Sun the 3rd: Psalter I, Ordinary Time Week 9.
(Memorial of Charles Lwanga and companions, martyrs.)
Deut 5:12-15; Ps 81:3-11; 2 Cor 4:6-11; Mark 2:23-3:6
တရားဟောရာကျမ်း အခန်းကြီး ၅ (Deut 5:12-15);
၁၂ သင်ဘုရားသခင် ထာဝရ ဘုရားမှာထားတော်မူသည်အတိုင်း၊ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကို စောင့် လော့။
၁၃ ခြောက်ရက်ပတ်လုံး အလုပ်မျိုးကိုကြိုးစား၍ လုပ်ဆောင်လော့။
၁၄ သတ္တမနေ့ရက်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ ကျွန်ယောက်ျားမိန်းမ၊ နွားမြည်းအစရှိသော သင်၏တိရ စ္ဆာန်၊ သင်၏တံခါးအတွင်း၌နေသော ဧည့်သည်အာဂန္တု သည်အလုပ်မလုပ်ရ။ သင်သည် ငြိမ်ဝပ်စွာနေသကဲ့သို့၊ သင်၏ကျွန် ယောက်ျားမိန်းမတို့သည် ငြိမ်ဝပ်စွာနေရ ကြမည်။
၁၅ သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံကြောင်းကို၎င်း၊ သင်၏ဘုရားသခင်ထာဝရဘုရားသည် အားကြီးသော လက်ရုံးတော်ကိုဆန့်၍၊ ထိုပြည်မှ သင့်ကိုနှုတ်ဆောင်တော် မူကြောင်းကို၎င်း အောက်မေ့လော့။ ထိုအကြောင်း ကြောင့်၊ သင်သည် ဥပုသ်နေ့ကိုစောင့်ရမည်ဟု သင်၏ဘုရားသခင် ထာဝရဘုရား မှာထားတော်မူ၏။
ဆာလံကျမ်း အခန်းကြီး ၈၁ (Ps 81:3-11);
၃ လဆန်းနေ့၊ လပြည့်နေ့၊ ပွဲသဘင်နေ့၌ တံပိုးမှုတ်ကြ။
၎ ထိုသို့ဣသရေလအမျိုး၌ ထုံးဖွဲ့၍၊ ယာကုပ်အမျိုး၏ ဘုရားသခင်သည် ဆုံးဖြတ်တော်မူ၏။
၅ နားမလည်သော စကားကိုကြားရာအရပ်၊ အဲဂုတ္တုပြည်တဘက်၌ ကြွသွားတော်မူသောအခါ၊ ယောသပ်အမျိုး၌ ထိုသို့သောသက်သေခံချက်ကို စီရင်တော်မူ၏။
၆ ငါသည်သူ၏ ပုခုံးကိုဝန်နှင့် လွှတ်စေ၏။ သူ၏လက်ကိုလည်း တင်ခြင်းတို့အထဲက နှုတ်ယူ၏။
၇ သင်သည် ဒုက္ခကို ခံရသောအခါ၊ ငါ့ကိုခေါ်၍ ငါသည် ချမ်းသာပေး၏။ မထင်ရှားသော မိုဃ်းကြိုးနေရာ၌ ငါပြန်ပြော၏။ မေရိဘရေနားမှာ သင့်ကိုငါစုံစမ်း၏။
၈ ငါ၏လူစု၊ နားထောင်လော့။ ငါမှာထားမည်။ အိုဣသရေလအမျိုး၊ သင်သည် ငါ့စကားကိုနားထောင် ပါစေသော။
၉ သင်၌ တပါးအမျိုး၏ ဘုရားမရှိရ။ တကျွန်းတနိုင်ငံဘုရားကို မကိုးကွယ်ရ။
၁၀ ငါသည် သင့်ကိုအဲဂုတ္တပြည်မှ ကယ်နှုတ်ဆောင်ယူ ခဲ့ပြီးသော သင်၏ဘုရားသခင် ထဝရဘုရားဖြစ်၏။ သင်၏နှုတ်ကို ကျယ်ကျယ်ဖွင့်လော့။ ဝပြောစွာကျွေးမည်။
၁၁ ငါ၏လူများမူကား၊ ငါ့စကားကို နားမထောင်ကြ။ ဣသရေလအမျိုးသည် ငါ့ကိုအလိုမရှိကြပါ တကား။
ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၄ (2 Cor 4:6-11);
၆ မှောင်မိုက်ထဲက အလင်းထွန်းလင်းမည်အကြောင်းမိန့်တော်မူသော ဘုရားသခင်သည်၊ ယေရှုခရစ်၏ မျက်နှာ၌ထွန်းလင်းသော ဘုရားသခင်၏ ဘုန်းတော်ကိုသိသော ဥာဏ်၏ အရောင် ကိုပေးလိုသောငှါ၊ ငါတို့စိတ်နှလုံးထဲ၌ အလင်းကိုထွန်းလင်းစေတော်မူ၏။
၇ သို့သော်လည်း တန်ခိုးတော်၏ ဂုဏ်အသရေသည် ငါတို့နှင့် မဆိုင်၊ ဘုရားသခင်နှင့် ဆိုင်မည်အကြောင်း၊ ထိုဘဏ္ဍာသည် မြေအိုးထဲမှာထည့်ထားလျက်ငါတို့၌ရှိ၏။
၈ ငါတို့သည် အမျိုးမျိုးသောနှောင့်ရှက်ခြင်းကို ခံရသော် လည်း၊ အကျိုးနည်းခြင်းသို့မရောက်။ မကြံစည်နိုင်အောင်ရှိသော်လည်း စိတ်မပျက်။
၉ ညှဉ်းဆဲခြင်းကိုခံရသော်လည်း ရှုံးခြင်းမရှိ၊ အောက်သို့လှဲခြင်းကိုခံရသော်လည်း ဆုံးရာသို့မရောက်။
၁၀ သခင်ယေရှုသည် အသက်ရှင်တော်မူကြောင်း ကို ငါတို့ကိုယ်ခန္ဓွာ၌ ထင်ရှားစေခြင်းငှါ၊ ယေရှု၏ သေတော်မူခြင်းကို အစဉ်မပြတ်ငါတို့၏ ကိုယ်ခန္ဓွာ၌ဆောင်ရကြ၏။
၁၁ အဘယ်သို့နည်းဟူမူကား၊ ယေရှုသည် အသက်ရှင်တော်မူကြောင်းကို၊ ငါတို့၏ သေတတ်သောကိုယ်ခန္ဓွာ၌ ထင်ရှားစေခြင်းငှါ၊ ငါတို့သည်အသက်ရှင်စဉ်တွင် ယေရှုကြောင့်သေခြင်းလက်သို့ အစဉ်အပ်နှံ့ခြင်းကိုခံရကြ၏။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၂ (Mark 2:23-3:6);
၂၃ ဥပုသ်နေ့၌ ကိုယ်တော်သည် ဂျုံစပါးလယ်ကွက်တို့ကို ရှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် စပါးအသီးအနှံကိုဆွတ်လျက် ခရီးသွားကြ၏။
၂၄ ဖာရိရှဲတို့ကလည်း၊ ဥပုသ်နေ့၌မပြုအပ်သောအမှုကို သူတို့သည် ပြုကြပါသည်တကားဟု လျှောက်ကြသော်၊
၂၅ ကိုယ်တော်က၊ ယဇ်ပရောဟိတ်မင်း အဗျာသာလက်ထက်၌ ဒါဝိဒ်သည် မိမိအဘော်တို့နှင့်တကွ ဆာမွတ်၍ မတတ်နိုင်သောအခါ၊
၂၆ ဘုရားသခင်၏အိမ်တော်သို့ဝင်၍ ယဇ်ပရော ဟိတ်တို့မှတပါး အဘယ်သူမျှမစားအပ်သော ရှေ့တော်မုန့်ကိုစား၍ မိမိအဘော်တို့အားပေးသည် အကြောင်းကို သင်တို့သည်တရံတခါမျှ မဘတ်ဘူးသလော။
၂၇ ထိုမှတပါး ဥပုသ်နေ့သည် လူအဘို့ဖြစ်၏။ လူသည် ဥပုသ်နေ့အဘို့ဖြစ်သည်မဟုတ်။
၂၈ သို့ဖြစ်၍ လူသားသည် ဥပုသ်နေ့ကိုပင်အစိုးရသည်ဟု မိန့်တော်မူ၏။
၁ တရားစရပ်သို့တဖန် ဝင်တော်မူ၍၊ ထိုစရပ်၌ လက်တဘက်သေသောသူတယောက်ရှိ၏။
၂ ဥပုသ်နေ့၌ သူ၏ရောဂါကို ငြိမ်းစေမည် မငြိမ်းစေမည်ကို ထိုသူတို့သည် ကိုယ်တော်၌အပြစ်တင်ခွင့်ကို ရှာ၍ ချောင်းကြည့် ကြ၏။
၃ ကိုယ်တော်ကလည်း၊ အလယ်၌ မတ်တတ်နေလော့ဟု လက်တဘက်သေသောသူအား မိန့်တော်မူ ပြီးမှ၊
၎ ဥပုသ်နေ့၌ ကျေးဇူးပြုအပ်သလော၊ သူ့အကျိုးကို ဖျက်ဆီးအပ်သလော၊ အသက်ကို ကယ်အပ်သလော၊ သတ်အပ်သလောဟု ပရိသတ်တို့အားမေးတော်မူလျှင်၊ ထိုသူတို့သည် တိတ်ဆိတ်စွာနေကြ၏။
၅ ထိုအခါ အမျက်တော်နှင့် သူတို့ကိုပတ်လည်ကြည့်ရှု၍ သူတို့စိတ်နှလုံးမိုက်သောကြောင့် ဝမ်းနည်းတော်မူခြင်းရှိလျက်၊ သင်၏လက်ကို ဆန့်လော့ဟု ထိုသူအားမိန့်တော်မူ၍ သူသည်မိမိလက်ကိုဆန့်လျှင်၊ ထိုလက်သည် လက်တဘက်ကဲ့သို့ ပကတိဖြစ်လေ၏။
၆ ထိုအခါ ဖာရိရှဲတို့သည်ထွက်၍ ကိုယ်တော်ကိုအဘယ်သို့ ဖျက်ဆီးရအံ့နည်းဟု ဟေရုဒ် တပည့်တို့နှင့် ချက်ခြင်းတိုင်ပင်ကြ၏။