Thu the 13th:Optional memorial of Pontian, pope and martyr; Hippolytus, priest and martyr.
Josh 3:7-17; Ps 114:1-6; Ps 119:135; Matt 18:21-19:1
ယောရှုမှတ်စာ အခန်းကြီး ၃ (Josh 3:7-17);
၇ ထာဝရဘုရားကလည်း၊ ယောရှုကိုခေါ်၍ ငါသည် မောရှေ့နှင့်အတူရှိသကဲ့သို့သင်နှင့်အတူရှိသည်ကို ဣသရေလအမျိုးသား အပေါင်း တို့သည် သိကြမည် အကြာင်း၊ သူတို့မျက်မှောက်၌ သင်ကိုယနေ့ငါ ချီးမြ‡င့်စပြုမည်။
၈ ပဋိညာဉ်သေတ္တာကို ထမ်းသောယဇ်ပုရောဟိတ်တို့သည်၊ ယော်ဒန်မြစ်ရေနားသို့ ရောက်သော အခါ ယော်ဒန်မြစ် ၌ရပ်နေရမည်အကြောင်းကို ဆင့်ဆိုလော့ဟုမိန့်တော်မူ၏။
၉ ယောရှုကလည်းလာကြလော့။ သင်တို့ဘုရား သခင်ထာဝရဘုရား၏ စကားတော်ကိုနားထောင်ကြလောဟု ဣသရေလအမျိုးသားအပေါင်းတို့ကို ခေါ်လျှက်၊
၁၀ အသက်ရှင်တော်မူသော ဘုရားသခင်သည် သင်တို့တွင်ရှိ၍၊ သင်တို့ရှေ့မှ ခါနနိလူ၊ ဟိတ္တိလူ၊ ဟိဝိလူ၊ ဖေရဇိလူ၊ ဂိရဂါရှိလူ၊ အာမောရိလူ၊ယေဗုသိ လူတို့ကို စင်စင်နှင်ထုတ်တော်မူမည်အကြောင်းကို အဘယ်သို့ သိရမည် နည်းဟူမှုကား၊
၁၁ မြေကြီးတပြင်လုံးကို အစိုးရတော်မူသော ထာဝရဘုရား၏ပဋိညာဉ်သေတ္တာသည် သင်တို့ရှေ့မှာ၊ ယော်ဒန်မြစ်ထဲသို့ကူးသွားလိမ့်မည်။
၁၂ သို့ဖြစ်၍ ဣသရေလအမျိုးများထဲကတမျိုးတယောက်စီ၊ လူတဆယ် နှစ်ယောက်တို့ကိုရွေးကောက်ကြလော့။
၁၃ မြေကြီးတပြင်လုံးကို အစိုးရတော်မူသော အရှင်ထာဝရ ဘုရား၏ သေတ္တာတော်ကိုထမ်းသော ယဇ်ပုရောဟိတ်ခြေဘဝါးတို့သည်၊ ယော်ဒန်မြစ်ရေကိုနင်းသော ခဏခြင်းတွင်၊ မြစ်ညာရေသည်ပြတ်၍ ပုံ့ပုံ့ကြွလျက် နေလိမ့်မည်ဟုဆိုလေ၏။
၁၄ လူများတို့သည် ယော်ဒန်မြစ်ကို ကူးအံ့ သောငှါ၊ တဲတို့မှပြောင်း၍ ပဋိညာဉ်သေတ္တာကို ထမ်းသော ယဇ်ပုရောဟိတ်တို့သည် လူများရှေ့မှာသွားလျက်။
၁၅ ယော်ဒန်မြစ်နားသို့ရောက်၍ ခြေဘဝါးတို့သည် လျှံသော ရေကိုနင်းသောအခါ၊ စပါးရိတ်ရာကာလ၌ ထိုမြစ်ရေသည်ကမ်းတရှောက်လုံးကို လျှံလေ့ရှိသော်လည်း၊
၁၆ မြစ်ညာကစီးလာသောရေသည် တန့်ရပ်၍ ဝေးသောအရပ်၊ ဇာရတန်မြို့နားမှာရှိသော အာဒံမြို့ တိုင်အောင် ပုံ့ပုံ့ကြွလျက်နေ၏။ လွင်ပြင်အိုင်တည်းဟူသောဒုံအိုင်သို့စီးသွားသောရေသည်လည်း အကုန်အစင်ပြတ်၍၊ လူများအပေါင်းတို့သည် ယေရိခေါမြို့သို့ ရှေ့ရှုကူးကြ၏။
၁၇ လူများအပေါင်းတို့သည် ယော်ဒန်မြစ်တဘက်သို့ မရောက်မှီတိုင်အောင် ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာကို ထမ်းသောယဇ်ပုရောဟိတ်တို့သည်၊ မြစ်အလယ်တွင် မြေပေါ်၏ မြဲမြံစွာနင်း၍၊ ဣသရေလအမျိုးသားအပေါင်းတို့သည် မြေပေါ်၏ရှောက်သွားရကြ၏။
ဆာလံကျမ်း အခန်းကြီး ၁၁၄ (Ps 114:1-6);
၁ ဣသရေလ အမျိုး၊ ယာကုပ်အနွယ်သည်ရိုင်းသောလူမျိုးနေရာ အဲဂုတ္တုပြည်က ထွက်သောအခါ၊
၂ ယုဒအမျိုး သည် သန့်ရှင်းရာဌာနတော်ဖြစ်၏၊၊ ဣသရေလအမျိုးသည် နိုင်ငံတော်ဖြစ်၏၊
၃ ပင်လယ်သည် မြင်၍ ပြေးလေ၏၊ ယော်ဒန်မြစ်လည်း နောက်သို့လှည့်လေ၏၊
၎ တောင်ကြီးတို့သည် သိုးကဲ့သို့၎င်း၊ တောင်ငယ်တို့သည် သိုးသငယ်ကဲ့ သို့၎င်း ခုန်ကြ၏၊၊
၅ အချင်းပင်လယ် သင်ပြေးသည်အကြောင်း အချင်းယော်ဒန်မြစ်၊ သင်သည် နောက်လှည့်သည့် အကြောင်း
၆ အချင်းတောင်ကြီးတို့ သင်တို့သည် သိုးကဲ့သို့ ခုန်ကြသည်အကြောင်း၊ အချင်းတောင် ငယ်တို့ သင်တို့သည် သိုးသငယ်ကဲ့သို့ ခုန်ကြသည့်အကြောင်းကား အဘယ်သို့နည်း၊၊
ဆာလံကျမ်း အခန်းကြီး ၁၁၉ (Ps 119:135);
၁၃၅ မျက်နှာ တော်၏အလင်း ကို ကိုယ်တော်၏ ကျွန်ပေါ်မှာ ထွန်းလင်းစေ၍ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူပါ။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၈ (Matt 18:21-19:1);
၂၁ ထိုအခါ ပေတရုသည် ချဉ်းကပ်၍၊ သခင်၊ ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှား၍ အကျွန်ုပ်သည် သူ၏အပြစ် ကိုဘယ်နှစ်ကြိမ်လွှတ်ရပါအံ့နည်း။ ခုနှစ်ကြိမ်မြောက်အောင်လွှတ်ရပါအံ့လောဟု မေးလျှောက်သော်၊ ယေရှုက၊ ခုနှစ်ကြိမ်မြောက်အောင်လွှတ်ရမည်ငါမဆို။
၂၂ အကြိမ်ခုနစ်ဆယ်ခုနစ်လီ မြောက်အောင်လွှတ်ရမည် ငါဆို၏။
၂၃ ထိုကြောင့် ကောင်းကင်နိုင်ငံတော်သည်၊ မိမိကျွန်များတို့ကို စာရင်းယူခြင်းငှါ အလိုရှိသောမင်းကြီးတဦး နှင့်တူ၏။
၂၄ စာရင်းယူစဉ်တွင်၊ ငွေအခွက် တသိန်းကြွေးတင်သော သူတယောက်ကိုရှေ့တော်သို့ ဆောင်ခဲ့ကြ၏။
၂၅ ထိုသူသည် ကြွေးဆပ်ရန် မရှိသောကြောင့်၊ ကိုယ်မှစ၍သားမယားဥစ္စာရှိသမျှတို့ကိုရောင်း၍ ကြွေးကိုဆပ်စေဟု သူ၏သခင်စီရင်၏။
၂၆ ထိုကျွန်သည် ညွတ်ပြပ်ဝပ်တွားလျက်၊ သခင်၊ ကျွန်တော်ကို သည်းခံတော်မူပါ။ ကြွေးရှိသမျှကိုဆပ်ပါမည် ဟု လျှောက်လျှင်၊
၂၇ သူ၏သခင်သည် သနားခြင်းရှိသဖြင့် ကြွေးရှိသမျှကိုလွှတ်၍ ချမ်းသာပေးလေ၏။
၂၈ ထိုကျွန်သည် ထွက်သွားရာတွင် မိမိငွေဒေနာရိတရာ ကြွေးတင်သော ကျွန်ချင်းတယောက်ကို တွေ့လျှင်၊ လည်ပင်းကိုကိုင် ညှစ်၍ ငါ့ငွေကိုဆပ်ပေးလော့ဟု ဆို၏။
၂၉ ထိုကျွန်ချင်းသည် ကြွေးရှင်၏ ခြေရင်း၌ ပြပ်ဝပ်လျက် ကျွန်တော်ကို သည်းခံတော်မူပါ။ ကြွေးရှိသမျှကိုဆပ်ပါမည်ဟု တောင်းပန်သော်လည်း၊
၃၀ ငွေရှင်သည် နားမထောင်ဘဲ သွား၍ ကြွေးကိုမဆပ်မှီတိုင်အောင်သူ့ကိုထောင်ထဲမှာ လှောင်ထား၏။
၃၁ အခြားသော ကျွန်ချင်း တို့သည် မြင်လျှင် အလွန်နာကြည်းသောစိတ်နှင့်သွား၍၊ ပြုလေသမျှတို့ကို မိမိတို့သခင်၌ ကြားလျှောက်ကြ၏။
၃၂ ထိုအခါသခင်သည် ထိုကျွန်ကိုခေါ်၍၊ ဟယ်ဆိုးညစ်သောကျွန်၊သင်သည်ငါ့ကိုတောင်းပန်သောကြောင့်သင်၌တင် သမျှသော ကြွေးကိုငါ ရှင်းလင်း စေ၏။
၃၃ ငါသည်သင့်ကို သနားသကဲ့သို့ သင်သည်လည်း ကျွန်ချင်းကို မသနားအပ် သလောဟုဆိုလျက်၊
၃၄ အမျက်ထွက်၍ ကြွေးရှိသမျှကို မဆပ်မှီ တိုင်အောင်အာဏာသားတို့လက်ကို အပ်လေ၏။
၃၅ သင်တို့သည်လည်း ညီအစ်ကို အချင်းချင်းတို့ကို စိတ်နှလုံးပါလျက် အပြစ်မလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသောငါ၏ အဘသည် ထိုနည်းတူသင်တို့ကို စီရင်တော်မူလတံ့ဟုမိန့်တော်မူ၏။
၁ ထိုဒေသနာတော်ကို ယေရှုသည် အကုန်အစင်ဟောတော်မူပြီးလျှင်၊ ဂါလိလဲပြည်မှ ပြောင်း၍ ယုဒပြည်စွန်း၊ ယော်ဒန်မြစ်တဘက်သို့ ကြွတော်မူ၏။