Thu the 6th: Feast of The Transfiguration.
Dan 7:9-14; Ps 97:1-9; 2 Peter 1:16-19; Mark 9:1-10
ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး ၇ (Dan 7:9-14);
၉ ထိုအခါ ငါကြည့်ရှုစဉ်၊ ရာဇပလ္လင်များကို တည်ထားလျက်ရှိ၍၊ အသက်ကြီးသောသူတဦးသည် ထိုင်တော်မူ၏။ အဝတ် တော်သည် မိုဃ်းပွင့်ကဲ့သို့ဖြူ၏။ ဆံပင်တော်သည် ဖြူသောသိုးမွေးနှင့် တူ၏။ ပလ္လင်တော်သည် မီးလျှံဖြစ်၏။ ပလ္လင်တော်အောက်၌ မီးစက်လှည်းဘီးရှိ၏။
၁၀ မျက်နှာတော်မှာ မီးရောင်ခြည်ထွက်လေ၏။ အတိုင်းမသိ များစွာသောသူတို့သည် အမှုတော်ကို ဆောင်ရွက်၍၊ ကုဋေ သင်္ချေမက ရှေ့တော်၌ ခစား၍ နေကြ၏။ တရားစီရင်ခြင်းငှါ ပြင်ဆင်၍၊ စာစောင်များကိုဖွင့်ထား၏။
၁၁ ထိုအခါ ချိုငယ်ပြောသောစကားကြီးအသံကြောင့် ငါကြည့်ရှုနေစဉ်၊ ထိုသားရဲအသက်ကို သတ်ပြီးလျှင် သူ၏ကိုယ်ကိုကိုယ် မီးရှို့၍ဖျက်ဆီးကြ၏။
၁၂ အခြားသောသားရဲမူကား၊ အစိုးရသောအခွင့်တန်ခိုးရှုံး သော်လည်း၊ ချိန်းချက်သောကာလပတ်လုံး အသက်ရှင်ရကြ၏။
၁၃ ထိုညဥ့်အခါ ငါသည် အာရုံပြု၍၊ လူသားနှင့်တူသော သူတဦးသည် မိုဃ်းတိမ်ကိုစီးလျက်၊ အသက်ကြီးသောသူ၏ အထံတော်သို့ ရောက်လေ၏။ ထိုသူကို အထံတော်ပါးသို့ သွင်းကြ၏။
၁၄ အရပ်ရပ်တို့၌နေ၍၊ အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသောလူမျိုးတကာတို့ကို အုပ်စိုးစေခြင်းငှါ၊ ထိုသူသည် နိုင်ငံနှင့်တကွ အာဏာစက်တန်ခိုးကိုရ၏။ အာဏာစက်တော်သည် ကမ္ဘာအဆက်ဆက်တည်၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့ မရောက်နိုင်ရာ။
ဆာလံကျမ်း အခန်းကြီး ၉၇ (Ps 97:1-9);
၁ ထာဝရဘုရားသည် စိုးစံတော်မူ၏။ မြေကြီးသည် ဝမ်းမြောက်၍၊ ကျွန်းများတို့သည်လည်း ရွှင်လန်းကြစေ။
၂ မိုဃ်းတိမ်နှင့် မှောင်မိုက်တို့သည် ထာဝရဘုရား၏ပတ်ဝန်းကျင်တို့၌ ရှိကြသည်၊၊ တရားသဖြင့်စီရင်ခြင်း ဖြောင့်မတ်စွာ ဆုံးဖြတ်ခြင်းသည် ပလ္လင်တော်၏တည်ရာဖြစ်၏၊၊
၃ မီးသည်ရှေ့တော်၌ သွား၍ ရန်သူတို့ကိုအလှည့်လည့် လောင်လေ၏။
၎ လျှပ်စစ်တော်သည် လောကဓါတ်ကိုလင်းစေ၏၊၊ မြေကြီးသည်မြင်၍ တုန်လှုပ်၏၊၊
၅ ထာဝရဘုရားရှေ့ မြေကြီးတပြင်လုံး ကိုအစိုးရတော်မူသော အရှင်၏ရှေ့တော်၌ တောင်တို့သည်ဘယောင်းကဲ့သို့ အရည်ဖြစ်ကြသည်၊၊
၆ ဖြောင့်မတ်တော်မူ ခြင်း အကြောင်းကိုကောင်းကင်တို့သည် ထင်ရှားစွာပြ၍ လူများအပေါင်းတို့သည် ဘုန်းတော်ကိုမြင်ရကြ၏၊၊
၇ ရုပ်တု ဆင်းတုကို ဝတ်ပြုသောသူ အချည်းနှီးသက်သက်သော အရာ၌ဝါကြွားသောသူ အပေါင်းတို့သည် အရှက်ကွဲခြင်း ရှိကြစေ၊၊ ဘုရားအပေါင်းတို့ ထာဝရဘုရားကို ပြပ်ဝပ်ကိုးကွယ်ကြလော့၊၊
၈ အိုထာဝရဘုရား ကိုယ်တော်သည်တရားစီရင်တော်မူချက်တို့ အကြောင်းကြောင့် ဇိအုန်မြို့သည် ကြား၍ ရွှင်လန်းပါ၏၊၊ ယုဒသတို့သမီးတို့လည်း ဝမ်းမြောက်ကြပါ၏၊၊
၉ အိုထာဝရဘုရား ကိုယ်တော်သည် မြေကြီင်္းသားအ ပေါင်းတို့ ထက်ကြီးမြင့်တော်မူ၏၊၊ ဘုရားတကာတို့ထက် အလွန်မြှောက်ခြင်းရှိတော်မူ၏၊၊
ရှင်ပေတရုသြဝါဒစာဒုတိယစောင် အခန်းကြီး ၁ (2 Peter 1:16-19);
၁၆ ငါတို့သခင်ယေရှုခရစ်၏ တန်ခိုးတော်ကို၎င်း၊ ကြွလာတော်မူခြင်းကို၎င်း၊ သင်တို့အားကြားပြော သောအခါ၊ ငါတို့သည် ပရိယာယ်နှင့်ပြင်ဆင်သော ဒဏ္ဍာရီစကားကိုမလိုက်၊ ဘုန်းအာနုဘော်ကို ကိုယ်တိုင် မြင်သောသူဖြစ်ကြ၏။
၁၇ အဘယ်သို့နည်းဟူမူကား၊ ဤသူသည်ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း ဟူသောအသံတော်သည်၊ ထူမြတ်သော အရောင်အဝါတော်ထဲက၊ ထိုသခင်သို့ရောက်သောအခါ၊ ခမည်းတော်ဘုရားသခင့်အထံတော်မှ ဂုဏ်အသေရေ၊ ဘုန်းအာနုဘော်ကိုခံရတော်မူ၏။
၁၈ ကောင်းကင်က ရောက်လာသော ထိုအသံတော်ကို ငါတို့သည် သန့်ရှင်းသော တောင်ပေါ်မှာ သခင်ဘုရားနှင့် အတူရှိသော အခါကြားရကြ၏။
၁၉ ထိုမှတပါး၊ သာ၍မြဲမြံသော အနာဂတ္တိစကားတော်သည် ငါတို့၌ရှိသေး၏။ စိတ်နှလုံးထဲ၌ အာရုဏ်တတ်၍ ကြယ်နီပေါ်ထွက်သည်ကာလတိုင်အောင်၊ ထိုအနာဂတ္တိစကားတော်ကို မှောင်မိုက်အရပ်၌ ထွန်းလင်းသော ဆီမီးကဲ့သို့မှတ်၍၊ သင်တို့သည် အမှီပြုသင့်ကြ၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၉ (Mark 9:1-10);
၁ ထိုအခါ ကိုယ်တော်သည် လှေစီး၍ကူးပြန်သဖြင့်၊ မိမိမြို့သို့ရောက်တော်မူ၏။
၂ လက်ခြေသေ၍ အိပ်ရာ ပေါ်မှာတုံးလုံးနေသောသူတယောက်ကို အထံတော်သို့ဆောင်ခဲ့ကြ၏။ ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကို မြင်လျှင် လက်ခြေသေသောသူအား၊ ငါ့သား မစိုးရိမ်နှင့်။ သင်၏အပြစ်ကိုလွတ်စေပြီဟု မိန့်တော်မူ၏။
၃ ကျမ်းပြု ဆရာအချို့တို့က၊ ဤသူသည်ဘုရားကိုလွန်ကျူး၍ပြောသည်ဟုထင်ကြ၏။
၎ ယေရှုသည် ထိုသူတို့၏စိတ်ကိုသိမြင် တော်မူလျှင်၊ သင်တို့သည် အဘယ်ကြောင့်ငြူစူသော စိတ်ရှိကြသနည်း။
၅ အဘယ်စကားကိုသာ၍ပြောလွယ်သနည်း။ သင်၏အပြစ်ကိုလွတ်စေပြီဟု ပြောလွယ်သလော။ သင်ထ၍ လှမ်းသွားလော့ဟု ပြောလွယ်သလော။
၆ လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကိုသင်တို့သိစေခြင်းငှါထလော့။ ကိုယ်အိပ်ရာကိုဆောင်၍ ကိုယ်အိမ်သို့သွား လော့ဟု လက်ခြေသေသောသူအားမိန့်တော်မူ၏။
၇ ထိုသူသည်လည်း ထ၍မိမိအိမ်သို့သွားလေ၏။
၈ လူအစုအဝေး တို့သည်မြင်လျှင် အံ့သြခြင်းရှိ၍၊ လူတို့အားဤသို့သောအခွင့်ကိုအပ်ပေးတော်မူသော ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။
၉ ယေရှုသည် ထိုအရပ်မှကြွတော်မူလျှင်၊ မဿဲအမည်ရှိသောသူတယောက်သည် အခွန်ခံရာတဲ၌ ထိုင်နေ သည်ကိုမြင်သော်၊ ငါ့နောက်သို့လိုက်လော့ဟုမိန့်တော်မူ၏။ ထိုသူသည်လည်းထ၍ နောက်တော်သို့လိုက်လေ၏။
၁၀ ထိုနောက်မှ အိမ်တွင်စားပွဲ၌လျောင်းတော်မူစဉ်၊ အခွန်ခံသောသူများနှင့် ဆိုးသောသူများတို့သည်လာ၍ ကိုယ်တော် မှစသောတပည့်တော်တို့နှင့်တကွ စားပွဲ၌လျောင်းကြ၏။