Monday, 16 January 2017

16-JAN-2017 (READING ORD2 -YA-C1)

Mon the 16th: Heb 5:1-10; Ps 110:1-4; Heb 4:12; Mark 2:18-22

ဟေဗြဲသြဝါဒစာ အခန်းကြီး ၅  (Heb 5:1-10);

၁ လူတို့တွင် ရွေးကောက်သော ယဇ်ပုရောဟိတ်မင်း မည်သည်ကား၊ ပူဇော်သက္ကာကို၎င်း၊ အပြစ်ဖြေရာ ယဇ်ကို၎င်းပူဇော်၍၊ လူတို့အတွက်ဘုရားဝတ်ကို ပြုစေခြင်းငှါ ခန့်ထားတော်မူသောသူဖြစ်၏။
၂ သူသည်ကိုယ်တိုင် နွမ်းရိအားနည်းခြင်းရှိသည်ဖြစ်၍၊ မိုက်သောသူ၊ မှားယွင်းသောသူတို့ကိုသည်းခံခြင်းငှါ တတ်နိုင်၏။
၃ ထိုအကြောင်း ကြောင့်လည်း၊ လူများအပြစ်နှင့် မိမိအပြစ်ကို ဖြေခြင်းငှါ ပူဇော်ရ၏။
၎ ဘုရားသခင်သည် အာရုန်ကို ခေါ်တော်မူ သကဲ့သို့ ခေါ်တော်မူသောသူမှတပါး၊ အဘယ်သူမျှ ထိုအရာမြတ်ကိုမသိမ်းမယူရ။
၅ ထိုနည်းတူ၊ ခရစ်တော်သည် ယဇ်ပုရောဟိတ်မင်းအရာ၌ မိမိကိုမိမိမြှောက်သည် မဟုတ်။ သင်သည်ငါ့သားဖြစ်၏။ ယနေ့ပင်သင့်ကိုငါ ဖြစ်ဘွားစေပြီဟု မိန့်တော်မူသော သူသည် ခရစ်တော်ကို ချီးမြှောက် တော်မူ၏။
၆ ထိုသို့နှင့်အညီ ကျမ်းစာ တချက်လာသည်ကား၊ သင်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ် ဖြစ်သည်ဟုလာသတည်း။
၇ ထိုခရစ်တော်သည် လူဇာတိအဖြစ်၌ နေစဉ်ကာလ၊ သေခြင်းမှကယ်လွှတ်နိုင်တော်မူသောသူကို၊ ကြီးစွာ သောကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်းနှင့် ဆုတောင်းပဌနာပြုသဖြင့်၊ ကြောက်ရွံ့ရာအမှု၌ ချမ်းသာရသည်ဖြစ်၍၊
၈ ဘုရားသခင်၏ သားတော်မှန်သော်လည်း၊ ဆင်းရဲဒုက္ခကိုခံသောအားဖြင့် နားထောင်ခြင်းအကျိုးအကြောင်းကို သင်တော်မူ၏။
၉ ထိုသို့စုံလင်ခြင်းသို့ရောက်ပြီးမှ၊ ယုံကြည်နားထောင်သောသူအပေါင်းတို့အား ထာဝရကယ်တင် ခြင်း ကျေးဇူးကို ပြုသောသူဖြစ်တော်မူ၍၊
၁၀ မေလခိဇေဒက်ကဲ့သို့သောယဇ်ပုရောဟိတ်မင်းဟု ဘုရားသခင်သမုတ် တော်မူခြင်းကိုခံရ၏။

ဆာလံကျမ်း အခန်းကြီး ၁၁၀ (Ps 110:1-4);

၁ ထာဝရဘုရားက သင်၏ ရန်သူတို့ကို သင်၏ ခြေတင်ရာ၊ ငါမချထားမှီတိုင်အောင်၊ ငါလက်ျာဘက်၌ ထိုင်နေလော့ဟု ငါ၏ သခင်အား မိန့်တော်မူ၏၊၊
၂ ထာဝရဘုရားသည် အရှင်၏ အာဏာတော်လှံတံကို ဇိအုန်မြို့ မှ လွှတ်တော်မူမည်၊၊ ကိုယ်တော်သည် ရန်သူတို့၏ အလယ်၌ အုပ်စိုးတော်မူလိမ့်မည်၊၊
၃ တန်ခိုးတော်ပြသော နေ့ရက် ကာလ၌ ကိုယ်တော်၏  လူတို့သည် သန့်ရှင်းသော တန်ဆာကိုဆင်၍ ကြည်ညိုသော စိတ်စေတနာရှိ၍ လူပျိုတော် တို့သည် နံနက်ဝမ်းထဲက ထွက်သော ဆီးနှင်းကဲ့သို့ ဖြစ်ကြပါလိမ်မည်၊၊
၎ ထာဝရဘုရားက သင်သည် မေလခိဇေဒက် နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်ဟု ကျိန်ဆို၍ နောက်တဖန် စိတ်ပြောင်းလဲခြင်း ရှိတော်မမူ၊၊




ဟေဗြဲသြဝါဒစာ အခန်းကြီး ၄ (Heb 4:12);

၁၂ ဘုရားသခင်၏ နှုတ်ကပတ်တရား တော်သည် အသက်ရှင် ခြင်း၊ တန်ခိုးနှင့် ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့်စိတ်ဝိညာဉ်ကို၎င်း၊  အရိုးဆစ်နှင့် ခြင်ဆီကို၎င်း ပိုင်ခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံ အစည်များကိုလည်း သိမြင်တတ်၏။

ရှင်မာကုခရစ်ဝင် အခန်းကြီး ၂ (Mark 2:18-22);

၁၈ အစာရှောင်တတ်သော ယောဟန်၏တပည့်တို့နှင့် ဖာရိရှဲတို့သည်လာ၍၊ ယောဟန်၏တပည့်တို့နှင့် ဖာရိရှဲတို့သည် အစာရှောင်ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော်၏တပည့်တို့သည် အစာမရှောင်ဘဲ နေကြပါသနည်းဟု လျှောက်ကြ၏။
၁၉ ယေရှုကလည်း၊ မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဘော်တို့နှင့် အတူရှိစဉ်အခါ သူတို့သည် အစာရှောင်တတ်ကြသလော။ ရှိစဉ်ကာလပတ်လုံး အစာမရှောင်တတ်ကြ။
၂၀ မင်္ဂလာဆောင်လုလင်ကို သူ၏အပေါင်းအဘော်တို့နှင့်ခွါ၍ ယူဆောင်သွားသောအချိန်ကာလ ရောက်လိမ့်မည်။ ထိုကာလအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။
၂၁ အဝတ်ဟောင်းကို အထည်သစ်နှင့်ဖါလေ့မရှိ။ ထိုသို့ ဖာလျှင် ဖာသောအထည်သစ်သည် အဝတ်ဟောင်းကိုစား၍ အပေါက်ကျယ်တတ်၏။
၂၂ ၎င်းနည်း ဟောင်းသောသားရေဘူးး၌ အသစ်သောစပျစ်ရည်ကို ထည့်လေ့မရှိ။ ထိုသို့ထည့်လျှင် အသစ်သောစပျစ်ရည် သည် သားရေဘူးကို ဆုတ်ခွဲသဖြင့် စပျစ်ရည်သည်ယို၍ သားရေဘူးလည်းပျက်ဆီးတတ်၏။ အသစ်သော စပျစ်ရည်ကို အသစ်သောသားရေဘူး၌ ထည့်ရသည်ဟု မိန့်တော်မူ၏။