Mon the 3rd: Num 11:4-15; Ps 81:12-17; Matt 4:4; Matt 14:13-21
တောလည်ရာကျမ်း အခန်းကြီး ၄ (Num 11:4-15);
၎ အလွန်သန့်ရှင်းသော အရာတို့နှင့်ဆိုင်၍ ပရိသတ်စည်းဝေးရာတဲတော်၌ ကောဟတ်သားများ စောင့်ရှောက် ရသော အမှုဟူမူကား၊
၅ တပ်ချီချိန်ရောက်သောအခါ၊ အာရုန်နှင့် သူ၏သားတို့သည်လာ၍၊ အတွင်းကုလား ကာကို ချပြီးလျှင်၊ သက်သေ ခံချက်သေတ္တာကို အုပ်ရမည်။
၆ ကုလားကာအပေါ်မှာ တဟာရှသားရေနှင့် အုတ်ပြန်၍ သားရေအပေါ်မှာလည်း ပြာသောအထည်ကို ခင်းပြီးမှ၊ ထမ်းဘိုးတို့ကိုလျှိုထားရမည်။
၇ ရှေ့တော်မုန့်စားပွဲပေါ်မှာ ပြာသောအထည်ကို ခင်း၍၊ လင်ပန်း၊ ဇွန်း၊ လောင်းစရာဖလားများနှင့်တကွ၊ အမြဲထည့်ရသော မုန့်ကိုတင်ပြီးမှ၊
၈ ထိုအရာတို့ကို၊ နီသောအထည် နှင့် အုပ်ရမည်။ တဖန် တဟာရှ သားရေနှင့် အုပ်ပြန်၍ ထမ်းဘိုးတို့ကို လျှိုထားရမည်။
၉ မီးထွန်းရာမီးခုံ၊ မီးခွက်၊ မီးညှပ်၊ မီးညှပ်ခံရာခွက်၊ ဆီအိုးအစရှိသည်တို့ကို ပြာသောအထည်နှင့် အုပ်ပြီးမှ၊
၁၀ ထိုတန်ဆာရှိသမျှတို့ကို၊ တဟာရှသားရေ အိတ်ထဲ၌ သွင်းထား၍၊ ထမ်းဘိုးကိုတပ်ရမည်။
၁၁ ရွှေယဇ်ပလ္လင်ပေါ်မှာ ပြာသောအထည်ကိုခင်း၍၊ တဟာရှသားရေနှင့် အုပ်ပြီးလျှင်၊ ထမ်းဘိုးတို့ကို လျှိုထားရမည်။
၁၂ သန့်ရှင်းရာဌာန၌ အမှုတော်ကို ဆောင်ရွက်ရန် တန်ဆာရှိသမျှတို့ကို ပြာသောအထည်အိတ်ထဲ၌ သွင်းထား၍၊ တဟာရှသားရေဖြင့် အုပ်ပြီးမှ ထမ်းဘိုးကိုတပ်ရ မည်။
၁၃ ယဇ်ပလ္လင်မှပြာကို ပယ်ရှင်း၍ ပလ္လင်ပေါ်မှာ မောင်းသောအထည်ကို ခင်းပြီးလျှင်၊
၁၄ ထိုပလ္လင်နှင့်ဆိုင်သော အမှုတော်ထမ်းရန် တန်ဆာတည်းဟူသော လင်ပန်း၊ အမဲသားချိတ်၊ တူရွင်းပြား၊ အင်တုံအစရှိသော၊ ယဇ်ပလ္လင် တန်ဆာရှိသမျှတို့ကို တင်၍ တဟာရှသားရေနှင့် အုပ်ပြီးမှ ထမ်းဘိုး တို့ကိုလျှိုထားရမည်။
၁၅ ထိုသို့ တပ်ချီချိန် ရောက်သောအခါ၊ အာရုန်နှင့်သူ၏သားတို့သည်၊ သန့်ရှင်းရာ ဌာနတော်နှင့် သန့်ရှင်သောတန်ဆာ ရှိသမျှတို့ကို ဖုံးအုပ်သောနောက် ကောဟတ်သားတို့သည် ထမ်းခြင်းငှါ ချဉ်းကပ်ရကြမည်။ သို့ရာတွင် သူတို့သည် သေခြင်းနှင့် လွတ်မည်အကြောင်း သန့်ရှင်းသောအရာကို မကိုင်ရ။ ဤရွေ့ကား ပရိသတ်စည်းဝေးရာ တဲတော်၌ ကောဟတ် သားများဆောင်ရွက်သော အမှုပေတည်း။
ဆာလံကျမ်း အခန်းကြီး ၈၁ (Ps 81:12-17);
၁၂ ငါသည်လည်း ထိုသူတို့ကို သူတို့နှလုံးခိုင်မာခြင်း၌ အပ်၍၊ သူတို့သည် မိမိတို့အလိုသို့ လိုက်ကြ၏။
၁၃ ငါ၏လူစုသည် ငါ့စကားကိုနားထောင်၍၊ ဣသရေလအမျိုးသည် ငါ့လမ်း၌ လိုက်ပါစေသော။
၁၄ လိုက်လျှင် ငါသည် သူတို့ ရန်သူများကို အလျင်အမြန်နှိပ်စက်၍၊ ရန်ဘက်ပြုသော သူတို့ကိုဒဏ်ခတ်မည်။
၁၅ ထာဝရဘုရားကို မုန်းသောသူတို့သည် တောင်းပန်ခြင်းကိုပြု၍၊ ငါ၏လုတို့သည်လည်း၊ အစဉ်အမြဲတည်ရသော အခွင့်ရှိကြလိမ့်မည်။
၁၆ အကောင်းဆုံးသော ဆန်စပါးနှင့် ငါကျွေးမည်။ ကျောက်ထဲကထွက်သော ပျားရည်နှင့်လည်း ဝပြောစေမည်။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၄ (Matt 4:4);
၎ ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာအသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာ လာသည်ဟုပြန်ပြောတော်မူ၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၄ (Matt 14:13-21);
၁၃ ယေရှုသည်ကြားတော်မူလျှင်၊ ထိုအရပ်မှထွက်၍လှေကိုစီးလျက်တော၌ ဆိတ်ကွယ်ရာအရပ် သို့ကြွတော် မူ၏။ လူအစုအဝေးတို့သည်ကြားသိရလျှင်၊ မြို့ရွာမှထွက်၍ကုန်းကြောင်းလိုက်ကြ၏။
၁၄ ယေရှုသည် ထွက်ကြွ၍ လူများအပေါင်းတို့ကိုတွေ့မြင်တော်မူလျှင်၊ သနားခြင်းစိတ်တော်ရှိ၍ လူနာရှိသမျှတို့ကိုချမ်းသာ ပေးတော်မူ၏။
၁၅ ညဦးယံ၍ တပည့်တော်တို့သည်ချဉ်းကပ်၍၊ ဤအရပ်သည်တောအရပ်ဖြစ်ပါ၏။ မိုဃ်းလည်းချုပ် ပါပြီ။ လူအစုအဝေးတို့သည်မြို့ရွာသို့သွား၍ စားစရာကိုဝယ်စေခြင်းငှါ အခွင့်ပေးတော်မူပါဟုလျှောက်ကြ လျှင်၊
၁၆ ယေရှုက၊ သွားရသောအကြောင်းမရှိ။ သူတို့စားစရာဘို့သင်တို့ပေးကြလော့ဟု မိန့်တော်မူ၏။
၁၇ တပည့်တော်တို့ကလည်း၊ မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်မှတပါး အဘယ်စားစရာမျှအကျွန်ုပ်တို့၌မရှိပါဟု လျှောက်ပြန်လျှင်၊ ထိုမုန့်နှင့်ငါးကိုယူခဲ့ကြဟု မိန့်တော်မူ၏။
၁၈ ထိုအခါ လူအစုအဝေးတို့ကို မြက်ပင်ပေါ်မှာ လျောင်းကြစေဟု အမိန့်တော်ရှိ၏။
၁၉ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုလည်းယူ၍ ကောင်းကင်သို့ကြည့်မြော် လျက်၊ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်နှင့်ငါးကိုဖဲ့၍ တပည့်တော်တို့အားပေးတော်မူ၏။
၂၀ တပည့်တော်တို့ သည်လည်း လူအပေါင်းတို့အားပေးကြ၏။ လူအပေါင်းတို့သည် စား၍ဝကြပြီးမှ ကြွင်းရစ်သောအကျိုးအပဲ့ကို ကောက်သိမ်း၍ တဆယ့်နှစ်တောင်းအပြည့်ရကြ၏။
၂၁ စားသောသူ အရေအတွက်ကား၊ မိန်းမနှင့်သူငယ်ကို မဆိုဘဲ၊ ယောက်ျားငါးထောင်မျှလောက်ရှိသတည်း။