စောင့်တော်မူ၏၊၊
၇ ညှဉ်းဆဲခြင်းကို ခံရသော သူတို့အား တရားပြတော်မူ၏၊၊ ငတ်မွတ် သောသူတို့ကို ကျွေးမွေးတော်မူ၏၊၊ ထာဝရဘုရားသည် ချုပ်ထားခြင်းကို ခံရသောသူတို့ကို လွှတ်တော်မူ၏၊၊
၈ ထာဝရ ဘုရားသည် မျက်စိကန်းသောသူတို့ကို မြင်စေတော်မူ၏၊၊ ထာဝရဘုရားသည် နှိမ့်ချသောသူတို့ကို ကြွပင့်တော် မူ၏၊ ထာဝရဘုရားသည် ဖြောင့်မတ်သော သူတို့ကို ချစ်တော်မူ၏၊
၉ ထာဝရဘုရားသည် ဧည့်သည်တို့ကို စောင့်မ တော်မူ၍ မုတ်ဆိုးမနှင့် မိဘမရှိသော သူတို့ကို ထောက်မတော်မူ၏၊၊ မတရားသောသူတို့၏ လမ်းကိုကား ကွေ့ကောက်စေတော်မူ၏၊၊
၁၀ အိုဇိအုန်မြို့ သင်၏ ဘုရားသခင်တည်းဟူသော ထာဝရဘုရားသည် ကာလအစဉ်အမြဲ ကမ္ဘာအဆက်ဆက် စိုးစံတော်မူလတံ့သတည်း၊၊ ဟာလေလုယ၊၊
ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၁ (1 Cor 1:26-31);
၂၆ ညီအစ်ကိုတို့၊ သင်တို့ကိုခေါ်တော်မူခြင်းအကြောင်းအရာကို ဆင်ခြင်လော့။ ခေါ်တော်မူသောသူတို့တွင် လောကီပညာရှိများမပါ။ ထင်ရှားသောလူကြီးများမပါ။ မင်းမျိုးမင်းနွှယ်ဖြစ်သော သူအများမပါ။
၂၇ ဘုရားသခင် သည် ပညာရှိတို့ကို ရှက်ကြောက်စေခြင်းငှါ၊ လောကီအရာ၌ မိုက်မဲသောသူတို့ကို ရွေးကောက်တော်မူ၏။ အစွမ်း သတ္တိ ရှိသောသူတို့ကို ရှက်ကြောက်စေခြင်းငှါ၊ လောကီအရာ၌ အားနည်းသောသူတို့ကို ရွေးကောက်တော်မူ၏။
၂၈ မြတ်သောသူတို့ကို ရှက်ကြောက်စေခြင်းငှါ လောကီအရာ၌ ဆင်းရဲသောသူ၊ မရေရသောသူ၊ ယုတ်သော သူတို့ကို ရွေးကောက်တော်မူ၏။
၂၉ ထိုကြောင့်၊ ဘုရားသခင်ရှေ့၌ အဘယ်သူမျှဝါကြွားစရာအကြောင်းမရှိ။
၃၀ ထိုဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည်နေကြ၏။ ထိုသခင်မူကား၊ ဘုရားသခင်စီရင် တော်မူသည်အတိုင်း၊ ငါတို့၌ ပညာမှစ၍ ဖြောင့်မတ် ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနှုတ်ခြင်းဖြစ်တော်မူ၏။
၃၁ သို့ဖြစ်၍၊ ကျမ်းစာလာသည်နှင့်အညီ၊ ဝါကြွားသော သူမည်သည် ကား၊ ထာဝရဘုရား၌သာ ဝါကြွားစေ။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၅ (Matt 5:1-12);
၁ အိုင်တဘက်၊ ဂါဒရ ပြည်သို့ရောက်ကြ၍၊
၂ ယေရှုသည် လှေထဲကထွက်တော်မူသည်ခဏခြင်းတွင်၊ ညစ်ညူးသောနတ်စွဲသောသူသည် သင်္ချိုင်းတစပြင်မှထွက်လာ၍ ကိုယ်တော်ကို ခရီးဦးကြိုပြုလေ၏။
၃ ထိုသူသည် သင်္ချိုင်းတစပြင်၌ နေတတ်၏။ သူ့ကို သံကြိုးနှင့်ပင်အဘယ်သူမျှ ချည်၍မနိုင်။
၎ ခြေချင်း၊ သံကြိုးနှင့်အဖန်များစွာ ချည်စမ်းသော်လည်း၊ သံကြိုးကိုဆွဲဖြတ်၍ ခြေချင်းကိုဖြဲတတ်၏။ သူ့ကိုယဉ်စေခြင်းငှါ အဘယ်သူမျှမတတ်နိုင်၊
၅ နေ့ညဥ့်မပြတ် သင်္ချိုင်းတစပြင်၌၎င်း၊ တောင်ပေါ်၌၎င်း၊ ဟစ်ကြော်လျက်၊ ကျောက်စောင်းနှင့်ကိုယ်ကို ရှစေလျက်နေတတ်၏။
၆ ယေရှုကိုအဝေးကမြင်လျှင်၊ အထံတော်သို့ပြေးလာ၍ ပြပ်ဝပ်လျက်၊
၇ အမြင့်ဆုံးသော ဘုရားသခင်၏သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အဘယ်သို့ ဆိုင်သနည်း၊ အကျွန်ုပ်ကို ညှင်းဆဲတော် မမူမည်အကြောင်း ဘုရားသခင်ကိုအမှီပြု၍ အကျွန်ုပ်တောင်းပန်ပါသည်ဟု ကြီးသောအသံနှင့် ဟစ်၍ လျှောက်လေ၏။
၈ လျှောက်သည်အကြောင်းကား၊ ညစ်ညူးသောနတ်၊ ထိုလူမှထွက်သွားလော့ဟု မိန့်တော်မူခဲ့ပြီ။
၉ ကိုယ်တော်ကလည်း၊ သင်သည် အဘယ်အမည်ရှိသနည်းဟု မေးတော်မူလျှင်၊ အကျွန်ုပ်အမည်ကား၊ လေဂေါင်ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် အများဖြစ်ကြပါ၏ဟု လျှောက်ပြီးမှ၊
၁၀ ထိုပြည်ထဲက အခြားသို့ မနှင်ပါမည် အကြောင်း များစွာတောင်းပန်လေ၏။
၁၁ ထိုအရပ်၌ တောင်ပေါ်မှာ များစွာသောဝက်အစုသည် ကျက်စားလျက်ရှိ၏။
၁၂ နတ်ဆိုး အပေါင်းတို့လည်း၊ အကျွန်ုပ်တို့သည် ထိုဝက်ထဲသို့ဝင်ရပါမည်အကြောင်း စေလွှတ်တော်မူပါဟု တောင်းပန်ပြန်လျှင်၊
၁၃ ယေရှုသည် ချက်ခြင်းအခွင့်ပေးတော်မူ၏။ ညစ်ညူးသောနတ်တို့သည် ထွက်၍ ဝက်ထဲသို့ ဝင်သဖြင့်၊ ဝက်အစုသည် အိုင်ကမ်း စောက်ကို တဟုန်တည်းပြေးဆင်း၍ အိုင်၌အသက်ဆုံးကြ၏။ အရေအတွက်အားဖြင့် နှစ်ထောင်လောက် ရှိ၏။