Fri the 8th: Solemnity of Sacred Heart.
Sacred Heart Readings: Gen 14:18-20; Ps 110:1-4; 1 Cor 11:23-26; Luke 9:11-17
2 Tim 3:10-17; Ps 119:157-168; John 14:23; Mark 12:35-37
တိမောသေသြဝါဒစာဒုတိယစောင် အခန်းကြီး ၃ (2 Tim 3:10-17);
၁၀။ သို့ရာတွင် သင်သည် ငါ၏ဩဝါဒ၊ ငါ၏အကျင့် သိက္ခာ၊ ငါ၏ဘဝရည်မှန်းချက်ကို လိုက်နာခဲ့ပြီ။ ငါ၏ယုံကြည်ခြင်း၊ ငါ၏သည်းညည်းခံခြင်း၊ငါ၏
၁၁။ မေတ္တာ၊ ငါ၏ခံနိုင်ရည်၊ငါခံရသည့်ညှင်းဆဲနှိပ်စက် ခြင်းများ နှင့်ဘေးဒုက္ခဆင်းရဲခြင်းများကို သင်တွေ့ မြင်ခဲ့ပေသည်။ အန္တီယော့၊ အိကောနြိုမိ့ နှင့် လစ္စတြာုမိ့တို့တွင် ညှင်းဆဲနှိပ်စက်ခြင်းအမျိုးမျိုး တို့ကို ငါခံခဲ့ရကြောင်သင်သိ၏။ သို့ရာတွင်သခင် ဘုရားသည် ထိုဒုက္ခအပေါင်းမှ ငါ့ကိုကယ်တော်မူ
၁၂။ ခဲ့၏။ ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်လျက် ဘုရားဝတ်၌မွေ့လျော်လိုသူတိုင်း နှိပ်စက်ညှင်းဆဲ
၁၃။ ခြင်းခံရလိမ့်မည်။ ဆိုးညစ်သူများ၊အယောင်ဆောင် လှည့်စားသူများသည် ဆိုးယုတ်သည်ထက်ပိုမိုဆိုး ယုတ်စွာြုပကျင့်လာကြလိမ့်မည်။ သူတို့သည် သူ တစ်ပါးတို့အားလှည့်စား၍ မိမိတို့ကိုယ်တိုင်လည်း
၁၄။ အလှည့် စားခံရလိမ့်မည်။ သို့သော် သင်သည် မိမိသင်ယူ၍ စွဲမြဲစွာယုံကြည်သည့်သစ္စာတရားများ ကို ဆက်လက်စောင့်ထိန်းလော့၊ သင်၏ ဆရာ သမားများသည် မည်သူများဖြစ် ကြသည်ကိုသင်
၁၅။ သိ၏။ သင်အားငယ်ရွယ်စဉ်အခါမှစ၍ အသိပညာ ပေးပြီး ခရစ်တော်ယေဇူးကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရရှိစေရန်လမ်းညွှန်ပေးသောအရာမှာ သမ္မာကျမ်းစာတော်မြတ်ဖြစ်ကြောင်းကို သင်သတိ
၁၆။ြုပလော့။ ကျမ်းချက်မှန်သမျှသည် ဘုရားသခင်၏ လမ်းညွှန်လှုံ့ဆော်မှုဖြင့် ရေးသားြုပစုထားသော
ကြောင့် သမ္မာတရားတော်ကိုသွန်သင်ခြင်း၊ဆုံးမဩ
၁၇။ ဝါဒပေးခြင်း၊ အမှားများကြိုပပြင်ခြင်း၊လျောက်ပတ် စွာ သက်ရှင်နေထိုင်တတ်ရန် လမ်းညွှန်ခြင်းတို့ကိုြုပရန်အသုံးဝင်၍ ဘုရားသခင်၏ အမှုတော်ဆောင် သူသည် လိုအပ်သောအရည်အချင်းများနှင့် ပြည့်ဝ စုံလင်၍ ကောင်းမြတ်သော အမှုအမျိုးမျိုးတို့ကို ဆောင်ရွက်လာနိုင်ပေမည်။
ဆာလံကျမ်း အခန်းကြီး ၁၁၉ (Ps 119:157-168);
၁၅၇ အကျွန်ုပ်ကို ညှင်းဆဲသောသူနှင့် ရန်ဘက်ပြုသော သူတို့သည် များကြပါ၏၊၊ သို့သော်လည်း အကျွန်ုပ် သည် သက်သေခံတော်မူချက်တို့မှလွှဲ၍ မသွားပါ၊၊
၁၅၈ သစ္စာမရှိသော သူတို့ကို အကျွန်ုပ်သည် မြင်၍ စိတ်နာပါ၏။ အကြောင်းမူကား သူတို့သည် ဗျာဒိတ်တော်စကားကို နားမထောင်ဘဲ နေကြပါ၏၊၊
၁၅၉ ကိုယ်တော်၏ ဥပဒေသများ ကို အကျွန်ုပ်နှစ်သက်ကြောင်းကို မှတ်တော်မူပါ၊၊ အိုထာဝရဘုရား ကရုဏာတော်ရှိသည်အတိုင်း အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ၊၊
၁၆၀ နူတ်ကပတ်တော်အလုံးစုံတို့သည် ဟုတ်မှန်ပါ၏၊၊ တရားသဖြင့် စီရင်တော်မူချက်ရှိ သမျှတို့သည် အစဉ်အမြဲတည်ကြပါ၏၊၊
၁၆၁ အစိုးရသော သူတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကို ညှင်းဆဲကြသော်လည်း အကျွန်ုပ်စိတ်နှလုံးသည် စကားတော်ကို ကြောက်ရွံ့ပါ၏၊၊
၁၆၂ လက်ရဥစ္စာများကိုတွေ့ရသကဲ့သို့ ဗျာဒိတ်တော် စကားကြောင့် အကျွန်ုပ်ဝမ်း မြောက်ပါ၏၊၊
၁၆၃ မုသာစကားကို ကြားပျင်းရွံ့ရှာပါ၏၊၊ တရားတော်ကိုကား နှစ်သက်ပါ၏၊၊
၁၆၄ ဖြောင့်မတ်စွာ စီရင်တော် မူချက်များကြောင့် ကိုယ်တော်ကို တရက်လျှင် ခုနှစ်ကြိမ် ချီးမွမ်းတတ်ပါ၏၊၊
၁၆၅ တရားတော်ကို နှစ်သက်သော သူတို့ ၌ ကြီးစွာသော ငြိမ်ဝပ်ခြင်း ရှိပါ၏၊၊ သူတို့စိတ်ပျက်စရာ အကြောင်းမရှိပါ၊၊
၁၆၆ အိုထာဝရဘုရား ကယ်တင်တော်မူခြင်း ကျေးဇူးကို အကျွန်ုပ်မြော်လင့်၍ ပညတ်တော်တို့ကို ကျင့်ပါ၏၊၊
၁၆၇ သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်ဝိညာဉ် သည် စောင့်ပါ၏၊၊ အလွန်နှစ်သက်ပါ၏၊
၁၆၈ ကိုယ်တော်၏ ဥပဒေတို့နှင့် သက်သေခံတ်ာမူချက်တို့ကို စောင့်ပါ၏၊ အကျွန်ုပ်အကျင့်ရှိသမျှတို့သည် ရှေ့တော်၌ ရှိကြပါ၏၊၊
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄ (John 14:23);
၂၃ ယေရှုကလည်း၊ ငါ့ကိုချစ်သော သူသည် ငါ့စကားကိုနားထောင်လိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကိုချစ်တော်မူသည်။ ငါတို့သည်လည်း သူ့ဆီသို့ကြွ၍ နေရာချမည်။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၂ (Mark 12:35-37);
၃၅ ထိုအခါ ယေရှုသည် ဗိမာန်တော်၌ဆုံးမသြဝါဒပေးတော်မူစဉ်တွင်၊ ခရစ်တော်သည် ဒါဝိဒ်၏သားဖြစ် သည်ဟု ကျမ်းပြုဆရာတို့သည် အဘယ်ကြောင့် ဆိုကြသနည်း။
၃၆ ဒါဝိဒ်၏စကားမှာ၊ ထာဝရဘုရားက၊ သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာငါမချမထားမှီတိုင်အောင် ငါ့လက်ျာဘက်၌ထိုင်၍နေလော့ဟု ငါ၏သခင် အားမိန့်တော်မူသည်ဟု သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဒါဝိဒ်ဆိုသတည်း။
၃၇ ထိုသို့ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟုခေါ်လျှင် အဘယ်သို့သူ၏သားဖြစ်သနည်းဟု မေးတော်မူ၏။ လူများအပေါင်းတို့သည် အားရဝမ်းမြောက် သောစိတ်နှင့် စကားတော်ကိုနားထောင်ကြ၏။