Sunday, 15 January 2017

15-JAN-2017 (READING ORD2 -YA-C1)

Sun the 15th: Psalter II, Ordinary Time Week 2.
Isa 49:3-6; Ps 40:2-10; 1 Cor 1:1-3; John 1:29-34
       
ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၄၉ (Isa 49:3-6);

၃ အိုဣသရေလ၊ သင်သည် ငါ၏ ကျွန်ဖြစ်၏၊၊ သင့်အားဖြင့် ငါ့ဘုန်းသည် ထင်ရှားလိမ့်မည်ဟု ငါ့အား မိန့်တော်မူပြီ၊၊
၎ ငါကလည်း၊ အကျိုးမရှိဘဲ ငါလုပ်ဆောင်ရပြီ၊၊ အချည်းနှီးသက်သက် ငါ့ခွန်အားကုန်ရပြီ။ သို့သော်လည်း၊ ငါ့အမှုသည် ထာဝရဘုရားရှေ့တော်၌ရှိ၏၊၊ ငါခံရသော အခါလည်း ငါ၏ဘုရားသခင်လက်တော်၌ ရှိသည်ဟုဆို၏။
၅ ငါသည်ထာဝရဘုရား ရှေ့တော်၌အသရေ ထင်ရှား၍။ ငါ၏ဘုရားသခင်သည် ငါ့ကိုခိုင်ခံ့စေတော်မူသည် အကြောင်းနှင့်တကွ ဣသရေလအမျိုးသည် အထံတော်၌စုဝေး ခြင်းကို မခံသော်လည်း၊ ငါသည်ယာကုပ်အမျိုးကိုအထံတော်သို့တဖန် ဆောင်ခဲ့ရသော ကျွန်ဖြစ်စေမည် အကြောင်း၊ ငါ့ကိုအမိဝမ်းထဲမှစ၍ ဖန်ဆင်းတော်မူသော ထာဝရဘုရားမိန့်တော်မူသည်ကား၊
၆ သင်သည်ယာကုပ် ၏ အမျိုးအနွှယ် တို့ကို မြှောက်ခြင်း ဘေးလွတ်သော ဣသရေလသားတို့ကို အရင်ကဲ့သို့ဖြစ်စေခြင်း အလိုငှါ ငါ့အမှုကို ဆောင်ရွက်သော အမှုသည်သာမညအမှုဖြစ်၏။ ထိုအမှုမက သင်သည်မြေကြီးစွန်းတိုင်အောင် ငါ၏ကယ်တင်ခြင်းကို ပြုစိမ့်သောငှါ၊ သင့်ကိုတပါးအမျိုးသားတို့ လင်းစရာအဘို့ ငါခန့်ထားသည်ဟု မိန့်တော်မူသည်။

ဆာလံကျမ်း အခန်းကြီး ၄၀ (Ps 40:2-10);

ဘုရားသခင်၊ ကိုယ်တော်၏ အလိုကို ဆောင်ရန် အကျွန်ပ် အသင့်ရှိပါ၏။

၂ ပျက်စီးရာတွင်းနှင့်အလွန်ဆိုးသော ရွှံ့ထဲက ငါ့ကို ဆယ်နှုတ်ပြီးလျှင် ငါ့ခြေတို့ကို ကျောက်ပေါ်မှာ တင်၍ ငါခြေရာတို့ကို တည်စေတော်မူ၏၊၊

ဘုရားသခင်၊ ကိုယ်တော်၏ အလိုကို ဆောင်ရန် အကျွန်ပ် အသင့်ရှိပါ၏။

ပျက်စီးရာတွင်းနှင့်အလွန်ဆိုးသော ရွှံ့ထဲက ငါ့ကို ဆယ်နှုတ်ပြီးလျှင် ငါ့ခြေတို့ကို ကျောက်ပေါ်မှာ တင်၍ ငါခြေရာတို့ကို တည်စေတော်မူ၏၊၊ မာန ထောင်လွှားသောသူနှင့် မိစ္ဆြွာတရားလမ်းသို့ လွှဲသွားသော သူတို့ကိုမမှီဝဲ ထာဝရဘုရားကို ကိုးစားသော သူသည် မင်္ဂလာရှိ၏၊၊

ဘုရားသခင်၊ ကိုယ်တော်၏ အလိုကို ဆောင်ရန် အကျွန်ပ် အသင့်ရှိပါ၏။


၇ ကျမ်းစာလိပ်၌ အကျွန်ုပ်ကို အမှတ်ပြု၍ ရေးထား သည်နှင့်အညီ  အကျွန်ုပ်သည် သွားပါမည်ဟု ဝန်ခံပါ၏။ အကျွန်ုပ်၏ ဘုရားသခင်၊ ကိုယ်တော်၏ အလိုကို ဆောင်ရာ ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်၏၊၊ ကိုယ်တော်၏ တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာ ရှိပါ၏။

ဘုရားသခင်၊ ကိုယ်တော်၏ အလိုကို ဆောင်ရန် အကျွန်ပ် အသင့်ရှိပါ၏။


၉ ဖြောင့်မတ် ခြင်းတရားကို ပရိသတ်ကြီးအလယ်မှာ အကျွန်ုပ်ဟောပါပြီ၊ အိုထာဝရဘုရား အကျွန်ုပ်သည် ကိုယ်နှုတ်ကို ပိတ်၍ မနေကြောင်းကို ကိုယ်တော်သိတော်မူ၏၊၊
၁၀ ဖြောင့်မတ်စွာ စီရင်တော်မူခြင်း တရားကို အကျွန်ုပ်သည် ကိုယ်နှလုံးထဲ မှာ ဝှက်၍မထားပါ၊၊ သစ္စာစောင့်တော်မူခြင်းတရားနှင့် ကယ်တင်တော်မူခြင်းတရားကို ဟောပြောပါပြီ၊၊ ကရုဏာတော် နှင့် သစ္စာတော်ကို ပရိသတ်ကြီး အလယ်မှာ မထိမ်မဝှက်ပါ။

ဘုရားသခင်၊ ကိုယ်တော်၏ အလိုကို ဆောင်ရန် အကျွန်ပ် အသင့်ရှိပါ၏။


ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၁ (1 Cor 1:1-3);

၁ ဘုရားသခင်၏ အလိုတော်အားဖြင့် ယေရှုခရစ်၏ တမန်တော်အရာ၌ ခန့်ထားသော ငါပေါလုနှင့် ငါ့ညီ သုဿင်သည်၊
၂ ယေရှုခရစ်အားဖြင့် အပြစ်နှင့်ကင်းစင်၍ သန့်ရှင်းသူအရာ၌ ခန့်ထားသောသူတည်းဟူသော၊  ကောရိ န္တုမြို့၌ရှိသော ဘုရားသခင်၏အသင်းတော်မှစ၍ ခပ်သိမ်းသောအရပ်၌ ငါတို့သခင်ယေရှုခရစ်ကို ပဌနာပြု သောသူအပေါင်းတို့ကို ကြားလိုက်ပါ၏။
၃ ထိုသခင်သည် ငါတို့၏သခင်သာမဟုတ်၊ သင်တို့၏သခင်လည်းဖြစ်တော် မူ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း သည် သင်တို့၌ရှိပါစေသော။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁ (John 1:29-34);

၂၉ နက်ဖြန်နေ့၌ ယေရှုကြွလာတော်မူသည်ကို ယောဟန်သည်မြင်လျှင်၊ ဤလောက၏အပြစ်ကို ဆောင်သွားသောဘုရားသခင်၏ သိုးသငယ်ကိုကြည့်လော့။
၃၀ ငါမရှိမှီ ရှိနှင့်သည်ဖြစ်၍၊ ငါ့ထက်သာ၍ ကြီးမြတ်သော သူသည် ငါ့နောက်ကြွလာသည်ဟု ငါဆိုရာ၌၊ ထိုသူကိုဆိုလို၏။
၃၁ အစက ထိုသူကိုငါမသိ။ သို့သော်လည်း ထိုသူကို ဣသရေလလူတို့အား ထင်ရှားစေခြင်းငှါ ငါသည်ရေ၌ ဗတ္တိဇံ ကိုပေးလျက်လာ၏။
၃၂ ထိုမှတပါး ဝိညာဉ်တော်သည် ကောင်းကင်မှချိုးငှက်ကဲ့သို့ဆင်းသက်၍ ထိုသူ၏အပေါ်၌နားတော်မူသည်ကို ငါမြင်ရပြီ။
၃၃ အစကထိုသူကိုငါမသိ။ ရေ၌ ဗတ္တိဇံ ကိုပေးစေခြင်းငှါ ငါ့ကိုစေလွှတ်တော်မူသောသူက၊ အကြင်သူ၏အပေါ်၌ ဝိညာဉ်တော်ဆင်းသက်၍ နားတော်မူသည်ကို သင်သည်မြင်လျှင်၊ ထိုသူကား၊ သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံ ကိုပေးသောသူပေတည်း ဟု မိန့်တော်မူသည်နှင့်အညီ၊
၃၄ ငါသည်မြင်၍ ဤသူသည် ဘုရားသခင်၏သားတော်ဖြစ်တော်မူကြောင်းကို  သက်သေခံသည်ဟု ယောဟန်ဆိုလေ၏။