Monday, 11 June 2018

11-JUN-2018 (READING -ORD10-YB-C2)

Mon the 11th:     Memorial of Barnabas, apostle.
1 Kgs 17:1-6; Ps 121:1-8; Matt 5:1-12

ဓမ္မရာဇဝင် တတိယစောင် အခန်းကြီး ၁၇ (1 Kgs 17:1-6);

၁ ဂိလဒ်ပြည် တိရှဘိမြို့သားဧလိယက၊ ငါကိုးကွယ်သောဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ငါ့အခွင့်မရှိဘဲအင်တန်ကာလပတ်လုံး မိုဃ်းမရွာ၊ နှင်းမကျရဟုအာဟပ်မင်းအားမြွတ် ဆို၏။
၂ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဧလိယသို့ရောက်လာ သည်ကား၊
၃ သင်သည်ဤအရပ်မှထွက်သွား လော့။ အရှေ့သို့ပြောင်း၍ ယော်ဒန်မြစ်တဘက်၊ ခေရိတ်ချောင်းနားမှာ ပုန်းရှောင်၍နေလော့။
၎ ထိုချောင်းရေကို သောက်ရမည်။ ကျီးအတို့သည် သင့်ကို ကျွေးမွေးမည်အကြောင်း ငါမှာထားပြီဟု မိန့်တော်မူသည်အတိုင်း၊
၅ ဧလိယ သည်သွား၍ ယော်ဒန်မြစ်တဘက်၊ ခေရိတ်ချောင်းနားမှာ နေလေ၏။
၆ ကျီးအတို့သည်နေ့တိုင်းနံနက်တခါ၊ ညဦးတခါ မုန့်နှင့်အမဲသားကိုဆောင်ခဲ့ကြ၏။ ချောင်းရေကိုလည်းသောက်ရ၏။

ဆာလံကျမ်း အခန်းကြီး ၁၂၁ (Ps 121:1-8);

၁ ငါ့ကိုမစခြင်း အကြောင်းသည် ပေါ်ထွက်ရသောတောင်ရိုးသို့ ငါမျှော်ကြည်၏၊၊
၂ ကောင်းကင်နှင့် မြေကြီး ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား ထံတော်မှ ငါ့ကို မစခြင်းအကြောင်းသည် ပေါ်ထွက်ရ၏၊၊
၃ သင်၏ ခြေကို ချော်စေခြင်းငှါ အခွင့်ပေးတော်မမူ၊၊ သင့်ကို စောင့်သောသူသည် အိပ်တော်မမူ၊၊
၎ အကယ် စင်စစ် ဣသရေလအမျိုးကို စောင့်သောသူကို ငိုက်မျည်းအိပ်ပျော်ခြင်း ရှိတော်မမူ၊၊
၅ ထာဝရဘုရား သည် သင့်ကို စောင့်တော်မူ၏၊၊ ထာဝရဘုရားသည် သင်၏ လက်ျာဘက်၌ရှိသော သင်ခိုလှုံရာအရိပ် ဖြစ်တော်မူ၏၊၊
၆ နေ့အချိန်၌ နေအားဖြင့်၎င်း၊ ညဥ့်အချိန်၌ လအားဖြင့်၎င်း အထိအခိုက်မရှိရာ၊
၇ ထာဝရဘုရားသည် မကောင်းသောအမှုအရာ အလုံးစုံတို့ကို ကွယ်ကာ၍၊ သင်၏ အသက်ကို စောင့်တော်မူလိမ့်မည်၊၊
၈ ထာဝရဘုရားသည် သင်၏ ထွက်ခြင်းနှင့် ဝင်ခြင်းတို့ကို ယခုမှစ၍ အစဉ်မပြတ်စောင့်တော်မူလိမ့်မည်၊၊

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၅ (Matt 5:1-12);

၁ ထိုလူအပေါင်းတို့ကိုမြင်လျှင်၊ ကိုယ်တော်သည်တောင်ပေါ်သို့တက်၍ ထိုင်တော်မူသောအခါ၊ တပည့်တော် တို့သည်ကိုယ်တော်ရင်းသို့ချဉ်းကပ်ကြ၏။
၂ ထိုအခါ နှုတ်တော်ကိုဖွင့်၍ တပည့်တော်တို့အား ဆုံးမသြဝါဒပေးတော် မူသည်မှာ၊
၃ စိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံတော်ဖြစ်၏။
၎ စိတ်မသာညည်းတွားသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူ တို့သည်သက်သာခြင်းသို့ရောက်ကြလတံ့၊
၅ စိတ်နူးညံ့သိမ်မွေ့သော သူတို့သည်မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည်ပြည်တော်ကိုအမွေခံရကြလတံ့။
၆ ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည်ဝပြောခြင်းသို့ရောက်ကြလတံ့။
၇ သနားစုံမက်တတ် သောသူတို့သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုသူတို့သည်သနားစုံမက်ခြင်းကို ခံရကြလတံ့။
၈ စိတ်နှလုံးဖြူစင် သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကိုမြင်ရကြလတံ့။
၉ သူတပါးချင်း ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည်ဘုရား သခင်၏ သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရကြလတံ့။
၁၀ ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှင်းဆဲခြင်းကို ခံရသောသူ တို့သည်မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။
၁၁ ငါ့ကြောင့် သင်တို့ကိုကဲ့ရဲ့ ညှင်းဆဲ၍မမှန်ဘဲလျက် အပြစ်တကာတင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။
၁၂ ၀မ်းမြောက် ရွှင်မြူးခြင်း ရှိကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌သင်တို့၏ အကျိုးသည် ကြီးလှပေ၏။ သင်တို့ရှေ့က ပေါ်ထွန်းသော ပရောဖက်တို့ကိုထိုနည်းတူ ညှင်းဆဲကြပြီ။