Wednesday, 13 June 2018

13-JUN-2018 (READING -ORD10-YB-C2)

Wed the 13th:     Memorial of Anthony of Padua, priest and doctor.
1 Kgs 18:20-39; Ps 16:1-11; Ps 25:4-5; Matt 5:17-19

ဓမ္မရာဇဝင် တတိယစောင် အခန်းကြီး ၁၈ (1 Kgs 18:20-39);

၂၀ အာဟပ်သည်ဣသရေလ အမျိုးသားအပေါင်းတို့ရှိရာသို့ လူကိုစေလွှတ်၍၊ ပရောဖက်တို့ကိုကရမေလ တောင်ပေါ်မှာစုဝေးစေ၏။
၂၁ ဧလိယသည်လူများရှိရာသို့လာ၍၊ သင်တို့သည်ဘာသာနှစ်ပါးစပ်ကြားမှာ အဘယ်မျှကာလ ပတ်လုံး ယုံမှားသောစိတ်နှင့်နေကြလိမ့်မည်နည်း။ ထာဝရဘုရားသည်ဘုရားသခင်မှန်လျှင် ထိုဘုရားကိုဆည်း ကပ်ကြလော့။ ဗာလသည်ဘုရားသခင်မှန်လျှင် ထိုဘုရားကိုဆည်းကပ်ကြလော့ဟုဆိုလျင်၊ လူများတို့သည် တိတ်ဆိတ်စွာနေကြ၏။
၂၂ တဖန်ဧလိယက၊ ထာဝရဘုရား၏ပရောဖက်ကား ငါတယောက်တည်း ကျန်ရစ်၏။ ဗာလ၏ပရောဖက်ကားလေးရာ ငါးဆယ်ရှိကြ၏။
၂၃ နွားနှစ်ကောင်ကိုပေးကြလော့။ သူတို့သည်တကောင်ကို ရွေး၍ အပိုင်းပိုင်းဖြက်ပြီးလျှင် ထင်းပေါ်မှာ တင်ပါလေစေ။ မီးမထည့်စေနှင့်။ ငါလည်းနွားတကောင်ကိုလုပ်၍ ထင်းပေါ်မှာတင်မည်။ မီးကိုမထည့်။
၂၄ သင်တို့သည် သင်တို့ဘုရားများ၏နာမကို ဟစ်ခေါ်ကြလော့။ ငါလည်းထာဝရဘုရား၏ နာမတော်ကိုဟစ်ခေါ်မည်။ မီးဖြင့်ထူးတော်မူ သောဘုရားသည် ဘုရားသခင် မှန်ပါစေဟု လူများတို့အားပြောဆိုလျှင်၊ လူအပေါင်းတို့က၊ ဧလိယ၏စကားသည် လျောက်ပတ်ပေသည်ဟု ဆိုကြ၏။
၂၅ တဖန်ဧလိယက၊ သင်တို့သည်များသောကြောင့် နွားတကောင်ကို အရင်ရွေ့၍ လုပ်ကြလော့။ မီးမထည့်ဘဲ သင်တို့ဘုရားများ၏နာမကို ဟစ်ခေါ်ကြလော့ဟု ဗာလ၏ပရောဖက်တို့အား ဆိုသည်အတိုင်း၊
၂၆ သူတို့သည်လူများပေးသောနွားကိုယူ၍ လုပ်ပြီးလျှင်၊ အိုဗာလဘုရား၊ အကျွန်ုပ်တို့အား ထူးတော်မူပါဟု နံနက်အချိန်မှစ၍မွန်းတည့်အချိန်တိုင်အောင် ဗာလ၏နာမကို ဟစ်ခေါ်ကြ၏။ သို့ရာတွင် ဗျာဒိတ်သံမရှိ။ ထူးသောသူလည်းမရှိ။ သူတို့သည်ကိုယ်တည်သောယဇ်ပလ္လင်ရှေ့မှာ ကခုန် ကြ၏။
၂၇ မွန်းတည့်အချိန်၌ ဧလိယက၊ ကျယ်သောအသံနှင့် ဟစ်ကြလော့။ ဗာလသည်ဘုရားဖြစ်တော်မူ၏။ ဆင်ခြင် လျက်နေတော်မူ၏။ သို့မဟုတ်တစုံတခုကိုလိုက်၍ရှာတော်မူ၏။ သို့မဟုတ်ခရီးသွားတော်မူ၏။ သို့မဟုတ်ကျိန်းစက် တော်မူသောကြောင့်၊ တစုံတယောက်သောသူသည် နှိုးရမည်ဟုပြက်ယယ်ပြု၍ဆို၏။
၂၈ သူတို့သည်လည်း ကျယ်သောအသံနှင့်ဟစ်၍ ထုံးစုံရှိသည်အတိုင်း၊ ကိုယ်အသွေးနှင့် ကိုယ်ကိုလူးခြင်းငှါထား၊ သံစူးနှင့် ကိုယ်ကိုရှစေကြ၏။
၂၉ မွန်းလွဲ၍ညဦးယံယဇ်ပူဇော်ချိန်တိုင်အောင်ပရောဖက်ပြုကြသော်လည်း၊ ဗျာဒိတ်သံမရှိ။ ထူးသောသူ၊ အမှုထားသောသူလည်း မရှိသောအခါ၊
၃၀ ဧလိယက၊ ငါ့အနီးသို့လာကြလော့ဟု လူများတို့ကို ခေါ်သည့်အတိုင်း၊ လူအပေါင်းတို့သည်အနီးသို့လာကြ၏။ ထိုအခါ ဧလိယသည်ပြိုပျက်သော ထာဝရဘုရား၏ ယဇ်ပလ္လင်ကို ရှင်းလင်းပြီးမှ၊
၃၁ သင်၏အမည်ကား ဣသရေလဖြစ်ရမည်ဟူသောထာဝရဘုရား၏ ဗျာဒိတ်တော်ကိုခံရသော ယာကုပ်သားအမျိုးအနွှယ်အရေအတွက်အတိုင်း၊ ကျောက်တဆယ်နှစ်လုံးကိုယူ၍၊
၃၂ ထာဝရဘုရား၏ နာမတော်အဘို့ယဇ်ပလ္လင်ကိုတည်ပြီးမှ၊ မျိုးစေ့နှစ်တင်းလောက်ဝင်နိုင်သော ကျူံးကိုယဇ်ပလ္လင်ပတ်လည်၌တူးလေ၏။
၃၃ ထင်းကိုစီး၍ နွားကိုလည်းအပိုင်း ပိုင်းဖြတ်ပြီးလျှင် ထင်းပေါ်မှာတင်လေ၏။
၃၄ အိုးလေးလုံးကိုရေနှင့် အပြည့်ထည့်၍၊ မီးရှို့စရာယဇ်နှင့်ထင်းပေါ်မှာ လောင်းကြလော့ဟု ဆိုသည့်အတိုင်းသူတို့သည် လောင်းပြီးမှ၊ တဖန်လောင်းကြ ဦးလော့ဟုဆိုသည့်အတိုင်း သူတို့သည်လောင်းပြီးမှ၊ သုံးကြိမ်တိုင်အောင်လောင်းကြလော့ဟုဆိုသည်အတိုင်း၊ သူတို့သည်သုံးကြိမ် တိုင်အောင်လောင်းကြ၏။
၃၅ ရေသည်ယဇ်ပလ္လင်ပတ်လည်၌စီး၍ ကျုံးသည်လည်းရေနှင့် ပြည့်လေ၏။
၃၆ ညဦးယံယဇ်ပူဇော်ချိန်ရောက်သောအခါ၊ ပရောဖက်ဧလိယသည်ချဉ်းလာ၍၊ အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် ဣသရေလအမျိုး၏ ဘုရားသခင် ဖြစ်တော်မူကြောင်းကိုင်း၊ အကျွန်ုပ်သည်ကိုယ်တော်ကျွန်ဖြစ်၍ အမိန့်တော်အတိုင်း ဤအမှုအလုံးစုံတို့ကို ပြုကြောင်းကိုင်း၊ ယနေ့သိကြပါစေသော၊
၃၇ အိုထာဝရဘုရား၊ ကိုယ်တော်သည်ထာဝရ အရှင်ဘုရားသခင် ဖြစ်တော်မူကြောင်းကိုင်း၊ ဤလူတို့ စိတ်သဘောကိုပြောင်းလဲစေတော်မူကြောင်းကိုင်း၊ သူတို့သည် သိစေခြင်းငှါ အကျွန်ုပ်စကားကိုနားထောင်တော်မူပါ။ နားထောင်တော်မူပါဟု ဆုတောင်းလေ၏။
၃၈ ထိုအခါထာဝရဘုရား၏ မီးသည်ကျသဖြင့်၊ မီးရှို့ရာယဇ်အစရှိသောထင်း၊ ကျောက်၊ မြေမှုန့်ကိုလောင်၍ ကျူံး၌ရှိသောရေကိုလည်း ခန်းခြောက်စေ၏။
၃၉ လူအပေါင်းတို့သည်မြင်လျှင် ပြပ်ဝပ်၍၊ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။ ထာဝရဘုရားသည်ဘုရားသခင်ဖြစ်တော်မူ၏ ဟုဝန်ခံကြ၏။

ဆာလံကျမ်း အခန်းကြီး ၁၆ (Ps 16:1-11);

၁ အကျွန်ုပ်ကို စောင့်မတော်မူပါဘုရား၊၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏၊၊
၂ ကိုယ်တော်သည် အကျွန်ုပ်၏ သခင်ဖြစ်တော်မူသည်ဟု ထာဝရဘုရားကို အကျွန်ုပ်လျှောက်ဆိုပါပြီ၊၊ ကျေးဇူးတော်မှတပါး အခြားသော မင်္ဂလာသည် အကျွန်ုပ်၌ မရှိပါ၊၊
၃ ပြည်တော်၌နေသော သန့်ရှင်းသူနှင့် ထူးဆန်းသော သူတို့ကိုသာ နှစ်သက်ပါ၏၊၊
၎ အခြားသော လမ်းသို့ လိုက်ပြေးသော သူတို့သည် များစွာသော ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ ငါသည် သူတို့ သွန်းလောင်းရာ ပူဇော်သက္ကာအသွေးကို မလှူမဆက်လို၊၊ သူတို့ဘုရား၏ နာမကို မမြွက်လို၊
၅ ထာဝရဘုရားသည် ငါအမွေခံရာအဘို့ ငါစားသောက်ရာ အဘို့ဖြစ်တော် မူ၏၊၊ ကိုယ်တော်သည် အကျွန်ုပ် အမွေအနှစ်ကို စောင့်ရှောက်တော်မူ၏၊၊
၆ ငါပိုင်ထိုက်သော နယ်နိမိတ်သည် သာယာသောအရပ်တွင်ကျ၍ ကောင်းမွန်သော အမွေကို ငါခံရပြီ၊၊
၇ ငါ့ကို ပြုစုတော်မူသော ထာဝရဘုရားကို ကောင်းကြီးပေးမည်၊၊ ညဥ့်အချိန်၌ပင် ငါ့နှလုံးသည် ငါကို နှိုးဆော် တတ်၏၊၊
၈ ငါသည် ထာဝရဘုရားကို အစဉ်မပြတ် မျက်မှောက်ပြု၏၊၊ အကြောင်းမူကား ငါ့လက်ျာဘက်၌ တည်ရှိတော် မူသည်ဖြစ်၍ ငါသည် လှုပ်ရှားခြင်းမရှိရ၊၊ ထိုကြောင့် ငါ့စိတ်နှလုံးသည် သာယာခြင်း၊
၉ ငါ့ဝိညာဉ်သည်လည်း ရွှင်လန်း ခြင်းရှိ၏၊၊ ထိုမှတပါး ငါ့အသားသည် မြော်လင့်လျက် ကျိန်းဝပ်လိမ့်မည်၊၊
၁၀ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ ဝိညာဉ်ကို မရဏာနိုင်ငံ၌ ပစ်ထားတော်မမူ၊၊ ကိုယ်တော်၏ သန့်ရှင်းသောသူအားလည်း ပုပ်စပ်ခြင်းကို ရှိစေတော်မမူဘဲလျက်
၁၁ အသက်ရှင်ခြင်းလမ်းကို ပြညွှန်တော်မူလိမ့်မည်၊၊ အထံတော်၌ စုံလင်သော ဝမ်းမြောက်ခြင်း အခွင့်နှင့် လက်ျာတော် နားမှာ အစဉ်အမြဲ ပျော်မွေ့ခြင်း အခွင့် ရှိပါ၏၊၊

ဆာလံကျမ်း အခန်းကြီး ၂၅ (Ps 25:4-5);

၎ အိုထာဝရဘုရား၊ ကိုယ်တော်၏ လမ်းတို့ကို အကျွန်ုပ်အားပြညွှန်၍၊ ခရီးတော်တို့ကို သွန်သင်တော်မူပါ။
၅ ကိုယ်တော်၏ သမ္မာ တရားကိုပြ၍၊ အကျွန်ုပ်ကိုသွန်သင်တော်မူပါ၊၊  အကြောင်းမူကားကိုယ်တော်သည် အကျွန်ုပ်ကို ကယ်တင်သော ဘုရားသခင် ဖြစ်တော်မူ၏၊၊  ကိုယ်တော်ကို အစဉ်မြော်လင့်လျက်နေပါ၏၊၊

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၅ (Matt 5:17-19);

၁၇  ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်း များကို ဖျက်ပယ်ခြင်းငှါ ငါလာသည်ဟုမထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်။ ပြည့်စုံခြင်းငှါ ငါလာသည်တည်း။
၁၈ ငါအမှန်ဆိုသည်ကား၊ ကောင်းကင်နှင့် မြေကြီးမပျက်စီးမှီ တိုင်အောင်၊ ပညတ္တိကျမ်း၌ အငယ်ဆုံးသောစာလုံး ဗိန္ဓုတလုံးမျှပြည့်စုံခြင်းသို့ မရောက်မှီမပျက်စီးရ။
၁၉ ထိုကြောင့် အကြင်သူသည်၊ အငယ်ဆုံးသောပညတ်တခုကို ကိုယ်တိုင်လွန်ကျူး၍ သူတပါးတို့အားလည်း ထို့အတူသွန်သင်၏၊ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသော သူဖြစ်လိမ့်မည်။ အကြင်သူသည် ကိုယ်တိုင်ကျင့်၍ သူတပါး တို့အားလည်းသွန်သင်၏၊