Saturday, 21 January 2017

21-JAN-2017 (READING ORD2 -YA-C1)

Sat the 21st:    Memorial of Agnes, virgin and martyr.
Heb 9:1-3, 11-14; Ps 47:1-9; Acts 16:14; Mark 3:20-21

ဟေဗြဲသြဝါဒစာ အခန်းကြီး ၉ (Heb 9:1-3,  11-14);

၁ တနည်းကား၊ ပဌမပဋိညာဉ်တရားသည် ဝတ်ပြုရာစီရင်ချက်နှင့်၎င်း၊ လောကီသန့်ရှင်းရာ ဌာနတော်နှင့်၎င်း စပ်ဆိုင်၏။
၂ အဘယ်သို့နည်းဟူမူကား၊ ဟဂျာဟု ခေါ်ဝေါ်သော ပဌမတဲတော်သည်၊ ဆီမီးခုံ၊ စားပွဲ၊ ရှေ့တော်မုန့်နှင့် ပြင်ဆင်လျက်ရှိ၏၊
၃ ဒုတိယကုလားကာအတွင်း၌၊ ဟဂျာဟဂျုန်ဟု ခေါ်ဝေါ်သော တဲတော်ရှိ၏။
၁၁ ယခုမှာ လူလက်ဖြင့်မလုပ်၊ ဤလောကဓာတ်နှင့် မစပ်ဆိုင်၊ သာ၍ကြီးမြတ်စုံလင်သောတဲတော်၌၊ နောက်မင်္ဂ လာအကျိုးတို့၏ ယဇ်ပုရောဟိတ်မင်းဖြစ်သော ခရစ်တော်သည်၊
၁၂ ငါတို့အဘို့ထာဝရ ရွေးနှုတ်ခြင်း ကျေးဇူးကို ခံရ၍ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့် မဟုတ်၊ မိမိအသွေးတော်နှင့်သန့်ရှင်းရာဌာနထဲသို့ တခါတည်းဝင်တော်မူ၏။
၁၃ အကြောင်းမူကား၊ အညစ်အကြေးရှိသောသူတို့အပေါ်၌ ဖြန်းသောနွားအသွေး၊ ဆိတ်အသွေး၊ နွားမကလေး၏ ပြာသည်၊ သူတို့ကိုယ်ခန္ဓွာ၌စင်ကြယ်ခြင်းကိုပြုနိုင်သည်မှန်လျှင်၊
၁၄ ထိုမျှမက၊ အပြစ်ကင်းသော ကိုယ်တော်ကို၊ ထာဝရ ဝိညာဉ်တော်အားဖြင့်၊ ဘုရားသခင့်ရှေ့၌ တင်လှူပူဇော်သော ခရစ်တော်၏ အသွေးသည်၊ သေခြင်းနှင့် စပ်ဆိုင်သော အကျင့်ကို ပယ်ရှင်း၍၊ သင်တို့သည် အသက်ရှင် တော်မူသော ဘုရားသခင်ကို ဝတ်ပြုမည်အကြောင်း၊ သင်တို့၌ ကိုယ်ကိုကိုယ်သိသော စိတ်ကိုစင်ကြယ်စေခြင်းငှါ၊ သာ၍တတ်နိုင်တော်မူသည်မဟုတ်လော။

ဆာလံကျမ်း အခန်းကြီး ၄၇ (Ps 47:1-9);

၁ လူများအပေါင်းတို့၊လက်ခုပ်တီးကြလော့။ ဘုရားသခင်ထံသို့ အောင်သံကိုလွှင့်၍ ကြွေးကြော်ကြ လော့။
၂ အကြောင်းမူကား၊ အမြင့်ဆုံးသောထာဝရဘုရားသည် ကြောက်မက်ဘွယ်သော ဘုရား၊ မြေကြီးတပြင်လုံးကို အစိုးရ သော မဟာမင်းကြီးဖြစ်တော်မူ၏။
၃ လူစုတို့ကို ငါတို့အောက်၌၎င်း၊ လူမျိုးတို့ကို ငါတို့ခြေအောက်၌၎င်း၊ နှိမ့်ချတော်မူ၏။
၎ ချစ်တော်မူသောယာကုပ်၏ ဘုန်းဖြစ်သော ငါ့တို့အမွေကို ငါတို့အဘို့ရွေးပေးတော်မူ၏။
၅ ကြွေးကြော်ခြင်းအသံနှင့် ဘုရားသခင်တက်တော်မူ၏။ တံပိုးမှုတ်ခြင်းအသံနှင့် ထာဝရဘုရားတက် တော်မူ၏။
၆ ဘုရားသခင်ကို ချီးမွမ်း၍ သီချင်းဆိုကြလော့။ သီချင်းဆိုကြလော့။ ငါတို့၏ ရှင်ဘုရင်ကိုချီးမွမ်း၍ သီချင်းဆိုကြလော့။
၇ အကြောင်းမူကား၊ ဘုရားသခင်သည် မြေကြီးတစ်ပြင်လုံးကို အစိုးရသော မင်းဖြစ်တော်မူ၏။ ချီးမွမ်းခြင်းထောမနာသီချင်းကို ဆိုကြလော့။
၈ ဘုရားသခင်သည် လူမျိုးတို့တွင်စိုးစံ တော်မူ၏။ဘုရားသခင်သည် သန့်ရှင်းသော ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူ၏။
၉ လူမျိုးတို့၏ အကြီးအကဲတို့ သည် အာဗြဟံ ကိုးကွယ်သော ဘုရားသခင်၏ လူမျိုးထံမှာ စုဝေးလျက် ရှိကြ၏။ အကြောင်းမူကား၊ မြေကြီး တန်ခိုးများကို ဘုရားသခင် ပိုင်တော်မူ၏။ အထူးသဖြင့် မြှောက်ခြင်း ရှိတော်မူ၏။


တမန်တော်ဝတ္ထု အခန်းကြီး ၁၆ (Acts 16:14);

၁၄ ထိုအခါ နီမောင်းသောအထည်အလိပ်ကို ရောင်းသော သွားတိရဲမြို့သူလုဒိအမည်ရှိသော မိန်းမတစ်ယောက်သည် ဘုရားသခင်ကိုကိုးကွယ်သောသူ ဖြစ်၍၊တရားနာစဉ်တွင် ပေါလုဟောပြောသောအရာကိုမှီဝဲဆည်းကပ်စေခြင်းငှါသူ၏ စိတ်နှလုံးကိုသခင်ဘုရားဖွင့် တော်မူ၏။

ရှင်မာကုခရစ်ဝင် အခန်းကြီး ၃ (Mark 3:20-21);

၂၀ ထိုသူတို့သည် အိမ်သို့ဝင်ကြလျှင်၊ အစာကိုမစားနိုင်သည်တိုင်အောင် လူများတို့သည်တဖန် စုဝေး ကြပြန်၏။
၂၁ ကိုယ်တော်၏ အဆွေအမျိုးတို့သည် ကြားလျှင်၊ သူသည် အရူးဖြစ်သည်ဟု ဆို၍ ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ ထွက်သွားကြ၏။