Wed the 25th: Feast of Conversion of Paul.
Heb 10:11-18; Ps 110:1-4; Mark 4:1-20
ဟေဗြဲသြဝါဒစာ အခန်းကြီး ၁၀ (Heb 10:11-18);
၁၁ ယဇ်ပုရောဟိတ်မည်သည်ကား၊ နေ့တိုင်းဝတ်ပြုလျက်၊ အပြစ်ကိုဖြေနိုင်သော ယဇ်ကိုအထပ်ထပ် အဖန်ဖန် ပူဇော်လျက်ရပ်နေရ၏။
၁၂ ထိုသခင်မူကား၊ အပြစ်ကိုဖြေခြင်းငှါ ယဇ်တခုတည်းကို ပူဇော်ပြီးမှစ၍၊ ဘုရားသခင်၏ လက်ျာတော်ဘက်၌ အစဉ်အမြဲထိုင်၍၊
၁၃ မိမိရန်သူတို့ကို မိမိခြေတင်ရာအချမထားမှီတိုင်အောင် မြော်လင့်ချက် နေတော်မူ၏။
၁၄ အကြောင်းမူကား၊ စင်ကြယ်သောသူတို့သည် ထာဝရစုံလင်ခြင်းအကျိုးကို ရစေခြင်းငှါ၊ တခါတည်း ပူဇော်ခြင်းအားဖြင့် ပြုတော်မူ၏။
၁၅ ထိုသို့နှင့်အညီ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ငါ့တို့အားသက်သေပေးတော် မူသည်မှာ၊
၁၆ နောင်ကာလအခါသူတို့၌ ငါပေးသောပဋိညာဉ်တရားဟူမူကား၊ ငါထာဝရဘုရားသည် ငါ့ပညတ်တို့ကို သူတို့နှလုံးထဲမှာ ပေးသွင်းမည်။ သူတို့စိတ်ဝိညာဉ်၏ အပေါ်မှာ ရေးထားမည်ဟု အထက်ကမိန့်တော်မူပြီးမှ၊
၁၇ တဖန်တုံ၊ သူတို့ပြစ်မှားခြင်း၊ လွန်ကျူးခြင်းအမျိုးမျိုးကို ငါမအောက်မေ့ဘဲ နေမည်ဟု လာသတည်း။
၁၈ ထိုအပြစ် တို့ကို လွှတ်ပြီးလျှင် နောက်တဖန် အပြစ်ဖြေသော ပူဇော်သက္ကာကို ပြုစရာအကြောင်းမရှိ။
ဆာလံကျမ်း အခန်းကြီး ၁၁၀ (Ps 110:1-4);
၁ ထာဝရဘုရားက သင်၏ ရန်သူတို့ကို သင်၏ ခြေတင်ရာ၊ ငါမချထားမှီတိုင်အောင်၊ ငါလက်ျာဘက်၌ ထိုင်နေလော့ဟု ငါ၏ သခင်အား မိန့်တော်မူ၏၊၊
၂ ထာဝရဘုရားသည် အရှင်၏ အာဏာတော်လှံတံကို ဇိအုန်မြို့ မှ လွှတ်တော်မူမည်၊၊ ကိုယ်တော်သည် ရန်သူတို့၏ အလယ်၌ အုပ်စိုးတော်မူလိမ့်မည်၊၊
၃ တန်ခိုးတော်ပြသော နေ့ရက် ကာလ၌ ကိုယ်တော်၏ လူတို့သည် သန့်ရှင်းသော တန်ဆာကိုဆင်၍ ကြည်ညိုသော စိတ်စေတနာရှိ၍ လူပျိုတော် တို့သည် နံနက်ဝမ်းထဲက ထွက်သော ဆီးနှင်းကဲ့သို့ ဖြစ်ကြပါလိမ်မည်၊၊
၎ ထာဝရဘုရားက သင်သည် မေလခိဇေဒက် နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်ဟု ကျိန်ဆို၍ နောက်တဖန် စိတ်ပြောင်းလဲခြင်း ရှိတော်မမူ၊၊
ရှင်မာကုခရစ်ဝင် အခန်းကြီး ၄ (Mark 4:1-20);
၁ နောက်တဖန် အိုင်နားမှာ ဆုံးမသြဝါဒပေးတော်မူစဉ်တွင်၊ များစွာသော လူအပေါင်းတို့သည် အထံတော်၌ စုဝေးကြသောကြောင့်၊ အိုင်တွင် လှေထဲသို့ဝင်၍ထိုင်တော်မူ၏။ ပရိတ်သတ်အပေါင်းတို့သည် အိုင်နားကုန်း ပေါ်မှာနေကြ၏။
၂ ထိုအခါ ဥပမာစကားအားဖြင့် များစွာသောဆုံးမသြဝါဒကိုပေး၍ မြွက်ဆိုတော် မူသည်မှာ၊
၃ နားထောင်ကြလော့။ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှါ ထွက်သွား၏။
၎ အစေ့ကိုကြဲ သည်တွင် အချို့သောအစေ့တို့သည် လမ်း၌ကျသဖြင့်၊ မိုဃ်းကောင်းကင်ငှက်တို့သည် လာ၍ကောက်စား ကြ၏။
၅ အချို့သော အစေ့တို့သည် မြေနည်း၍ ကျောက်ပေါများသောအရပ်၌ ကျသဖြင့်၊ မြေတိမ်သောကြောင့် ချက်ချင်းအပင် ပေါက်သော်လည်း၊
၆ နေထွက်သောအခါ ပူလောင်သည်ဖြစ်၍ အမြစ်မစွဲသောကြောင့် ညှိုးနွမ်း ပျက်ဆီးခြင်းသို့ ရောက်ကြ၏။
၇ အချို့သောအစေ့တို့သည် ဆူးပင်တို့တွင်ကျသဖြင့်၊ ဆူးပင်တို့သည် ကြီးပွား၍ ညှင်းဆဲသောကြောင့် အသီးမသီးကြ။
၈ အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ကျသဖြင့်၊ အပင်ပေါက်၍ ကြီးပွားလျှက် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတရာ၊ ပွားများ၍အသီးသီးကြ၏။
၉ ကြားစရာ နားရှိသောသူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။
၁၀ ဆိတ်ကွယ်ရာအရပ်၌ ရှိတော်မူသောအခါ တကျိပ်နှစ်ပါးသောသူတို့နှင် အခြံအရံတော်တို့သည် ထိုဥပမာကိုမေးမြန်းကြလျှင်၊
၁၁ ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော်၏ နက်နဲသောအရာကို သိရသော အခွင့်ရှိကြ၏။
၁၂ ပြင်၌ရှိသော ထိုသူတို့မူကား၊ မြင်လျက်ပင် အာရုံမပြုဘဲမြင်၍၊ ကြားလျက်ပင် အနက်ကိုနား မလည်ဘဲကြားသဖြင့်၊ သူတို့အကျင့်မပြောင်းလဲ၊ အပြစ်မလွှတ်ရသည်တိုင်အောင် သူတို့အား ဟောသမျှကို ဥပမာအားဖြင့်ဟောရ၏။
၁၃ သင်တို့သည် ဤဥပမာကိုမျှနားမလည်လျှင်၊ ဥပမာရှိသမျှတို့ကို အဘယ်သို့နား လည်ကြမည်နည်း။
၁၄ မျိုးစေ့ကြဲသောသူသည် တရားစကားကိုကြဲ၏။
၁၅ တရားစကားကို လမ်း၌ကြဲခြင်း အကြောင်းအရာကား၊ တရားစကားကိုကြားသည်ရှိသော်၊ စာတန်သည်ချက်ခြင်းလာ၍ နှလုံး၌ကြဲသော တရား စကားကို နှုတ်ယူတတ်သည်ဟု ဆိုလိုသတည်း။
၁၆ ကျောက်ပေါသောအရပ်၌ ကြဲခြင်း အကြောင်းအရာကား၊ တရားစကားကိုကြား၍ ဝမ်းမြောက်သောစိတ်နှင့် ချက်ခြင်းခံယူသော်လည်း၊
၁၇ စိတ်နှလုံး၌ အမြစ်မစွဲ ခဏသာ တည်သဖြင့် တရားစကားကြောင့် အမှုအခင်းနှင့် ညှင်းဆဲခြင်းကိုခံရသောအခါ ချက်ခြင်း ဖောက်ပြန်တတ်သည်ဟု ဆိုလိုသတည်း။
၁၈ ဆူးပင်တို့တွင် ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကို ကြား၍၊
၁၉ လောကီအမှု၌ စိုးရိမ်ခြင်း၊ စည်းစိမ်ဥစ္စာ၏လှည့်စားခြင်း၊ ကြွင်းသောအရာကို တပ်မက်ခြင်းစိတ်တို့သည် တရားစကားကို လွှမ်းမိုးညှင်းဆဲ တတ်သောအကြောင့် အသီးမသီးနိုင်ဟု ဆိုသတည်း။
၂၀ ကောင်းသေမြေ၌ ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကိုကြား၍ ခံယူသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတရာပွားများ၍ အသီးသီးတတ်သည်ဟု ဆိုလိုသတည်း။