Mon the 4th: 2 Pet 1:1-7; Ps 91:1-16; Rev 1:5; Mark 12:1-12
ရှင်ပေတရုသြဝါဒစာဒုတိယစောင် အခန်းကြီး ၁(2 Pet 1:1-7);
၁ ယေရှုခရစ်၏ကျွန် တမန်တော်ငါရှိမုန်ပေတရုသည် ကယ်တင်တော်မူသောအရှင်၊ ငါတို့ဘုရားသခင် ယေရှုခရစ်၏ ဖြောင့်မတ်ခြင်းတရားကိုငါတို့ ယုံကြည်သည်နည်းတူ၊ မြတ်စွာသော ယုံကြည်ခြင်းကိုရသောသူ တို့အား ကြားလိုက်ပါ၏။
၂ ဘုရားသခင်ကို၎င်း၊ ငါတို့သခင်ယေရှုကို၎င်း၊ သိသောဥာဏ်အားဖြင့်၊ ကျေးဇူး တော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌များ ပြားပါစေသော။
၃ ထိုသို့နှင့်အညီ ငါတို့ကိုဘုန်းတန်ခိုးတော်နှင့် ခေါ်တော်မူသော ဘုရားကိုသိသောဥာဏ်အားဖြင့်၊ ငါ့တို့အားအသက်ရှင်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင်စပ်ဆိုင်သော အရာရှိသမျှတို့ကို ဘုရားတန်ခိုး တော်သည် ပေးသနားတော်မူပြီ။
၎ ထိုသို့သော အားဖြင့်လည်း အလွန်ကြီးမြတ်၍အဘိုးထိုက်သော ဂတိများ ကို ငါတို့၌အပ်ပေး တော်မူပြီ။ အကြောင်းမူကား၊ ထိုဂတိတော်များကိုအမှီပြု၍ သင်တို့သည် လောကီ တပ်မက်ခြင်း အညစ်အကြေးနှင့် ကင်းလွတ်သဖြင့်၊ ဘုရားပကတိကိုဆက်ဆံရသော သူဖြစ်ကြမည်အကြောင်း တည်း။
၅ ထိုသို့အလိုငှါ၊ သင်တို့သည် ယုံကြည်ခြင်း၌သီလကို၎င်း၊ သီလ၌ပညာကို၎င်း၊
၆ ပညာ၌ ကာမဂုဏ်ချုပ်တည်းခြင်းကို၎င်း၊ ကာမဂုဏ် ချုပ်တည်းခြင်း၌ သည်းခံခြင်းကို၎င်း၊ သည်းခံခြင်း၌ ဘုရား ဝတ်ကိုပြု၍ မွေ့လျော်ခြင်းကို၎င်း၊
၇ ထိုမွေ့လျော်ခြင်း၌ ညီအစ်ကိုစုံမက်ခြင်းကိုင်း၊ ညီအစ်ကိုစုံမက်ခြင်း၌ ချစ်ခြင်းမေတ္တာကို၎င်း၊ အလွန်ကြိုးစားအားထုတ်၍ ထပ်ဆင့်ကြလော့။
ဆာလံကျမ်း အခန်းကြီး ၉၁ (Ps 91:1-16);
၁ အမြင့်ဆုံးသော ဘုရား၏ကွယ်ကာရာ ဌာနတော်၌် နေသောသူသည် အနန္တတန်ခိုးရှင်၏ အရိပ်ကို ခိုရလိမ့်မည်။
၂ ထာဝရဘုရားသည် ငါခိုလှုံရာ၊ ငါ၏ရဲတိုက်၊ ငါကိုးစားသော ဘုရားသခင်ဖြစ်တော်မူသည်ဟု ငါပြောဆို၏။
၃ အကယ်စင်စစ် မုဆိုး၏ ကျော့ကွင်းနှင့်၎င်း၊ သေတတ်သောအနာနှင့်၎င်း၊ သင့်ကိုကင်းလွတ် စေတော်မူမည်။
၎ အတောင်တော် အမွေးနှင့်ဖုံးအုပ်တော်မူ၍၊ အတောင်တော်အောက်၌ သင်သည် လုံခြုံစွာ နေရလိမ့်မည်။ သစ္စာတော် သည် သင်၏ ဒိုင်းလွှားဖြစ်လိမ့်မည်။
၅ ညဥ့်အခါ ဖြစ်တတ်သော ဘေးကို၎င်း၊ နေ့အချိန်၌ ပစ်သောမြ‡ားကို၎င်း၊
၆ မှောင်မိုက် ထဲမှာ လည်သော ကာလနာကို၎င်း၊ မွန်းတည့်အချိန်၌ ဖျက်ဆီးတတ်သော ဥပဒ်ကို၎င်း၊ သင်သည် မကြောက်ရ။
၇ သင်၏အနားမှာ လူတထောင်၊ သင်၏လက်ျာ ဘက်မှာ လူတသောင်း လဲသော်လည်း၊ သင့်ကို မထိမခိုက်ရ။
၈ သင်သည် ကိုယ်မျက်စိနှင့် ကြည့်၍၊ မတရားသော သူတို့၌ ရောက်ရသောအပြစ် ကို မြင်ရုံမျှသာရှိလိမ့်မည်။
၉ ထာဝရဘုရားသည် ငါခိုလှုံရာ ဖြစ်တော်မူ၏ဟု သင်သည်ဆို၍၊ အမြင့်ဆုံးသော ဘုရား၌ နေရာကျသောကြောင့်၊
၁၀ သင်၌ မကောင်းသော အနိဌရုပ်မကပ်မရောက်။ သင့်နေရာသို့ ဘေးဥပဒ်မချဉ်းရ။
၁၁ သွားလေရာရာ၌ သင့်ကိုစောင့်ရှောက်စေခြင်းငှာ၊ ကောင်းကင်တမန်တို့အား သင့်အဘို့ မှာထားတော်မူသည်ဖြစ်၍၊
၁၂ သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှာ၊ သူတို့သည် သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည်။
၁၃ သင် သည်ခြင်္သေ့နှင့် မြွေဆိုးအပေါ်မှာ ကျော်သွား၍၊ ခြင်္သေ့ပျိုနှင့် နဂါးတို့ကို ခြေဖြင့်နင်းလိမ့်မည်။
၁၄ သူသည် ငါ့ကိုချစ်သောကြောင့်၊ သူ့ကိုငါကယ်နှုတ်မည်။ ငါ့၏နာမကိုသိသောကြောင့်၊ သူ့ကိုငါ မြှောက်မည်။
၁၅ သူသည် ငါ့ကိုခေါ်သောအခါ ငါထူးမည်။ ဒုက္ခခံရသောအခါ သူ့ဘက်မှာ ငါနေ၍ချမ်းသာပေးမည်။ သူ၏ဘုန်းကိုလည်း ထင်ရှားစေမည်။
၁၆ ရှည်သောအသက်နှင့် သူ့ကို ရောင့်ရဲစေ၍၊ ငါ၏ကယ်တင် ခြင်းကျေးဇူးကို သူ့အားပြမည်။
ဗျာဒိတ်ကျမ်း အခန်းကြီး ၁ (Rev 1:5);
၅ သစ္စာစောင့်သော သက်သေခံဖြစ်တော်မူထသော၊ သေသောသူတို့တွင် သားဦး ဖြစ်တော်မူထသော၊ လောကီဘုရင်တို့၏ အထွဋိဖြစ်တော်မူသော ယေရှုခရစ်အထံတော်က၎င်း၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။ ငါတို့ကိုချစ်၍ မိမိအသွေးနှင့် ငါတို့အပြစ်များကို ဆေးကြောတော်မူ၍၊
၆ မိမိခမည်းတော်ဘုရား သခင့်ရှေ့၌ငါတို့ကို ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ် အရာ၌၎င်း၊ ခန့်ထားတော်မူသောသူသည်၊ ကမ္ဘာအဆက်ဆက် ဘုန်အသရေ၊ အစွမ်းသတ္တိရှိတော်မူစေ သတည်း။ အာမင်။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၂ (Mark 12:1-12);
၁ ထိုအခါ ဥပမာအားဖြင့် မိန့်တော်မူသည်ကား၊ လူတဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုး၍၊ စောင်ရန်းကို လုပ်ပြီးမှ စပျစ်သီးနယ်ရာကျင်းကိုတူးလေ၏။ မှီခိုရာလင့်စင်ကိုလည်းဆောက်လေ၏။ လုပ်ဆောင်သောသူ တို့အား ဥယျာဉ်ကိုငှါး၍၊ အခြားသောပြည်သို့သွားလေ၏။
၂ ကာလအချိန်တန်လျှင်၊ လုပ်ဆောင်သောသူတို့ လက်မှ စပျစ်သီးကိုခံစေခြင်းငှါ သူတို့ရှိရာသို့ ငယ်သားကိုစေလွှတ်လေ၏။
၃ ထိုသူတို့သည် ငယ်သားကိုဘမ်းဆီး ၍ရိုက်ပြီးမှ လက်ချည်းလွှတ်လိုက်ကြ၏။
၎ နောက်တဖန် အခြားသောငယ်သားကို သူတို့ရှိရာသို့ စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် ခဲနှင့်ပစ်သဖြင့်၊ သူ၏ခေါင်းကိုမှန်၍ အရှက်ခွဲပြီးမှလွှတ်လိုက်ကြ၏။
၅ အခြားသောငယ် သားကိုစေလွှတ်ပြန်လျှင် သူ့ကိုသတ်ကြ၏။ အခြားသောငယ်သားတို့တွင် အချို့တို့ကိုရိုက်ကြ၏။ အချို့တို့ကို သတ်ကြ၏။
၆ ထိုကြောင့် ဥယျာဉ်ရှင်သည် မိမိ၏ချစ်သားတယောက်တည်းရှိသေးသည်ဖြစ်၍၊ ထိုသူတို့သည် ငါ့သားကို အားနာကြလိမ့်မည်ဟုဆို၍ မိမိသားကို နောက်ဆုံး၌စေလွှတ်လေ၏။
၇ ဥယျာဉ်စောင့်တို့ကလည်း၊ ဤသူသည် အမွေခံဖြစ်၏။ လာကြ၊ သူ့ကိုသတ်ကြကုန်အံ့။ ထိုသို့သူ၏အမွေဥစ္စာကို ငါတို့ရကြလိမ့်မည်ဟု အချင်းချင်းတိုင်ပင်၍၊
၈ ဥယျာဉ်ရှင်၏သားကို ဘမ်းယူပြီးမှ သတ်၍ဥယျာဉ်ပြင်သို့ထုတ်ပစ်ကြ၏။
၉ သို့ဖြစ်လျှင်၊ ဥယျာဉ်ရှင်သည် အဘယ်သို့ပြုမည်နည်း၊ သူသည်လာ၍ ဥယျာဉ်စောင့်တို့ကို သုတ်သင်ပယ်ရှင်းပြီးမှ ထိုဥယျာဉ်ကို အခြားသော သူတို့အား ပေးလိမ့်မည်။
၁၀ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသောကျောက်သည် နောက်တဖန်တိုက် ထောင့်အထွဋိဖျားသို့ ရောက်ပြန်၏။ ထိုအမှုသည် ထာဝရဘုရားပြုတော်မူသော အမှုဖြစ်၏။
၁၁ ငါတို့မျက်မှောက်၌ လည်း အံ့သြဘွယ်ဖြစ်၏ ဟူသောစကားကို ကျမ်းစာ၌ သင်တို့သည် မဘတ် ဘူးသလောဟု မိန့်တော်မူ၏။
၁၂ ထိုသူတို့သည် မိမိတို့ကိုရည်ဆောင်၍ ထိုဥပမာစကားကို ဟောပြောတော်မူ သည်ကိုသိသော ကြောင့်၊ ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ ရှာကြံကြ၏။ သို့သော်လည်း စုဝေးသောသူတို့ကို ကြောက်သောကြောင့် အထံတော်မှထွက်သွားကြ၏။