Thu the 19th: Heb 7:25-8:6; Ps 40:7-17; 2 Tim 1:10; Mark 3:7-12
ဟေဗြဲသြဝါဒစာ အခန်းကြီး ၇ (Heb 7:25-8:6);
၂၅ ထိုကြောင့်၊ အကြင်သူတို့သည် ယေရှုခရစ်အားဖြင့် ဘုရားသခင့်အထံ တော်သို့ချဉ်းကပ်ကြ၏၊ ထိုသူတို့၏အမှုကိုကိုယ်တော်သည် စောင့်လျက်၊ ကာလအစဉ်အသက်ရှင်သောကြောင့်၊၊ သူတို့ကိုအစဉ်ကယ်တင်ခြင်းငှါ တတ်နိုင်တော်မူ၏။
၂၆ ထိုသို့သောယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းစင်ကြယ်၍ အညစ်အကြေးနှင့် ကင်းလွတ်လျက် အပြစ်ရှိ သောသူတို့နှင့် မဆက်ဆံ၊ ကောင်းကင်သားအပေါင်းတို့ထက်မြင့်မြတ်သော သူဖြစ်၍၊ ငါတို့နှင့် တော်သင့်တော်မူ၏။
၂၇ အခြားသော ယဇ်ပုရောဟိတ်မင်းတို့သည် ကိုယ်အပြစ်ကြောင့်င်း၊ လူများအပြစ်ကြောင့် င်း၊ နေ့တိုင်းယဇ် ပူဇော်ရသကဲ့သို့၊ ထိုသခင်သည်ယဇ်ပူဇော်စရာအကြောင်းမရှိ။ အဘယ်ကြောင့်နည်းဟူမူကား၊ မိမိကိုယ်ကိုတခါ တည်းယဇ်ပူဇော်၍ ထိုအမှုကိုပြီးစေတော်မူပြီ။
၂၈ ပညတ်တရားသည် အပြစ်ရှိသောသူတို့ကို ယဇ်ပုရောဟိတ်အရာ ၌ခန့်ထား၏။ ပညတ်တရားနောက်၌ ကျိန်ဆိုတော်မူသော ဗျာဒိတ်တော်မူကား၊ အစဉ်အမြဲစုံလင်ခြင်းသို့ ရောက်သောသားတော်ကိုခန့်ထားသတည်း။
၁ ယခုဆိုခဲ့ပြီးသော အကြောင်းအရာတို့၏ အချုပ်အခြာဟူမူကား၊ ထိုသို့သော ယဇ်ပုရောဟိတ်မင်းသည် ငါတို့၌ရှိ၏။ ကောင်းကင်ဘုံ၌ တန်ခိုးအာနုဘော်တော်၏ ပလ္လင်လက်ျာဘက်မှာ ထိုင်နေတော်မူ၏။
၂ လူမဆောင်ဘဲ ထာဝရဘုရားဆောက်တော်မူသော တဲတော်စစ်တည်းဟူသော၊ သန့်ရှင်းရာဌာန၌ ဘုရားဝတ်ကိုပြုသောသူဖြစ် တော်မူ၏။
၃ ယဇ်ပုရောဟိတ်မင်းမည်သည်ကား၊ ပူဇော်သက္ကာနှင့် ယဇ်ကိုပူဇော်စေခြင်းငှါ ခန့်ထားလျက် ရှိသည်ဖြစ်၍၊ ငါတို့ယဇ်ပုရောဟိတ်မင်းသည်လည်း ပူဇော်စရာယဇ်တစုံတခုရှိရ၏။
၎ ပညတ်တရားအတိုင်း ပူဇော်သက္ကာကို ဆက်ကပ်သောယဇ်ပုရောဟိတ်များ ရှိကြသည်ဖြစ်၍၊ ထိုသခင်သည် မြေကြီးပေါ်မှာ ရှိနေလျှင် ယဇ်ပုရောဟိတ် မလုပ်ရ။
၅ မောရှေသည်တဲတော်ကို ဆောက်လုပ်အံ့သောအခါ၊ တောင်ပေါ်မှာသင့်အား ပြခဲ့ပြီးသော ပုံနှင့်ညီလျော်စွာ အလုံးစုံတို့ကို လုပ်ခြင်းငှါ သတိပြုရမည်ဟု ဗျာဒိတ်တော်ကိုခံရသည်ဖြစ်၍၊ ထိုယဇ်ပုရောဟိတ်တို့သည် ကောင်းကင် အရာတို့၏ ပုံပမာအရိပ်နှင့်သာဆိုင်လျက် ဝတ်ကိုပြုနေကြ၏။
၆ ထိုမှတပါး၊ ယေရှုသည် သာ၍မြတ်သောဂတိတော်တို့၌ တည်သော၊ သာ၍မြတ်သောပဋိညာဉ်တရား၏ အာမခံဖြစ်သည်နှင့်အညီ၊ သာ၍မြတ်သောဝတ်ပြုခြင်းအခွင့်အရာကို ရတော်မူ၏။
ဆာလံကျမ်း အခန်းကြီး ၄၀ (Ps 40:7-17);
၇ ကျမ်းစာလိပ်၌ အကျွန်ုပ်ကို အမှတ်ပြု၍ ရေးထား သည်နှင့်အညီ အကျွန်ုပ်သည် သွားပါမည်ဟု ဝန်ခံပါ၏။
၈ အကျွန်ုပ်၏ ဘုရားသခင်၊ ကိုယ်တော်၏ အလိုကို ဆောင်ရာ ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်၏၊၊ ကိုယ်တော်၏ တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာ ရှိပါ၏။
၉ ဖြောင့်မတ် ခြင်းတရားကို ပရိသတ်ကြီးအလယ်မှာ အကျွန်ုပ်ဟောပါပြီ၊ အိုထာဝရဘုရား အကျွန်ုပ်သည် ကိုယ်နှုတ်ကို ပိတ်၍ မနေကြောင်းကို ကိုယ်တော်သိတော်မူ၏၊၊
၁၀ ဖြောင့်မတ်စွာ စီရင်တော်မူခြင်း တရားကို အကျွန်ုပ်သည် ကိုယ်နှလုံးထဲ မှာ ဝှက်၍မထားပါ၊၊ သစ္စာစောင့်တော်မူခြင်းတရားနှင့် ကယ်တင်တော်မူခြင်းတရားကို ဟောပြောပါပြီ၊၊ ကရုဏာတော် နှင့် သစ္စာတော်ကို ပရိသတ်ကြီး အလယ်မှာ မထိမ်မဝှက်ပါ။
၁၁ အို ထာဝရဘုရား၊ အကျွန်ုပ်၌ သနားစုံမက်တော်မူခြင်းစိတ်ကို မချုပ်တည်းပါနှင့်၊၊ ကရုဏာတော်နှင့် သစ္စာတော်သည် အကျွန်ုပ်ကို အစဉ်စောင့်မပါစေသော၊၊
၁၂ အကြောင်းမူကား အတိုင်းမသိ များစွာသော ဘေးဥပဒ် တို့သည် အကျွန်ုပ်ကို ဝိုင်းကြပါပြီ၊၊ အကျွန်ုပ်မျှော်၍ မကြည့်နိုင်အောင် ခံရသောအပြစ်တို့သည် အကျွန်ုပ်ကို မှီကြပါပြီ၊၊ အကျွန်ုပ်ဆံပင်ထက်များပြားသည်ဖြစ်၍ အကျွန်ုပ်နှလုံးသည် အားလျော့ပါပြီ၊၊
၁၃ အိုထာဝရဘုရား အကျွန်ုပ်ကို နှုတ်ယူခြင်းငှါ အလိုရှိတော်မူပါ၊၊ အိုထာဝရဘုရား အကျွန်ုပ်ကို မစခြင်းငှါ အလျှင်အမြန်ပြုတော်မူပါ၊၊
၁၄ အကျွန်ုပ် အသက်ကို သတ်ခြင်းငှါ ရှာကြံသော သူအပေါင်းတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါစေသော၊ အကျွန်ုပ်၌ အန္တရာယ်ပြုချင်သောသူတို့သည် လှန်ခြင်းကို ခံရ၍ ရှက်ကြောက်ခြင်းသို့ ရောက်ကြပါစေသော၊၊
၁၅ အကျွန်ုပ်ကို အေ့ဟေ၊ အေ့ဟေ ဟု ဆိုသော သူတို့သည် အရှက်ကွဲခြင်းအားဖြင့် မှိုင်တွေကြပါစေသော၊၊
၁၆ ကိုယ်တော်ကို ရှာသော သူအပေါင်းတို့သည် ကိုယ်တော်၌ ဝမ်းမြောက်ရွှင်လန်းကြပါစေသော၊၊ ကယ်တင်တော်မူခြင်း ကျေးဇူးကိုနှစ်သက်သော သူတို့သည် ထာဝရဘုရား ဘုန်းကြီးတော်မူစေသတည်းဟု အစဉ်မပြတ် ပြောကြပါစေသော၊၊
၁၇ အကျွန်ုပ်မူကား ဆင်းရဲငတ်မွတ်သော်လည်း၊ ထာဝရဘုရားသည် အကျွန်ုပ်ကို အောက်မေ့ တော်မူ၏၊၊ ကိုယ်တော်သည် အကျွန်ုပ်ကို မစသောသူ ၊ကယ်တင်သောသူဖြစ်တော်မူ၏၊၊ အကျွန်ုပ်၏ ဘုရားသခင် ဆိုင်းလင့်တော် မမူပါနှင့်၊၊
တိမောသေသြဝါဒစာဒုတိယစောင် အခန်းကြီး ၁ (2 Tim 1:10);
၁၀ ထိုကျေးဇူးတော်ကား၊ ငါတို့ကိုကယ်တင် သောသခင်ယေရှုခရစ်ပေါ်ထွန်း သည်အရာမှာ ယခုထင်ရှားလျက်ရှိ၏။ ထိုသခင်သည် သေခြင်းအကြောင်း ကိုပယ်ရှား၍၊ အသက်ရှင်ခြင်းအကြောင်း နှင့်မဖောက်ပြန်ခြင်းအကြောင်းကို ဧဝံဂေလိတရားအားဖြင့် ထင်ရှားစေတော်မူပြီ။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၃ (Mark 3:7-12);
၇ ယေရှုသည် တပည့်တော်တို့နှင့်အတူ အိုင်နားသို့ ပြောင်းကြွတော်မူ၍၊ ဂါလိလဲပြည်၊
၈ ယေရုရှလင် မြို့မှစသော ယုဒပြည်၊ ဣဒုမဲပြည်၊ ယော်ဒန်မြစ်တဘက်မှလာကြသော လူများအပေါင်းတို့နှင့် တုရုမြို့၊ ဇိဒုန်မြို့ ပတ်ဝန်းကျင်အရပ်တို့မှလာကြသော လူများအပေါင်းတို့သည် ပြုတော်မူသမျှကိုကြားလျှင် အထံတော်သို့ လာကြ၏။
၉ လူအများတို့သည် ကိုယ်တော်ကိုဝန်းရံ၍ မထိခိုက်စေမည်အကြောင်း၊ ကိုယ်တော်၏ အနီးအပါးတွင် လှေတစင်းကို အမြဲရှိစေခြင်းငှါ တပည့်တော်တို့အား အမိန့်တော်ရှိ၏။
၁၀ အကြောင်းမူကား၊ လူများတို့အား ချမ်းသာပေးတော်မူ သောကြောင့်၊ ရောဂါဝေဒနာနှိပ်စက်သောသူ ရှိသမျှတို့သည် ကိုယ်တော်ကို တို့ခြင်းငှါ တွန်းကြ၏။
၁၁ ညစ်ညူး သောနတ်တို့သည်လည်း ကိုယ်တော်ကိုမြင်သောအခါ ပြပ်ဝပ်၍၊ ကိုယ်တော်သည် ဘုရားသခင်၏ သားတော် ဖြစ်တော်မူသည်ဟု ဟစ်ကြော်ကြ၏။
၁၂ သိတင်းတော်ကို မပွင့်စေမည်အကြောင်း သူတို့အား ကြပ်တည်းစွာ ပညတ်တော်မူ၏။