Sir 48:1-14; Ps 97:1-7; Rom 8:15; Matt 6:7-15
ဆီရပ်ခ်၏နီတိဒေသနာကျမ်း အခန်းကြီး (၄၈) (ှငမ ၄၈ါ်၁-၁၄)း
၁။ ထိုအချိန်၌ ပရောဖက် ဧလိယသည် မီးတောက်မီးလျှံ သဖွယ် ပေါ်ထွန်းလာခဲ့၏။ သူ၏ စကားများသည် တောက်လောင်နေသော မီးဒုတ်ကဲ့သို့ ဖြစ်ကြ၏။
၂။ ဧလိယသည် သူတို့အပေါ်မှာငတ်မွတ်ခေါင်းပါးခြင်း ကပ်ဆိုက်ရောက် စေတော်မူပြီး သူ၏ စိတ်အားထက် သန်မှုကြောင့် သူတို့၏ အရေအတွက်ကို လျော့နည်း
၃။ စေခဲ့၏။ သခင်ဘုရား၏ နှုတ်ကပတ်တော်အားဖြင့် သူသည် ကောင်းကင် တံခါးများကိုပိတ်လျက်မိုးမရွာ စေသကဲ့သို့ကောင်းကင်မှလည်းသုံးကြိမ်တိုင်တိုင် မီး
၎။ ကို ခေါ်ချခဲ့၏။ အိုဧလိယ၊သင်၏အံ့ဩဖွယ်ကောင်း သော လုပ်ရပ်များ၌သင်သည် ဘုန်းတန်ခိုးကြီးမားလှ
၅။ ပေ၏။ သင့်ကိုယှဉ်၍မည်သူသည်ြွကားဝါနိုင်ခွင့်ရှိသ နည်း။သင်သည်အမြင့်ဆုံးသောအရှင်သခင်၏နှုတ်ကပတ်တော်အားဖြင့်သင်သည်သေဆုံးပြီးသေမင်းနိုင်ငံ သို့ရောက်နေသောသူတစ်ယောက်ကို အသက်ပြန်ရှင်
၆။ စေခဲ့၏။ သင်သည် ဘုရင်များကို ပျက်စီးခြင်းသို့ ရောက်စေခဲ့ပြီး ထင်ပေါ် ကျော်ကြားသော သူတို့ကို
၇။ အိပ်ယာထက်တွင် သေကြေပျက်စီးစေ၏။ သင်သည် ဆီနိုင် တောင်ပေါ်တွင် ကြိမ်းမောင်းပြစ်တင်သံကို လည်းကောင်း၊ဟောရက်တောင်ပေါ်တွင်လက်စားချေ တော်မူမည့် စီရင်ချက်ကိုလည်းကောင်း ကြားခဲ့၏။
၈။ သင်သည် လူတို့အပေါ် ထိုက်သင့်သော အပြစ်ဒဏ် ရစေမည့် ဘုရင်များကို ဘိသိက်ပေး၍ သင့်ကိုဆက် ခံရန်ပရောဖက်များကို ဆီသွန်းလောင်းပေးခဲ့၏။
၉။ သင်သည် မီးတောက် မီးလျှံများ လည်ပတ်နေသော လေပွေကြီးထဲမှ၏ မြင်းရထားဖြင့် အထက်သို့ ပင့်
၁၀။ ဆောင်ခြင်း ခံခဲ့ရ၏။ ကျမ်းစာတွင်ရေးထားလျက်ရှိ သည့်အတိုင်း ဘုရားသခင်၏အမျက်တော်ကိုအချိန်မီ ငြိမ်းအေးစေရန်လည်းကောင်း၊ ဖခင်၏ နှလုံးသားကို သားဆီသို့ လှည့်လည်စေရန်လည်းကောင်း၊ယာကုပ် အမျိုးကိုပြန်လည်စုစည်းပေးရန်လည်းကောင်းသင့်ကို အဆင်သင့် ပြင်ဆင်ထားခဲ့၏။
၁၁။ သင့်အား တွေ့မြင့်လိုက်ရသော သူတို့နှင့် ချစ်ခြင်း၌ သေဆုံးခဲ့ကြသူတို့သည်မင်္ဂလာရှိကြ၏။အကြောင်းမူ ကား ငါတို့သည်လည်း ဧကန်မုချအသက်ရှင်ကြလိမ့်
၁၂။ မည်။ ဧလိယသည် လေပွေအားဖြင့် ဆောင်ယူသွား ခြင်း ခံရသောအခါ ဧလိရှသည်ကား ဧလိယ၏ စိတ်ဓာတ်ဖြင့် ပြည့်ဝလျက်ကျန်ရစ်ခဲ့၏။ သူ၏ ဘဝ တစ်လျှောက်လုံးတွင် သူသည် မည်သည့်ဘုရင်ရှေ့ တွင်မှ ကြောက်ရွံ့ တုန်လှုပ်ခြင်း မရှိခဲ့သည့်အပြင် ကျိုးနွံ အောင် မည်သူကမျှ သူ့ကိုမလုပ်နိုင်ခဲ့ချေ။
၁၃။ သူ့အတွက်မူကားမည်သည့်အရာမျှခက်ခဲနက်နဲသည် ဟူ၍ မရှိခဲ့။ သူသေဆုံးပြီး နောက်ပိုင်းတွင်လည်း သူ၏ခန္ဓာကိုယ်သည် ပရောဖက်တန်ခိုးဖြင့်နိမိတ်ပေး
၁၄။ ဟောပြောခဲ့၏။သူအသက်ရှင်စဉ်ကအံ့ဩဖွယ်ရာများကို ပြုခဲ့သည့်နည်းတူ သေသည့်အခါ၌လည်း သူ၏ လုပ်ရပ်များသည်အလွန်အံ့ဩဖွယ်ကောင်းလှ၏။
ဆာလံကျမ်း အခန်းကြီး ၉၇(Ps 97:1-7);
၁ ထာဝရဘုရားသည် စိုးစံတော်မူ၏။ မြေကြီးသည် ဝမ်းမြောက်၍၊ ကျွန်းများတို့သည်လည်း ရွှင်လန်းကြစေ။
၂ မိုဃ်းတိမ်နှင့် မှောင်မိုက်တို့သည် ထာဝရဘုရား၏ပတ်ဝန်းကျင်တို့၌ ရှိကြသည်၊၊ တရားသဖြင့်စီရင်ခြင်း ဖြောင့်မတ်စွာ ဆုံးဖြတ်ခြင်းသည် ပလ္လင်တော်၏တည်ရာဖြစ်၏၊၊
၃ မီးသည်ရှေ့တော်၌ သွား၍ ရန်သူတို့ကိုအလှည့်လည့် လောင်လေ၏။
၎ လျှပ်စစ်တော်သည် လောကဓါတ်ကိုလင်းစေ၏၊၊ မြေကြီးသည်မြင်၍ တုန်လှုပ်၏၊၊
၅ ထာဝရဘုရားရှေ့ မြေကြီးတပြင်လုံး ကိုအစိုးရတော်မူသော အရှင်၏ရှေ့တော်၌ တောင်တို့သည်ဘယောင်းကဲ့သို့ အရည်ဖြစ်ကြသည်၊၊
၆ ဖြောင့်မတ်တော်မူ ခြင်း အကြောင်းကိုကောင်းကင်တို့သည် ထင်ရှားစွာပြ၍ လူများအပေါင်းတို့သည် ဘုန်းတော်ကိုမြင်ရကြ၏၊၊
၇ ရုပ်တု ဆင်းတုကို ဝတ်ပြုသောသူ အချည်းနှီးသက်သက်သော အရာ၌ဝါကြွားသောသူ အပေါင်းတို့သည် အရှက်ကွဲခြင်း ရှိကြစေ၊၊ ဘုရားအပေါင်းတို့ ထာဝရဘုရားကို ပြပ်ဝပ်ကိုးကွယ်ကြလော့၊၊
ရောမသြဝါဒစာ အခန်းကြီး ၈ (Rom 8:15);
၁၅ အကြောင်းမူကား၊ သင်တို့သည် တဖန်ကြောက်ရွံ့တတ် သောကျွန်၏ သဘောကိုရကြသည်မဟုတ်။ အဗ္ဗအဘဟု ခေါ်ရသော အခွင့်နှင့်သားဖြစ်ခြင်း၏ သဘောကိုရကြပြီ။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၆ (Matt 6:7-15);
၇ သင်တို့သည်ဆုတောင်းသောအခါ သာသနာပလူနည်းတူ အချည်းနှီးသောစကားဖြင့် အထပ်ထပ်မမြွက်ကြနှင့်။ ထိုသူတို့သည် များစွာသောစကား အားဖြင့်မိမိတို့အလိုပြည့်စုံမည်ဟု ထင်မှတ်ကြ၏။
၈ ထိုသူတို့နည်းတူမပြုကြနှင့်။ အကြောင်းမူကား၊ သင်တို့အလိုရှိ သမျှတို့ကို သင်တို့မတောင်းမှီ သင်တို့အဘသိတော်မူ၏။
၉ ထိုကြောင့် သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။
၁၀ နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။
၁၁ အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အားယနေ့ပေးသနားတော်မူပါ။
၁၂ သူတပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များကိုလွှတ်တော်မူပါ။
၁၃ အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊ မကောင်းသော အမှုအရာမှလည်းကယ်နှုတ်တော်မူပါ။ အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုးအာနုဘော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ရှိပါ၏။ အာမင် ဟု ဆုတောင်းကြလော့။
၁၄ သင်တို့ သည် သူတပါးတို့၏ အပြစ်ကိုလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။
၁၅ သင်တို့သည် သူတပါးတို့၏အပြစ်ကိုမလွှတ်လျှင်၊ သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော် မမူ။