Saturday, 30 June 2018

30-JUN-2018 (READING -ORD12-YB-C2)

Sat the 30th:     Optional memorial of First martyrs of the Church in Rome.
Lam 2:2-19; Ps 74:1-21; Matt 8:5-17

ယေရမိမြည်တမ်းစကား အခန်းကြီး ၂ (Lam 2:2-19);

၂ ထာဝရဘုရားသည် သနားခြင်းမရှိဘဲ၊ ယာကုပ်အမျိုး၏ နေရာအရပ်ရှိသမျှ တို့ကို မျိုတော်မူပြီ။  အမျက်တော်ထွက်သဖြင့် ယုဒသတို့သမီး ၏ရဲတိုက်တို့ကို မြေတိုင်အောင်ဖြိုဖျက်၍၊ နိုင်ငံတော်နှင့် မင်းသားတို့ကို ရှုတ်ချတော်မူပြီ။
၃ ပြင်းစွာ အမျက်တော်ထွက်၍ ဣသရေလ၏ ဦးချိုရှိသမျှတို့ကို ဖြတ်တော်မူပြီ။ ရန်သူရှေ့မှာ လက်ရုံးတော်ကို ရုပ်သိမ်းတော်မူပြီ။ အရပ်ရပ်လောင်သော မီးတောက်ကဲ့သို့ ယာကုပ်အမျိုးကို လောက်စေတော်မူပြီ။
၎ ရန်သူကဲ့သို့ လေးကို တင်လျက်၊ ရန်ဘက်ပြုသောသူကဲ့သို့ လက်ျာလက်ကို ချီကြွလျက်၊ တင့်တယ်ခြင်းအသရေရှိသော၊ သူအပေါင်းတို့ကို သတ်တော်မူပြီ။ ဇိအုန်သတို့သမီး၏ နေရာတဲပေါ်မှာ မီးကဲ့သို့သော အမျက်ကို သွန်းလောင်းတော်မူပြီ၊၊
၅ ထာဝရဘုရားသည် ရန်ဘက်ပြု၍ ဣသရေလအမျိုးကိုင်း၊ ဘုံဗိမာန်အပေါင်းတို့ ကိုင်း ဝါးမျိုတော်မူပြီ။ ရဲတိုက်တို့ကိုဖြိုဖျက်တော်မူပြီ။ ယုဒသတို့သမီး ငိုကြွေးမြည်တမ်းသော အကြောင်းတို့ကို များပြားစေတော်မူပြီ။
၆ င်းတော်ကို တောင်ယာခြံကဲ့သို့ အမှတ်ပြု၍ ချိုးဖျက်တော်မူပြီ။ မိမိပွဲသဘင်တော်ကို ဖျက်ဆီး တော်မူပြီ။ ဇိအုန်မြို့၌ ခံသော ဓမ္မပွဲနေ့၊ ဥပုသ်နေ့ တို့ကို ထာဝရဘုရား မေ့စေတော်မူပြီ။ အမျက်တော်အရှိန်ပြင်း၍ ရှင်ဘုရင်နှင့် ယဇ်ပုရောဟိတ်ကို မရှုမမှတ်ပြုတော်မူပြီ။
၇ ထာဝရဘုရားသည် မိမိယဇ်ပလ္လင်တော်ကို ပယ်တော်မူပြီ၊မိမိသန့်ရှင်းရာ ဌာနတော်ကို စက်ဆုပ်တော်မူပြီ။ ဘုံဗိမာန်တော်ကို ရန်သူလက်သို့ အပ်တော်မူသဖြင့် ပွဲသဘင်ခံ သောနေ့၌ အသံပြုသကဲ့သို့၊  ရန်သူတို့သည် ထာဝရဘုရား၏ အိမ်တော်၌ အသံပြုကြပြ။
၈ ထာဝရဘုရားသည် ဇိအုန်သတို့သမီး၏ မြို့ရိုးကိုဖြိုဖျက်မည်ဟု အကြံတော်ရှိသည်အတိုင်း ကြိုးကိုတန်း၍ အစဉ်ဖြိုဖျက်တော်မူသဖြင့် အတွင်းမြို့ရိုးနှင့် ပြင်မြို့ရိုးတို့သည် အတူညည်းတွား၍ ငိုကြွေးမြည်တမ်းရမည် အကြောင်းပြုတော်မူပြ။
၉ တံခါးရွက်တို့ သည် မြေ၌ မြုပ်လျက်ရှိကြ၏။ ကန့်လန်ကျင်တို့ကို ချိုးဖဲ့တော်မူပြီ။ ရှင်ဘုရင်နှင့် မင်းသားတို့သည် သာသနာပလူတို့ တွင် နေရကြ၏။ တရားတော်မရ။ ပရောဖက်တို့သည် ထာဝရဘုရား၏ ဗျာဒိတ်တော်ကို မခံမရကြ။
၁၀ ဇိအုန်သတို့ သမီး၏ အသက်ကြီးသောသူတို့သည် မြေမှုန့်ကို မိမိတို့ ခေါင်းပေါ်မှာ ပစ်တင်လျက် လျှော်တေအဝတ်ကို ဝတ်စည်း လျက် မြေပေါ်မှာ ထိုင်၍ တိတ်ဆိတ်စွာ နေကြ၏။ ယေရုရှလင်မြို့သူကညာတို့သည် ခေါင်းကိုငိုက်ဆိုက်ညွှတ်လျက် နေကြ၏။
၁၁ ငါ၏ လူမျိုးသတို့သမီးပျက်စီးသောကြောင့်၊ ငါသည် မျက်ရည်ကျ၍ မျက်စိပျက်လေပြီ။ ဝမ်း၌ ဆူလှိုက်ခြင်း ရှိ၍ အသည်းလည်း မြေပေါ်မှာ သွန်းလျက်ရှိ၏။ အကြောင်းမူကား၊ သူငယ်နှင့် နို့စို့ကလေးတို့သည် မြို့လမ်း၌ အားပျက်လျက် နေကြ၏၊၊
၁၂ သူတို့ကလည်း ဆန်စပါးနှင့်စပျစ်ရည်သည် အဘယ်မှာ ရှိသနည်းဟု ရန်သူညဉ်းဆဲသော သူကဲ့သို့ မြို့လမ်း၌ အားပျက်လျက်၊ အမိရင်ခွင်၌ မိမိအသက်ကိုသွန်းလျက်၊ အမိကို မေးတတ်ကြသည်တကား။
၁၃ အိုယေရုရှလင်သတို့သမီး၊ သင်၏အမှု၌အဘယ်သက်သေကို ငါပြရမည်နည်း။ အိုဇိအုန် သတို့သမီးကညာ သင့်ကို နှစ်သိမ့်စေခြင်းငှါ၊ သင်နှင့်အဘယ်သူကိုငါခိုင်းနှိုင်းရမည်နည်း။ သင်၏ ပြိုပျက်ရာသည် သမုဒ္ဒရာကဲ့သို့ ကျယ်သောကြောင့် အဘယ်သူပြုပြင်နိုင်သနည်း၊၊
၁၄ သင်၏ ပရောဖက်တို့သည် အချည်းနှီးသောအရာ မိုက်သောအရာတို့ ကို သင့်အဘို့မြင်ကြပြီ။ သိမ်းသွားချုပ်ထား သောအမှုကိုပြေစေခြင်းငှါ၊ သင်၏အပြစ်ကို မဘော်ပြဘဲ မှားသောရှုပါရုံ၊လမ်းလွဲစရာအရာကို သင့်အဘို့မြင်ကြပြီ၊၊
၁၅ လမ်း၌ ရှောက်သွားသမျှသောသူတို့က ဂုဏ်သရေအထွဋိ မြေတပြင်လုံး ရွှင်လန်းရာ ဘွဲ့ရှိသော မြို့ကား ဤမြို့လောဟု ယေရုရှလင်သတို့သမီးးကို လက်ခုတ်တီးလျက်၊ ကဲ့ရဲ့သံကိုပြုလျက်၊  ခေါင်းကိုညိတ်လျက် မေးတတ်ကြ၏။
၁၆ သင်၏ ရန်သူအပေါင်းတို့သည် သင့်တဘက်၌ နှုတ်ကို ဖွင့်ကြ၏။ ငါတို့သည် သူ့ကို မျိုပြီ၊၊ အကယ်စင်စစ် ဤသည်နေ့ကား၊ ငါတို့မြော်လင့်ခဲ့ပြီးသောနေ့ ဖြစ်၏၊၊ ငါတို့တွေ့မြင်ရပြီဟု ကဲ့ရဲ့သံကို ပြုလျက် အံ့သွားကို ခဲကြိတ်လျက် ဆိုကြ၏၊၊
၁၇ ထာဝရဘုရားသည် ကြံစည်သောအမှုကို ပြုတော်မူပြီ။ ရှေးကာလ၌ မိန့်တော်မူသော စကားတော်ကို ပြည့်စုံစေတော်မူပြီ၊၊ မနှမြောဘဲ ဖြိုဖျက်တော်မူပြီ။ ရန်သူသည် သင်၏အပေါ်မှာ ဝမ်းမြောက်ရသောအခွင့်ကို ပေး၍၊ ရန်သူ၏ ဦးချိုကို ချီးမြ‡င့်တော်မူပြီ။
၁၈ သူတို့သည် စိတ်နှလုံးထဲက ထာဝရဘုရား ကို အော်ဟစ်ကြ၏။  အိုဇိအုန်သတို့သမီး၏  မြို့ရိုး၊ သင်၏ မျက်ရည်သည် မြစ်ရေစီးသကဲ့သို့ နေ့ညဥ့်မပြတ် စီးစေ လော့။ ကိုယ်ကို မငြိမ်းစေနှင်။ သင်၏ မျက်ဆန်ကိုလည်း မငြိမ်းစေနှင်။
၁၉ ညဦးယံအချိန်၌ ထ၍ အော်ဟစ်လော။ ထာဝရဘုရား၏ မျက်နှာတော်ရှေ့မှာ သင်၏ နှလုံးကို ရေကဲ့သို့ သွန်းလောင်းလော့။ ငတ်မွတ်၍ ခပ်သိမ်းသော လမ်းဝမှာ အားပျက် လျက်နေသောသင်၏ သူငယ်တို့ကို အသက်ချမ်းသာစေခြင်းငှါ၊ အထံတော်သို့ သင်၏ လက်ကို ချီဆန့်လော့။

ဆာလံကျမ်း အခန်းကြီး ၇၄ (Ps 74:1-21);

၁ အိုဘုရားသခင်၊ အကျွန်ုပ်တို့ကို အဘယ်ကြောင့် အစဉ်စွန့်ပစ် တော်မူသနည်း။ ကိုယ်တော်ထံမှာ ကျက်စား သော သိုးတို့ကို  အဘယ်ကြောင့်အမျက်ထွက်တော်မူသနည်း။
၂ ရှေးကအပိုင် ရတော်မူသော လူအစည်းအဝေးကို ၎င်း၊ ရွေးတော်မူသော အမွေတော်အဘို့ကို၎င်း၊ ကျိန်းဝပ်တော်မူရာ ဇိအုန်တောင်ကို၎င်း အောက်မေ့တော်မူပါ။
၃ သန့်ရှင်းရာဌာန၌ ရန်သူသည် မတရားသဖြင့် ပြု၍၊ အမြဲသုတ်သင် ပယ်ရှင်းရာ အရပ်သို့ ကြွတော်မူပါ။ 
၎ ကိုယ်တော်၏ လူစည်ဝေးရာ အရပ်၌ ရန်သူတို့သည် အော်ဟစ်ကြပါ၏။ လက္ခဏာသက်သေတော်အရာ၌ သူတို့လက္ခဏာ သက် သေတို့ကို ထားကြပါပြီ။
၅ လိမ္မာသောသူသည် ထူထပ်သောတောကို ပုဆိန်နှင့်  ခုတ်သကဲ့သို့၊
၆ ယခုတွင် ဗိမာန်တော်တန်ဆာများကိုပုဆိန်၊  သံတူနှင့် တပြိုင်နက် ရိုက်ချိုးကြပါ၏။
၇ သန့်ရှင်းရာဌာနတော်ကို မီးရှို့ကြပါ၏။ နာမတော်ကျိန်းဝပ်ရာ တဲတော်ကို မြေတိုင်အောင် ရှုတ်ချကြပါ၏။ 
၈ ဤအမျိုးသား အပေါင်းတို့ကိုအတူ ဖျက်စီးကြကုန် အံ့ဟုဆို၍၊ မြေတပြင်လုံးတွင် ဘုရားသခင်၏ တရားစရပ်တို့ကို မီးရှို့ကြပါ၏။
၉ အကျွန်ုပ်တို့သည် ကိုယ်လက္ခဏာ သက်သေများကို မမြင်ရပါ။ ပရောဖက်သည်တဖန်မပေါ် မရှိပါ။အကျွန်ုပ်တို့တွင် ကာလအပိုင်းအခြားကို သိသော သူမရှိပါ။
၁၀ အိုဘုရားသခင်၊ ရန်သူသည် အဘယ်မျှကာလပတ်လုံး ကဲ့ရဲ့ပါလိမ့်မည်နည်း။ ရန်ဘက်ပြုသောသူသည် နာမတော်ကို အစဉ်မထီမဲ့မြင် ပြုရပါမည်လော။
၁၁ လက်ျာလက်တော်ကို အဘယ်ကြောင့် ရုပ်သိမ်းတော်မူသနည်း။ ရင်ခွင်တော်ထဲက     ထုတ်၍ ဖျက်ဆီးတော်မူပါ။
၁၂ အကယ်စင်စစ်ဘုရားသခင်သည် ရှေးကာလမှစ၍၊ ကယ်တင် တော်မူ ခြင်းကို မြေအလယ်၌ ပြုသောငါတို့၏ ရှင်ဘုရင်ဖြစ်တော်မူ၏။
၁၃ ကိုယ်တော်သည် တန်ခိုးတော် အားဖြင့် ပင်လယ်ကို ခွဲတော်မူပြီ။ ရေထဲမှာ မိကျောင်းတို့၏ ဦးခေါင်းတို့ကို ချိုးတော်မူပြီ။ 
၁၄ လဝိသန်၏ ဦးခေါင်းတို့ကို  နှိပ်စက်၍ တောတွင်း သားတို့ စားစရာဘို့ အပ်ပေးတော်မူပြီ။
၁၅ စမ်းရေ နှင့် ချောင်းရေကို ပေါက်စေတော်မူပြီ။ ရေမပြတ်သော မြစ်တို့ကို လည်း ခန်ခြောက်စေတော် မူပြီ။
၁၆ နေ့နှင့် ညဥ့်ကို ပိုင်တော်မူ၏။ နေမှ စ၍  အလင်းအိမ်တို့ကို ဖန်ဆင်း တော်မူပြီ။
၁၇ မြေကြီး၏ အကန့်အကွက် ရှိသမျှတို့ကို၎င်း၊ နွေ ကာလနှင့် ဆောင်းကာလကို၎င်း စီရင်တော်မူပြီ။
၁၈ ရန်သူတို့သည် ထာဝရဘုရားကိုကဲ့ရဲ့၍၊ လူမိုက်တို့သည် နာမတော်အား မထီမဲ့မြင်ပြုကြသည်ကို အောက်မေ့ တော်မူပါ။
၁၉ ကိုယ်တော်၏ ချိုးငှက်အသက်ကို သားရဲ၌ အပ်တော်မမူပါနှင့် ။ ကိုယ်တော်၏ ဆင်းရဲသားတို့ အစည်း အဝေးကို အစဉ်မေ့လျော့ တော်မမူပါနှင့်။
၂၀ ပဋိညာဉ်တော်ကို ထောက်တော်မူပါ။ အကြောင်းမူကား၊ မြေကြီးပေါ်မှာ မှောင်မိုက်သော အရပ်တို့သည် လုယူညှဉ်းဆဲခြင်းနေရာ သက်သက်ဖြစ်ကြပါ၏။
၂၁ နှိပ်စက်ခြင်းကို ခံရသော သူတို့သည် စိတ်ပျက်၍ မသွားကြပါစေနှင့်။ ဆင်းရဲငတ်မွတ်သောသူတို့သည် နာမတော်ကို ချီးမွမ်းကြပါစေသော။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၈ (Matt 8:5-17);

၅  ထိုနောက်မှ ကပေရနောင်မြို့သို့ကြွဝင်တော်မူလျှင်၊ တပ်မှူးတယေက်သည်အထံတော်သို့လာ၍၊
၆ သခင်၊ ကျွန်တော်၏ငယ်သားတယောက်သည် လက်ခြေသေသည်အနာနှင့်ပြင်းစွာ ခံရ၍အိမ်တွင်တုံးလုံး နေပါသည်ဟု တောင်းပန်လေ၏။
၇ ယေရှုကလည်း ငါလာ၍ချမ်းသာပေးမည်ဟုမိန့်တော်မူလျှင်၊
၈ တပ်မှူးက၊ သခင်၊ ကျွန်တော်၏ အိမ်မိုးအောက်သို့ကြွဝင်တော်မူခြင်းကျေးဇူးတော်ကိုကျွန်တော်မခံထိုက်ပါ။ အမိန့်တော်တခွန်းရှိလျှင် ကျွန်တော်၏ ငယ်သားသည်ချမ်းသာရပါလိမ့်မည်။
၉ ဥပမာကား၊ ကျွန်တော်သည် မင်းအောက်၌ကျွန်ခံသောသူဖြစ်သော်လည်း၊ စစ်သူရဲများကိုအုပ်စိုး၍၊ တဦးကိုသွားချေဟုဆိုလျှင်သွားပါ၏။ တဦးကိုလာခဲ့ဟုဆိုလျှင်လာပါ၏။ ကျွန်ကိုလည်း ဤအမှုကိုလုပ်တော့ဟုဆိုလျှင်လုပ်ပါ၏ ဟုတပ်မှူး လျှောက်လေ၏။
၁၀ ထိုစကားကိုယေရှုသည်ကြားလျှင်အံ့သြခြင်း ရှိ၍၊ငါအမှန်ဆိုသည်ကား၊ ဤမျှလောက် သော ယုံကြည်ခြင်းကို ဣသရေလအမျိုး၌ပင်ငါမတွေ့ဘူးသေး။
၁၁ ငါဆိုပြန်သည် ကား၊လူများတို့သည်၊ အရှေ့အရပ်၊ အနောက်အရပ်မှလာ၍၊ ကောင်းကင်နိုင်ငံတော်၌အာဗြဟံ၊ ဣဇာက်၊ ယာကုပ် တို့နှင့်တကွလျောင်းရကြလတံ့၊
၁၂ နိုင်ငံတော်သားတို့သည်လည်းငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ် မှောင်မိုက်ထဲသို့ နှင်ချခြင်းကိုခံရကြလတံ့ဟု နောက်တော်သို့လိုက်သောသူတို့အားမိန့်တော်မူပြီးမှ၊
၁၃ တပ်မှူးအား သင်သွားလော့။ ယုံကြည်သည်နှင့်အညီသင်၌ဖြစ်စေဟုမိန့်တော်မူ၏။ ထိုခဏခြင်းတွင်သူ၏ ငယ်သားသည် အနာ ရောဂါကင်း၍သက်သာခြင်းသို့ရောက်လေ၏။
၁၄ ထိုနောက်မှယေရှုသည် ပေတရုအိမ်သို့ကြွ၍ ပေတရု၏ယောက္ခမသည်ဖျားနာ စွဲလျက်တုံးလုံး နေသည်ကို တွေ့မြင်တော်မူ၏။
၁၅ ထိုမိန်းမ၏လက်ကိုတို့တော်မူလျှင်၊ သူသည်အဖျားပျောက်သဖြင့်ထ၍ ဧည့်သည်ဝတ်ကိုပြု လေ၏။
၁၆ ညဦးယံ၌ နတ်ဆိုးစွဲသောသူအများတို့ကို အထံတော်သို့ဆောင်ခဲ့၍ နှုတ်တော်မြွက်ကာမျှနှင့် ထိုနတ် တို့ကိုနှင်ထုတ်တော်မူ၏။ နာသောသူရှိသမျှတို့ကိုသက်သာစေတော်မူ၏။
၁၇ ထိုအကြောင်း အရာမူကား၊ သူသည် အကျွန်ုပ်တို့အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေသည်ဟု ပရောဖက်ဟေရှာယဟောဘူးသော စကား ပြည့်စုံမည်အကြောင်းဖြစ်သတည်း။

Friday, 29 June 2018

29-JUN-2018 (READING -ORD12-YB-C2)

Fri the 29th:     Solemnity of Peter and Paul, apostles.
Acts 12:1-11; Ps 34:1-9; 2 Tim 4:6-18; Matt 16:13-19

တမန်တော်ဝတ္ထု အခန်းကြီး ၁၂ (Acts 12:1-11);

၁ ထိုအခါ ဟေရုဒ်မင်းကြီးသည် သင်းဝင်သူအချို့တို့ကို ညှင်းဆဲခြင်းငှါစီရင်၍၊
၂ ယောဟန်၏အစ်ကိုဖြစ် သော ယာကုပ်ကို ထားနှင့်ကွပ်မျက်လေ၏။
၃ ယုဒလူတို့သည် အားရဝမ်းမြောက်ခြင်းရှိသည်ကို မြင်လျှင်၊ အဇုမပွဲနေ့ရက်တို့၌ တဖန်ထပ်၍၊
၎ ပေတရုကိုလည်း ဘမ်းဆီးပြီးမှ ပသခါပွဲလွန်လျှင် လူများတို့အား ထုတ်ပေးမည်အကြံနှင့် အစောင့်အရှောက်စစ်သူရဲတကျိန်ခြောက်ယောက်တို့၌ အပ်၍ ထောင်ထဲမှာလှောင်ထားလေ၏။
၅ ပေတရုသည် ထောင်ထဲ၌ အကျဉ်းနေရစဉ်၊ သင်းဝင်သူတို့သည် သူ့အဘို့ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်း ပဌနာပြုကြ၏။
၆ ပေတရုသည် ဟေရုဒ်မင်းထုတ်ခါနီး၊ ညဥ့်အချိန်တွင် သံကြိုးနှစ်စင်းနှင့်ချည်နှောင်ခြင်းကို ခံရလျက်၊ စစ်သူရဲနှစ်ယောက်တို့အလယ်၌ အိပ်ပျော်၍၊ အစောင့်များတို့သည် ထောင်တံခါးရှေ့မှာ စောင့်နေကြ၏။
၇ ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ပေါ်လာလျှင် ထောင်အိမ်၌ အလင်းထွန်းတောက်လေ၏။ ကောင်း ကင်တမန်သည် ပေတရု၏နံဖေးကိုပုတ်ခတ်၍၊ အလျင်အမြန်ထလော့ဟုဆိုလျက် ထစေ၏။ သံကြိုးသည်လည်း ပေတရုလက်မှ ကျွတ်လေ၏။
၈ ကောင်းကင်တမန်ကလည်း၊ သင်၏ခါးပန်းကိုစည်းလော့။ ခြေနင်းကိုလည်း စီးလော့ဟုဆိုလျှင်၊ ဆိုသည်အတိုင်း ပေတရုပြု၏။ ဝတ်လုံကိုခြုံ၍ ငါ့နောက်သို့လိုက်လော့ဟု ဆိုပြန်၏။
၉ ပေတရုသည် ထွက်၍လိုက်သော်လည်း၊ ကောင်းကင်တမန်ပြုသမျှတို့သည် မှန်သောအမှုအရာဖြစ်သည်ဟု မသိမမှတ်ဘဲ၊ မိမိသည် ဗျာဒိတ်ရူပါရုံကို မြင်သည်ဟုထင်လေ၏။
၁၀ လူစောင့်နှစ်တန်ကို လွန်သွား၍ မြို့ထဲသို့ ဝင်သောသံတံခါးသို့ရောက်လျှင်၊ ထိုတံခါးသည် အလိုလိုပွင့်သဖြင့် သူတို့သည် ထွက်၍လမ်းတကြောင်း၌ ရှောက်သွားပြီးမှ၊ ကောင်းကင်တမန်သည် ချက်ခြင်းပေတရုမှ ခွာ၍သွားလေ၏။
၁၁ ပေတရုသည် သတိရလျှင်၊ ယခုပင်သခင်ဘုရားသည် မိမိကောင်းကင်တမန်ကို စေလွှတ်၍ ဟေရုဒ် မင်းလက်မှ၎င်း၊ ယုဒလူတို့၏ မျှော်လင့်ခြင်းမှ၎င်း၊ ငါ့ကိုကယ်နှုတ်တော်မူသည်ကို ငါအမှန်သိ၏ဟု အောက်မေ့စဉ်၊
၁၂ လူများအစုအဝေး၌ ဆုတောင်းရာ၊ မာကုအမည်သစ်ကိုရသော ယောဟန်၏အမိဖြစ်သော မာရိ၏အိမ်သို့ ရောက်၍၊
၁၃ အိမ်ဦးတံခါးကို ခေါက်လေသော်၊ ရောဒေအမည်ရှိသော မိန်းမငယ်တယောက်သည် နားထောင် ခြင်းငှါလာ၍၊
၁၄ ပေတရု၏စကားသံကိုသိလျှင်၊ ဝမ်းမြောက်သောအားဖြင့် တံခါးကိုမဖွင့်ဘဲ အထဲသို့ပြေးဝင်၍၊ ပေတရုသည် တံခါးရှေ့မှာ ရပ်နေသည်ဟု ကြားပြော၏။

ဆာလံကျမ်း အခန်းကြီး ၃၄ (Ps 34:1-9);


၁ ဒါဝိဒ်သည်အဘိမလက်မင်း ရှေ့မှာထူခြားသော အခြင်းအရာကို ပြုသဖြင့်နှင်ထုတ် ခြင်းကိုခံရ၍ထွက်သွားသောအခါ စပ်ဆိုသောဆာလံ၊၊ ငါသည် ခပ်သိမ်းသော ကာလတို့၌ ထာဝရ ဘုရားကို ကောင်းချီးပေးမည်။ ဂုဏ်ကျေးဇူးတော်ကို အစဉ် မပြက် မြွက်ဆိုမည်။
၂ ငါ့ဝိညာဉ် သည် ထာဝရဘုရားကို အမှီပြု၍ ဝါကြွားခြင်းကို ပြုမည်။ နှိမ့်ချလျက်ရှိသော သူတို့သည် ကြားသိ၍ ဝမ်းမြောက်ကြပါစေသော။
၃ ငါ့နှင့်အတူ ထာဝရဘုရားကို ချီးမွမ်းကြလော့။ နာမတော်ကို တညီတညွတ်တည်းချီး မြှောက်ကြကုန်အံ့။
၎ ငါသည် ထာဝရဘုရားကို ရှာသောအခါ နားထောင်တော်မူ၏။ ကြောက် မက်ဖွယ်သော အကြောင်းအလုံးစုံတို့ အထဲက ငါ့ကို ကယ်နှုတ်တော်မူ၏။ 
၅ ထာဝရဘုရားကို မျှော်ကြည့်ကြလော့။ အလင်းကို ရကြလိမ့်မည်။ မျက်နှာ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။
၆ ဤဆင်းရဲသောသူ၏ အော်ဟစ်ခြင်း အသံကို ထာဝရဘုရားသည် နားထောင်၍၊ ခပ်သိမ်းသော ဆင်းရဲထဲက ကယ်လွတ်တော်မူ၏။
၇ ထာဝရဘုရားကို ကြောက်ရွံ့သော  သူတို့ပတ်လည်၌ ကောင်းကင်တမန်တော်တို့သည် တပ်ချ၍ ကယ်လွှတ်တတ်ကြ၏။ 
၈ ထာဝရ ဘုရားသည် ကောင်းမြတ်တော်မူသည် အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့။ ကိုယ်တော်ကို ခိုလှုံသော သူသည် မင်္ဂလာရှိ၏။
၉ ထာဝရဘုရား၏ သန့်ရှင်းသူတို့၊ ထာဝရဘုရားကို ကြောက်ရွံ့ကြလော့။ ကြောက်ရွံ့သော သူတို့၌ ဆင်းရဲခြင်းမရှိရာ။

တိမောသေသြဝါဒစာဒုတိယစောင် အခန်းကြီး ၄ (2 Tim 4:6-18);


၆ အကြောင်းမူကား၊ ငါ့ကိုယဇ်ပေါ်မှာ လောင်းရသော အချိန်ရှိပြီ။ စုတေ့ရသော အချိန်ရောက်လေပြီ။
၇ ကောင်းစွာသောတိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကိုစောင့်ရှောက်ပြီ။
၈ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင်သောသူတည်းဟူသော သခင်ဘုရားသည် ထိုသရဖူကိုငါ၌ အပ်ပေးတော်မူမည်။ ထိုမျှမက၊ ပေါ်ထွန်း တော်မူခြင်းကို တောင့်တသောသူအပေါင်းတို့၌ လည်းအပ်ပေးတော်မူမည်။
၉-၁၀ ငါ့ထံသို့မြန်မြန်လာခြင်းငှါ ကြိုးစားလော့။ အကြောင်းမူကား၊ ဒေမသည် ယခုဘဝကိုနှစ်သက်သော စိတ်ရှိ သည်နှင့် ငါ့ကိုစွန်ပစ်၍၊ သက်သာလောနိတ်မြို့သို့သွားပြီ။ ကရက္ကေသည် ဂလာတိပြည်သို့၎င်း၊ တိတုသည် ဒါလမာ တိပြည်သို့၎င်းသွားပြီ။
၁ ကိုယ်တော်တိုင် ပေါ်ထွန်း၍ နိုင်ငံတော်ထင်ရှားသောကာလ၊ အသက်ရှင်သောသူ၊ သေသောသူတို့ကိုစစ် ကြောစီရင်တော်မူသော သခင်ယေရှုခရစ်ရှေ့မှာ၎င်း၊ ဘုရားသခင့်ရှေ့မှာ၎င်း၊ ငါသည်သင့်ကိုသစ္စာပေးသည်ကား၊
၁၁ လုကာတယောက်တည်းသားငါ့ထံမှာရှိ၏။ မာကုကိုသင်နှင့်အတူ ခေါ်ခဲ့လော့။ သူသည် ဆရာအမှုကိုပြုရာမှာ ငါအကျိုးရှိ၏။
၁၂ တုခိတ်ကိုလည်းဧဖက်မြို့သို့ စေလွှတ်ပြီ။
၁၃ တရောမြို့တွင် ကာပုလက်၌ ငါထားခဲ့သော ဝတ်လုံကို၎င်း၊ စာစောင်ကို၎င်း၊ အထူးသဖြင့်သားရေစာကို၎င်း၊ သင်သည်လာသော အခါယူခဲ့လော့။
၁၄ ပန်းတိမ်သမားအာလေဇန္ဒြုသည် ငါ၌ မကောင်းသောအမှုများကိုပြုလောပြီ။ ထိုသူကျင့်သော အကျင့်တို့၏ အကျိုးအပြစ်ကိုသခင်ဘုရားဆပ်ပေးတော်မူပါစေသော။
၁၅ သူ့ကိုသတိပြုလော့။ ငါတို့စကားကို အလွန်ငြင်းလေပြီ။
၁၆ ပဌမအချိန်၌ အပြစ်တင်ခွင့်ကို ဖြေ၍ငါသည်အစီရင်ခံရသောအခါ၊ ငါ့ဘက်၌အဘယ်သူမျှ မနေ။ လူအပေါင်းတို့သည် ငါ့ကိုစွန်ပစ်ကြ၏။
၁၇ သူတို့၌ အပြစ်တင်တော်မမူပါစေနှင့်။ လူအပေါင်းတို့သည် စွန့်ပစ်ကြသော်လည်း၊ ဒေသနာတော် ကိုအကုန်အစင်ဟောပြော၍၊ ခပ်သိမ်းသောလူမျိုးတို့သည် ကြားသိစေခြင်း ငှါ၊ သခင်ဘုရားသည်ငါ့ဘက်၌နေ၍ ငါ့ကိုခွန်အားနှင့် ပြည့်စုံစေတော်မူသောကြောင့်၊ ခြင်္သေ့ခံတွင်းမှ ကယ်နှုတ်ခြင်းချမ်းသာကိုငါရ၏။
၁၈ ထိုမျှမက၊ သခင်ဘုရားသည်မကောင်သောအမှုရှိသမျှတို့မှ ငါ့ကိုကယ်နှုတ်၍၊ မိမိကောင်းကင်နိုင်ငံတော်သို့ တိုင်အောင်မစပို့ ဆောင်တော်မူလိမ့်မည်။ ထိုသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၆ (Matt 16:13-19);

၁၃ ယေရှုသည် ဖိလိပ္ပုကဲသရိမြို့၏ ကျေးလက်သို့ကြွတော်မူသောအခါ၊ လူများတို့သည် လူသားဖြစ်သော ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု တပည့်တော်တို့ကို မေးမြန်းတော်မူလျှင်၊
၁၄ လူတချို့က ကိုယ်တော်သည် ဗတ္တိဇံ ဆရာယောဟန်ဖြစ်သည် ဟူ၍၎င်း၊ အချို့က၊ ဧလိယ ဖြစ်သူဟူ၍၎င်း၊ အချို့က ယေရမိမှစ၍ ပယောဖက် တပါးပါးဖြစ်သည် ဟူ၍၎င်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊
၁၅ သင်တို့လည်း ငါ့ကိုအဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊
၁၆ ရှိမုန်ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင် တော်မူသောဘုရားသခင်၏ သားတော်ဖြစ်တော် မူသည်ဟု လျှောက်လေ၏။
၁၇ ယေရှုကလည်း၊ ရှိမုန်ဗာယောန၊ သင်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ အသွေးအသားသည် ဤအကြောင်းအရာကို သင့်အားဘော်ပြသည် မဟုတ်။ ကောင်းကင်ဘုံ၌ရှိ တော်မူသော ငါ့ခမည်းတော်သည် ဘော်ပြတော်မူသတည်း။
၁၈ ငါဆိုသည်ကား၊ သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏တံခါးတို့သည် မနိုင်ရာ။
၁၉ ကောင်းကင်နိုင်ငံတော်၏ သော့တို့ကိုလည်း သင့်အားငါပေးမည်။ သင်သည်မြေကြီးပေါ်မှာ ချည်နှောင် သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျှက်ရှိလိမ့်မည်။ မြေကြီးပေါ်မှာ ဖြည်လွှတ်သမျှသည် ကောင်းကင်ဘုံ၌ ဖြေလွှတ်လျက်ရှိလိမ့်မည်ဟု မိန့်တော်မူ၏။



Thursday, 28 June 2018

28-JUN-2018 (READING -ORD12-YB-C2)

Thu the 28th:     Memorial of Irenaeus, bishop and martyr.
Vigil of Solemnity of Peter and Paul, apostles.
2 Kgs 24:8-17; Ps 79:1-9; John 14:23; Matt 7:21-29
Vigil Readings: Acts 3:1-10; Ps 19:1-5; Gal 1:11-20; John 21:15-19

ဓမ္မရာဇဝင်စတုတ္ထစောင် အခန်းကြီး ၂၄ (2 Kgs 24:8-17);

၈ ထိုမင်းသည် ခမည်းတော်ပြုသမျှ အတိုင်း ထာဝရ ဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
၉ ထိုကာလ၌ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ၏ ကျွန်တို့သည် ယေရုရှလင်မြို့သို့စစ်ချီ၍ ဝိုင်းထားကြ၏။
၁၀ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ကိုယ်တိုင်ရောက်၍၊ သူ၏ကျွန်တို့သည် မြို့ကိုဝိုင်းထားကြသောအခါ၊
၁၁ ယုဒရှင်ဘုရင် ယေခေါနိသည် မယ်တော်မှစသော ကျွန်၊ မှူးမတ်၊ အရာရှိတို့နှင့်တကွ ဗာဗုလုန်ရှင်ဘုရင်ထံသို့ ထွက်၍ ဗာဗုလုန်ရှင်ဘုရင်သည် နန်းစံရှစ်နှစ်တွင် ယုဒရှင်ဘုရင်ကိုရ၏။
၁၂ ထာဝရဘုရား မိန့်တော်မူဘူးသည် အတိုင်း ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာရှိသမျှကို သိမ်းသွား၍၊ ဗိမာန်တော်အဘို့ ဣသရေလရှင်ဘုရင် လုပ်သော ရွှေတန်ဆာအလုံးစုံ တို့ကို အပိုင်းပိုင်းဖြတ်လေ၏။
၁၃ ယေရုရှလင်မြို့သား မှူးမတ်၊ ခွန်အားကြီးသော စစ်သူရဲ တသောင်း၊ အထူးထူးအပြားပြားသော ဆရာသမားအပေါင်းတို့ကို သိမ်းသွား၍၊ သာမညဆင်းရဲသားမှ တပါး အဘယ်သူမျှ မကျန်ကြွင်းရ။
၁၄ ယေခေါနိနှင့် မယ်တော်အစရှိသော မိဖုရားများ၊ အရာရှိများ၊ အားကြီးသောပြည်သူ များအပေါင်း၊
၁၅ စစ်တိုက်ခြင်းငှါ တတ်စွမ်းနိုင်သောသူ ရှိသမျှ၊ ခွန်အားကြီးသောသူ ခုနစ်ထောင်၊ အထူးထူးအပြားပြား သော ဆရာသမားတထောင်တို့ကို ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို လက်ရသိမ်းသွားလေ၏။   
၁၆ ဗာဗုလုန်ရှင်ဘုရင်သည် ယေခေါနိဘထွေးတော် မဿနိကို ဇေဒကိအမည်ဖြင့် မှည့်၍ ယေခေါနိအရာ၌ နန်းတင်၏။
၁၇ ဇေဒကိသည် အသက်နှစ်ဆယ်တနှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်တနှစ်စိုးစံလေ၏။ မယ်တော်ကား၊ လိဗနမြို့သား ယေရမိ၏သမီး ဟာမုဘာလအမည်ရှိ၏။

ဆာလံကျမ်း အခန်းကြီး ၇၉ (Ps 79:1-9);

၁ အိုဘုရားသခင်၊ တပါးအမျိုးသားတို့သည် အမွေတော်ထဲသို့ဝင်ပြီးလျှင်၊ သန့်ရှင်းသော ဗိမာန်တော်ကို ညစ်ညှုးစေ၍၊ ယေရုရှလင်မြို့ကို ဖြိုဖျက်ကြပါပြီ။
၂ ကိုယ်တော်၏ ကျွန်အသေကောင်တို့ကို မိုဃ်းကောင်းကင် ငှက်တို့အား၎င်း၊ ကိုယ်တော်၏ သန့်ရှင်းသူတို့အသားကို တောသားရဲတို့အား၎င်း ကျွေးကြပါပြီ၊
၃ သူတို့အသွေးကိုလည်း ရေကဲ့သို့ ယေရုရှလင်မြို့ပတ်လည်၌ သွန်ကြ၍၊ သဂြိုလ်သော သူလည်းမရှိပါ။
၎ အကျွန်ုပ်တို့ သည် အိမ်နီးချင်းများ ကဲ့ရဲ့ရာ၊ ပတ်ဝန်းကျင်၌နေသော သူများပြက်ယယ်ပြု၍ အရှက်ခွဲရာဖြစ်ကြပါ၏။
၅ အိုထာဝရဘုရား၊ အမျက်တော်သည် အလျှင်းမငြိမ်းဘဲ အဘယ်မျှကာလပတ်လုံး ထွက်ပါမည်နည်း။ အဘယ်မျှကာလပတ်လုံး စိတ်တော်သည်မပြေ၊ မီးကဲ့သို့လောင်ပါမည်နည်း။
၆ ကိုယ်တော်ကို မသိသောတပါး တပါးအမျိုးသားတို့အပေါ်သို့၎င်း၊ နာမတော်ကို ပဌာနာမပြုသော တိုင်းနိုင်ငံသားတို့အပေါ်သို့၎င်း၊ အမျက်တော်ကို သွန်းလောင်းတော်မူပါ။
၇ အကြောင်းမူကား၊ သူတို့သည် ယာကုပ်အမျိုးကို ကိုက်စား၍၊ သူ၏နေရာကိုလည်း သုတ်သင်ပယ်ရှင်းကြပါပြီ။
၈ ရှေးကပြစ်မှားမိသော အပြစ်များကို အကျွန်ုပ်တို့၌ မှတ်တော်မမူပါနှင့်။ အကျွန်ုပ်တို့သည် အလွန်နှိမ့်ချလျက် ရှိပါသည်ဖြစ်၍၊ ကရုဏာတော်သည် အလျှင်အမြန်ကူမပါစေသော။
၉ ကယ်တင်တော်မူသောဘုရား၊ နာမတော်၏ ဂုဏ်ကိုထောက်၍ အကျွန်ုပ်တို့ကို မစတော်မူပါ။ နာမတော်အတွက် ကြောင့်၊ အကျွန်ုပ်တို့ကို နှုတ်ယူ၍ အပြစ်များကို ဖြေရှင်းတော်မူပါ။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄ (John 14:23);

၂၃ ယေရှုကလည်း၊ ငါ့ကိုချစ်သော သူသည် ငါ့စကားကိုနားထောင်လိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကိုချစ်တော်မူသည်။ ငါတို့သည်လည်း သူ့ဆီသို့ကြွ၍ နေရာချမည်။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၇ (Matt 7:21-29);

၂၁ သခင်၊ သခင် ဟုငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင် ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင်ဝင်ရလိမ့်မည်။
၂၂ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့်ဆုံးမသြဝါဒပေးပါပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့်နတ်ဆိုးတို့ကိုနှင် ထုတ်ပါပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့်များစွာသောတန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသောသူတို့ သည်လျှောက်ကြလိမ့်မည်။
၂၃ ထိုသို့လျှောက်ကြသောအခါ သင်တို့ကိုငါအလျှင်းမသိ။ အဓမ္မအမှုကိုပြုသောသူတို့၊ ငါ့ထံမှဖယ်ကြဟု ထိုသူတို့အားအတည့် အလင်းငါပြောမည်။
၂၄ အကြင်သူသည် ငါဟောပြောသောဤစကားကိုကြား၍နားထောင်၏၊ ထိုသူသည်ကျောက်ပေါ်မှာ အိမ် ဆောက်သောပညာရှိနှင့်တူကြောင်းကိုငါပုံပြမည်။
၂၅ မိုဃ်းရွာ၍ရေစီးသည်နှင့် လေလာ၍ထိုအိမ်ကို တိုက်သည်ရှိသော်၊ ကျောက်ပေါ်မှာတည်သောကြောင့် မပြိုမလဲနေ၏။
၂၆ အကြင်သူသည် ငါဟောပြောသော ဤစကားကိုကြား၍ နားမထောင်ဘဲနေ၏၊ ထိုသူသည် သဲပေါ်မှာအိမ်ဆောက်သောလူမိုက်နှင့်တူကြောင်းကို ငါပုံပြမည်။
၂၇ မိုဃ်းရွာ၍ ရေစီးသည်နှင့် လေလာ၍ထိုအိမ်ကိုတိုက်သောအခါ ကြီးစွာသောပြိုလဲခြင်းသို့ ရောက်လေသည်ဟု ဟောတော်မူ၏။
၂၈ ထိုဒေသနာတော်ကို ယေရှုဟောတော်မူသည်အဆုံး၌ ပရိသတ်အပေါင်းတို့သည် ဆုံးမသြဝါဒပေးတော် မူခြင်းကို အလွန်အံ့သြကြ၏။
၂၉ အကြောင်းမူကား၊ ကျမ်းပြုဆရာနည်းတူမဟုတ်၊ အစိုးရသောသူနည်းတူဆုံးမသြ ဝါဒပေးတော်မူ၏။

Vigil Readings:

တမန်တော်ဝတ္ထု အခန်းကြီး ၃ (Acts 3:1-10);

၁ ထိုအခါ ပဌနာပြုရသော သုံးချက်တီးအချိန်၌ ပေတရုနှင့်ယောဟန်တို့သည် ဗိမာန်တော်သို့ တက်ကြ သည်ရှိသော်၊
၂ အမိဝမ်းတွင်းကပင် ခြေမစွမ်းသောသူတယောက်ကို သူတပါးတို့သည် ထမ်းလျက်လာကြ၏။ ဗိမာန်တော်သို့ ဝင်သောသူတို့မှာ စွန့်ကြဲခြင်းကိုခံစေခြင်းငှါ၊ တင့်တယ်အမည်ရှိသော တံခါးနားမှာ ထိုသူကိုထား လေ့ရှိ၏။
၃ ပေတရုနှင့်ယောဟန်တို့သည် ဗိမာန်တော်သို့ ဝင်မည်လာကြသည်ကို ထိုသူသည်မြင်လျှင် စွန့်ကြဲ ပါဟုတောင်းလေ၏။
၎ ထိုအခါ ပေတရုနှင့်ယောဟန်တို့သည် ထိုသူကို စေ့စေ့ကြည့်ရှု၍ ငါတို့အားမျှော်ကြည့် လော့ဟု ဆိုလျှင်၊
၅ ထိုသူသည် တစုံတခုကိုရမည်ဟု စိတ်ထင်နှင့် တမန်တော်တို့ကိုမျှော်ကြည့်လျက်နေ၏။
၆ ပေတရုကလည်း၊ ငါ၌ရွှေငွေမရှိ၊ ရှိသည်အရာကိုသင့်အားပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ထ၍လှမ်းသွားလော့ဟုဆိုလျက်၊
၇ သူ၏လက်ျာလက်ကို ကိုင်ဆွဲချီကြွလေသောခဏချင်းတွင်၊ ခြေနှစ် ဘက်ဖမျက်စိတို့သည် စွမ်းအားကိုရသဖြင့်၊
၈ ရုတ်တရက်ထ၍ မတ်တပ်ရပ်ပြီးလျှင် လှမ်းသွားလေ၏။ သွားလျက်၊ ခုန်လျက် ဘုရားသခင်ကိုချီးမွမ်းလျက်၊ တမန်တော်တို့နှင့်အတူ ဗိမာန်တော်သို့ဝင်လေ၏။
၉ ထိုသို့လှမ်းသွား၍ ဘုရားသခင်အား ချီးမွမ်းသည်ကို လူအပေါင်းတို့သည်မြင်သောအခါ၊
၁၀ ထိုသူသည် ဗိမာန်တော်၏ တင့်တယ် တံခါးနားမှာ စွန့်ကြဲခြင်းကိုခံ၍ ထိုင်နေသောသူဖြစ်သည်ကို သိကြသောကြောင့်၊ သူ၌ဖြစ်သည်အမှုကို အံ့သြ မိန်းမောတွေဝေခြင်းရှိ၍၊
၁၁ ထိုသူသည် ပေတရုနှင့်ယောဟန်ကို အမှီပြုလျက်ရှိရာအရပ်၊ ရှောလမုန်ကနားပြင် အမည်ရှိသော ကနားပြင်သို့ပြေးဝင်ကြ၍ စုဝေးကြ၏။

ဆာလံကျမ်း အခန်းကြီး ၁၉ (Ps 19:1-5);

၁ မိုဃ်းကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော်ကို ကြားပြော၍ မိုဃ်းမျက်နှာကျက်သည် လက်တော်နှင့် လုပ်သောအရာများကို ပြသ၏။
၂ တနေ့ကိုတနေ့မြွက်ဆို၍ တညဥ့်ကိုတညဥ့်သွန်သင်၏။
၃ နှုတ်မြွက် ခြင်း၊စကားပြောခြင်းမရှိ။ သူတို့နှုတ်ထွက်သံကို မကြားရသော်လည်း၊
၎ သူတို့၏အသံသည် မြေတပြင်လုံး၌နှံပြား၍ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင်ရောက်လေ၏၊၊
၅ မိုဃ်းကောင်းကင်တွင် နေဗိမာန်ကို ထားတော်မူသဖြင့် နေသည်အိပ်ခန်းထဲက ထွက်လာသော မင်္ဂလာဆောင်လုလင်ကဲ့သို့ဖြစ်၍ ခွန်အားကြီးသောသူကဲ့သို့ မိမိသွားရာ လမ်းသို့ လိုက်ပြေးမည် ဟုဝမ်းမြောက်လျက်။


ဂလာတိသြဝါဒစာ အခန်းကြီး ၁ (Gal 1:11-20);

၁၁ ညီအစ်ကိုတို့၊ ငါဟောပြောသော ဧဝံဂေလိတရားသည် လူတို့၏တရားမဟုတ်။
၁၂ လူထံမှာ ငါခံရသည် မဟုတ်။ ယေရှုခရစ်၏ ဗျာဒိတ်တော်မှတပါး အခြားသောဥပဒေသကို ငါမခံသည်အကြောင်းကို သင်တို့အား ငါကြားလိုက်၏။
၁၃ အဘယ်သို့နည်းဟူမူကား၊ အထက်ကယုဒဘာသာ၌ နေ၍ ငါကျင့်သောအကျင့်တည်း ဟူသော ဘုရားသခင်၏ အသင်းတော်ကို အတိုင်းထက်အလွန် ညှဉ်းဆဲဖျက်ဆီးကြောင်းကို၎င်း၊
၁၄ ဘိုးဘေးတို့၏လက်မှ ငါခံရသော နည်းဥပဒေသဘက်၌ အထူးသဖြင့် စိတ်အားသန်လျက်၊ ငါ၏လူမျိုးထဲတွင် ငါ့ရွယ်တူချင်းအများတို့ထက် ယုဒဘာသာကို ကျင်လည်လေ့ကျက်ကြောင်းကိုင်း သင်တို့ကြားသိရကြပြီ။
၁၅ သို့သော်လည်း၊ ငါ့ကိုအမိဝမ်းထဲ ကပင် ရွေးချယ်ခွဲထား၍ ကျေးဇူးတော်အားဖြင့် ခေါ်တော်မူသော ဘုရားသခင်သည်၊
၁၆ သားတော်၏ ဧဝံဂေလိတရား ကို တပါးအမျိုးသားတို့၌ ဟောပြောစေမည်အကြောင်း၊ မိမိအလိုတော်နှင့်အညီ သားတော်ကိုငါ့အား ပြတော်မူ သောအခါ၊ ငါသည် အသွေးအသားနှင့် တိုင်ပင်ခြင်းကိုမပြု၊
၁၇ ငါ့အရင် တမန်တော်ဖြစ်နှင့်သော သူတို့ရှိရာ ယေရုရှလင်မြို့သို့လည်းမသွား၊ အာရပ်ပြည်သို့ ချက်ခြင်းသွား၍ တဖန် ဒမာသက်မြို့သို့ ပြန်လေ၏။
၁၈ ထိုနောက် သုံးနှစ်လွန်ပြီးမှ ပေတရုကို အကျွမ်းဝင်လိုသောငှါ၊ ယေရုရှလင်မြို့သို့သွား၍ သူနှင့်အတူ တဆယ့်ငါးရက်နေ၏။
၁၉ သူနှင့်သခင်ဘုရား၏ညီတော် ယာကုပ်မှတပါး အခြားသောတမန်တော်တယောက်ကိုမျှ ငါမတွေ့မမြင်။
၂၀ ဤသို့ သင်တို့အား ငါရေး၍ ကြားလိုက်သည်တွင် မုသာစကားကို ငါမပြောမသုံးဟု ဘုရားသခင့်ရှေ့တော်၌ ငါဆို၏။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၂၁ (John 21:15-19);

၁၅ နံနက်စာကိုစားကြသည်နောက်၊ ယေရှုက၊ ယောန၏သား ရှိမုန်၊ ဤသူတို့သည် ငါ့ကိုချစ် သည်ထက် သင်သည်သာ၍ချစ်သလောဟု ရှိမုန်ပေတရုအားမိန့်တော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ်ချစ် သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်၊ ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့ဟု မိန့်တော်မူ၏။
၁၆ တဖန် ယေရှုက၊ ယောန၏သား ရှိမုန်၊ သင်သည်ငါ့ကိုချစ်သလောဟု ဒုတိယအကြိမ်မေး တော်မူလျှင်၊ ဟုတ်ပါ၏သခင်၊ ကိုယ်တော်ကိုအကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟုလျှောက်သော်၊ ငါ၏သိုးတို့ကိုထိမ်းလော့ဟု မိန့်တော်မူ၏။
၁၇ ယေရှုကလည်း ယောန၏သားရှိမုန်၊ သင်သည်ငါ့ကိုချစ် သလောဟု တတိယအကြိမ်မေးတော်မူလျှင်၊ သင်သည်ငါ့ကိုချစ်သလောဟု သုံးကြိမ်မြောက်အောင် မေးတော်မူသောကြောင့် ပေတရုသည် စိတ်နာသဖြင့်၊ သခင်၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို သိတော်မူ၏။ ကိုယ်တော်ကို ကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော် မူ၏ ဟုလျှောက်သော်၊ ယေရှုက၊ ငါ၏သိုးတို့ကို ကျွေးမွေးလော့။
၁၈ ငါအမှန်အကန်ဆိုသည်ကား၊ သင်သည် ပျိုသောအသက်ရှိစဉ် ကိုယ်ကို ကိုယ်ပတ်စည်း၍ အလိုရှိရာအရပ်ရပ်သို့ သွားလာတတ်၏။  သင်သည် အိုသောအခါ လက်နှစ်ဖက်ကို ဆန့်ပြီးလျှင်၊ သူတပါးသည် သင့်ကိုပတ်စည်း၍ သင်အလိုမရှိရာအရပ်သို့ ယူသွားလိမ့်မည်ဟု မိန့်တော်မူ၏။
၁၉ ထိုသို့မိန့်တော်မူသော်၊ အဘယ်သို့သောသေခြင်းအားဖြင့် ပေတရုသည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေမည်အရိပ်ကို ပေးတော်မူ၏။ ထိုသို့မိန့်တော်မူပြီးမှ၊ ငါ့နောက်သို့လိုက်လော့ဟု ပေတရု အားမိန့်တော်မူပြန်၏။

Wednesday, 27 June 2018

27-JUN-2018 (READING -ORD12-YB-C2)

Wed the 27th:     Optional memorial of Cyril of Alexandra, bishop and doctor.
2 Kgs 22:8-13, 23:1-3; Ps 119:33-40; John 15:4-5; Matt 7:15-20

ဓမ္မရာဇဝင်စတုတ္ထစောင် အခန်းကြီး ၂၂ (2 Kgs 22:8-13, 23:1-3);

၈ ယဇ်ပုရောဟိတ်မင်း ဟိလခိကလည်း၊ ပညတ္တိကျမ်းစာစောင်ကို ဗိမာန်တော်၌ ငါတွေ့ပြီဟု စာရေးတော် ရှာဖန်အားဆိုလျက်၊ ကျမ်းစာကိုအပ်၍ စာရေးတော်ဘတ်၏။
၉ တဖန် စာရေးတော် ရှာဖန်သည် ရှင်ဘုရင်ထံသို့ သွား၍၊ ကိုယ်တော်ကျွန်တို့သည် ဗိမာန်တော်၌ တွေ့သော ငွေကိုမှုတ်ပြီးမှ ဗိမာန်တော်အုပ်၊ အမှုတော်စောင့်တို့၌ အပ်ပါပြီ ဟူ၍င်း၊
၁၀ ယဇ်ပုရောဟိတ် ဟိလခသည် ကျွန်တော်၌ စာစောင်ကို အပ်ပါပြီဟူ၍င်း ကြားလျောက်လျက်၊ ရှင်ဘုရင် ရှေ့တော်၌ ဘတ်ရွတ်လေ၏။
၁၁ ရှင်ဘုရင်သည် ပညတ္တိကျမ်းစကားကိုကြားလျှင်၊ မိမိအဝတ်ကိုဆုတ်၍၊
၁၂ ယဇ်ပုရော ဟိတ် ဟိလခိ၊ ရှာဖန်သား အဟိကံ၊ မိက္ခာသား အာခဗော်၊ စာရေးတော် ရှာဖန်၊ မိမိကျွန်အသဟိကိုခေါ်၍၊
၁၃ ယခုတွေ့ သောကျမ်းစကားကြောင့် ငါအတွက်၊ လူများအတွက်၊ ယုဒအမျိုးသားအပေါင်းတို့အတွက်၊ ထာဝရဘုရား၌ မေးလျှောက်ကြပါ။ ငါတို့အဘို့ ဤကျမ်းစာ၌ ရေးထားသမျှသော စကားတို့ကို ဘိုးဘေးတို့သည် နားမထောင်မကျင့် ဘဲနေသောကြောင့်၊ ထာဝရဘုရားသည် ငါတို့၌ ပြင်းစွာအမျက်ထွက်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။
၁ ထိုအခါ ရှင်ဘုရင်သည် ယုဒပြည်သူ ယေရုရှလင်မြို့သား အသက်ကြီးသူအပေါင်းတို့ကိုခေါ်၍၊
၂ ယုဒပြည်သူ ယေရုရှလင်မြို့သား ယဇ်ပုရောဟိတ်၊ ပရောဖက်၊ လူအကြီးအငယ်အပေါင်းတို့နှင့်တကွ ဗိမာန်တော်သို့ တတ်၍၊ ဗိမာန်တော်၌တွေ့သော ပဋိညာဉ်ကျမ်းစာရှိသမျှကို သူတို့ရှေ့မှာ ဘတ်တော်မူ၏။
၃ ရှင်ဘုရင်ကလည်း၊ ထာဝရဘုရား ကိုဆည်းကပ်ပါမည်။ စီရင်ထုံးဖွဲ့ချက် ပညတ်တရားကို စိတ်နှလုံးအကြွင်းမဲ့ စောင့်ရှောက်ပါမည်။ ဤကျမ်းစာ၌ပါသော ပဋိညာဉ်စကားအတိုင်း ကျင့်ပါမည်ဟု တိုင်နားမှာရပ်၍ အဓိဋ္ဌာန်ပြု၏။ လူအပေါင်းတို့သည်လည်း ထိုအဓိဋ္ဌာန်ကို ဝန်ခံကြ၏။

ဆာလံကျမ်း အခန်းကြီး ၁၁၉ (Ps 119:33-40);

၃၃ အိုထာဝရဘုရား၊ အထုံးအဖွဲ့တော်လမ်းကို အကျွန်ုပ်အားသွန်သင်တော်မူပါ၊၊ အဆုံးတိုင်အောင် လိုက်သွားပါမည်၊
၃၄ ဥာဏ်ကို ပေးတော်မူပါ၊ တရားတော်ကို စောင့်ပါမည်၊၊ စိတ်နှလုံးကို အကြွင်းမဲ့ စောင့်ပါမည်၊၊
၃၅ ပညတ်တော်လမ်း၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ၊၊ ထိုလမ်းကို နှစ်သက်ပါ၏၊၊
၃၆ အကျွန်ုပ်စိတ်နှလုံးကို လောဘဘက် သို့မဟုတ် သက်သေခံတော်မူချက်တို့ဘက်သို့ ဆွဲတော်မူပါ၊၊
၃၇ အနတ္တကို ပမာဏာမပြုစေခြင်းငှါ အကျွန်ုပ်မျက်စိကို အခြားသို့ လွဲတော်မူပါ၊၊ လမ်းခရီးတော်၌ အကျွန်ုပ်အသက်ရှင်စေတော်မူပါ၊၊
၃၈ ကိုယ်တော်ကို ကြောက်ရွံ့သော ကိုယ်တော်၏ ကျွန်ဗျာဒိတ်တော်ကို တည်စေတော်မူပါ၊၊
၃၉ အကျွန်ုပ်ကြောက်သော ကဲ့ရဲ့ခြင်းကိုပယ်ပျောက်စေတော် မူပါ၊၊ စီရင်တော် မူချက်တို့သည် ကောင်းမွန်ကြပါ၏၊၊
၄၀ ပေးတော်မူသော သြဝါဒများကို တောင့်တပါ၏၊၊ ဖြောင့်မတ်ခြင်း တရားတော် အားဖြင့် အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ၊၊ 

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၅ (John 15:4-5);

၎ ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ်ခက်သည် အပင်၌မတည်လျှင်၊ ကိုယ်အလိုအလျောက် အသီးမသီးနိုင်သကဲ့သို့ သင်တို့သည် ငါ၌မတည်လျှင် အသီးမသီးနိုင်ကြ။
၅ ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည်လည်း သူ၌တည်၏၊ ထိုသူသည် များစွာသောအသီးကိုသီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှမတတ်နိုင်ကြ။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၇  (Matt 7:15-20);

၁၅ အတွင်း၌ကြမ်းတမ်းသောတောခွေးဖြစ်လျက်၊ သိုးရေကိုခြုံ၍ သင်တို့ရှိရာသို့လာသော မိစ္ဆာပရောဖက်တို့ကို သတိနှင့်ရှောင်ကြလော့။
၁၆ ထိုသူတို့၏အကျင့်ကိုထောက်၍ သူတို့၏သဘောကိုသိကြ လိမ့်မည်။ ဆူးလေပင်၌ စပျစ်သီးကို ဆွတ်တတ်သလော။ ဆူးလေပင်၌သင်္ဘောသဖန်းသီးကို ဆွတ်တတ်သလော။
၁၇ ကောင်းသောအပင် သည်ကောင်းသောအသီး၊ မကောင်းသောအပင်သည် မကောင်းသောအသီးကိုသီးတတ်၏။
၁၈ ကောင်းသောအပင်သည် မကောင်းသောအသီး၊ မကောင်းသော အပင်သည် ကောင်းသောအသီးကိုမသီးနိုင်။
၁၉ ကောင်းသောအသီး မသီးသောအပင်ရှိသမျှတို့ကို ခုတ်လှဲ၍မီးထဲသို့ချလိုက်တတ်၏။
၂၀ သို့ဖြစ်လျှင် ထိုပရောဖက်တို့၏အကျင့်ကို ထောက်သော် သူတို့၏သဘောကိုသိရကြလိမ့်မည်။

Tuesday, 26 June 2018

26-JUN-2018 (READING -ORD12-YB-C2)

Tue the 26th: 2 Kgs 19:9-36; Ps 48:1-11; John 8:12; Matt 7:6-14

ဓမ္မရာဇဝင်စတုတ္ထစောင် အခန်းကြီး ၁၉ (2 Kgs 19:9-36);

၉ နောက်တဖန် ကုရှမင်းကြီး တိရက္ကသည် စစ်ချီ၍လာပြီဟု သိတင်းကြား သောအခါ၊ ဟေဇကိမင်းထံသို့ တမန်တော်တို့ကို စေလွှတ်ပြန်၍၊
၁၀ သင်တို့သည် ယုဒမင်းကြီး ဟေဇကိကိုပြောသော စကားဟူမူကား၊ သင်ကိုးစားသောဘုရားသခင်က၊ ယေရုရှလင်မြို့သည် အာရှုရိရှင်ဘုရင် လက်သို့ မရောက်ရဟူ၍ သင့်ကိုမလှည့်စားစေနှင့်။
၁၁ အာရှုရိရှင်ဘုရင်တို့သည် ခပ်သိမ်းသောပြည်တို့ကို လုပ်ကြံ၍ ရှင်းရှင်းဖျက်ဆီးကြောင်း ကို သင်သည်ကြားရပြီ။ ကိုယ်တိုင်လွတ်လိမ့်မည်လော။
၁၂ ငါ့ဘိုးဘေးတို့သည် ဖျက်ဆီးသောအမျိုးသား၊ ဂေါဇန် အမျိုးသား၊ ခါရန်အမျိုးသား၊ ရေဇပ်အမျိုးသား၊ တေလသာမြို့၌ရှိသော ဧဒင်အမျိုးသားတို့ကို သူတို့၏ဘုရား များတို့သည် ကယ်ယူကြပြီလော။
၁၃ ဟာမတ်မင်းကြီး၊ အာပဒ်မင်းကြီးနှင့် သေဖရဝိမ်မြို့၊ ဟေနမြို့၊ ဣဝါမြို့ကို စိုးစံ သောမင်းကြီးတို့သည် အဘယ်မှာရှိကြသနည်းဟု မှာလိုက်လေ၏။
၁၄ ထိုမှာစာကို ဟေဇကိမင်းသည် သံတမန်လက်မှ ခံယူ၍ ကြည့်ပြီးလျှင် ဗိမာန်တော်သို့သွား၍ ထာဝရ ဘုရားရှေ့တော်၌ ဖြန့်ထားလေ၏။
၁၅ ထိုအခါ ဟေဇိကိမင်းသည် ထာဝရဘုရား ရှေ့တော်၌ လျှောက်ဆိုသည်ကား၊ ခေရုဗိမ်ပေါ်မှာ ထိုင်တော်မူသော ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်တပါးတည်းသာလျှင် မြေကြီးပေါ်မှာရှိသမျှသော အတိုင်းတိုင်းအပြည်ပြည်တို့၏ ဘုရား သခင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။
၁၆ အိုထာဝရဘုရား၊ နားတော်  ကိုလှည့်၍ နားထောင်တော်မူပါ။ အိုထာဝရဘုရား၊ မျက်စိတော်ကို ဖွင့်၍ ကြည့်ရှုတော်မူပါ။ သနာခရိပ်မင်းသည် အသက်ရှင်တော်မူသော ဘုရားသခင်ကို ကဲ့ရဲ့၍ ပြောစေသောစကား အလုံးစုံတို့ကို မှတ်တော်မူပါ။
၁၇ အိုထာဝရ ဘုရား၊ အကယ်စင်စစ် အာရှုရိရှင်ဘုရင်တို့သည် အတိုင်းတိုင်း အပြည်ပြည်တို့ကိုဖျက်ဆီး၍၊
၁၈ သူတို့၏ဘုရားများ ကို မီးထဲသို့ ချပစ်ကြပါပြီ။ ထိုဘုရားတို့သည် ဘုရားမဟုတ်၊ လူလက်ဖြင့်လုပ်သော သစ်သားနှင့် ကျောက်ဖြစ်သော ကြောင့် ပျက်ဆီးခြင်းသို့ ရောက်ကြပါပြီ။
၁၉ အို အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်ထာဝရဘုရား တပါးတည်းသာ ဘုရားသခင်ဖြစ်တော်မူသည်ကို မြေကြီးပေါ်မှာရှိသမျှသော တိုင်းနိုင်ငံတို့သည် သိမည်အကြောင်း၊ အကျွန်ုပ် တို့ကို ထိုမင်းလက်မှ ယခုကယ်ယူတော်မူပါ။ အကျွန်ုပ် တောင်းပန်ပါသည်ဟု ပဌနာပြုလေ၏။
၂၀ ထိုအခါ အာမုတ်သား ဟေရှာယသည် ဟေဇကိမင်းထံသို့ စေလွှတ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် အာရှုရိရှင်ဘုရင် သနာခရိပ်အကြောင်းကြောင့် ငါ့ရှေ့မှာပြုသော ပဌနာစကားကို ငါကြားရပြီ။
၂၁ ထိုမင်း၏အမှုမှာ ထာဝရဘုရားမိန့်တော်မူသော စကားဟူမူကား၊ ဇိအုန်သတို့သမီး ကညာသည် သင့်ကိုမထီမဲ့မြင်ပြု၍ ပြက်ယယ်၏။ ယေရုရှလင်သတို့သမီးသည် သင့်နောက်၌ခေါင်းညှိတ်၏။
၂၂ သင်သည် အဘယ်သူကို ကဲ့ရဲ့ဆဲရေးသနည်း။ အဘယ်သူကို အော်ဟစ်၍ မျက်နှာထောင်လွှားသနည်း။ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကိုပင် ပြုပါသည်တကား။
၂၃ သင်သည် တမန်များအားဖြင့် ထာဝရဘုရား ကိုကဲ့ရဲ့၍၊ ငါသည် ရထားများပြသဖြင့် တောင်ထိပ်သို့င်း၊ လေဗနုန်တောင်အထွဋိသို့င်း တက်လာပြီ။ အရပ်မြင့် သော အာရဇ်ပင်နှင့် အကောင်းဆုံးသော ထင်းရူးပင်တို့ကို ငါခုတ်လှဲပြီ။ အဝေးဆုံးသောခိုလှုံရာ အသီးများသော တောထဲသို့ ငါဝင်ပြီ။
၂၄ ငါသည်တွင်းတူး၍ မမြည်းဘူးသောရေကို သောက်ရပြီ။ ငါ၏ခြေဘဝါးအားဖြင့် အဲဂုတ္တုမြစ် လက်ကြားရေ ရှိသမျှကို ခန်းခြောက်စေပြီဟု သင်ဆိုမိပြီတကား။
၂၅ ငါသည် အထက်ကဤအမှုကို စီရင်ကြောင်းနှင့် ရှေးကာလ၌ ပြုပြင်ကြောင်းကို သင်သည်မကြားသလော။ ယခုမှာလည်း သင်သည်ခိုင်ခံ့သောမြို့တို့ကို ဖျက်ဆီး၍၊ ကျောက်ပုံဖြစ်စေသောသူ ဖြစ်မည်အကြောင်း ငါစီရင်ခန့်ထားလေပြီ။
၂၆ ထိုကြောင့် မြို့သားတို့သည် အားနည်းကြ၏။ မှိုင်တွေ၍ စိတ်ပျက်လျက်ရှိကြ၏။ တော်မျက်ပင်တို့သည် စိမ်းသောစပါးပင်ကဲ့သို့င်း၊ အိမ်မိုးပေါ်မှာပေါက်သော မျက်ပင် နှင့် မကြီးမှီညှိုးနွမ်းသော စပါးပင်ကဲ့သို့င်း ဖြစ်ကြ၏။
၂၇ သင်၏နေထိုင်ခြင်း၊ ထွက်ဝင်ခြင်း၊ ငါ၌အမျက်ဟုန်းခြင်းတို့ကို ငါသိ၏။
၂၈ ငါ၌ သင်၏အမျက်ဟုန်းခြင်း၊ စော်ကားခြင်းကို ငါကြားရသောကြောင့်၊ သင့်ကို နှာရှုတ်တပ်၍ ဇက်ခွံ့ပြီးမှ၊ သင်လာသောလမ်းဖြင့် ပြန်စေမည်။
၂၉ သင်မှတ်ရသော နိမိတ်လက္ခဏာဟူမူကား၊ ယခုနှစ်တွင် အလိုလိုကြီးရင့်သော အသီးအနှံကိုင်း၊ ဒုတိယ နှစ်တွင် ထိုအတူပေါက်သော အရာများကိုင်း၊ သင်တို့သည် စားရမည်။ တတိယနှစ်တွင် မျိုးစေ့ကိုကြဲ၍ စပါးကို ရိတ်ကြလော့။ စပျစ်ဥယျာဉ်ကိုလည်းစိုက်၍ အသီးကိုစားကြလော့။
၃၀ ဘေးလွတ်၍ ကျန်ကြွင်းသောယုဒအမျိုးသား တို့သည် တဖန်အောက်မှာ အမြစ်စွဲ၍ အထက်မှာ အသီးသီးကြလိမ့်မည်။
၃၁ ကျန်ကြွင်းသောသူတို့သည် ယေရုရှလင် မြို့ထဲကင်း၊ ဘေးလွတ်သောသူတို့သည် ဇိအုန်တောင်ပေါ်ကင်း ပေါ်လာကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် အလိုတော်အားကြီး၍ ထိုအမှုကို စီရင်တော်မူလိမ့်မည်။
၃၂ သို့ဖြစ်၍ ထာဝရဘုရားသည် အာရှုရိရှင်ဘုရင်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ သူသည် ဤမြို့သို့ မဝင်ရ။ မြို့ထဲသို့ မြ‡ားကိုမပစ်ရ။ မြို့ရှေ့မှာ ဒိုင်းလွှားကိုမပြရ။ မြို့ပြင်မှာ မြေရိုးကိုမဖို့ရ။
၃၃ လာသောလမ်းဖြင့် ပြန်သွား ရမည်။ ဤမြို့ထဲသို့မဝင်ရ။
၃၄ ငါသည် ကိုယ်မျက်နှာကိုင်း၊ ငါ့ကျွန်ဒါဝိဒ်၏မျက်နှာကိုင်း ထောက်၍ ဤမြို့ကို ကယ်တင်ခြင်းငှါ စောင့်မမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
၃၅ ထိုညဥ့်တွင် ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထွက်၍ အာရှုရိတပ်တွင် လူတသိန်းရှစ်သောင်း ငါးထောင်တို့ကို ဒဏ်ခတ်လေ၏။ နံနက်စောစော ထချိန်ရောက်သောအခါ၊ ထိုသူအပေါင်းတို့သည် အသေကောင် ဖြစ်ကြ၏။
၃၆ အာရှုရိရှင်ဘုရင် သနာခရိပ်သည်လည်း ထိုအရပ်မှထွက်၍ ပြန်သွားပြီးလျှင် နိနေဝေမြို့၌ နေလေ၏။

ဆာလံကျမ်း အခန်းကြီး ၄၈ (Ps 48:1-11);

၁ ထာဝရဘုရားသည် ကြီးမြတ်တော်မူ၏။ သန့်ရှင်းသော တောင်တော်ပေါ်မှာ ငါတို့ဘုရားသခင်၏ မြို့တော်တွင် အထူးသဖြင့် ထောမနာချီးမွမ်းခြင်းကို ခံထိုက်တော်မူ၏။
၂ မြေကြီးတပြင်လုံး ရွှင်လန်းရာ ဇိအုန်တောင် ထိပ်သည် အဆင်းလှပ၏။ မြောက်မျက်နှာဘက်၌ မဟာမင်းကြီး၏ မြို့တော်သည် တည်၏။
၃ ထိုမြို့၏ ဘုံဗိမာန်တို့ တွင် ဘုရားသခင်၌ ခိုလှုံရသည်ကို သိရ၏။
၎ ရှင်ဘုရင်တို့သည် စည်းဝေး၍ အတူရှောက်သွားကြ၏။
၅ မြင်သောအခါ မှိုင်တွေ၍ ထိတ်လန့်လျက်ပြေး ကြ၏။
၆ ထိုအရပ်၌ သူတို့သည် ကြောက်လန့်ခြင်းသို့ရောက်၍ သားဘွားသော မိန်းမ ခံရသကဲ့သို့ ဝေဒနာ ရှိကြ၏။
၇ တာရှုသင်္ဘောတို့ကို ချိုးဖျက်သော အရှေ့လေနှင့် တွေ့သကဲ့သို့ဖြစ်ကြ၏။
၈ ငါတို့သည်ကြားဘူးသည်အတိုင်း၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏မြို့၊ ငါတို့ဘုရား သခင်၏ မြို့တော်၌ တွေ့မြင် ရကြ၏။ ဘုရားသခင်သည် မြို့တော်ကို အစဉ်အမြဲတည်စေတော်မူမည်။
၉ အိုဘုရားသခင်၊ အကျွန်ုပ်တို့သည် ဗိမာန် တော်ထဲမှာ ကရုဏာတော်ကို အောက်မေ့ကြပါသည်။
၁၀ အိုဘုရားသခင်၊ နာမတော်သည်မြေကြီးစွန်းတိုင် အောင် နှံ့ပြားသည်နည်းတူ ဂုဏ်အသရေတော်လည်း နှံ့ပြားလျက် ရှိပါ၏။ လက်ျာလက်တော်သည် ဖြောင့်မတ်ခြင်း တရားနှင့်  ပြည့်ဝလျက်ရှိပါ၏။
၁၁ တရားစီရင်တော်မူချက် များကြောင့် ဇိအုန်တောင်သည် ဝမ်းမြောက်၍ ယုဒအမျိုးသမီးတို့သည် ရွှင်လန်းကြပါ၏။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၈ (John 8:12);

၁၂ တဖန်တုံ ယေရှုက၊ ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ၊ အသက်၏အလင်းကို ရလိမ့်မည်ဟု မိန့်တော်မူ၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၇ (Matt 7:6-14);

၆ ဖြူစင်သောအရာကို ခွေးတို့အားမပေးကြနှင့်။ ပုလဲရတနာတို့ကို ဝက်တို့ရှေ့မှာမချထားကြနှင့်။ သို့ပြုလျှင် ထိုအရာတို့ကို ကျော်နင်း၍သင်တို့ကိုလှည့်လျက် ကိုက်ဖြတ်ကြလိမ့်မည်။
၇ တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။
၈ တောင်းသောသူမည်သည်ကားရ၏။ ရှာသောသူလည်းတွေ့၏။ ခေါက်သော သူအားလည်း တံခါးကိုဖွင့်၏။
၉ သားသည်မုန့်ကိုတောင်းလျှင် မိမိ၏သားအားကျောက်ကိုပေးမည်သူ၊
၁၀ ငါးကိုတောင်းလျှင် မြွေကို ပေးမည်သူ တစုံတယောက်မျှသင်တို့တွင်ရှိသလော။
၁၁ သင်တို့သည် အဆိုးဖြစ်လျက်ပင်ကိုယ်သားတို့အား ကောင်းသောအရာကိုပေးတတ်လျှင်၊ ထိုမျှမကကောင်းကင်ဘုံ၌ ရှိတော်မူသောသင်တို့အဘသည် ဆုတောင်းသော သူတို့အား၊ ကောင်းသောအရာကိုသာ၍ ပေးတော်မူမည်မဟုတ်လော။
၁၂ သင်တို့သည် ကိုယ်၌သူတပါးပြုစေလို သမျှအတိုင်း သူတပါး၌ပြုကြလော့။ ဤပညတ်ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့၏အချုပ်အချာပင်ဖြစ်သတည်း။
၁၃ ကျဉ်းသောတံခါးကို ဝင်ကြလော့။ ပျက်ဆီးခြင်းသို့ရောက်သောလမ်းနှင့်တံခါးသည် ကျယ်ဝန်းသည်ဖြစ်၍ ဝင်သောသူတို့သည် များကြ၏။
၁၄ အသက်ရှင်ခြင်းသို့ရောက်သောလမ်းနှင့်တံခါးသည် အလွန်ကျဉ်းမြောင်းသည် ဖြစ်၍၊  တွေ့ဝင်သောသူတို့သည် နည်းကြ၏။


Monday, 25 June 2018

25-JUN-2018 (READING -ORD12-YB-C2)

Mon the 25th: 2 Kgs 17:5-18; Ps 60:3-13; Heb 4:12; Matt 7:1-5

ဓမ္မရာဇဝင်စတုတ္ထစောင် အခန်းကြီး ၁၇ (2 Kgs 17:5-18);

၅ ဣသရေလပြည်တရှောက်လုံး သို့ စစ်ချီ၍၊ ရှမာရိမြို့သို့ ရောက်သော်သုံးနှစ်ဝိုင်းထား၏။
၆ ဟောရှေနန်းစံကိုးနှစ်တွင်၊ အာရှုရိရှင်ဘုရင်သည် ရှမာရိမြို့ကို ရပြီးလျှင်၊ ဣသရေလ အမျိုးကို အာရှုရိပြည်သို့ သိမ်းသွင်း၍ ဂေါဇန်မြစ်နား၊ ဟာလမြို့၊ ဟာဗော်မြို့အစရှိသော မေဒိနိုင်ငံမြို့ရွာတို့၌ ထား၏။
၇ အကြောင်းမူကား၊ အဲဂုတ္တုပြည်နှင့် အဲဂုတ္တုဖါရောဘုရင် လက်ထဲက ကယ်နှုတ်တော်မူသော မိမိတို့ဘုရားသခင် ထာဝရဘုရားကို ဣသရေလအမျိုးသားတို့သည် ပြစ်မှား၍ အခြားတပါးသော ဘုရားတို့ကိုရိုသေကြ၏။
၈ သူတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသော တပါးအမျိုးသားတို့ ထုံးစံနှင့် မိမိတို့မြှောက်သော ရှင်ဘုရင်တို့ ထုံးစံသို့ လိုက်ကြ၏။
၉ မိမိတို့ဘုရားသခင် ထာဝရဘုရားတဘက်၌ မတရားသောအမှုကို မထင်မရှားပြုကြ၏။ ကင်းစောင့် သောမျှော်စင်ဖြစ်စေ၊ ခိုင်ခံ့သော မြို့ဖြစ်စေ၊ မြို့ရွာအလုံးစုံတို့၌ မြင့်သောအရပ်ကိုတည်ကြ၏။
၁၀ ရုပ်တုဆင်းတုနှင့် အာရှရပင်တို့ကို မြင့်သောကုန်းရှိသမျှတို့ အပေါ်မှာင်း၊ စိမ်းသောသစ်ပင်ရှိသမျှတို့ အောက်မှာင်း၊ တည်ထောင် ပြုစုကြ၏။
၁၁ သူတို့ရှေ့မှ ထာဝရဘုရား နှင်ထုတ်တော်မူသော တပါးအမျိုးသားပြုသကဲ့သို့ မြင့်သောအရပ်ရှိသမျှ အပေါ်မှာ နံ့သာပေါင်းကိုမီးရှို့၍ ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်ခြင်းငှါ အဓမ္မအမှုတို့ကို ပြုကြ၏။
၁၂ ထာဝရဘုရားပညတ်တော်မူသောအမှု၊ ရုပ်တုဆင်းတုတို့၌ ပူဇော်သော အမှုကိုပြုကြ၏။
၁၃ သို့ရာတွင် ထာဝရဘုရား က အဓမ္မလမ်းတို့ကို ရှောင်ကြလော့။ ငါသည် သင်တို့ဘိုးဘေးတို့၌ ထားသောတရား၊ ငါ့ကျွန်ပရောဖက်တို့ဖြင့် ပေးလိုက်သောတရားကို အကုန်အစင်ကျင့်၍ ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ကြလော့ဟု ပရောဖက်များနှင့် အနာဂတ်ဟောဆရာများတို့ဖြင့် ဣသရေလအမျိုး၊ ယုဒအမျိုး၌ သက်သေခံတော်မူသော်လည်း၊
၁၄ သူတို့သည် နားမထောင် မိမိတို့ဘုရားသခင် ထာဝရဘုရားကို မယုံကြည်သော ဘိုးဘေးတို့လည်ပင်းကဲ့သို့ မိမိတို့လည်ပင်းကို ခိုင်မာစေကြ၏။
၁၅ စီရင်တော်မူချက်၊ ဘိုးဘေးတို့နှင့် ဖွဲ့တော်မူသော ပဋိညာဉ်၊ သူတို့၌ သက်သေခံတော်မူသော သက်သေတို့ကို ပယ်၍၊ အနတ္တတရားကို ကျင့်လျက် အချည်းနှီးသက်သက်ဖြစ်ကြ၏။ အကြင်တပါးအမျိုးသား ကျင့်သကဲ့သို့ မကျင့်ကြနှင့်ဟု ထာဝရဘုရား ပညတ်တော်မူ၏၊ ပတ်လည်၌ နေသော ထိုအမျိုးသားနောက်သို့ လိုက်ကြ၏။
၁၆ မိမိတို့ဘုရားသခင် ထာဝရဘုရား၏ ပညတ်တော်ရှိသမျှတို့ကို စွန့်၍ နွားသငယ်တည်းဟူသော သွန်းသောရုပ်တုနှင့် အာရှရပင်ကို လုပ်ကြ၏။  မိုဃ်းကောင်းကင်တန်ဆာများကို ကိုးကွယ်၍ ဗာလဘုရားကိုလည်း ဝတ်ပြုကြ၏။
၁၇ သားသမီးတို့ကို မီးဖြင့်ပူဇော်ကြ၏။ နတ်ဝိဇ္ဇာအတတ် ပြုစားသောအတတ်ကိုသုံးဆောင်၍ ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်ခြင်းငှါ၊ ရှေ့တော်၌ ဒုစရိုက်ကိုပြုမည်ဟု ကိုယ်ကိုရောင်းကြ၏။
၁၈ ထိုကြောင့် ထာဝရဘုရားသည် ဣသရေလအမျိုးကို ပြင်းစွာအမျက်ထွက်၍ မျက်မှောက်တော်မှ ပယ်ရှားတော်မူ၏။ ယုဒအမျိုး မှတပါး အခြားသောအမျိုးမကျန်ကြွင်းရ။


ဆာလံကျမ်း အခန်းကြီး ၆၀ (Ps 60:3-13);

၃ ကိုယ်တော်၏ လူတို့ကို ခက်ထန်စွာ စီရင်၍ မှိုင်တွေခြင်း စပျစ်ရည်ကို တိုက်တော်မူပြီ၊၊
၎ ကိုယ်တော်ကို ကြောက်ရွံ့သော သူတို့သည် သစ္စာရားကြောင့် ထူရသောအလံကို ပေးသနားတော်မူပြီ ၊
၅ ချစ်တော်မူသော သူတို့သည် ချမ်းသာရမည်အကြောင်း အကျွန်ုပ်စကားကို နားထောင်၍ လက်ျာလက်ရုံးတော်အားဖြင့် ကယ်တင်တော် မူပါ၊၊
၆ သန့်ရှင်းခြင်းပါရမီတော်ကို တိုင်တည်၍ ဘုရာုးသခင်သည် ဗျာဒိတ်ထားတော်မူသောကြောင့် ငါသည် ဝမ်းမြောက်မည်၊၊ ရှေခင်မြို့ကို ပိုင်းခြားမည်၊၊ သုကုတ်လယ်ပြင်ကို တိုင်းထွာမည်၊၊
၇ ဂိလဒ်ပြည်ကို ငါပိုင်ရ၏၊၊ မနာရှေ ပြည်ကိုလည်း ငါပိုင်ရ၏၊၊ ဧဖရိမ်ပြည်ကား ငါဦးခေါင်း၏ အစွမ်းဖြစ်ရ၏၊၊ ယုဒပြည်ကား၊ ငါ၏ လွှတ်တော်ဖြစ်ရ၏။ 
၈ မောဘပြည်ကား၊ ငါ့ရေချိုးအိုးဖြစ်ရ၏၊၊ ဧဒုံပြည်ကား ငါ့ခြေနင်းရာ ဖြစ်ရ၏၊ ဖိလိတ္တိပြည်အပေါ်မှာ အောင်သံနှင့် ကြွေးကြော်မည်၊၊
၉ အားကြီးသော မြို့ထဲသို့ ငါ့ကို အဘ့ယ်သူသွင်းပေးမည်နည်း၊၊ ဧဒုံပြည်သို့ ငါ့ကို အဘယ်သူ လမ်းပြမည်နည်း၊၊
၁၀ အိုဘုရားသခင်၊ အကျွန်ုပ်တို့ ကို စွန့်ပစ်တော်မူသော ကိုယ်တော်သည် ပြုတော်မူမည်မဟုတ်လော။ အိုဘုရားသခင်၊ အကျွန်ုပ်တို့ ဗိုလ်ခြေနှင့်အတူ ကြွတော်မမူသော ကိုယ်တော်သည် ပြုတော်မူမည် မဟုတ်လော။
၁၁ ဒုက္ခနှင့် ကင်းလွတ်စေခြင်းငှါ မစတော်မူပါ။ လူတို့သည် ကယ်တင်စေခြင်းငှါ မတတ်နိုင်ကြပါ၊၊
၁၂ ဘုရား သခင်အားဖြင့် ငါတို့သည် ရဲရင့်စွာ ပြုကြမည်၊၊ ငါတို့၏ ရန်သူများကို ကိုယ်တော်တိုင် နင်းတော်မူမည်၊၊

ဟေဗြဲသြဝါဒစာ အခန်းကြီး ၄ (Heb 4:12);

၁၂ ဘုရားသခင်၏ နှုတ်ကပတ်တရား တော်သည် အသက်ရှင် ခြင်း၊ တန်ခိုးနှင့် ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့်စိတ်ဝိညာဉ်ကို၎င်း၊  အရိုးဆစ်နှင့် ခြင်ဆီကို၎င်း ပိုင်ခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံ အစည်များကိုလည်း သိမြင်တတ်၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၇ (Matt 7:1-5);

၁ သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့်ကင်းလွတ်ရမည်အကြောင်း သူတပါး၏အမှု၌ စစ်ကြော ဆုံးဖြတ် ခြင်းကိုမပြုကြနှင့်။
၂ သင်တို့သည် အကြင်တရားအတိုင်းသူတပါးကိုစီရင်ကြ၏၊ ထိုတရား အတိုင်းစီရင်ခြင်းကိုခံရကြမည်။ အကြင်ချိန်၊ တင်းပမာဏနှင့် သူတပါးအားပေး၏၊ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။
၃ ကိုယ်မျက်စိ၌ရှိသော တံကျင်ကိုမအောက်မေ့ဘဲ ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကိုအဘယ်ကြောင့်ကြည့်ရှုသနည်း။
၎ ကိုယ်မျက်စိ၌ တံကျင်ရှိလျက်ပင် ညီအစ်ကိုအားသင်၏ မျက်စိ၌ရှိသောငြောင့်ငယ်ကို ထုတ်ပါရစေဟုအဘယ်သို့ဆိုသနည်း။
၅ လျှို့ဝှက်သောသူ၊ ကိုယ်မျက်စိ၌ ရှိသောတံကျင်ကို ရှေးဦးစွာထုတ်ပစ်လော့။ နောက်မှညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကို ထုတ်ပစ်ခြင်းငှာ ရှင်းလင်းစွာမြင်လိမ့်မည်။


Sunday, 24 June 2018

24-JUN-2018 (READING -ORD12-YB-C2)

Sun the 24th: Psalter IV, Ordinary Time Week 12.
(Solemnity of Birth of John the Baptist.)
Isa 49:1-6; Ps 139:1-15; Acts 13:22-26; Luke 1:57-80

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၄၉ (Isa 49:1-6);

၁ တကျွန်းနိုင်ငံအရပ်တို့၊ ငါ့စကားကို ကြားကြလော့၊၊ ဝေးစွာသောလူမျိုးတို့၊ စေ့စေ့ နားထောင်ကြလော့၊၊ ငါ့ဘွားစကပင် ထာဝဘုရားသည် ငါ့ကို ခေါ်တော်မူ၏၊၊ အမိဝမ်းထဲမှစ၍ ငါ၏နာမကို မှတ်တော်မူ၏၊၊
၂ ငါ့နှုတ်ကို ထက်သော ထားကဲ့သို့ဖြစ်စေ၍၊ လက်တော်အရိပ်၌ ဖုံးထားတော်မူ၏၊၊ ငါ့ကိုလည်း ဦးသစ်သော စည်းသွားဖြစ် စေ၍၊ မိမိမြ‡ားထောင့်ထဲမှာ ဝှက်ထားတော်မူ၏၊၊
၃ အိုဣသရေလ၊ သင်သည် ငါ၏ ကျွန်ဖြစ်၏၊၊ သင့်အားဖြင့် ငါ့ဘုန်းသည် ထင်ရှားလိမ့်မည်ဟု ငါ့အား မိန့်တော်မူပြီ၊၊
၎ ငါကလည်း၊ အကျိုးမရှိဘဲ ငါလုပ်ဆောင်ရပြီ၊၊ အချည်းနှီးသက်သက် ငါ့ခွန်အားကုန်ရပြီ။ သို့သော်လည်း၊ ငါ့အမှုသည် ထာဝရဘုရားရှေ့တော်၌ရှိ၏၊၊ ငါခံရသော အခါလည်း ငါ၏ဘုရားသခင်လက်တော်၌ ရှိသည်ဟုဆို၏။
၅ ငါသည်ထာဝရဘုရား ရှေ့တော်၌အသရေ ထင်ရှား၍။ ငါ၏ဘုရားသခင်သည် ငါ့ကိုခိုင်ခံ့စေတော်မူသည် အကြောင်းနှင့်တကွ ဣသရေလအမျိုးသည် အထံတော်၌စုဝေး ခြင်းကို မခံသော်လည်း၊ ငါသည်ယာကုပ်အမျိုးကိုအထံတော်သို့တဖန် ဆောင်ခဲ့ရသော ကျွန်ဖြစ်စေမည် အကြောင်း၊ ငါ့ကိုအမိဝမ်းထဲမှစ၍ ဖန်ဆင်းတော်မူသော ထာဝရဘုရားမိန့်တော်မူသည်ကား၊
၆ သင်သည်ယာကုပ် ၏ အမျိုးအနွှယ် တို့ကို မြှောက်ခြင်း ဘေးလွတ်သော ဣသရေလသားတို့ကို အရင်ကဲ့သို့ဖြစ်စေခြင်း အလိုငှါ ငါ့အမှုကို ဆောင်ရွက်သော အမှုသည်သာမညအမှုဖြစ်၏။ ထိုအမှုမက သင်သည်မြေကြီးစွန်းတိုင်အောင် ငါ၏ကယ်တင်ခြင်းကို ပြုစိမ့်သောငှါ၊ သင့်ကိုတပါးအမျိုးသားတို့ လင်းစရာအဘို့ ငါခန့်ထားသည်ဟု မိန့်တော်မူသည်။

ဆာလံကျမ်း အခန်းကြီး ၁၃၅(Ps 139:1-15);

၁ ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြလော့၊ ထာဝရဘုရား၏ အိမ်တော်ကို ချီးမွမ်းကြလော့။
၂ ထာဝရဘုရား၏ အိမ်တော်၊ ငါတို့ဘုရားသခင်၏ အိမ်တော်တန်တိုင်းတွင် အမှုစောင့်သော ထာဝရဘုရား၏ ကျွန်တော်တို့၊ ချီးမွမ်းခြင်းကို ပြုကြလော့။
၃ ထာဝရဘုရားသည် ကောင်းမြတ်တော်မူသောကြောင့်၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။ နာမတော်ကို ထောမနာသီချင်း ဆိုကြလော့။ ထိုသို့သော အမှုသည် တင့်တယ်လျောက်ပတ်ပေ၏။
၎ အကြောင်းမှုကား၊ ထာဝရဘုရားသည် ယာကုပ်အမျိုးကို ကိုယ်တော်အဘို့ ၎င်း၊ ဣသရေလအမျိုးကို ဘဏ္ဍာ တော်ဖြစ်စေခြင်းငှာ၎င်း ရွေးကောက်တော်မူပြီ။
၅ ထာဝရဘုရားသည် ကြီးတော်မူကြောင်း၊ ငါတို့၏ ဘုရားရှင်သည် ဘုရားတကာတို့ ထက်မြတ်တော်မူ ကြောင်းကို ငါသိ၏။
၆ ထာဝရဘုရားသည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ နက်နဲရာအရပ်ရပ်တို့၌ အလိုတော် ရှိသမျှတို့ကို ပြုတော်မူ၏။
၇ မြေကြီးစွန်းမှ မိုဃ်းတိမ်တို့ကို တက်စေတော်မူ၏။ မိုဃ်းနှင့်တကွ လျှပ်စစ်ကိုဖန်ဆင်း တော်မူ၏။ ဘဏ္ဍာတော်တိုက်ထဲက လေကို ထုတ်တော်မူ၏။
၈ အဲဂုတ္တုပြည်၌ လူမှစ၍ တိရစ္ဆြွန်တိုင်အောင် သားဦးရှိ သမျှတို့ကို ဒဏ်ခတ်တော်မူ၏။
၉ အဲဂုတ္တုပြည်၊ သင်၏ထဲမှာ ဖာရောမင်းမှစ၍၊ သူ၏ကျွန်အပေါင်းတို့၏ အပေါ်သို့ လက္ခဏာသက်သေ၊ အံ့ဘွယ်သောအမှုတို့ကို စေလွှတ်တော်မူ၏။
၁၀ အာမောရိပြည်ကို အစိုးရသော ရှိဟုန်မင်း၊ ဗာရှန်ပြည်ကို အစိုးရသော သြဃမင်းနှင့်တကွ၊ ဘုန်းကြီးသော ရှင်ဘုရင်များကို ကွပ်မျက်၍ များပြားသော လူမျိုးနှင့်
၁၁ တကွ၊ ခါနန်တိုင်းနိုင်ငံအပေါင်းတို့ကို လုပ်ကြံသဖြင့်၊
၁၂ သူတို့နေရာမြေကိုလွှဲ၍ မိမိလူ ဣသရေလ အမျိုးအား အမွေကို ပေးချတော်မူ၏။ အိုထာဝရဘုရား၊ ကိုယ်တော်၏ အမည်သည် နိစ္စထာဝရ ဖြစ်ပါ၏၊၊
၁၃ အိုထာဝရဘုရား။ ဘွဲ့နာမတော်သည် ကာလအစဉ်အဆက် တည်ပါ၏။
၁၄ ထာဝရဘုရားသည် မိမိကျွန် တို့၏အတွက် နောင်တရ၍၊ မိမိလူစုဘက်မှ တရားစီရင်တော်မူ၏။
၁၅ သာသနာပ လူတို့ကိုးကွယ်တော်မူသော ရုပ်ထုတို့ကား ငွေလည်းဖြစ်၏။ ရွှေလည်းဖြစ်၏။ လူလက်ဖြင့် လုပ်သော အရာပေတည်း။

တမန်တော်ဝတ္ထု အခန်းကြီး ၁၃ (Acts 13:22-26);

၂၂ နောက်မှ ထိုသူကိုပယ်၍၊ ဣသရေလ ရှင်ဘုရင်အရာ၌ ဒါဝိဒ်ကိုချီးမြောက်တော်မူ၏။ ထိုသူအားသက်သေခံတော်မူလျက် စိတ်နှလုံး၌ ညီညွတ်သည်ဖြစ်၍ ငါ့အလိုကိုပြည့်စုံမည့်သူ၊ ယေရှဲ၏သား ဒါဝိဒ်ကိုငါတွေ့ရြှုပီဟု မိန့်တော်မူ၏။
၂၃ ထိုသူ၏ အမျိုးအနွှယ်ထဲ၌ ဘုရားသခင်သည် ဂတိတော်အတိုင်း ကယ်တင်သောသခင်ယေရှုကို ဣသရေလလူတို့အား ပေါ်ထွန်းစေတော်မူပြီ။
၂၄ ထိုသခင်ကြွလာတော်မမူမီ ယောဟန်သည် ဣသရေလလူအပေါင်းတို့အား နောင်တနှင့်စပ်ဆိုင်သော ဗတ္တိဇံ တရားကိုဟောပြောနှင့်လေ၏။
၂၅ ယောဟန်သည် မိမိဆောင်ရွက်ရသောအမှုကို ပြု၍ နေစဉ်တွင်၊ ငါသည် အဘယ်သူဖြစ်သည်ကို သင်တို့ထင်မှတ်ကြသနည်း။ ငါသည်ထိုသူဖြစ်သည်မဟုတ်။ ငါ့နောက်ကြွလာသော သူတပါးရှိသေး၏။ ထိုသူ၏ခြေနင်းတော်ကို ငါမချွတ်ထိုက်ဟု ဆို၏။
၂၆ အာဗြဟံအမျိုးဖြစ်သော ညီအစ်ကိုမှစ၍ သင်တို့တွင် ဘုရားသခင်ကိုကြောက်ရွံ့သောသူတို့၊ ဤကယ်တင်တော်မူခြင်း တရားစကားကို သင်တို့အားကြားလိုက်တော်မူ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁ (Luke 1:57-80);

၅၇ ဧလိရှဗက်သည် ဘွားအံ့သောနေ့လစေ့သောအခါ သားယောက်ျားကို ဘွားမြင်၏။
၅၈ ထာဝရ ဘုရားသည် ထူးမြတ်သောသနားခြင်း ကျေးဇူးတော်ကို ဧလိရှဗက်အားပြုတော်မူသည်ကို၊ အိမ်နီးချင်းအဆွေ အမျိုးတို့သည် ကြားလတ်သော်၊ သူနှင့်အတူ ဝမ်းမြောက်ဝမ်းသာကြ၏။
၅၉ ရှစ်ရက်မြောက်သောနေ့၌ အရေဖျားလှီးခြင်းကို သူငယ် အားပေးအံ့သောငှါ လာကြ၍၊ အဘ၏အမည်ဖြစ်သော ဇာခရိအမည်ဖြင့်မှည့် သောအခါ အမိက၊ ထိုသို့မမှည့်ရ။
၆၀ ယောဟန် အမည်ဖြင့် မှည့်ရမည်ဟုဆိုလျှင်၊ သူတို့က၊
၆၁ ယောဟန်အမည်ဖြင့် သင်၏ အဆွေအမျိုးတွင် တယောက် ကိုမျှ မမှည့်ဟုဆို၍၊
၆၂ အဘသည် အဘယ်သို့မှည့်စေလိုသနည်းဟု အမှတ်အားဖြင့်မေးကြ၏။
၆၃ အဘသည်လည်း သင်ပုံးကိုတောင်း၍၊ သူ၏အမည်ကား ယောဟန်ဖြစ်၏ဟု ရေးလေသော်၊ ထိုသူအပေါင်းတို့သည် အံ့သြခြင်းရှိကြ၏။
၆၄ ထိုခဏခြင်း တွင် ဇာခရိသည် နှုတ်ဖွင့်ခြင်း၊ လျှာလွတ်ခြင်းရှိသည်ဖြစ်၍၊ စကားအားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလေ၏။
၆၅ အိမ်နီးချင်းရှိသမျှတို့သည် ကြောက်ရွံ့ခြင်းရှိကြ၍ ထိုအမှုအရာများသည် ယုဒပြည် တောင်ကြားအရပ်တို့၌ အနှံ့အပြားကျောစောလေ၏။
၆၆ ကြားသောသူအပေါင်းတို့သည် နှလုံးထဲ၌ မှတ်သား၍၊ ဤသူငယ်သည် အဘယ်သို့သောသူဖြစ်လိမ့်မည်နည်းဟု ဆိုကြ၏။ ထာဝရဘုရား၏လက်တော် သည်လည်း သူငယ်နှင့်အတူ ရှိတော်မူ၏။
၆၇ သူ၏အဘ ဇာခရိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက်၊
၆၈-၇၅ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ပေါ်ထွန်း သော မိမိသန့်ရှင်းသော ပရောဖက်တို့နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊ ငါတို့သည် ရန်သူဘေး နှင့်ကင်းလွတ်၍ ဘုရားသခင့်ရှေ့တော်၌ တသက်လုံး သန့်ရှင်းဖြောင့်မတ်ခြင်းပါရမီအားဖြင့် ဘုရားဝတ်ကို ရဲရင့်စွာ ပြုရသောအခွင့်ကို ပေးမည်ဟု ငါတို့အဘ အာဗြဟံအား ကျိန်ဆိုခြင်းဂတိတော်တည်းဟူသော သန့်ရှင်းသော ပဋိညာဉ်တရားကို အောက်မေ့တော်မူသဖြင့်င်း၊ ငါတို့ဘိုးဘေးများနှင့် ဝန်ခံတော်မူသော သနားခြင်းကျေးဇူးကို ပြုတော်မူသဖြင့်၎င်း၊ မိမိလူမျိုးကို အကြည့်အရှုကြွလာလျက် ရွေးနှုတ်ခြင်းကျေးဇူးကို ပြုတော်မူ၍၊ ငါတို့ကို ရန်သူလက်မှ၎င်း၊ မုန်းသော သူရှိသမျှတို့လက်မှ၎င်း ကယ်လွှတ်မည်အကြောင်း၊ ကယ်လွှတ်ခြင်းဦးချိုကို မိမိကျွန်ဒါဝိဒ်အမျိုးထဲ၌ ငါတို့အား ပေါ်ထွန်းစေတော်မူပြီ။
၇၆ အချင်းသူငယ်၊ သင်သည်လည်း အမြင့်ဆုံးသောဘုရား၏ ပရောဖက်ဟု ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်။
၇၇ အကြောင်းမူကား၊ ငါတို့ဘုရားသခင်၏ သနားတော်မူခြင်းကျေးဇူးတော်အားဖြင့် အပြစ်ဖြေ၍ ကယ်တင်ခြင်းသို့ ရောက်နိုင်ကြောင်းကို ဘုရားသခင်၏ လူမျိုးအား ဘော်ပြသဖြင့်၊ ထာဝရဘုရား၏ လမ်းခရီးတော်ကို ပြင်ဆင်ခြင်းငှါ သင်သည်ရှေ့တော်၌ သွားရလိမ့်မည်။
၇၈ ထိုသနားတော်မူခြင်း ကျေးဇူးတော်အားဖြင့်၊ ကောင်းကင်မှ နေအာရုဏ်သည် ငါတို့အပေါ်သို့တက်သဖြင့်၊
၇၉ မှောင်မိုက်နှင့် သေမင်း၏အရပ်ထဲတွင်ရှိနေသော သူတို့၌ အလင်းပေါ်ထွန်း၍၊ ငါတို့ အား ငြိမ်သက်ခြင်းလမ်းကို ပြလျက်ရှိ သည်ဟု ပရောဖက်ဥာဏ်နှင့်ဟောလေ၏။
၈၀ ထိုသူငယ်သည်ကား၊ ကြီးပွား၍ ဥာဏ်သတ္တိနှင့်ပြည့်စုံ၏။ ဣသရေလလူတို့အား မထင်ရှားမှီတိုင်အောင် တောအရပ်၌နေလေ၏။

Saturday, 23 June 2018

23-JUN-2018 (READING -ORD11-YB-C2)

Sat the 23rd: Vigil of Solemnity of Birth of John the Baptist.
2 Chr 24:17-25; Ps 89:4-34; 2 Cor 8:9; Matt 6:24-34
Vigil Readings: Jer 1:4-10; Ps 71:1-17; 1 Pet 1:8-12; Luke 1:5-17

ရာဇဝင်ချုပ်ဒုတိယစောင် အခန်းကြီး ၂၄ (2 Chr 24:17-25);

၁၇ ယောယဒသေသောနောက်၊ ယုဒမင်းတို့သည် ရှင်ဘုရင်ထံတော်သို့လာ၍ ရှိခိုးကြ၏။ သူတို့စကားကို ရှင်ဘုရင်နားထောင်သဖြင့်၊
၁၈ သူတို့သည်ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရား၏ အိမ်တော်ကိုစွန့်၍၊ အာရှရပင်နှင့် ရုပ်တုတို့ကို ဝတ်ပြုကြ၏။ ထိုအပြစ်ကြောင့် အမျက်တော်သည် ယုဒပြည်နှင့် ယေရုရှလင်မြို့အပေါ်မှာ သက်ရောက် လေ၏။
၁၉ သူတို့ကိုထာဝရဘုရားထံတော်သို့ သွေးဆောင်စေခြင်းငှါ၊ ပရောဖက်တို့ကိုစေလွှတ်တော်မူ၍၊ ပရောဖက်တို့သည် သက်သေခံသော်လည်း၊ သူတို့သည် နားမထောင်ကြ။
၂၀ တဖန် ဘုရားသခင်၏ ဝိညာဉ်တော်သည် ယဇ်ပုရောဟိတ် ယောယဒသား ဇာခရိအပေါ်မှာ သက်ရောက်၍၊ သူသည်ပရိသတ်အလယ် မြင့်သောအရပ်၌ ရပ်လျက်၊ ဘုရားသခင်မိန့်တော်မူသည်ကား၊ သင်တို့သည်ကိုယ်အကျိုးကိုပျက်စေခြင်းငှါ၊ ထာဝရဘုရား၏ ပညတ် တော်တို့ကို အဘယ်ကြောင့်လွန်ကျူးကြသနည်း။ သင်တို့သည် ထာဝရဘုရားကိုစွန့်သောကြောင့်၊ သင်တို့ကိုလည်း စွန့်တော်မူပြီဟု မြွက်ဆို၏။
၂၁ လူများတို့သည် သူ့ကိုမကောင်းသောအကြံနှင့် တိုင်ပင်၍၊ ရှင်ဘုရင်အမိန့်တော်နှင့် ဗိမာန်တော်အတွင်း၌ ကျောက်ခဲနှင့်ပစ်၍ သတ်ကြ၏။
၂၂ ထိုသို့ ယောရှမင်းကြီးသည် ဇာခရိအဘ၊ ယောယဒပြုသော ကျေးဇူးကို မအောက်မေ့၊ သားကိုသတ်လေသည်တကား။ ဇာခရိသေသောအခါ၊ ဤအမှုကို ထာဝရဘုရားသည် ကြည်ရှု့စစ်ကြောတော်မူမည်ဟု ဆို၏။
၂၃ ထိုနေ့အဆုံး၌၊ ရှုရိတပ်သားတို့သည် စစ်ချီ၍ လာကြသဖြင့်၊ ယုဒပြည်ယေရုရှလင်မြို့သို့ ရောက်မှ၊ မှူးမတ် အရာရှိအပေါင်းတို့ကို သုတ်သင်ပယ်ရှင်း၍၊ လက်ရဥစ္စာရှိသမျှတို့ကို ဒမာသက်ရှင်ဘုရင်ထံသို့ ပေးလိုက်ကြ၏။
၂၄ ယုဒလူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို စွန့်သောကြောင့်၊ များပြားသော အလုံးအရင်းဖြစ် သော်လည်း၊ နည်းသောရှုရိတပ်အလုံးအရင်းလက်သို့ ထာဝရဘုရား အပ်တော်မူ၍၊ ရှုရိလူတို့သည် ယောရှကို တရားစီရင်ကြ၏။
၂၅ ရန်သူထွက်သွားသောအခါ၊ ယောရှသည် ကြီးစွာသောဒုက္ခကိုခံရလျက်၊ နေရစ်သည်ဖြစ်၍၊ ယဇ်ပုရောဟိတ်ယောယဒသားတို့ကို သတ်သော အပြစ်ကြောင့်၊ မိမိကျွန်တို့သည် သင်းဖွဲ့၍၊ သာလွန်ပေါ်မှာ သေအောင်လုပ်ကြံကြ၏။ ထိုမင်းကို ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်သော်လည်း၊ ရှင်ဘုရင်တို့တွင် မသင်္ဂြိုဟ်။

ဆာလံကျမ်း အခန်းကြီး ၈၉ (Ps 89:4-34);

၃-၄ ကိုယ်တော်မိန့် တော်မူသည်ကား၊ သင်၏ အမျိုးအနွယ်ကို အစဉ်မပြတ်ငါ မြဲမြံစေမည်။ သင်၏ပလ္လင်ကိုလည်း လူမျိုးအဆက်ဆက် တည်စေမည်ဟု ငါရွေးကောက် သောသူနှင့် ငါသည်ပဋိညာဉ်ဖွဲ့၍၊ ငါ၏ကျွန်ဒါဝိဒ်အား ကျိန်ဆိုခြင်းကိုပြုပြီ။
 ၅ အိုထာဝရဘုရား၊ ကောင်းကင်သည် အံ့ဘွယ်သော အမှုတော်ကို၎င်း၊ သန့်ရှင်းသူတို့သည် စည်းဝေးလျက် သစ္စာတော်ကို၎င်း ချီးမွမ်းကြပါစေသော။
၆ အကြောင်းမှုကား၊ ကောင်းကင်တွင် ထာဝရဘုရား နှင့် အဘယ်သူပြိုင်နိုင် သနည်း။ ဘုရားသခင်၏ သားတို့တွင် ထာဝရဘုရားနှင့် အဘယ်သူတူသနည်း။
၇ ဘုရားသခင်သည် သန့်ရှင်းသူတို့၏ ပရိတ်သတ်တွင် အလွန်ကြောက်ရွံ့ဘွယ်ဖြစ်တော်မူ၏။ အထံတော်၌ ပတ်လည်နေသော သူအပေါင်းတို့ထက် ရိုသေ ဘွယ် ဖြစ်တော်မူ၏။
၈ ကောင်းကင် ဗိုလ်ခြေအရှင်ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်နှင့် အဘယ်သူ တူပါ သနည်း။ ထာဝရဘုရားသည် ခွန်အားကြီးတော်မူ၏။ သစ္စာတော်လည်း ကိုယ်တော်ကို ပတ်ဝန်းလျက်ရှိပါ၏။
၉ သမုဒ္ဒရာ ဟုန်းခြင်းကို အစိုးရတော်မူ၏။ လှိုင်းတံပိုးထသောအခါ ငြိမ်းစေတော်မူ၏။
၁၀ ကိုယ်တော်သည် သူရဲကဲ့သို့ ရာခပ်ကိုချိုးဖျက်၍၊ အားကြီးသော လက်ရုံးတော်ဖြင့် ရန်သူတို့ကို အရပ်ရပ်သို့ကွဲပြားစေတော်မူ၏။
၁၁ ကောင်းကင်နှင့် မြေကြီးသည် ကိုယ်တော်၏ ဥစ္စာဖြစ်ပါ၏။ လောကဓာတ်နှင့် လောကဓာတ်တန်ဆာများကို တည်တော်မူပြီ။
၁၂ မြောက်မျက်နှာနှင့် တောင်မျက်နှာကိုလည်း ဖန်ဆင်းတော်မူပြီ။ တာဗော်တောင်နှင့် ဟေရမုန်တောင်သည် နာမတော်ကို  အမှီပြု၍ ရွင်လန်းစွာ သီဆိုကြပါ၏။
၁၃ တန်ခိုးရှိသောလက်ရုံးနှင့် ပြည့်စုံတော်မူ၏။ လက်တော်သည် အားကြီး၍၊ လက်ျာ လက်တော်သည် မြင့်ပါ၏။
၁၄ တရားသဖြင့် စီရင်ခြင်း၊ ဖြောင့်မတ်စွာ ဆုံးဖြတ်ခြင်းသည် ပလ္လင်တော်၏ တည်ရာဖြစ်ပါ၏။ ကရုဏာနှင့် သစ္စာသည် မျက်နှာတော်ရှေ့၌ သွားကြပါ၏။
၁၅ အိုထာဝရဘုရား၊ နှိုးဆော်တော်မူခြင်းအသံကို နားလည်သော လူမျိုးသည် မင်္ဂလာရှိပါ၏။
၁၆ သူတို့သည် မျက်နှာတော်အလင်း၌ သွားလာရကြပါ၏။ နာမတော်၌အစဉ် ဝမ်းမြောက်၍ ဖြောင့်မတ်တော်မူခြင်း တရားအားဖြင့် ချီးမြှောက်ခြင်းသို့ ရောက်ရကြပါ၏။
၁၇ ကိုယ်တော်သည် သူတို့အစွမ်းသတ္တိ၏ ဘုန်းဖြစ်တော်မူ၏။ ကျေးဇူးတော်အားဖြင့်လည်း အကျွန်ုပ်တို့၏ ဦးချိုသည် ချီးမြှောက်လျက် ရှိပါ၏။
၁၈ ထာဝရဘုရားသည် အကျွန်ုပ်တို့ကို ကွယ်ကာတော်မူ၏။ ဣသလေအမျိုး၏ သန့်ရှင်းသော ဘုရားသည် အကျွန်ုပ်တို့၏ ရှင်ဘုရင်ဖြစ်တော်မူ၏။
၁၉ တရံရောအခါ ကိုယ်တော်၏ သန့်ရှင်းသူတို့ကို ဗျာဒိတ်တော်အားဖြင့် မိန့်မြွက်တော်မူသည်ကား၊ အားကြီးသော သူသည် ကူမမည်အကြောင်းငါခန့်ထားပြီ။ လူစုထဲက ရွေးကောက်သော သူတစ်ယောက်ကို ငါမြှောက်ပြီ။ 
၂၀ ငါ၏ကျွန် ဒါဝိဒ်ကိုငါတွေ့၍၊ သန့်ရှင်းသောဆီနှင့် ဘိသိက်ပေးပြီ။
၂၁ သူ့ဘက်မှာ ငါ့လက်သည် တည်လိမ့်မည်။ ငါ့လက်ရုံးသည် သူ့ကိုမြဲမြံခိုင်ခံ့စေမည်။
၂၂ ရန်သူသည် သူ၏ဥစ္စာကို အနိုင်အထက်မယူရ။ မတရားသောသူသည် မညှင်းဆဲရ။
၂၃ သူ၏ရန်သူတို့ကို သူ့ရှေ့မှာ ငါနှိပ်စက်၍၊ သူ့ကိုမုန်းသောသူတို့ကို ဒဏ်ခတ်မည်။
၂၄ ငါ၏သစ္စာနှင့် ကရုဏာသည် သူ့ဘက်မှနေ၍၊ ငါ၏နာမအားဖြင့်  သူ၏ဦးချိုသည် မြှောက်လျက်ရှိလိမ့်မည်။
၂၅ သူ၏လက်ကိုလည်း၊ ပင်လယ်ပေါ်မှာ၎င်း၊ သူ၏လက်ျာလက်ကို မြစ်များပေါ်မှာ၎င်း ငါတင်၍ ထားမည်။
၂၆ သူကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်၏အဘ၊ အကျွန်ုပ်၏ဘုရားသခင်၊အကျွန်ုပ်ကိုကယ်တင်ရာ ကျောက်ဖြစ် တော်မူ၏ဟု၊ ငါ့ကို ကြွေးကြော်လိမ့်မည်။
၂၇ အကယ်စင်စစ် သူ့ကိုသားဦးအရာ၌ ခန့်ထား၍၊ လောကီရှင် ဘုရင်တို့ အပေါ်မှာ ချီးမြှောက်မည်။
၂၈ ငါ၏ ကရုဏာကို သူ့အဘို့ငါသည် အစဉ်စောင့်၍၊ ငါ၏ ပဋိညာဉ်တရားသည် သူ၌ မြဲမြံလိမ့်မည်။
၂၉ သူ၏ အမျိုးအနွယ်ကို အစဉ်အမြဲတည်စေမည်။ သူ၏ပလ္လင်သည် ကောင်းကင်ကာလကဲ့သို့ နိစ္စထာဝရ ဖြစ်လိမ့်မည်။
၃၀ သူ၏သားမြေးတို့သည် ငါ့တရားကို စွန့်ပယ်၍၊ ငါ၏စီရင်ချက်တို့ကိုမကျင့်၊
၃၁ ငါ၏အထုံးအဖွဲ့တို့ကို ရှုတ်ချ၍၊ ငါ၏ပညတ်တို့ကို မစောင့်ဘဲနေလျှင်၊
၃၂ ငါသည် သူတို့ပြစ်မှားသောကြောင့်၊ ကြိမ်လုံးနှင့်ဆုံးမ၍ ဒဏ်ချက်တို့နှင့် ဒုစရိုက်အတိုင်း အပြစ်ပေးမည်။
၃၃ သို့သော်လည်း၊ ငါ၏ကရုဏာကို သူမှငါမနှုတ်မပယ်။ ငါ၏သစ္စာ ကိုလည်းမဖျက်။
၃၄ ငါ၏ ပဋိညာဉ်တရားကိုလည်း မရှုတ်ချ။ ငါမိန့်မြွက်သော စကားလည်း ဖောက်ပြန်ခြင်း မရှိရ။

ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၈ (2 Cor 8:9);

၉ အကြောင်းမူကား၊ ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း၊ ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည်စည်းစိမ်ရှိစေခြင်းငှါ၊ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကို ခံတော်မူသော ကျေးဇူးတော်ကို သင်တို့သိကြ၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၆ (Matt 6:24-34);

၂၄  အဘယ်သူမျှသခင်နှစ်ဦးအစေကိုမခံနိုင်။ သခင်တဦးကိုမုန်း၍တဦးကိုချစ်မည်။ သခင်တဦးကိုမှီခို၍ တဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏အစေကို၎င်း၊ လောကီစည်းစိမ်၏အစေကို၎င်း မခံနိုင်ကြ။
၂၅ ထိုကြောင့် ငါဆိုသည်ကား၊ အဘယ်သို့စားသောက်ရမည်ဟု အသက်အဘို့မစိုးရိမ်ကြနှင့်။ အဘယ်သို့ဝတ်ရမည် ဟုကိုယ်အဘို့မစိုးရိမ်ကြနှင့်။ အစာထက်အသက်မြတ်သည်မဟုတ်လော။ အဝတ်ထက်ကိုယ်မြတ်သည်မဟုတ်လော။
၂၆ မိုဃ်းကောင်းကင်၌ကျင်လည်သောငှက်များကို ကြည့်ရှုဆင်ခြင် ကြလော့။ ထိုငှက်တို့သည်မျိုးစေ့ကိုမစိုက်မကြဲ၊ စပါးကိုမရိတ်၊ ကျီ၌မစုမသွင်း။ သို့သော်လည်းကောင်း ကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည်သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည်မဟုတ်လော။
၂၇ အဘယ်သူသည်စိုးရိမ်ခြင်း အားဖြင့်မိမိ အသက်တာကို တတောင်ခန့်မျှ တိုးပွားစေနိုင်သနည်း။
၂၈ အဝတ်အဘို့၌အဘယ်ကြောင့်စိုးရိမ်ရသနည်း။ တောနှင်းပင်တို့သည်အဘယ်သို့သောအားဖြင့် ကြီးပွား သည်ကိုဆင်ခြင်အောက်မေ့ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမလုပ်၊ ချည်ဖြစ်စေခြင်းငှါ မငင်မဝင့်။
၂၉ သို့သော် လည်းဘုန်းကြီးသောရှောလမုန်မင်းကြီး၏အဝတ်သည် ထိုအပင်တပင်မျှ၏ အဝတ်ကိုမမှီဟုငါဆို၏။
၃၀ ယုံကြည် အားနည်း သောသူတို့၊ ယနေ့အသက်ရှင်လျက် နက်ဖြန်မီးဖိုထဲသို့ ရောက်သောတောမြက်ပင်ကို ဘုရားသခင်သည်ထိုသို့သော အဝတ်နှင့်ဖုံးလွှမ်းတော်မူလျှင်၊ ထိုမျှမက သင်တို့ကိုအဝတ်နှင့်ဖုံးလွှမ်းတော်မူမည်မဟုတ်လော။
၃၁ ထိုကြောင့် အဘယ် သို့စားသောက်ရအံ့နည်း၊ အဘယ်သို့ဝတ်ရအံ့နည်းဟူ၍မစိုးရိမ်ကြနှင့်။ ထိုအရာများကိုသာ သာသနာပလူတို့သည် ရှာဖွေတတ်ကြ၏။
၃၂ ထိုအရာများကိုသင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ ရှိတော်မူသောသင်တို့ အဘသည်သိတော်မူ၏။
၃၃ ဘုရားသခင်၏နိုင်ငံတော်နှင့်ဖြောင့်မတ် ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှထိုအရာများကိုထပ်၍ပေးတော်မူလတံ့။
၃၄ ထိုကြောင့် နက်ဖြန် အဘို့မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိ အဘို့စိုးရိမ်လိမ့်မည်။ ယခုနေ့၌ရှိသော မကောင်းမသင့်သောအရာသည် ယခုနေ့ဘို့လောက်ပေ၏။


Vigil Readings: 

ယေရမိအနာဂတ္တိကျမ်း အခန်းကြီး ၁ (Jer 1:4-10);

၎ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်၍ မိန့်တော်မူသည်ကား၊
၅ သင့်ကို အမိဝမ်းထဲ၌ ငါမဖန်ဆင်းမှီ သင့်ကိုငါသိပြီ။ မဘွားမှီကပင် သင့်ကိုငါသန့်ရှင်းစေ၍၊ လူအမျိုးမျိုးတို့အဘို့၊ ပရောဖက်အရာ၌ ခန့်ထားပြီဟု မိန့်တော်မူ၏။
၆ ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် မဟောမပြောတတ်ပါ။ သူငယ်ဖြစ် ပါ၏ဟု လျှောက်လျှင်၊
၇ ထာဝရဘုရားကလည်း၊ အကျွန်ုပ်သည် သူငယ်ဖြစ်ပါ၏ဟု မပြောနှင့်။ အကြင်ရှိရာသို့ သင့်ကိုငါစေလွှတ်၏၊ ထိုသူရှိရာသို့ သင်သွားရမည်။ အကြင်စကားကို ငါမှာထား၏၊ ထိုစကားကို သင်ဆင့်ဆိုရမည်။
၈ သူတို့ကို မကြောက်နှင့်။ သင့်ကိုကယ်နှုတ်ခြင်းငှါ သင်နှင့်အတူငါရှိသည်ဟု မိန့်တော်မူပြီးမှ၊
၉ လက်တော်ကိုဆန့်၍ ငါ့နှုတ်ကိုတို့တော်မူလျက်၊ သင်၏နှုတ်၌ ငါ့စကားကိုငါသွင်းထားပြီ။
၁၀ ကြည့်ရှုလော့။ သင်သည် နှုတ်ပယ်ဖြိုချ ဖျက်ဆီးမှောက်လှဲရသော အခွင့်၊ တည်ဆောက်စိုက်ပျိုးရသောအခွင့်နှင့် သင့်ကိုလူအမျိုးမျိုးတို့၏ တိုင်းနိုင်ငံများအပေါ် မှာ ယနေ့ငါခန့်ထားပြီဟု မိန့်တော်မူ၏။

ဆာလံကျမ်း အခန်းကြီး ၇၁ (Ps 71:1-17);

၁ အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏၊ အရှက်ကွဲခြင်းနှင့် အစဉ် ကင်းလွတ်ပါစေသော၊၊
၂ တရားတော်နှင့် အညီ အကျွန်ုပ်ကို နှုတ်ယူ၍ လွှတ်တော်မူပါ၊၊   နားတော်ကို အကျွန်ုပ်ဘက်သို့လှည့်၍ ကယ်တင် တော်မူပါ၊၊ 
၃ အကျွန်ုပ်အစဉ်ရောက်၍ နေရာကျသော ကျောက်ဖြစ်တော်မူပါ၊၊ အကျွန်ုပ်ကို ကယ်တင်မည်အကြောင်း မိန့်တော်ရှိ၍ အကျွန်ုပ်၏ ကျောက်၊ အကျွန်ုပ်၏ ရဲတိုက်ဖြစ်တော်မူ၏၊၊
၎ အကျွန်ုပ်၏ ဘုရားသခင် ဆိုးသောသူ၏ လက်မှ၎င်း၊ မတရား သောသူနှင့် ကြမ်းတမ်းသော သူ၏ လက်မှ၎င်း အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ၊၊
၅ အရှင်ထာဝရ ဘုရား ကိုယ်တော်သည် အကျွန်ုပ်မြော်လင့်ရာ ဖြစ်တော်မူ၏၊၊ အကျွန်ုပ်ငယ်သော အရွယ်မှစ၍ အကျွန်ုပ်ကိုးစားရာ ဖြစ်တော်မူ၏၊၊
၆ အကျွန်ုပ် သည် ဘွားကတည်းက ပင်  ကိုယ်တော်ကို မှီဝဲပါပြီ။ အမိဝမ်းတွင်းမှ စ၍ ကျေးဇူးတော်ကို ခံရပါပြီ။
၇ ကိုယ်တော်ကို အစဉ်ချီးမွမ်းပါမည်။ အကျွန်ုပ်သည် များစွာ သောသူတို့၌ အံ့ဘွယ်သောအရာ  ကဲ့သို့ဖြစ် သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်၌ ခိုင်ခံ့သော ခိုလှုံရာဖြစ်တော်မူ၏။
၈ ဂုဏ်အသရေတော်နှင့် ယှဉ်သော ထောပနာစကားကို ကျွန်ုပ်သည် နေ့တိုင်း အစဉ် မြွက်ဆိုပါစေသော။
၉ အကျွန်ုပ်ကို အိုသောအခါပယ်တော်မမူပါနှင့်။ အားလျော့သောအခါ စွန့်ပစ်တော်မမူပါနှင့်။
၁၀ ရန်သူတို့သည် အကျွန်ုပ် တဘက်၌ ပြောဆိုကြပါ၏။ အကျွန်ုပ် အသက်ကို ချောင်းကြည့်သော သူတို့က၊ 
၁၁ ဘုရားသခင် သည်သူ့ကိုစွန့်ပစ်တော်မူ၏။ လိုက်၍ ဘမ်းကြကုန်အံ့။ကယ် လွတ်သောသူမရှိဟု တိုင်ပင်ပြောဆိုကြပါ၏။
၁၂ အိုဘုရားသခင်၊ အကျွန်ုပ် နှင့်ဝေးဝေး နေတော်မမူပါနှင့်။ အကျွန်ုပ်၏ ဘုရားသခင် ၊ ကျွန်ုပ်ကိုမစခြင်းငှာ အလျင်အမြန်ပြုတော်မူပါ။
၁၃ အကျွန်ုပ် အသက်ကိုရန်ဘက်ပြုသော သူတို့သည် အရှက်ကွဲ၍ဆုံးရှုံးခြင်းသို့ရောက်ကြပါစေသော။ အကျွန်ုပ် ၌အပြစ်ပြုခြင်းအခွင့်ကိုရှာသော သူတို့သည် ကဲ့ရဲ့ခြင်း၊ အသရေပျက်ခြင်းနှင့် မွန်းကြပါစေသော။
၁၄ အကျွန်ုပ်မူကား၊ အစဉ်မြော်လင့်၍ ကိုယ်တော်ကို ချီးမွမ်းသမျှ ထက်သာ၍ ချီးမွမ်းပါမည်။
၁၅ ဖြောင့်မတ်တော် မူခြင်းနှင့် ကယ်တင် တော်မူခြင်းကျေးဇူးကို အကျွန်ုပ်သည် နေ့တိုင်းအစဉ် ညွန်ကြားပါမည်။ ကျေးဇူးတော်တို့ကို ရေတွက်၍ မကုန်နိုင်ပါ။
၁၆ အရှင်ထာဝရ ဘုရား၏ ဘုန်းတန်ခိုးတော် များကို အမှီပြု၍ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းတရားကိုသာ ပြသပါမည်။
၁၇ အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကိုငယ်သော အရွယ်မှ စ၍ သွန်သင်တော်မူပါပြီ။ ယခုတိုင် အောင်အံ့ဘွယ်သော အမှုတော်တို့ကို အကျွန်ုပ်ပြပါပြီ။ 

ရှင်ပေတရုသြဝါဒစာပဌမစောင် အခန်းကြီး ၁ ( 1 Pet 1:8-12);

၈ ထိုသခင်ကို သင်တို့သည်မမြင်ဘူးသော်လည် ချစ်ကြ၏။ ယခုမှာလဲ မမြင်ဘဲလျက် ယုံကြည်သောအားဖြင့် ဘုန်းအသရေနှင့် စပ်ဆိုင်သော၊ ပြော၍မမှီနိုင်သော ရွှင်လန်းခြင်း စိတ်နှင့် ဝမ်းမြောက်ကြသည်ဖြစ်၍၊
၉ စိတ်ဝိညာဉ်ကို ကယ်တင်ခြင်းတည်း ဟူသော ယုံကြည်ခြင်း၏အကျိုးကို ခံရကြ၏။
၁၀ ထိုကယ်တင်ခြင်းအကြောင်းအရာကို ပရောဖက်တို့သည် စေ့စေ့စစ်ကြောမေးမြန်းရှာဖွေ၍၊ သင်တို့ခံရ သောကျေးဇူးတော်အကြောင်းကို ဟောပြောကြပြီ။
၁၁ ခရစ်တော်ခံတော်မူရသော ဆင်းရဲကို၎င်း၊ ဆင်းရဲခံပြီးမှ ဝင်စားတော်မူရသော ဘုန်းစည်းစိမ်ကို၎င်း၊ သူတို့အထဲ၌ရှိသော ခရစ်တော်၏ဝိညာဉ်သည် သက်သေခံနှင့်သော အခါ၊ အဘယ်မည်သောသူကို၎င်း၊ အဘယ်သို့သောအချိန်ကာလကို၎င်း ဆိုလိုတော်မူ သည်ဟု မေးမြန်ရှာဖွေကြ၏။
၁၂ ကိုယ်ဟောပြောပြုစုသော အရာများတို့သည်၊ ကိုယ်အဘို့မဟုတ်၊ သင်တို့ အဘို့ဖြစ်သည်ဟု ထိုသူတို့အား ဖွင့်ပြတော်မူ၏။ ကောင်းကင်ဘုံမှစေလွှတ်တော်မူသော သန့်ရှင်းသော ဝိညာဉ်တော်ပါလျက်၊ သင်တို့အားဧဝံဂေလိ တရားကို ဟောပြောသူတို့သည်၊ ထိုအရာများကို သင်တို့အား ယခုကြားပြောကြပြီ၊ ထိုအရာတို့ကို ကောင်းကင်တမန် တို့သည် စေ့စေ့ကြည့်ရှုစဉ်းစားချင်သော စေတနာ စိတ်ရှိကြ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁ (Luke 1:5-17);

၅ ယုဒပြည်ကိုအစိုးရသော ဟေရုဒ်မင်းကြီးလက်ထက်၊ အဘိယအသင်းဝင်ဖြစ်၍၊ ဇာခရိအမည်ရှိ သော ယဇ်ပုရောဟိတ်တပါးရှိ၏။ သူ၏ခင်ပွန်းသည် အာရုန်အမျိုးအနွှယ်ဖြစ်၏။ သူ့အမည်ကား၊ ဧလိရှဗက်တည်း။
၆ ထိုသူနှစ်ယောက်တို့သည် ထာဝရဘုရား၏ ပညတ်တရားတော်အမျိုးမျိုးတို့ကို ကျင့်ဆောင်၍ အပြစ်တင်ခွင့်နှင့် လွတ်သဖြင့်၊ ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်ခြင်း ပါရမီရှိကြ၏။
၇ ဧလိရှက်ေသည် မြုံသောကြောင့် သူတို့သည် သားမရှိ။ ထိုသူနှစ်ယောက်တို့သည် အသက်အရွယ်ကြီး ရင့်ကြ၏။
၈ ဇာခရိသည် မိမိအသင်းနှင့်တကွ အလှည့်သင့်၍၊ ဘုရားသခင့်ရှေ့တော်၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်သည်တွင်၊
၉ ယဇ်ပုရောဟိတ်ထုံးစံအတိုင်း စာရေးတံချသဖြင့်၊ သူသည် ထာဝရဘုရား၏ ဗိမာန်တော် အတွင်းသို့ဝင်၍ နံ့သာပေါင်းကို မီးရှို့ရ၏။
၁၀ ထိုသို့ နံ့သာပေါင်းကိုမီးရှို့သည်အချိန်တွင်၊ လူများအပေါင်းတို့သည် ပြင်၌ဆုတောင်းလျက်နေကြ၏။
၁၁ ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်သည် ထင်ရှား၍၊ နံ့သာပေါင်းကို ရှို့သောယဇ်ပလ္လင်လက်ျာဘက်၌ ရပ်နေသည်ကို၊
၁၂ ဇာခရိသည် မြင်လျှင်၊ စိတ်နှလုံးမငြိမ်မဝပ် ထိတ်လန့်ခြင်းသို့ ရောက်၏။
၁၃ ကောင်းကင်တမန်ကလည်း၊ ဇာခရိ၊ ကြောက်ရွံ့ခြင်း မရှိနှင့်။ သင်ပြုသောပဌနာကို နာခံတော်မူပြီ။ သင်၏ခင်ပွန်း ဧလိရှဗက်သည် သားယောက်ျား ကိုဘွားမြင် လိမ့်မည်။ ထိုသားကို ယောဟန်အမည်ဖြင့် မှည့်ရမည်။
၁၄ သင်သည် ဝမ်းသာရွှင်မြူးခြင်းရှိလိမ့်မည်။ ထိုသားကိုဘွားမြင်သောကြောင့် လူအများတို့သည်လည်း ဝမ်းမြောက် ခြင်းသို့ရောက်ကြလိမ့်မည်။
၁၅ အကြောင်းမူကား၊ ထိုသားသည် ထာဝရဘုရားရှေ့၌ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ စပျစ်ရည်နှင့် ယစ်မျိုးကိုမသောက်ဘဲနေ၍၊ အမိဝမ်းထဲကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလိမ့်မည်။
၁၆ ဣသရေလအမျိုးသားအများတို့ကို သူတို့ဘုရားသခင် ထာဝရဘုရားထံသို့ ပြောင်းလဲစေလိမ့်မည်။
၁၇ အဘတို့သည် သားတို့ကို အသင့်အတင့်ဖြစ်စေခြင်းငှါ၎င်း၊ ငြင်းဆန်သောသူတို့ကို သူတော်ကောင်းတို့၏ သတိပညာလမ်းသို့ ပြောင်းလဲစေသောအားဖြင့်၊ ထာဝရဘုရားအဘို့အလိုငှာ ပြင်ဆင်သောလူမျိုး ဖြစ်စေခြင်းငှါ၎င်း၊ သူသည် ဧလိယ၏ စိတ်ဝိညာဉ်တန်ခိုးနှင့်ပြည့်စုံလျက်၊ ဘုရားသခင့်ရှေ့တော်သို့ သွားလိမ့်မည်ဟု ကောင်းကင်တမန်ပြောဆို၏။

Friday, 22 June 2018

22-JUN-2018 (READING -ORD11-YB-C2)

Fri the 22nd:     Optional memorial of Paulinus of Nola, bishop; John Fisher, bishop and martyr; Thomas More, martyr.
2 Kgs 11:1-20; Ps 132:11-18; Matt 5:3; Matt 6:19-23

ဓမ္မရာဇဝင်စတုတ္ထစောင် အခန်းကြီး ၁၁ (2 Kgs 11:1-20);

၁ အာခဇိ၏မယ်တော် အာသလိသည် မိမိသားသေကြောင်းကို သိမြင်သော်၊ ထ၍ဆွေတော် မျိုးတော် အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းလေ၏။
၂ သို့ရာတွင် အာခဇိ၏နှမ ယဟောရံမင်းကြီးသမီး ယောရှေဘသည် အာခဇိ၏သား ယောရှကိုအသေခံရသော ဆွေတော်မျိုးတော်ထဲက ခိုးယူ၍ အာသလိလက်မှ သူ၏အသက် လွတ်စေ ခြင်းငှါ၊ သူနှင့် သူ၏နို့ထိန်းကို အိပ်ခန်းထဲ၌ ဝှက်ထား၏။
၃ ထိုနောက် ယောရှသည်ခြောက်နှစ်ပတ်လုံး အရီးနှင့်အတူ ဗိမာန်တော်၌ ပုန်းရှောင်လျက်နေ၍၊ အာသလိသည် စိုးစံလေ၏။
၎ ခုနစ်နှစ်မြောက်သောအခါ၊ ယောယဒသည် စေလွှတ်၍၊ လူတရာအုပ်၊ တပ်မှူး၊ တပ်သားတို့ကို ခေါ်လေ၏။ ဗိမာန်တော်ထဲသို့သွား၍ ပဋိညာဉ်ဖွဲ့ခြင်း၊ ဗိမာန်တော်၌ သစ္စာတိုက်ခြင်းကို ပြုပြီးမှ၊ ရှင်ဘုရင်၏သားတော်ကို ပြလေ၏။
၅ ယောယဒကလည်း၊ သင်တို့ပြုရသော အမှုဟူမူကား၊ ဥပုသ်နေ့၌ဝင်သောလူ သုံးစုတစုသည် နန်းတော်တံခါးကို စောင့်ရမည်။
၆ တစုသည် သုရတံခါးကိုစောင့်ရမည်။ တစုသည်  ကင်းနောက် တံခါးကို စောင့်ရမည်။ ထိုသို့ ဗိမာန် တော်ကို မဖြိုမဖျက်စေခြင်းငှါ စောင့်ရမည်။
၇ ဥပုသ်နေ့၌ထွက်သော လူသုံးစုနှစ်စုတွင် ရှင်ဘုရင်ပတ်လည် ဗိမာန်တော် ၌ စောင့်ရမည်။
၈ လူတိုင်းမိမိလက်နက်ကို ကိုင်လျက် ကိုယ်တော်မြတ်ကိုဝိုင်း၍၊ တပ်ထဲသို့ ဝင်သမျှသောသူတို့ကို သတ်ရမည်။ ရှင်ဘုရင်ထွက်ဝင်တော်မူ သောအခါ၊ နောက်တော်သို့ လိုက်ရမည်ဟု မှာထားလေ၏။
၉ ထိုသို့ယဇ်ပုရော ဟိတ် ယောယဒမှာထားသမျှ အတိုင်း လူတရာအုပ်တို့သည် ပြု၍၊ ဥပုသ်နေ့၌ ထွက်ရသောသူနှင့် ဝင်ရသောသူ အသိးအသီးတို့ကို ခေါ်၍ ယဇ်ပုရောဟိတ် ယောယဒထံသို့ ရောက်သောအခါ၊
၁၀ ဗိမာန်တော်၌ရှိသော ဒါဝိဒ်မင်း ကြီး၏ လှံများနှင့် ဒိုင်းများကို ယဇ်ပုရောဟိတ်သည် ထုတ်၍ လူတရာအုပ်တို့အား အပ်လေ၏။
၁၁ စောင့်သောသူ အပေါင်းတို့သည် လက်နက်ကိုကိုင်လျက်၊ ရှင်ဘုရင်ကိုဝိုင်း၍ ယဇ်ပလ္လင်အနားနှင့် ဗိမာန်တော်အနား၌ လက်ျာထောင့် မှစ၍ လက်ဝဲထောင့်တိုင်အောင် ရပ်နေကြ၏။
၁၂ ယဇ်ပုရောဟိတ်သည် ရှင်ဘုရင်သားတော်ကို ပြင်သို့ထုတ်၍၊ ရာဇသရဖူနှင့် ပညတ္တိကျမ်းကိုတင်လျက်၊ ဘိသိက်ပေးလျက်၊ ရှင်ဘုရင်အရာ၌ မြှောက်ပြီးမှ ရှင်ဘုရင်အသက်တော် ရှင်စေသတည်းဟု လက်ခုပ်တီး၍ ကြွေးကြော်ကြ၏။
၁၃ အာသလိသည် တပ်သားပြုသောအသံနှင့် လူများပြုသောအသံကို ကြားလျှင်၊ လူများရှိရာ ဗိမာန်တော် သို့သွား၍၊
၁၄ ရှင်ဘုရင်သည် ယုဒမင်းထုံးစံအတိုင်း တိုင်နားမှာရပ်လျက်၊ မှူးတော်မတ်တော်နှင့် တံပိုးမှုတ်သောသူ များတို့သည် ရှင်ဘုရင်အနားတော်၌ ရပ်လျက်၊ ပြည်သူပြည်သားများတို့သည် ဝမ်းမြောက်၍ တံပိုးမှုတ်လျက်ရှိကြ သည်ကို မြင်လျင်၊ မိမိအဝတ်ကိုဆုတ်၍ ပုန်ကန်မှုပါတကား။ ပုန်ကန်မှုပါတကားဟု အော်ဟစ်လေ၏။
၁၅ ယဇ်ပုရောဟိတ် ယောယဒကလည်း၊ ဗိမာန်တော်ထဲမှာ မသေစေနှင့်၊ တပ်ပြင်သို့ထုတ်ကြ။ သူ့ဘက်မှာနေသော သူကို ထားနှင့်သတ်ကြဟု လူတရာအုပ်၊ မှူးမတ်တို့ကို မှာထားနှင့်သည်အတိုင်း၊
၁၆ အာသလိကိုဘမ်းဆီးလျက်၊ နန်းတော်သို့ သွားသောမြင်းလမ်းဖြင့် ထုတ်၍သတ်ကြ၏။
၁၇ ယောယဒသည်လည်း ရှင်ဘုရင်နှင့် လူများတို့သည် ထာဝရဘုရား၏ လူဖြစ်ရမည်အကြောင်း ထာဝရ ဘုရားနှင့် ပဋိညာဉ်ဖွဲ့စေ၏။ တဖန် ရှင်ဘုရင်နှင့်လူများတို့ကို တဦးနှင့်တဦး ပဋိညာဉ်ဖွဲ့စေ၏။
၁၈ ပြည်သူပြည်သား အပေါင်းတို့သည် ဗာလကျောင်းသို့ သွား၍ဖြိုဖျက်ကြ၏။ ယဇ်ပလ္လင်များနှင့် ရုပ်တုများကို အကုန်အစင်ချိုးဖဲ့၍၊ ယဇ်ပလ္လင်တို့ရှေ့မှာ ဗာလယဇ်ပုရောဟိတ် မဿန်ကို သတ်ကြ၏။
၁၉ ယဇ်ပုရောဟိတ် ယောယဒသည်လည်း၊ ဗိမာန်တော်အုပ်များကို ခန့်ထားပြီးမှ လူတရာအုပ်၊ တပ်မှူး၊ တပ်သား၊ ပြည်သူပြည်သား အပေါင်းတို့ကိုခေါ်လျက်၊ ကင်းတံခါးလမ်းဖြင့် ရှင်ဘုရင်ကို ဗိမာန်တော်မှ နန်းတော်သို့ ပို့ဆောင်၍ ရာဇပလ္လင်ပေါ်မှာ ထိုင်စေ၏။
၂၀ နန်းတော် နားမှာ အာသလိကို သတ်ပြီးမှ ပြည်သူပြည်သားအပေါင်းတို့သည် ဝမ်းမြောက်၍ တမြို့လုံး၌လည်း ငြိမ်ဝပ်ခြင်းရှိ၏။

ဆာလံကျမ်း အခန်းကြီး ၁၃၂ (Ps 132:11-18);

၁၁ ထာဝရဘုရားသည် ဒါဝိဒ်အား ဓိဋ္ဌာန်ကျိန်ဆိုခြင်းကို ပြု၍၊ သစ္စာဖျက်တော်မမူသော စကားဟူမူကား၊ သင်၏ အမျိုးအနွယ်ကို သင်၏ပလ္လင်ပေါ်မှာ ငါတင်မည်။
၁၂ သင်၏သားတို့သည် ငါ့ပဋိညာဉ်တရားကို၎င်း၊ ငါသွန်သင်သော သက်သေခံချက်ကို၎င်း စောင့်ရှောက်လျင်၊ သူတို့၏ သားများသည်လည်း သင်၏ပလ္လင်ပေါ်မှာ အစဉ်အမြဲ ထိုင်ကြလိမ့်မည်ဟု ဗျာဒိတ်ထားတော်မူပြီ။
၁၃ ထာဝရဘုရားသည် ဇိအုန်မြို့ကို ရွေးကောက်၍၊ အမြဲနေ တော်မူရာဘို့ အလိုတော် ရှိသည့် အရာမှာ၊
၁၄ ဤမြို့ကား ငါအစဉ်အမြဲ ကျိန်းဝပ်ရာမြို့တည်း။ ငါအလိုရှိသည်ဖြစ်၍၊ ဤမြို့၌ ငါနေမည်။
၁၅ သူ၏ အစာအဟာရကို အထူးသဖြင့် ကောင်းကြီးပေးမည်။ သူ၌ ဆင်းရဲသားတို့ကို ဝကျွေးမည်။
၁၆ သူ၏ ယဇ်ပုရောဟိတ် တို့ကို ကယ်တင်ခြင်းတန်ဆာကို ဆင်စေသဖြင့်၊ သူ၌ သန့်ရှင်း သူတို့သည် ရွှင်လန်းသော သီချင်း ကို ရွှင်လန်းစွာ ဆိုရကြလိမ့်မည်။
၁၇ ထိုမြို့၌ ဒါဝိဒ်၏ ဦးချိုကို ငါပေါက်စေမည်။ ငါ့ထံ၌ ဘိသိက်ခံသော သူတို့ မီးခွက်ကို ငါပြင်ဆင်ပြီ။
၁၈ ထိုအရှင်၏ ရန်သူများကို ရှက်ကြောက်ခြင်းနှင့် ငါဖုံးလွှမ်းမည်။ သူ၏ ဦးရစ် သရဖူသည် ဘုန်းပွင့်လျက် ရှိလိမ့်မည်ဟု ဗျာဒိတ်တော်ရှိ၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၅ (Matt 5:3); 

၃ စိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံတော်ဖြစ်၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၆ (Matt 6:19-23);

၁၉ သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာကိုမဆည်းဖူးကြနှင့်။
၂၀ သံချေး၊ ပိုးရွမဖျက်ဆီး၍ သူခိုးမထွင်းမဖောက်မခိုးမယူရာ ကောင်းကင်ဘုံ၌ဘဏ္ဍာကိုဆည်းဖူးကြလော့။
၂၁ အကြောင်းမူကား၊ အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏၊ ထိုအရပ်သို့သင်တို့၏ စိတ်နှလုံးရောက်တတ်၏။
၂၂ မျက်စိကား ကိုယ်၏ဆီမီး ဖြစ်၏။ ထိုကြောင့်မျက်စိကြည်လင်လျှင် တကိုယ်လုံးလင်းလိမ့်မည်။
၂၃ မျက်စိမြေးရှက်လျှင် တကိုယ်လုံးမိုက်လိမ့်မည်။ သင်၏အလင်းသော်ကား၊ မှောင်မိုက်ဖြစ်လျှင် ထိုအမိုက်သည် အလွန်မိုက်စွတကား။

Thursday, 21 June 2018

21-JUN-2018 (READING -ORD11-YB-C2)

Thu the 21st:     Memorial of Aloysius Gonzaga, religious.
Sir 48:1-14; Ps 97:1-7; Rom 8:15; Matt 6:7-15

ဆီရပ်ခ်၏နီတိဒေသနာကျမ်း  အခန်းကြီး (၄၈) (ှငမ ၄၈ါ်၁-၁၄)း


၁။ ထိုအချိန်၌ ပရောဖက် ဧလိယသည် မီးတောက်မီးလျှံ သဖွယ်  ပေါ်ထွန်းလာခဲ့၏။  သူ၏ စကားများသည် တောက်လောင်နေသော မီးဒုတ်ကဲ့သို့ ဖြစ်ကြ၏။
၂။ ဧလိယသည် သူတို့အပေါ်မှာငတ်မွတ်ခေါင်းပါးခြင်း ကပ်ဆိုက်ရောက် စေတော်မူပြီး သူ၏ စိတ်အားထက် သန်မှုကြောင့် သူတို့၏ အရေအတွက်ကို လျော့နည်း
၃။ စေခဲ့၏။  သခင်ဘုရား၏ နှုတ်ကပတ်တော်အားဖြင့် သူသည် ကောင်းကင် တံခါးများကိုပိတ်လျက်မိုးမရွာ စေသကဲ့သို့ကောင်းကင်မှလည်းသုံးကြိမ်တိုင်တိုင် မီး
၎။ ကို ခေါ်ချခဲ့၏။ အိုဧလိယ၊သင်၏အံ့ဩဖွယ်ကောင်း သော လုပ်ရပ်များ၌သင်သည် ဘုန်းတန်ခိုးကြီးမားလှ 
၅။ ပေ၏။ သင့်ကိုယှဉ်၍မည်သူသည်ြွကားဝါနိုင်ခွင့်ရှိသ နည်း။သင်သည်အမြင့်ဆုံးသောအရှင်သခင်၏နှုတ်ကပတ်တော်အားဖြင့်သင်သည်သေဆုံးပြီးသေမင်းနိုင်ငံ သို့ရောက်နေသောသူတစ်ယောက်ကို အသက်ပြန်ရှင်
၆။ စေခဲ့၏။   သင်သည် ဘုရင်များကို  ပျက်စီးခြင်းသို့ ရောက်စေခဲ့ပြီး  ထင်ပေါ် ကျော်ကြားသော သူတို့ကို
၇။ အိပ်ယာထက်တွင် သေကြေပျက်စီးစေ၏။ သင်သည် ဆီနိုင်  တောင်ပေါ်တွင်  ကြိမ်းမောင်းပြစ်တင်သံကို လည်းကောင်း၊ဟောရက်တောင်ပေါ်တွင်လက်စားချေ တော်မူမည့် စီရင်ချက်ကိုလည်းကောင်း ကြားခဲ့၏။
၈။ သင်သည်  လူတို့အပေါ် ထိုက်သင့်သော အပြစ်ဒဏ် ရစေမည့် ဘုရင်များကို ဘိသိက်ပေး၍  သင့်ကိုဆက် ခံရန်ပရောဖက်များကို ဆီသွန်းလောင်းပေးခဲ့၏။
၉။ သင်သည်  မီးတောက် မီးလျှံများ လည်ပတ်နေသော လေပွေကြီးထဲမှ၏  မြင်းရထားဖြင့် အထက်သို့  ပင့်
၁၀။ ဆောင်ခြင်း ခံခဲ့ရ၏။  ကျမ်းစာတွင်ရေးထားလျက်ရှိ သည့်အတိုင်း ဘုရားသခင်၏အမျက်တော်ကိုအချိန်မီ ငြိမ်းအေးစေရန်လည်းကောင်း၊ ဖခင်၏ နှလုံးသားကို   သားဆီသို့ လှည့်လည်စေရန်လည်းကောင်း၊ယာကုပ်  အမျိုးကိုပြန်လည်စုစည်းပေးရန်လည်းကောင်းသင့်ကို အဆင်သင့် ပြင်ဆင်ထားခဲ့၏။
၁၁။ သင့်အား တွေ့မြင့်လိုက်ရသော  သူတို့နှင့် ချစ်ခြင်း၌ သေဆုံးခဲ့ကြသူတို့သည်မင်္ဂလာရှိကြ၏။အကြောင်းမူ ကား ငါတို့သည်လည်း ဧကန်မုချအသက်ရှင်ကြလိမ့်
၁၂။ မည်။  ဧလိယသည် လေပွေအားဖြင့် ဆောင်ယူသွား ခြင်း ခံရသောအခါ ဧလိရှသည်ကား ဧလိယ၏ စိတ်ဓာတ်ဖြင့် ပြည့်ဝလျက်ကျန်ရစ်ခဲ့၏။ သူ၏ ဘဝ တစ်လျှောက်လုံးတွင် သူသည် မည်သည့်ဘုရင်ရှေ့ တွင်မှ   ကြောက်ရွံ့  တုန်လှုပ်ခြင်း မရှိခဲ့သည့်အပြင် ကျိုးနွံ အောင် မည်သူကမျှ သူ့ကိုမလုပ်နိုင်ခဲ့ချေ။
၁၃။ သူ့အတွက်မူကားမည်သည့်အရာမျှခက်ခဲနက်နဲသည်  ဟူ၍  မရှိခဲ့။  သူသေဆုံးပြီး  နောက်ပိုင်းတွင်လည်း သူ၏ခန္ဓာကိုယ်သည် ပရောဖက်တန်ခိုးဖြင့်နိမိတ်ပေး
၁၄။ ဟောပြောခဲ့၏။သူအသက်ရှင်စဉ်ကအံ့ဩဖွယ်ရာများကို ပြုခဲ့သည့်နည်းတူ  သေသည့်အခါ၌လည်း သူ၏  လုပ်ရပ်များသည်အလွန်အံ့ဩဖွယ်ကောင်းလှ၏။



ဆာလံကျမ်း အခန်းကြီး ၉၇(Ps 97:1-7);

၁ ထာဝရဘုရားသည် စိုးစံတော်မူ၏။ မြေကြီးသည် ဝမ်းမြောက်၍၊ ကျွန်းများတို့သည်လည်း ရွှင်လန်းကြစေ။
၂ မိုဃ်းတိမ်နှင့် မှောင်မိုက်တို့သည် ထာဝရဘုရား၏ပတ်ဝန်းကျင်တို့၌ ရှိကြသည်၊၊ တရားသဖြင့်စီရင်ခြင်း ဖြောင့်မတ်စွာ ဆုံးဖြတ်ခြင်းသည် ပလ္လင်တော်၏တည်ရာဖြစ်၏၊၊
၃ မီးသည်ရှေ့တော်၌ သွား၍ ရန်သူတို့ကိုအလှည့်လည့်   လောင်လေ၏။
၎ လျှပ်စစ်တော်သည် လောကဓါတ်ကိုလင်းစေ၏၊၊ မြေကြီးသည်မြင်၍ တုန်လှုပ်၏၊၊
၅ ထာဝရဘုရားရှေ့ မြေကြီးတပြင်လုံး ကိုအစိုးရတော်မူသော အရှင်၏ရှေ့တော်၌ တောင်တို့သည်ဘယောင်းကဲ့သို့ အရည်ဖြစ်ကြသည်၊၊
၆ ဖြောင့်မတ်တော်မူ ခြင်း အကြောင်းကိုကောင်းကင်တို့သည် ထင်ရှားစွာပြ၍ လူများအပေါင်းတို့သည် ဘုန်းတော်ကိုမြင်ရကြ၏၊၊
၇ ရုပ်တု ဆင်းတုကို ဝတ်ပြုသောသူ အချည်းနှီးသက်သက်သော အရာ၌ဝါကြွားသောသူ အပေါင်းတို့သည် အရှက်ကွဲခြင်း ရှိကြစေ၊၊ ဘုရားအပေါင်းတို့ ထာဝရဘုရားကို ပြပ်ဝပ်ကိုးကွယ်ကြလော့၊၊

ရောမသြဝါဒစာ အခန်းကြီး ၈ (Rom 8:15);

၁၅ အကြောင်းမူကား၊ သင်တို့သည် တဖန်ကြောက်ရွံ့တတ် သောကျွန်၏ သဘောကိုရကြသည်မဟုတ်။ အဗ္ဗအဘဟု ခေါ်ရသော အခွင့်နှင့်သားဖြစ်ခြင်း၏ သဘောကိုရကြပြီ။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၆ (Matt 6:7-15);

၇ သင်တို့သည်ဆုတောင်းသောအခါ သာသနာပလူနည်းတူ အချည်းနှီးသောစကားဖြင့် အထပ်ထပ်မမြွက်ကြနှင့်။ ထိုသူတို့သည် များစွာသောစကား အားဖြင့်မိမိတို့အလိုပြည့်စုံမည်ဟု ထင်မှတ်ကြ၏။
၈ ထိုသူတို့နည်းတူမပြုကြနှင့်။ အကြောင်းမူကား၊ သင်တို့အလိုရှိ သမျှတို့ကို သင်တို့မတောင်းမှီ သင်တို့အဘသိတော်မူ၏။
၉ ထိုကြောင့် သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။
၁၀ နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။
၁၁ အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အားယနေ့ပေးသနားတော်မူပါ။
၁၂ သူတပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များကိုလွှတ်တော်မူပါ။
၁၃ အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊ မကောင်းသော အမှုအရာမှလည်းကယ်နှုတ်တော်မူပါ။ အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုးအာနုဘော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ရှိပါ၏။ အာမင် ဟု ဆုတောင်းကြလော့။
၁၄ သင်တို့ သည် သူတပါးတို့၏ အပြစ်ကိုလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။
၁၅ သင်တို့သည် သူတပါးတို့၏အပြစ်ကိုမလွှတ်လျှင်၊ သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော် မမူ။

Wednesday, 20 June 2018

20-JUN-2018 (READING -ORD11-YB-C2)

Wed the 20th: 2 Kgs 2:1-14; Ps 31:20-24; John 14:23; Matt 6:1-18

ဓမ္မရာဇဝင်စတုတ္ထစောင် အခန်းကြီး ၂ (2 Kgs 2:1-14);

၁ ထာဝရဘုရားသည် ဧလိယကို လေဘွေအားဖြင့် ကောင်းကင်သို့ ချီတော်မူချိန်နီးသောအခါ၊ ဧလိယသည် ဧလိရှဲနှင့်အတူ ဂိလဂါလမြို့သို့ သွား၏။
၂ ဧလိယကလည်း၊ ဤအရပ်၌ နေရစ်ပါလော့။ ထာဝရဘုရားသည် ငါ့ကို ဗေသလမြို့သို့ စေလွှတ်တော်မူသည်ဟု ဧလိရှဲအား ဆိုလျှင်၊ ဧလိရှဲက ထာဝရဘုရားအသက်၊ ကိုယ်တော်အသက် ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့် ကျွန်ုပ်မကွာရပါဟု ပြန်ပြောလျက်၊ ထိုသူနှစ်ယောက်တို့သည် ဗေသလမြို့ သို့သွားကြ၏။
၃ ထိုမြို့၌ရှိသော ပရောဖက်အမျိုးသား တို့သည် ဧလိရှဲကို ခရီးဦးကြိုပြုအံ့သောငှါ ထွက်လာ၍၊ ထာဝရဘုရားသည် ကိုယ်တော်သခင်ကို ကိုယ်တော်ခေါင်းမှ ယနေ့နှုတ်သွားတော်မူမည်ကို သိတော်မူသလောဟု မေးလျှင်၊ ဟုတ်ကဲ့ ငါသိ၏။ တိတ်ဆိတ်စွာနေကြပါဟု ပြောဆို၏။
၎ ဧလိယကလည်း၊ အိုဧလိရှဲ၊ ဤအရပ်၌ နေရစ်ပါ လော့။ ထာဝရဘုရားသည် ငါ့ကိုယေရိခေါမြို့သို စေလွှတ်တော်မူသည်ဟု ဆိုလျှင်၊ ဧလိရှဲက၊ ထာဝရဘုရားအသက်၊ ကိုယ်တော်အသက်ရှင် တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့် အကျွန်ုပ်မကွာရပါဟု ပြန်ပြောလျက်၊ ထိုသူနှစ်ယောက် တို့သည် ယေရိခေါမြို့သို့ သွားကြ၏။
၅ ထိုမြို့၌ရှိသော ပရောဖက်အမျိုးသားတို့သည် ဧလိရှဲထံသို့လာ၍ ထာဝရ ဘုရားသည် ကိုယ်တော်သခင်ကို ကိုယ်တော်ခေါင်းမှ၊ ယနေ့နှုတ်သွားတော်မူမည်ကို သိတော်မူသလောဟု မေးလျှင်၊ ဟုတ်ကဲ့ငါသိ၏။ တိတ်ဆိတ်စွာနေကြပါဟု ပြောဆို၏။
၆ ဧလိယကလည်း ဤအရပ်၌ နေရစ်ပါလော့။ ထာဝရဘုရား သည် ငါ့ကိုယော်ဒန်မြစ်သို့ စေလွှတ်တော်မူသည်ဟု ဆိုလျှင်၊ ဧလိရှဲက၊ ထာဝရဘုရားအသက်၊ ကိုယ်တော်အသက် ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့်အကျွန်ုပ်မကွာရပါဟု ပြန်ပြောလျက်၊ ထိုသူနှစ်ယောက်တို့သည် အတူ သွားကြ၏။
၇ ပရောဖက်အမျိုးသာ ငါးကျိပ်တို့သည် အဝေးကကြည့်ရှုခြင်းငှါ သွား၍ရပ်နေကြ၏။ ထိုနှစ်ယောက် တို့သည် ယော်ဒန်မြစ်နားမှာ ရပ်နေကြ၏။
၈ ဧလိယသည် မိမိဝတ်လုံကိုယူ၍ လိပ်ပြီးမှ၊ ရေကိုရိုက်သဖြင့် ရေသည် တဘက်တချက်ကွဲ၍၊ ထိုသူနှစ်ယောက်တို့သည် မြေပေါ်မှာရှောက်သွား ကြ၏။
၉ မြစ်တဘက်သို့ရောက်သောအခါ၊ ဧလိယက၊ သင်နှင့်ငါမကွာမှီ ငါ၌ တစုံတခုသောဆုကို တောင်းလော့ဟု ဧလရှဲအားဆိုလျှင်၊ ဧလိရှဲက ကိုယ်တော် ဝိညာဉ်နှစ်ဆသောအဘို့ကို အကျွန်ုပ်ကိုယ်ပေါ်မှာ ရှိပါစေသောဟု တောင်းသော်၊
၁၀ ဧလိရှဲက သင်သည် ရခဲသော ဆုကိုတောင်း၏။ သင်နှင့်ငါကွာသည်ကို မြင်လျှင်ရမည်။ သို့မဟုတ်မရဟု ပြောဆို၏။
၁၁ ထိုသို့ နှုတ်ဆက်လျက် သွားကြစဉ်တွင်၊ မီးရထားနှင့် မီးမြင်းတို့သည် ပေါ်လာ၍၊ ထိုသူနှစ်ယောက်တို့ကို ခွဲခွာသဖြင့်၊ ဧလိယသည် လေဘွေ အားဖြင့် ကောင်းကင်သို့ တက်လေ၏။
၁၂ ဧလိရှဲသည် ကြည့်မြင်လျှင် ငါ့အဘ၊ ငါ့အဘ၊ ဣသရေလရထား၊ ဣသရေလ မြင်းပါတကားဟု ဟစ်သော်လည်း၊ နောက်တဖန် ဧလိယကိုမမြင်ရ။ မိမိအဝတ်ကို ကိုင်၍နှစ်ပိုင်းဆုတ်လေ၏။
၁၃ အောက်သို့ကျသော ဧလိယဝတ်လုံကိုကောက်၍ ပြန်လေ၏။ ယော်ဒန်မြစ်နားမှာ ရပ်၍၊
၁၄ ရေကိုဝတ်လုံနှင့် ရိုက်လျက်၊ ဧလိယကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားသည် အဘယ်မှာ ရှိတော်မူသနည်းဟူ၍ တဖန်ရိုက် သောအခါ၊ ရေသည်တဘက်တချက်ကွဲသဖြင့် ဧလိရှဲသည် ကူးသွား၏။

ဆာလံကျမ်း အခန်းကြီး ၃၁ (Ps 31:20-24);

၂၀ လူတို့ပြုတတ်သော ပရိ ယာယ် နှင့် ကင်းလွတ်စေခြင်းငှါ ကျိန်းဝပ်တော်မူရာအတွင်း အရပ်၌ ထိုသူတို့ကို ဝှက်ထားတော်မူပါ၊၊ ရန်တွေ့ခြင်း အသံကို ကွယ်ကာလျက် တဲတော်တွင် သူတို့ကို စောင့်မတော်မူ၏၊၊
၂၁ ထာဝရဘုရား၌ မင်္ဂလာဖြစ်စေသတည်း၊၊ အကြောင်းမူကား၊ ခိုင်ခံ့သော မြို့၌ အံ့ဘွယ်သော မေတ္တာကရုဏာတော်ကို အကျွန်ုပ်အား ထင်ရှားပြတော်မူပြီ၊၊
၂၂ အကျွန်ုပ်သည် ကိုယ်တော်၏ မျက်နှာကွယ်ရာ၌ ဆုံးရှုံးပါပြီဟု အကျွန်ုပ်တုန်လှုပ်လျက် ဆိုမိသော်လည်း ကိုယ်တော်ကို အော်ဟစ်သောအခါ အကျွန်ုပ်ပြုသော ပဌနာစကားသံကို ကိုယ်တော်နားထောင်တော်မူသတည်း။
၂၃ ထာဝရဘုရား၏သန့်ရှင်းသူအပေါင်းတို့ ထာဝရဘုရားကိုချစ်ကြလော့၊၊ ထာဝရဘုရားသည် သစ္စာရှိ သောသူတို့ကို စောင့်မတော်မူ၏၊၊ မာနထောင်လွှား သူတို့ကိုကား၊ အပြစ်များစွာပေးဆပ် တော်မူသတည်း၊၊
၂၄ ထာဝရဘုရားကို ကိုးစားသောသူအပေါင်းတို့ အားယူ၍ရဲရင့်သော စိတ်နှလုံးရှိကြလော့၊၊

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄ (John 14:23);

၂၃ ယေရှုကလည်း၊ ငါ့ကိုချစ်သော သူသည် ငါ့စကားကိုနားထောင်လိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကိုချစ်တော်မူသည်။ ငါတို့သည်လည်း သူ့ဆီသို့ကြွ၍ နေရာချမည်။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၆(Matt 6:1-18);

၁ လူများတို့မြင်စေခြင်းငှါ ကိုယ်သီလအကျင့်ကိုသူ့ရှေ့မှောက်၌မကျင့်မည်အကြောင်း သတိပြုကြ လော့။ သို့မဟုတ်ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘထံမှ အကျိုးကိုမခံမရကြ။
၂ ထိုကြောင့် သင်သည်အလှူဒါန ကိုပေးသောအခါ လျှို့ဝှက်သောသူတို့သည် လူအများအချီးအမွမ်းကိုခံလို၍ ပွဲသဘင်လမ်းခရီး၌ မိမိတို့ရှေ့မှာ တံပိုးခရာမှုတ်စေသည်နည်းတူမပြုနှင့်။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည်မိမိတို့အကျိုးကိုရကြပြီ။
၃ သင်သည် အလှူဒါနကိုပေးသောအခါ ပေးကြောင်းကိုမထင်ရှား စေခြင်းငှါ၊ လက်ျာလက်ပြုသည်အမှုကို လက်ဝဲလက်မျှမသိစေနှင့်။
၎ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကိုထင်ရှားစွာပေးတော်မူလတံ့။
၅ သင်သည် ဆုတောင်းပဌနာပြုသောအခါ လျှို့ဝှက်သောသူတို့နည်းတူမပြုနှင့်။ ထိုသူတို့သည် လူများ တို့ရှေ့မှာထင်ရှားစေခြင်းငှါ၊ ပွဲသဘင်လမ်းဆုံလမ်းဝတို့၌ ရပ်လျက်ဆုတောင်းခြင်းငှါအလိုရှိကြ၏။ ငါအမှန်ဆိုသည် ကား၊ ထိုသူတို့သည်မိမိတို့အကျိုးကိုခံရကြ၏။
၆ သင်သည်ဆုတောင်းသောအခါ ဆိတ်ညံရာအခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးမှ၊ မထင်ရှားသောအရပ်၌ရှိတော်မူသော သင်၏အဘကို ဆုတောင်းလော့။ မထင်ရှားသောအရာကို မြင်တော်မူသောသင်၏အဘသည် အကျိုးကိုထင်ရှားစွာ ပေးတော်မူလတံ့။
၇ သင်တို့သည်ဆုတောင်းသောအခါ သာသနာပလူနည်းတူ အချည်းနှီးသောစကားဖြင့် အထပ်ထပ်မမြွက်ကြနှင့်။ ထိုသူတို့သည် များစွာသောစကား အားဖြင့်မိမိတို့အလိုပြည့်စုံမည်ဟု ထင်မှတ်ကြ၏။
၈ ထိုသူတို့နည်းတူမပြုကြနှင့်။ အကြောင်းမူကား၊ သင်တို့အလိုရှိ သမျှတို့ကို သင်တို့မတောင်းမှီ သင်တို့အဘသိတော်မူ၏။
၉ ထိုကြောင့် သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။
၁၀ နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။
၁၁ အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အားယနေ့ပေးသနားတော်မူပါ။
၁၂ သူတပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များကိုလွှတ်တော်မူပါ။
၁၃ အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊ မကောင်းသော အမှုအရာမှလည်းကယ်နှုတ်တော်မူပါ။ အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုးအာနုဘော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ရှိပါ၏။ အာမင် ဟု ဆုတောင်းကြလော့။
၁၄ သင်တို့ သည် သူတပါးတို့၏ အပြစ်ကိုလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။
၁၅ သင်တို့သည် သူတပါးတို့၏အပြစ်ကိုမလွှတ်လျှင်၊ သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မမူ။
၁၆ သင်တို့သည် အစာရှောင်ခြင်းအကျင့်ကိုကျင့်သောအခါ လျှို့ဝှက်သောသူတို့နည်းတူ မျက်နှာညှိုးခြင်း မရှိကြနှင့်။ ထိုသူတို့သည် မိမိတို့အစာရှောင်သည်ကို လူများတို့ရှေ့မှာထင်ရှားစေခြင်းငှါ၊ မိမိတို့မျက်နှာကိုဖျက် တတ်ကြ၏။
၁၇ ငါအမှန်အကန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကို ခံရကြ၏။
၁၈ သင်သည် အစာရှောင်သောအခါ အစာရှောင်သည်ကိုလူများတို့ရှေ့မှာ မထင်ရှားစေဘဲ၊ မထင်ရှားသော အရပ်၌ရှိတော်မူသော သင်တို့အဘ ရှေ့တော်၌သာ ထင်ရှားစေခြင်းငှါ၊ ခေါင်းကိုလိမ်းကျံလော့။ မျက်နှာကိုလည်းသစ်လော့။ မထင်ရှားသောအရာကို မြင်တော်မူသောသင်တို့အဘသည် အကျိုးကို ထင်ရှားစွာ ပေးတော်မူလတံ့။



Tuesday, 19 June 2018

19-JUN-2018 (READING -ORD11-YB-C2)

Tue the 19th:     Optional memorial of Romuald, abbot.
1 Kgs 21:17-29; Ps 51:3-16; John 13:34; Matt 5:43-48

ဓမ္မရာဇဝင် တတိယစောင် အခန်းကြီး ၂၁ (1 Kgs 21:17-29);

၁၇ ထိုအခါတိရှဘိမြို့သား ဧလိယသို့ရောက်လာသောထာဝရဘုရား၏ နှုတ်ကပတ်တော်က၊
၁၈ သင်သည် ရှမာရိမြို့၌ နေသောဣသရေလရှင်ဘုရင်အာဟပ်ကိုကြိုဆိုအံ့သောငှါထသွားလော့။ သူသည် နာဗုတ်၏ စပျစ်ဥယျာဉ်ကိုသိမ်းယူခြင်းငှါသွား၍ ယခုဥယျာဉ်၌ရှိ၏။
၁၉ ထာဝရဘုရားမိန့်တော်မူ သည်ကား၊ သင်သည် လူအသက်ကိုသတ်၍ သူ့ဥစ္စာကိုသိမ်းယူပြီလော။ တဖန်မိန့်တော်မူသည်ကား၊ ခွေးတို့သည် နာဗုတ်သွေးကို လျက်သောအရပ်၌သင့်အသွေးကိုပင်လျက်ကြလိမ့်မည်ဟု မိန့်တော် မူကြောင်းကို ဆင့်ဆိုလော့ဟု မှာထားတော်မူ၏။
၂၀ အာဟပ်ကလည်း၊ အချင်းရန်သူ၊ ငါနှင့်တွေ့ပြီလောဟု ဧလိယအား ဆိုလျှင်၊ ဧလိယသင်သည်ထာဝရဘုရားရှေ့ တော်၌ ဒုစရိုကိုပြု၍ ကိုယ်ကိုရောင်းသောကြောင့် သင်နှင့်ငါတွေ့ပြီ။
၂၁ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင့်အပေါ်သို့ ဘေးဥပဒ်ရောက်စေမည်။ ဣသရေလမြို့ရွာ၌ ချုပ်ထားသောသူဖြစ်စေ၊ အလွှတ်ပြေးသောသူဖြစ်စေ၊ အာဟပ်အမျိုး ယောက်ျားများကို ပယ်ဖြတ်မည်။
၂၂ ငါ့အမျက်ကိုနှိုးဆော်သောအပြစ်နှင့် ဣသရေလလူအမျိုးကို ပြစ်မှားစေသော အပြစ် ကြောင့်၊ သင့်အမျိုးကိုနေဗတ်၏သားယေရောဗောင်အမျိုးနှင့် အဟိယ၏သား ဗာရှာအမျိုးကဲ့သို့ ငါဖြစ်စေမည်။
၂၃ ယေဇဗေလအမှုမှာ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ယေဇရေလမြို့ရိုးနားမှာ ခွေးတို့သည် ယေဇဗေလကို စားကြလိမ့်မည်။
၂၄ အာဟပ်အမျိုးသည်မြို့ထဲမှာသေလျှင် ခွေးစားလိမ့်မည်။ မြို့ပြင်မှာသေလျှင် မိုဃ်း ကောင်းကင်ငှက်စားလိမ့်မည်ဟု မိန့်တော်မူကြောင်းကို အာဟပ်အားဆင့်ဆို၏။
၂၅ အာဟပ်နှင့်တူသောသူတယောက် မျှမရှိ။ ခင်ပွန်းယေဇဗေလသည် တိုက်တွန်းသဖြင့်၊ ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြုလို၍ကိုယ်ကိုရောင်းသော သူဖြစ်၏။
၂၆ ထာရဘုရားသည် ဣသရေလအမျိုးရှေ့မှ နှင်ထုတ်တော်မူသောအာမောရိ အမျိုးသားပြုသမျှအတိုင်း၊ ရုပ်တုဆင်းတုကိုဆည်းကပ်၍ စက်ဆုပ်ရွံရှာဘွယ် အမှုကိုပြု၏။
၂၇ သို့ရာတွင်ဧလိယအဆင့်ဆိုသောစကားတော်ကို ကြားလျှင်၊ မိမိအဝတ်ကိုဆုတ်၍ လျှော်တေအဝတ်ကိုဝတ်၏။ အစာရှောင်ခြင်း၊ လျှော်တေအဝတ်၌အိပ်ခြင်ကိုပြု၍ ဖြည်းဖြည်းသွားလာ၏။
၂၈ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည်တိရှဘိမြို့သား ဧလိယသို့ရောက်လာသည်ကား၊
၂၉ အာဟပ်သည် ငါ့ရှေ့မှာနှိမ်ချသည်ကို မြင်ပြီလော။ ထိုသို့ငါ့ရှေ့မှာ နှိမ့်ချသောကြောင့်၊ သူ့လက်ထက်၌ထိုဘေးဥပဒ် ကိုငါမရောက်စေ၊ သူ့သားလက်ထက်၌ သူ့အမျိုးအပေါ်သို့ရောက်စေမည်ဟု မိန့်တော်မူ၏။

ဆာလံကျမ်း အခန်းကြီး ၅၁ (Ps 51:3-16);

၃ အကျွန်ုပ်လွန်ကျုးပါပြီ ဟုဝန်ချလျက် ကိုယ်အပြစ်ကို အစဉ်မပြတ် အောက်မေ့လျက်နေပါ၏၊၊
၎ ကိုယ်တော်ကိုပြစ်မှားပါပြီ၊၊ ကိုယ်တော်ကိုသာ ပြစ်မှား၍ မျက်မှောက်တော်၌ပင် မတရားသောအမှုကို ပြုပါပြီ၊၊ သို့ဖြစ်၍ မိန့်တော်မူချက်သည် ဖြောင့်ပါ၏၊၊ တရားစီရင်တော် မူချက်သည် အပြစ်လွတ်ပါ၏၊၊
၅ အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျက်ရှိပါ၏၊၊ အမိဝမ်းထဲမှာ ပဋိသန္ဓြေွယူစဉ်ပင် အပြစ်စွဲပါ၏၊၊
၆ ဟုတ်မှန်ဖြောင့်မတ်သောစိတ်နှလုံးကို နှစ်သက်တော်မူသည်ဖြစ်၍ အကျွန်ုပ်၏စိတ်နှလုံးထဲမှာ ပညာ ကိုသွန်သင်တော်မူပါ၊၊
၇ အကျွန်ုပ်ကို စင်ကြယ်စေခြင်းငှါ ဟုဿုပ်ပင်ညွန့်နှင့်သန့်ရှင်းခြင်း မင်္ဂလာကိုပေးတော်မူပါ၊၊ အကျွန်ုပ်ကိုမိုဃ်းပွင့် ထက်သာ၍ ဖြူစေခြင်းငှါ ဆေးကြောတော်မူပါ၊၊
၈ စိတ်သက်သာဝမ်းမြောက်ခြင်း ရှိမည်အကြောင်း စကားကို အကျွန်ုပ်အား ကြားစေတော်မူသည်၊၊
၉ သို့ပြုလျှင် ချိုးဖဲ့တော်မူသော အရိုးတို့သည် ရွှင်မြူးခြင်း ရှိကြပါလိမ့် မည်၊၊ အကျွန်ုပ်လွန်ကြူးခြင်း ဒုစရိုက်တို့မှမျက်နှာတော်ကို လွှဲ၍အကျွန်ုပ်အပြစ်ရှိသမျှ တို့ကိုလည်း ဖြေတော်မူပါ၊၊
၁၀ အိုဘုရားသခင် အကျွန်ုပ်အထဲ၌စင်ကြယ်သော နှလုံးကိုဖန်ဆင်းတော်မူပါ၊၊ မြဲမြံတည်ကြည်သော သဘောကို အသစ်ပြုပြင် တော်မူပါ၊၊
၁၁ အကျွန်ုပ်ကို အထံတော်ထဲက နှင်ထုတ်တော်မမူပါနှင့်၊၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ရုပ်သိမ်းတော်မမူပါနှင့်၊၊
၁၂ ကယ်တင်တော်မူခြင်းနှင့် ယှဉ်သောဝမ်းမြောက်ခြင်း အခွင့်ကိုပြန်၍ ပေးသနား တော်မူပါ၊၊ ကြည်ညိုသောစေတနာ စိတ်သဘောသည် အကျွန်ုပ်ကို ထောက်မပါစေသော၊၊
၁၃ အကျွန်ုပ်သည်လည်း မတရားသောသူ တို့အား တရားတော်လမ်းကို ပြသသွန်သင်ပါမည်၊၊ အပြစ်ရှိသော သူတို့သည် ကိုယ်တော်ထံသို့ ပြန်ကြပါလိမ့်မည်။
၁၄ အိုဘုရားသခင် အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရား လူအသတ်ကိုသတ်ခြင်းအပြစ်နှင့် အကျွန်ုပ်ကို ကင်းလွတ်စေတော်မူပါ၊၊ တရားသဖြင့် စီရင်တော်မူခြင်းကို အကျွန်ုပ်လျှာသည် ရွှင်လန်းစွာ သီချင်းဆိုပါမည်၊၊
၁၅ အိုထာဝရ ဘုရား အကျွန်ုပ်၏ နှုတ်ကို ဖွင့်တော်မူပါ၊၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းမြွက်ဆိုပါမည်၊၊ 
၁၆ ယဇ်ပူဇော်ခြင်းကို အလိုတော်မရှိ၊၊ သို့မဟုတ်လျှင် ယဇ်ပူဇော်ပါမည်၊၊ မီးရှို့သော ယဇ်ပူဇော်ခြင်းကိုပင် နှစ်သက်တော်မမူ၊၊

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၃ (John 13:34);

၃၄ သင်တို့သည် အချင်းချင်း တယောက်ကိုတယောက်ချစ်ကြလော့။ ငါသည်သင်တို့ကို ချစ်သည် နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကိုငါပေး၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၅ (Matt 5:43-48);

၄၃ ကိုယ်နှင့်စပ်ဆိုင်သောသူကိုချစ်လော့။ ရန်သူကိုမုန်းလော့ ဟူသောပညတ်စကားကိုသင်တို့ကြား ရပြီ။
၄၄ ငါပညတ်သည်ကား၊ သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏သားဖြစ်လိုသောငှါ၊ သင်တို့၏ ရန်သူတို့ကိုချစ်ကြလော့။ သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကိုမုန်းသောသူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကိုနှောင့်ရှက်ညှဉ်းဆဲသောသူတို့အဘို့ ဘုရားသခင်ကိုဆုတောင်းကြလော့။
၄၅ အကြောင်း မူကား၊ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည်၊ ကောင်းသောသူ မကောင်း သောသူတို့အပေါ်၌ ကိုယ်တော်၏နေကိုထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ မဖြောင့်မတ်သောသူတို့အပေါ်၌ မိုဃ်းကိုရွာစေတော်မူ၏။
၄၆ သင်တို့ကိုချစ်သောသူတို့အားသာ ချစ်တုံ့ပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ အခွန်ခံသူတို့ပင် ဤမျှ လောက်ပြုကြသည်မဟုတ်လော။
၄၇ အဆွေအမျိုး တို့အားသာ လောကဝတ်ပြုလျှင် အဘယ်သို့ထူးမြတ်သနည်း။ သာသနာပလူတို့ပင် ထိုအတူပြုကြသည် မဟုတ်လော။
၄၈ ထိုကြောင့် ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် စုံလင်တော်မူသည်နည်းတူ သင်တို့သည်လည်း စုံလင်ခြင်းရှိကြလော့။


Monday, 18 June 2018

18-JUN-2018 (READING -ORD11-YB-C2)

Mon the 18th: 1 Kgs 21:1-16; Ps 5:1-7; Ps 119:105; Matt 5:38-42

ဓမ္မရာဇဝင် တတိယစောင် အခန်းကြီး ၂၁ (1 Kgs 21:1-16);

၁ ထိုနောက်မှယေဇရေလမြို့ နာဗုတ်ပိုင်သော စပျစ်ဥယျာဉ်သည် ယေဇရေလမြို့တွင်၊ ရှမာရိမင်းကြီး အာဟပ် ၏နန်းတော်နားမှာရှိသည်ဖြစ်၍၊
၂ အာဟပ်မင်းက၊ သင့်စပျစ်ဥယျာဉ်သည်နန်းတော်နားမှာ ရှိသောကြောင့် ယာလုပ် စရာဘို့ပေးပါ။ သာ၍ကောင်းသောကြောင့် ဥယျာဉ်ကိုငါပေးမည်။ သို့မဟုတ် သင့်အလိုရှိလျှင်အဘိုးကိုပေးမည်ဟု နာဗုတ်အားဆိုလျှင်၊
၃ နာဗုတ်က၊ ဘိုးဘေးလက်မှအမွေခံသော မြေကိုကိုယ်တော်အားပေးရသောအမှုကိုထာဝရဘု ရားဆီးတားတော်မူပါစေသောပြန်လျှေက်၏။
၎ ဘိုးဘေးမှ အမွေ ခံသောမြေကိုမပေးရပါဟု ယေဇရေလမြို့သား နာဗုတ်လျှောက်သောစကားကြောင့် အာဟပ်မင်းသည် ညစ်ညူးသော စိတ်နှင့်ည‡ိုးငယ်လျက်၊ နန်းတော်သို့သွား၍ အစာကိုမစား၊ မျက်နှာကိုလွှဲ၍သာလွန်ပေါ်မှာ အိပ်လျက်နေ၏။
၅ ခင်ပွန်းယေဇဗေလသည်လာ၍၊ အစာကိုမစားနိုင်အောင် စိတ်တော်သည်အဘယ်ကြောင့် ည‡ိုးငယ်တော်မူသနည်းဟုမေးလျှင်၊
၆ မင်းကြီးက၊ ယေဇရေလမြို့သားနာဗုတ်ကိုငါခေါ်၍သင့် စပျစ်ဥယျာဉ်ကို ရောင်းပါ။ သို့မဟုတ် သင်အလိုရှိလျှင် အခြားသော ဥယျာဉ်ကို ငါပေးမည်ဟုဆိုသော်၊ ထိုဥယျာဉ်ကို ကိုယ်တော်အားမပေးရဟု ပြန်ပြောသောကြောင့် စိတ်ည‡ိုးငယ်သည်ဟုဆို၏။
၇ ခင်ပွန်းယေဇဗေလက၊ ကိုယ်တော်သည် ဣသရေလနိုင်ငံကို အစိုးရတော်မူသည် မဟုတ်လော။ ထ၍ရွှင်လန်းသောစိတ်နှင့် စားတော်ခေါ်ပါ။ ကျွန်မသည် ယေဇရေလ မြို့သားနာဗုတ်၏ စပျစ် ဥယျာဉ်ကို ဆက်ပါမည်ဟု ဆိုသည်အတိုင်း၊
၈ အာဟပ်မင်း၏အခွင့်နှင့်စာ ရေး၍တံဆိပ်တော်နှင့် ခတ်ပြီးမှ၊ နာဗုတ်နေရာမြို့၌ သူနှင့်အတူနေသောအသက်ကြီးသူနှင့်မှူးမတ်များထံသို့ပေးလိုက်လေ၏။
၉ စာချက် ဟူမူကား၊ အစာရှောင်ရာ အချိန်ကိုကြွေးကြော်၍၊ နာဗုတ်ကိုလူများရှေ့မှာမြေ‡ာက်ထားကြလော့။
၁၀ သူ့ရှေ့မှာ အဓမ္မ လူနှစ်ယောက် ကိုထား၍၊ သင်သည်ဘုရားသခင်နှင့် ရှင်ဘုရင်ကိုစွန့်ပယ်ပြီးဟု သက်သေခံပါလေစေ။ သို့ပြီးမှ သူ့ကိုထုတ်၍သေစေခြင်းငှါ ကျောက်ခဲနှင့်ပစ်ကြလောဟုပါသတည်း။
၁၁ ယေဇဗေလပေးလိုက် သောစာ၌ ပါသည့်အတိုင်း၊ နာဗုတ်နေသောမြို့သားအသက်ကြီးသူနှင့် မှူးမတ်တို့သည်ပြုလျက်၊
၁၂ အစာရှောင်ရာ အချိန်ကို ကြွေးကြော်၍ နာဗုတ်ကိုလူများရှေ့မှာမြေ‡ာက်ထားကြ၏။
၁၃ အဓမ္မလူနှစ်ယောက်သည်လာ ၍သူ့ရှေ့မှာပင်ထိုင်လျက်၊ နာဗုတ်သည်ဘုရားသခင်နှင့် ရှင်ဘုရင်ကိုစွန့်ပယ်ပြီးဟု လူများရှေ့တွင် နာဗုတ်တဘက်၌ သက်သေခံကြလျှင်၊ နာဗုတ်ကိုမြို့ပြင်သို့ထုတ်၍ သေအောင်ကျောက်ခဲ့နှင့်ပစ်ကြ၏။
၁၄ ထိုအခါနာဗုတ်သည် ကျောက်ခဲနှင့်ပစ်ခြင်းကိုခံရ၍ သေပါပြီဟု ယေဇဗေလထံသို့စေလွှတ်၍ ကြားလျှောက်ကြ၏။
၁၅ ထိုအကြောင်းကိုယေဇဗေလ သည်ကြားသောလျှင်၊ ယေဇရေလမြို့သားနာဗုတ် မရောင်းလိုသော စပျစ်ဥယျာဉ်ကိုထ၍သိမ်းယူတော်မူပါ။ နာဗုတ်အသက်မရှိ၊ သေပါပြီဟု ဆို၏။
၁၆ နာဗုတ်သေကြောင်းကိုအာဟပ်သည်ကြားလျှင်၊ ယေဇရေလမြို့သားနာဗုတ်၏ စပျစ်ဥယျာဉ်ကို သိမ်းယူခြင်း ငှါထသွား၏။

ဆာလံကျမ်း အခန်းကြီး ၅ (Ps 5:1-7);

၁ အိုထာဝရဘုရား အကျွန်ုပ်၏စကားကို နားထောင်တော်မူ၍ အကျွန်ုပ်မြည်တမ်းခြင်းကို ဆင်ခြင် တော်မူပါ၊၊
၂ အကျွန်ုပ်၏ ရှင်ဘုရင် အကျွန်ုပ်၏ဘုရား အကျွန်ုပ်သည် ကိုယ်တော်ကို ဆုတောင်းသည်ဖြစ်၍  အကျွန်ုပ် အော်ဟစ်သောအသံကို နားထောင်တော်မူပါ၊၊
၃ အိုထာဝရဘုရား နံနက်အခါ အကျွန်ုပ်စကားသံကို ကြားတော်မူရ ပါ၏၊၊ နံနက်အခါ ကိုယ်တော်ကို မျက်မှောက်ပြု၍ မြော်လင့်ပါမည်။
၎ ကိုယ်တော်သည် မတရားသော အမှုကို နှစ်သက်သော ဘုရားမဟုတ်၊၊ ဆိုးသောသူကို လက်ခံတော်မမူ၊၊
၅ မိုက်သောသူသည် အထံတော်သို့ မဝင်ရ၊၊ မတရား သဖြင့် ပြုသောသူအပေါင်းတို့ကို မုန်းတော်မူ၏၊၊
၆ မုသာစကားပြောသောသူတို့ကို ဖျက်ဆီးတော်မူ၏၊၊ လူ့အသက်ကို သတ်တတ်သောသူနှင့် လှည့်စားတတ်သောသူတို့ကို ထာဝရဘုရား စက်ဆုပ်ရွံ့ရှာတော်မူ၏။
၇ အကျွန်ုပ်မူကား များစွာသော ကျေးဇူးတော်ကို ခံစားရသဖြင့် အိမ်တော်သို့ ရောက်၍ ကိုယ်တော်ကို ကြောက်ရွံ့သောစိတ်နှင့် သန့်ရှင်းသော ဗိမာန်ကို ကိုးကွယ်ပါလိမ့်မည်၊၊

ဆာလံကျမ်း အခန်းကြီး ၁၁၉ (Ps 119:105);

၁၀၅ နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ် ၍ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏၊၊

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၅ (Matt 5:38-42);

၃၈ သူ့မျက်စိကိုဖျက်လျှင် ကိုယ်မျက်စိဖျက်ခြင်းကိုခံစေ။ သူ့သွားကိုချိုးလျှင် ကိုယ်သွားချိုးခြင်းကိုခံစေ ဟူသောပညတ်စကားကို သင်တို့ကြားရပြီ။
၃၉ ငါပညတ်သည်ကား၊ နှောင့်ရှက်သောသူကို မဆီးမတားနှင့်။ သင်၏ ပါးတဘက်ကို သူတပါးပုတ်လျှင်၊ ပါးတဘက်ကိုလှည့်၍ပေးဦးလော့။
၄၀ သင့်အင်္ကျီကိုယူလို၍ တရားတွေ့သောသူ  အားသင့်ဝတ်လုံကိုလည်း ယူစေခြင်းငှါ အခွင့်ပေးဦးလော့။
၄၁ အကြင်သူသည် သင့်ကိုအနိုင်ပြု၍ ခရီးတတိုင်သွား စေ၏၊ ထိုသူနှင့်တကွ နှစ်တိုင်သွားဦးလော့။
၄၂ တောင်းသော သူအားပေးလော့။ ချေးငှါးလိုသောသူကိုလည်း မငြင်းမပယ်နှင့်။


Sunday, 17 June 2018

17-JUN-2018 (READING -ORD11-YB-C2)

Sun the 17th: Psalter III, Ordinary Time Week 11.
Ezek 17:22-24; Ps 92:1-16; 2 Cor 5:6-10; Mark 4:26-34

ယေဇကျေလအနာဂတ္တိကျမ်း အခန်းကြီး ၁၇ (Ezek 17:22-24);

၂၂ တဖန်အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ မြင့်သောအာရဇ် ပင်၌ အမြင့်ဆုံးသော အညွန့်ကိုငါယူ၍ စိုက်မည်။ အညွန့်ဖျားတို့တွင် နုသောအညွန့်ကိုဆိတ်၍၊ မြင့်မြတ်သောတောင်ပေါ်မှာစိုက်မည်။
၂၃ အမြင့်ဆုံးသော ဣသရေလတောင်ပေါ်မှာ ငါစိုက်ပျိုးပြီးမှ အခက်အလက်နှင့်ပြည့်စုံ၍ အသီးကိုသီးသဖြင့်၊ ကောင်းမွန်သောစပျစ်နွယ်ပင် ဖြစ်လိမ့်မည်။ ထိုအပင်အောက်၌င်း၊ အခက်အလက် အရိပ်၌င်း၊ ငှက်မျိုးအပေါင်း တို့သည် နေရာကျကြလိမ့်မည်။
၂၄ ငါထာဝရဘုရားသည် မြင့်သောအပင်ကိုနှိမ့်၍၊ နိမ့်သောအပင်ကို မြှောက် ကြောင်း၊ စိမ်းလန်းသောအပင်ကို သွေ့ခြောက်စေ၍၊ သွေ့ခြောက်သောအပင်ကို စိမ်းလန်းစေကြောင်းများကို၊တောသစ်ပင်ရှိသမျှတို့သည် သိရကြလိမ့်မည်။ ငါထာဝရ ဘုရားသည် စကားတော်ရှိသည်အတိုင်း ပြုမည်ဟု မိန့်တော်မူ၏။

ဆာလံကျမ်း အခန်းကြီး ၉၂ (Ps 92:1-16);

၁ ဥပုသ်နေ့အဘို့ဆာလံသီချင်း။ ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်း၍၊
၂ အမြင့်ဆုံးသောဘုရား၏ နာမတော်ကို ထောမနာ သီချင်းဆိုခြင်း ငှာ၎င်း၊ 
၃ စောင်းနှင့်တကွ ကြိုးဆယ်ပင်ရှိသော တုရိယာ၊ တယော၊ မိကျောင်းတို့ကို တီး၍၊ ကရုဏာတော်နှင့် သစ္စာတော်ကို နံနက်အချိန်၊ ညအချိန် အစဉ်အတိုင်း ပြခြင်းငှာ၎င်း လျောက်ပတ်ပေ၏။
၎ အိုထာဝရ ဘုရား၊ အမှုတော်များအားဖြင့် အကျွန်ုပ်ကို ဝမ်းမြောက်စေတော်မူသည်ဖြစ်၍၊ လက်တော်နှင့် ပြုပြင်တော် မူသမျှတို့ကြောင့် ရွှင်လန်းစွာ သီချင်းဆိုပါမည်။
၅ အိုထာဝရဘုရား၊ စီရင်တော်မူသော အမှုတို့သည် ကြီးမား၍၊ အကြံအစည်တော်လည်း အလွန်နက်လှပါ၏။
၆ တိရစ္ဆာန် သဘောရှိသော သူမသိ၊ မိုက်သောသူနားမလည်သော အမူအရာဟူမူကား၊
၇ မတရား သောသူတို့သည် မြက်ပင်ကဲ့သို့ ပေါက်၍၊ အဓမ္မအမှုကို ပြုသောသူတို့သည် ပွင့်လန်း ကြသောအခါ၊ ထာဝရပျက်စီးခြင်း သို့ရောက်ရသော အကြောင်းပေတည်း။
၈ ကိုယ်တော်မူကား၊ အစဉ်အမြဲ ကြီးမြင့်တော်မူသော ထာဝရဘုရား ဖြစ်တော်မူ၏။
၉ အိုထာရဘုရား၊ ကိုယ်တော်၏ ရန်သူတို့သည် ပျက်စီးခြင်း သို့ရောက်၍၊ အဓမ္မအမှုကိုပြုသော သူအပေါင်း တို့သည် အရပ်ရပ်ကွဲပြားကြလိမ့်မည်။
၁၀ အကျွန်ုပ်၏ချိုကိုကား၊ ကြံ့ချိုကဲ့သို့ မြှောက်၍၊ အကျွန်ုပ်ကို အသစ်သောဆီနှင့် လိမ်းတော်မူလိမ့်မည်။
၁၁ အကျွန်ုပ်၏ ရန်သူတို့ကို အကျွန်ုပ် မျက်စိမြင်လျက်၊ ရန်ဘက်ပြုသော လူဆိုးတို့အကြောင်းကို နားကြားလျက်၊ အကျွန်ုပ်သည် အားရပါလိမ့်မည်။
၁၂ ဖြောင့်မတ်သောသူသည် စွန်ပလွံပင်ကဲ့သို့ ပွင့်လန်း၍ လေဗနုန်တောင်ပေါ်မှာ အာရဇ်ပင်ကဲ့သို့ ကြီးပွား လိမ့်မည်။
၁၃ ထာဝရဘုရား၏ အိမ်တော်၌ စိုက်ပျိုးသော သူတို့သည် ငါတို့ဘုရားသခင်၏ တန်တိုင်းတော်တွင် ပွင့်လန်း ကြလိမ့်မည်။
၁၄ အသက်ကြီးသော ကာလတွင်ပင်၊ အသီးကိုသီး၍ ကြွယ်ဝစိမ်းလန်းကြလိမ့်မည်။
၁၅ ထိုသို့သော အားဖြင့် ငါ၏ကျောက်၊ ထာဝရဘုရားသည် ဖြောင့်မတ် တော်မူ၍၊ မတရားသောအမှုနှင့် ကင်းလွတ်တော်မူသည်ဟု ထင်ရှားလိမ့်သတည်း။

ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၅ (2 Cor 5:6-10);

၆ ထိုကြောင့် ငါတို့သည် ကိုယ်ခန္ဓွာ၌နေမြဲ နေစဉ်ကာလ၊ သခင်ဘုရားနှင့် ကွာဝေးရာအရပ်၌ နေသည်ကို ငါတို့သည်သိလျက်၊ အစဉ်ရဲရင့်သောစိတ်ရှိကြ၏။
၇ မျက်မှောက်မမြင်ဘဲ ယုံကြည်မြော်လင့်ခြင်း ရှိသည်အတိုင်း၊ ငါတို့သည် ကျင့်ဆောင်ပြုမူသည်ဖြစ်၍၊
၈ ကိုယ်ခန္ဓွာနှင့် ကွာဝေးရာအရပ်သို့သွား၍၊ သခင်ဘုရား ထံတော်၌နေမြဲနေခြင်းငှါ အလိုရှိလျက်၊ ရဲရင့်သောစိတ်နှင့် ပြည့်စုံကြ၏။
၉ ထိုကြောင့်ငါတို့သည် နေမြဲအရပ်၌ နေသည်ဖြစ်စေ၊ ကွာဝေးရာအရပ်၌ နေသည်ဖြစ်စေ၊ သခင်ဘုရားနှစ်သက်တော်မူသောသူဖြစ်ခြင်းငှါ စေတနာစိတ်ရှိ၍ ကြိုးစားအားထုတ်ကြ၏။
၁၀ အကြောင်းမူကား၊ ငါတို့ရှိသမျှသည် ကိုယ်ခန္ဓွာ၌ကျင့်သော အကျင့်၊ ကောင်းမကောင်း ရှိသည် အတိုင်းအကျိုးအပြစ် ကိုအသီးအသီးခံခြင်းငှါ၊ ခရစ်တော်၏ တရားပလ္လင်ရှေ့၌ပေါ်လာရကြမည်။

ရှင်မာကုခရစ်ဝင် အခန်းကြီး ၄ (Mark 4:26-34);

၂၆ ထိုမှတပါး၊ လူသည် လယ်၌ မျိုးစေ့ကြဲပြီးမှ
၂၇ နောက်တဖန် မိမိမကြည့်မမှတ်၊ ညဥ့်၊ နေ့၊ အိပ်လျက်၊ နိုးလျက် နေသော်လည်း အပင်ပေါက်၍ ကြီးပွားသည်နှင့် ဘုရားသခင်၏နိုင်ငံတော်တူ၏။
၂၈ မြေကြီးသည် မိမိအလို အလျောက် အသီးကိုသီးစေ၍ ရှေ့ဦးစွာ အညှောက်၊ ထိုနောက်အနှံ၊ ထိုနောက် အနှံထဲမှာ အောင်မာသော အဆန်ကို ဖြစ်စေတတ်၏။
၂၉ အသီးမှည့်၍ ရိတ်ချိန်ရောက်သောအခါ၊ လယ်ရှင်သည် မဆိုင်းမလင့်၊ တံစဉ်နှင့် ရိတ်စေတတ်သည်ဟု မိန့်တော်မူ၏။
၃၀ ထိုမှတပါး၊ ဘုရားသခင်၏နိုင်ငံတော်ကို အဘယ်သို့ပုံပြရအံ့နည်း။ အဘယ်ဥပမာနှင့် ခိုင်းနှိုင်းရအံ့နည်း ဟူမူကား၊
၃၁ မုံညှင်းစေ့နှင့်တူ၏။ မုံညှင်းစေ့သည် မြေ၌စိုက်သောအခါ မြေ၌ရှိသောအစ့တကာတို့ထက် ငယ်သော်လည်း၊ စိုက်ပြီးမှအပင်ပေါက်၍၊
၃၂ မြက်ပင်တကာတို့ထက် ကြီးပွားသဖြင့်၊ မိုဃ်းကောင်းကင်ငှက်တို့ သည်  အရိပ်ခို၍ နားနေလောက်သောအကိုင်းအခက်ကြီးတို့ကို ဖြစ်စေတတ်သည်ဟု မိန့်တော်မူ၏။
၃၃ ထိုသို့ သောဥပမာစကားများအားဖြင့် ကိုယ်တော်သည် ပရိသတ်များနားထောင်နိုင်သည်အတိုင်း တရားဟောတော် မူ၏။
၃၄ ဥပမာကင်း၍ ဟောပြောတော်မမူ။ ရှိသမျှသောအရာတို့ကို ဆိတ်ကွယ်ရာအရပ်၌ တပည့်တော်တို့အား ဖွင့်ပြတော်မူ၏။




Saturday, 16 June 2018

16-JUN-2018 (READING -ORD10-YB-C2)

Sat the 16th: 1 Kgs 19:19-21; Ps 16:1-10; Ps 119:36-29; Matt 5:33-37

ဓမ္မရာဇဝင် တတိယစောင် အခန်းကြီး ၁၉ (1 Kgs 19:19-21);

၁၉ ထိုအရပ်မှဧလိယသည် သွားပြီးလျှင်၊ နွားငါးယှဉ်းနှင့်လယ်ထွန်လျက်၊ နောက်ဆုံးနွားယှဉ်း၌ ကိုယ်တိုင်လိုက် သောရှာဖတ်သားဧလိရှဲကို တွေ့၍အနား၌ ရှောက်စဉ်တွင်၊ မိမိဝတ်လုံကိုသူ့အပေါ်မှာ တင်လေ၏။
၂၀ ဧလိရှဲသည်နွားတို့ကို ပစ်ထား၍ ဧလိယနောက်သို့လိုက်လျက်၊ အကျွန်ုပ်သည်မိဘကိုနမ်း ပါရစေ။ သို့ပြီးမှ ကိုယ်တော်နောက်သို့ လိုက်ပါမည်ဟု အခွင့်တောင်းလျှင်၊ ဧလိယကပြန်သွားလော့။ ငါသည်သင်၌ အဘယ်သို့ပြုဘိသနည်းဟုဆိုသော်၊
၂၁ ဧလိရှဲသည် ပြန်သွား၍ နွားတယှဉ်းကိုသတ်ပြီးမှ၊ နွားသားကိုလယ်ထွန်သော တန်ဆာနှင့် ပြုတ်၍လူများတို့အား ကျွေးလေ၏။ သို့ပြီးမှထ၍ ဧလိယနောက်သို့လိုက်လျက်လက်ထောက်ဖြစ်လေ၏။

ဆာလံကျမ်း အခန်းကြီး ၁၆ (Ps 16:1-10);

၁ အကျွန်ုပ်ကို စောင့်မတော်မူပါဘုရား၊၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏၊၊
၂ ကိုယ်တော်သည် အကျွန်ုပ်၏ သခင်ဖြစ်တော်မူသည်ဟု ထာဝရဘုရားကို အကျွန်ုပ်လျှောက်ဆိုပါပြီ၊၊ ကျေးဇူးတော်မှတပါး အခြားသော မင်္ဂလာသည် အကျွန်ုပ်၌ မရှိပါ၊၊
၃ ပြည်တော်၌နေသော သန့်ရှင်းသူနှင့် ထူးဆန်းသော သူတို့ကိုသာ နှစ်သက်ပါ၏၊၊
၎ အခြားသော လမ်းသို့ လိုက်ပြေးသော သူတို့သည် များစွာသော ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ ငါသည် သူတို့ သွန်းလောင်းရာ ပူဇော်သက္ကာအသွေးကို မလှူမဆက်လို၊၊ သူတို့ဘုရား၏ နာမကို မမြွက်လို၊
၅ ထာဝရဘုရားသည် ငါအမွေခံရာအဘို့ ငါစားသောက်ရာ အဘို့ဖြစ်တော် မူ၏၊၊ ကိုယ်တော်သည် အကျွန်ုပ် အမွေအနှစ်ကို စောင့်ရှောက်တော်မူ၏၊၊
၆ ငါပိုင်ထိုက်သော နယ်နိမိတ်သည် သာယာသောအရပ်တွင်ကျ၍ ကောင်းမွန်သော အမွေကို ငါခံရပြီ၊၊
၇ ငါ့ကို ပြုစုတော်မူသော ထာဝရဘုရားကို ကောင်းကြီးပေးမည်၊၊ ညဥ့်အချိန်၌ပင် ငါ့နှလုံးသည် ငါကို နှိုးဆော် တတ်၏၊၊
၈ ငါသည် ထာဝရဘုရားကို အစဉ်မပြတ် မျက်မှောက်ပြု၏၊၊ အကြောင်းမူကား ငါ့လက်ျာဘက်၌ တည်ရှိတော် မူသည်ဖြစ်၍ ငါသည် လှုပ်ရှားခြင်းမရှိရ၊၊ ထိုကြောင့် ငါ့စိတ်နှလုံးသည် သာယာခြင်း၊
၉ ငါ့ဝိညာဉ်သည်လည်း ရွှင်လန်း ခြင်းရှိ၏၊၊ ထိုမှတပါး ငါ့အသားသည် မြော်လင့်လျက် ကျိန်းဝပ်လိမ့်မည်၊၊
၁၀ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ ဝိညာဉ်ကို မရဏာနိုင်ငံ၌ ပစ်ထားတော်မမူ၊၊ ကိုယ်တော်၏ သန့်ရှင်းသောသူအားလည်း ပုပ်စပ်ခြင်းကို ရှိစေတော်မမူဘဲလျက်
၁၁ အသက်ရှင်ခြင်းလမ်းကို ပြညွှန်တော်မူလိမ့်မည်၊၊ အထံတော်၌ စုံလင်သော ဝမ်းမြောက်ခြင်း အခွင့်နှင့် လက်ျာတော် နားမှာ အစဉ်အမြဲ ပျော်မွေ့ခြင်း အခွင့် ရှိပါ၏၊၊

ဆာလံကျမ်း အခန်းကြီး ၁၁၉ (Ps 119:36-29);

၃၆ အကျွန်ုပ်စိတ်နှလုံးကို လောဘဘက် သို့မဟုတ် သက်သေခံတော်မူချက်တို့ဘက်သို့ ဆွဲတော်မူပါ၊၊  ၂၉ မုသာလမ်းကိုအကျွန်ုပ် ရှောင်ပါမည်အကြောင်း ကယ်မ၍ တရားတော်ကို ပေးသနားတော်မူပါ၊၊


ရှင်မဿဲခရစ်ဝင် အခန်းကြီး ၅ (Matt 5:33-37);

၃၃ တဖန်တုံ၊ မဟုတ်မမှန်ဘဲလျက်ကျိန်ဆိုခြင်းကိုမပြုရ။ ကျိန်ဆိုခြင်းကိုပြုသည်အတိုင်း ထာဝရဘုရား ရှေ့တော်၌ တည်စေလော့ ဟူသောရှေးပညတ်စကားကိုသင်တို့ကြားရပြီ။
၃၄ ငါပညတ်သည်ကား၊ ကျိန်ဆိုခြင်းကိုအလျှင်းမပြုရ။ ကောင်းကင်ဘုံကိုတိုင်တည်၍မကျိန်ရ။ ကောင်းကင်ဘုံကား ဘုရားသခင်၏ ပလ္လင်တော်ဖြစ်သတည်း။
၃၅ မြေကြီးကို တိုင်တည်၍မကျိန်ရ။ မြေကြီးကား ဘုရားသခင်၏ခြေတော်တင်ရာ ခုံဖြစ်သတည်း။ ယေရုရှလင်မြို့ကိုတိုင်တည်၍ မကျိန်ရ။ မဟာမင်းကြီး၏မြို့တော်ဖြစ်သတည်း။
၃၆ ဆံခြည်တပင်ကိုမျှဖြူစေခြင်း၊ မည်းစေခြင်းငှါ မတတ်နိုင်သော်၊ ကိုယ်ဦးခေါင်းကို တိုင်တည်၍မကျိန်ရ။
၃၇ သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကိုမဟုတ် ဖြစ်စေလော့။ ဤထက်လွန်သောစကား သည် မကောင်းသောအရာနှင့်စပ်ဆိုင်ပေ၏။

Friday, 15 June 2018

15-JUN-2018 (READING -ORD10-YB-C2)

Fri the 15th: 1 Kgs 19:9-16; Ps 27:7-14; Phil 2:15-16; Matt 5:27-32

ဓမ္မရာဇဝင် တတိယစောင် အခန်းကြီး ၁၉ (1 Kgs 19:9-16);

၉ ဥမင်ထဲသို့ဝင်၍နေ၏။ ထာဝရဘုရား၏ နှုတ်ကပတ်တော်ရောက်လာသည်ကား၊ ဧလိယ၊ သင်သည် ဤအရပ်၌ အဘယ်သို့ပြုလျက်နေသနည်းဟု မေးတော်မူ၏။
၁၀ ဧလိယကလည်း၊ အကျွန်ုပ်သည်ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရား သခင်ထာဝရ ဘုရားဘက်၌ အလွန်စိတ်အားကြီးပါပြီ။ အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်တော်၏ ပဋိညာဉ်တရားကို စွန့်ပြီးလျှင်၊ ကိုယ်တော်၏ ယဇ်ပလ္လင်များကို ဖြိုဖျက်၍ ကိုယ်တော်၏ ပရောဖက်များကို ထားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တယောက်တည်းကျန်ရစ်၍၊ အကျွန်ုပ်အသက်ကိုပင် သတ်ခြင်းငှါ ရှာကြပါသည်ဟုလျှောက်လေ၏။
၁၁ နှုတ်ကပတ်တော်ကလည်း ထွက်လော့။ ထာဝရဘုရားရှေ့ တောင်ပေါ်မှာ ရပ်နေလော့။ ထာဝရဘုရားရှောက်သွားမည်ဟု မိန့်တော်မူ၏။ ထိုအခါ အာကြီးသောလေပြင်းသည် ထောင်ထိပ်တို့ကိုခွဲ၍၊ ထာဝရဘုရားရှေ့တော်၌ ကျောက်တို့ကိုချိုးဖဲ့၏။ သို့ရာတွင် ထာဝရဘုရားသည် လေ၌ရှိတော်မမူ။ လေနောက်မှာ မြေလှုပ်ခြင်းရှိ၏။ သို့ရာတွင် ထာဝရဘုရားသည် မြေလှုပ်ခြင်း၌လည်း ရှိတော်မမူ။ 
၁၂ မြေလှုပ်ခြင်းနောက်မှာ မီးရှို့၏။ သို့ရာတွင်ထာဝရဘုရားသည် မီး၌လည်းရှိတော်မမူ၊ မီးနောက်မှာဖြည်းညှင်းသော အသံရှိ၏။
၁၃ ထိုအသံကို ဧလိယသည်ကြားလျှင်၊ မျက်နှာကိုဝတ်လုံနှင့် ဖုံးအုပ်လျက်ထွက်၍ ဥမင်ဝ၌ရပ်နေ၏။ထိုအခါဧလိယ၊ သင်သည်ဤ အရပ်၌အဘယ်သို့ပြုလျက်နေသနည်းဟု အသံလာ၏။
၁၄ ဧလိယကလည်း၊ အကျွန်ုသည် ကောင်ကင်းဗိုလ်ခြေ အရှင်ဘုရားသခင်ထာဝရဘုရားဘက်၌ အလွန်စိတ်အားကြီးပါပြီ။ အကြောင်မူကား၊ ဣသရေလအမျိုး သားတို့သည် ကိုယ်တော်၏ ပဋိညာဉ်တရားကိုစွန့်ပြီးလျှင်၊ ကိုယ်တော်၏ယဇ်ပလ္လင်များကို ဖြိုဖျက်၍၊ ကိုယ်တော်၏ ပရောဖက်များကို ထားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တယောက်တည်း ကျန်ရစ်၍၊ အကျွန်ုပ်အသက်ကိုပင် သတ်ခြင်းငှါ ရှာကြပါသည်ဟု လျှောက်လေသော်၊
၁၅ ထာဝရဘုရားက ဒမာသက်တောသို့ပြန်၍ ခရီးသွားလော့။ ရောက်သောအခါဟာဇေလကို ရှုရိရှင်ဘုရင်အရာ၌ခန့်ထား၍ ဘိသိက်ပေးလော့။
၁၆ နိမ်ရှိသား ယေဟုကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထား၍ဘိသိက်ပေးလော့။ အာဗေလမဟောလမြို့နေ၊ ရှာဖတ်သားဧလိရှဲကို သင့်ကိုယ်စား ပရောဖက်အရာ၌ ခန့်ထား၍ဘိသိက်ပေးလော့။

ဆာလံကျမ်း အခန်းကြီး ၂၇ (Ps 27:7-14);

၇ အို ထာဝရဘုရား အကျွန်ုပ်အော်ဟစ်သော အသံကို နားထောင်တော်မူပါ၊၊ အကျွန်ုပ်ကို သနား၍ ထူးတော်မူပါ၊၊
၈ ငါ၏ မျက်နှာကိုရှာကြလော့ ဟူသော အမိန့်တော်ကို ရှေ့တော်၌ အကျွန်ုပ်သည် သတိပြုလျက် အိုထာဝရ ဘုရား ကိုယ်တော်၏မျက်နှာကို ရှာပါမည်၊၊
၉ အကျွန်ုပ်မျက်နှာလွှဲတော်မမူပါနှင့်၊၊ အမျက်ထွက်၍ ကိုယ်တော်၏ ကျွန်ကို ပယ်တော်မမူပါနှင့်၊၊ အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို မစတော် မူဘူးသည်ဖြစ်၍ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်၊၊
၁၀ ကိုယ်မိဘတို့သည် အကျွန်ုပ်ကို စွန့်သော်လည်း ထာဝရဘုရား သည် အကျွန်ုပ်ကို ချီယူတော်မူမည်၊၊
၁၁ အိုထာဝရဘုရား ၊ ကိုယ်တော်၏ လမ်းကို အကျွန်ုပ်အား ပြသသွန်သင် တော်မူပါ၊၊ အကျွန်ုပ်၏ ရန်သူတို့ကြောင့် ဖြောင့်သောလမ်းထဲ၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ၊၊
၁၂ မမှန်သော သက်သေကို ခံသောသူတို့နှင့် ည‡င်းဆဲခြင်းငှါ ပြင်းစွာအသက်ရှုသော သူတို့သည် အကျွန်ုပ်တဘက်၌ ထကြ သည်ဖြစ်၍ ရန်သူတို့အလိုသို့ အကျွန်ုပ်ကို အပ်နှံတော်မမူပါနှင့်၊၊
၁၃ အကယ်စင်စစ် အသက်ရှင်သော သူတို့၏ နေရာ တွင် ထာဝရဘုရား၏ ကျေးဇူးတော်ကို ငါတွေ့မြင်မည်ဟု ယုံမှတ်စွဲလမ်းခြင်း ရှိ၏၊၊
၁၄ ထာဝရဘုရားကို မြော် လင့်သော၊အားယူ၍ ရဲရင့်သော စိတ်နလုံးရှိလော့၊၊ ထာဝရဘုရားကို မြော်လင့်လျက်နေလော့၊၊

ဖိလိပ္ပိသြဝါဒစာ အခန်းကြီး ၂ (Phil 2:15-16);

၁၅-၁၆ သို့ပြုလျှင် အပြစ်တင်ခွင့် မရှိ၊ အဘယ်သူကိုမျှ မပြစ်မှားဘဲ နေ၍၊ မဖြောင့်မမှန် ဖောက်ပြန်သော လူမျိုးအထဲ၌ အဘယ်အပြစ်မျှ မပါသောဘုရားသခင်၏ သားဖြစ်ကြ လိမ့်မည်။ အသက်ရှင်ခြင်းနှင့် ဆိုင်သော နှုတ်ကပတ်တရားတော်ကိုပြသ၍၊ စကြာဝဠာ၌နေ၊ လ၊ ကြယ်နက္ခတ် ကဲ့သို့ ထိုလူမျိုး အထဲ၌ထွန်းလင်းကြ၏။ သို့ပြုလျှင်ငါသည် အကျိုးမရှိဘဲလျက် ပြေးသည်မဟုတ်၊ အကျိုးမရှိဘဲ လျက် ကြိုးစားအားထုတ်သည် မဟုတ်ကြောင်းကို ငါထောက်၍ ခရစ်တော်၏ နေ့ရက်၌ ဝါကြွားဝမ်းမြောက်ခြင်း ရှိလိမ့်မည်။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၅ (Matt 5:27-32);

၂၇  သူ့မယားကိုမပြစ်မှားရ ဟူသောရှေးပညတ်စကားကို သင်တို့ကြားရပြီ။
၂၈ ငါ့ပညတ်သည်ကား ကိလေသာစိတ်နှင့်သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့်ပြစ်မှားပြီ။
၂၉ ထိုကြောင့် လက်ျာ မျက်စိဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင် ထိုမျက်စိကိုထုတ်ပစ်လော့။ တကိုယ်လုံးငရဲသို့ ချခြင်းကိုခံရသည်ထက် အင်္ဂါတခုပျက်သော် သာ၍ကောင်း၏။
၃၀ ထိုနည်းတူ လက်ျာလက်ဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင်၊ ထိုလက်ကိုဖြတ်ပစ်လော့။ တကိုယ်လုံးငရဲသို့ချခြင်းကိုခံရသည်ထက် အင်္ဂါတခုသာ ပျက်သော် သာ၍ကောင်း၏။
၃၁  တဖန်တုံ၊ မယားနှင့်ကွာလိုလျှင် ဖြတ်စာကို အပ်ပေးစေဟူသော ပညတ်စကားရှိပြီ။
၃၂ ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှတပါး  အခြားသောအကြောင်းဖြင့်မိမိမယားနှင့် ကွာသော သူသည် မိမိမယားကိုမှားယွင်းစေ၏။



Thursday, 14 June 2018

14-JUN-2018 (READING -ORD10-YB-C2)

Thu the 14th: 1 Kgs 18:41-46; Ps 65:10-13; John 13:34; Matt 5:20-26

ဓမ္မရာဇဝင် တတိယစောင် အခန်းကြီး ၁၈ (1 Kgs 18:41-46);

၄၁ ထိုနောက်မှဧလိယက၊ မင်းကြီးသည်စားသောက်ခြင်းငှါတက်သွားပါလော့။ များစွာသော မိုဃ်းရွာမည့် အသံရှိသည်ဟု အာဟပ်အားပြောဆိုလျှင်၊
၄၂ အာဟပ်သည်စားသောက်ခြင်းငှါတက်သွား၏။ ဧလိယသည်ကရမေ လတောင်ပေါ်သို့တက်၍၊ မြေ၌ပြပ်ဝပ်လျက်မျက်နှာကိုဒူးကြားမှာထားလျက်၊
၄၃ မိမိကျွန်အားသင်တက်၍ ပင်လယ်သို့ ကြည့်ရှု့လော့ဟုဆိုသည့်အတိုင်း၊ ကျွန်သည်တက်၍ကြည့်ရှု့လျှင်၊ အဘယ်အရာမျှမရှိပါဟုပြောဆို၏။ ဧလိယက၊ ခုနစ်ကြိမ်တိုင်အောင်သွား၍ကြည့်ရှု့ဦးလော့ဟုဆို၏။
၄၄ ခုနှစ်ကြိမ်မြောက်သောအခါ၊ လူလက်နှင့်တူသောမိုဃ်းတိမ်ငယ် တခုသည်ပင်လယ်ထဲကတက်ပါ၏ဟု ဆိုသော်၊ အာဟပ်မင်းထံသို့သွားလော့။ မိုဃ်းရွာ၍ဆီးတားမည်ကိုစိုးရိမ် စရာရှိသောကြောင့်၊ မင်းကြီးပြင်ဆင်၍ပြန်သွားမည်အကြောင်းလျှောက်ထားလော့ဟု မှာလိုက်လေ၏။
၄၅ မကြာမမြင့်မှီ မိုဃ်းကောင်းကင်သည် မိုဃ်းသက်မုန်တိုင်းနှင့်မည်း၍ပြင်းစွာမိုဃ်းရွာ၏။ အာဟပ်သည်ရထားစီး၍ ယေဇရေလမြို့သို့သွား၏။
၄၆ ထာဝရဘုရား၏လက်တော်သည် ဧလိယအပေါ်မှာရှိ၍၊ သူသည်ခါးပန်းကိုစည်း လျက် အာဟပ်မင်း အရင်ယေဇရေမြို့တံခါးဝသို့ပြေးလေ၏။

ဆာလံကျမ်း အခန်းကြီး ၆၅ (Ps 65:10-13);

၁၀ မြေရိုးတို့ကို စိုစွတ်စေ၍ လယ်ပြင်ကိုတညီတည်းစီရင်ပြီးမှ မိုဃ်းရွာသောအားဖြင့် ပြောစေ၍ ပေါက်သောအပင်များကို ကောင်းချီးပေးတော်မူ၏၊၊
၁၁ နှစ်တို့ကို ကျေးဇူးတော်နှင့် ပတ်ရစ်တော်မူ၍ ခြေတော်ရာတို့သည် ဆီဥယိုတတ်ကြပါ၏၊၊
၁၂ သာယာသောတောအရပ်တို့လည်းယို၍ တောင်တို့သည်လည်း ပိတိခါးစည်းနှင့်စည်း လျက် ရှိကြပါ၏၊၊
၁၃ ကျက်စားရာ အရပ်တို့သည် သိုးဆိတ်စုတို့နှင့် ပြည့်စုံလျက် လယ်ပြင်တို့လည်း စပါးပင်နှင့် လွှမ်းမိုးလျက် ရှိ၍ ကျူးဧသောအသံနှင့် သီချင်းဆိုကြပါ၏၊၊

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၃ (John 13:34);

၃၄ သင်တို့သည် အချင်းချင်း တယောက်ကိုတယောက်ချစ်ကြလော့။ ငါသည်သင်တို့ကို ချစ်သည် နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကိုငါပေး၏။ 

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၅ (Matt 5:20-26);

၂၀ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ ကြီးသောသူဖြစ်လိမ့်မည်။ သင်တို့ကျင့်သော အကျင့်သည် ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့ ကျင့်သောအကျင့်ထက်မလွန်မသာလျှင်၊ သင်တို့သည်ကောင်းကင် နိုင်ငံတော်သို့ မဝင်ရကြဟုငါအမှန်ဆို၏။
၂၁ လူအသက်ကိုမသတ်ရ။ သတ်သောသူသည် ရုံး၌အပြစ်စီရင်ခြင်းကိုခံထိုက်ပေ၏ ဟူသောရှေး ပညတ်စကား ကိုသင်တို့ကြားရပြီ။
၂၂ ငါပညတ်သည်ကား၊ ညီအစ်ကိုကို အထောက်မတန်အမျက်ထွက်သော သူသည် ရုံး၌အပြစ် စီရင်ခြင်းကိုခံထိုက်ပေ၏။ ညီအစ်ကိုကို ကဲ့ရဲ့သောသူသည် လွှတ်တော်၌ အပြစ်စီရင်ခြင်းကိုခံထိုက်ပေ၏။ ညီအစ်ကို ကိုကျိန်ဆဲသောသူသည်ဂေဟင်္နာအရပ်၌မီးရှို့ခြင်းကိုခံထိုက်ပေ၏။
၂၃ ထိုကြောင့်သင်သည် ပူဇော်သက္ကာကို ယဇ်ပလ္လင်သို့ ဆောင်ယူခဲ့လျက် သင်၏ညီအစ်ကိုသည် သင်၌အပြစ်တင်ခွင့်တစုံတခုရှိသည်ဟု အောက်မေ့သတိ ရလျှင်၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သက္ကာကိုထား၍ သွားလော့။
၂၄ ညီအစ်ကိုနှင့်သင့်တင့်ပြီးမှ ပြန်၍ပူဇော်သက္ကာကို တင်လော့။
၂၅ တရားတွေ့ဘက်နှင့် အတူလမ်း၌သွားစဉ်တွင်ပင်၊ သူ၏စိတ်ကိုပြေစေခြင်းငှါ အလျင်အမြန်ပြုလော့။ သို့မဟုတ် တရားတွေ့ဘက် သည် တရားသူကြီး၌အပ်မည်။ တရားသူကြီးသည်လည်း လုလင်ခေါင်း၌အပ်၍ ထောင်ထဲ၌ လှောင်ထားမည်။
၂၆ လျော်ပြစ်ငွေရှိသမျှကို မလျော်မှီတိုင်အောင် ထောင်ထဲကမထွက်ရဟုငါအမှန်ဆို၏။