Friday, 28 August 2015

28-AUGUST-2015-(READING)

Fri the 28th:        Memorial of Augustine, bishop and doctor.
1 Thess 4:1-8; Ps 97:1-12; Luke 21:36; Matt 25:1-13

သက်သာလောနိတ်သြဝါဒစာပဌမစောင် အခန်းကြီး ၄(1 Thess 4:1-8);

၁ ကြွင်းသေးသောစကားဟူမူကား၊ ညီအစ်ကိုတို့၊ သင်တို့သည် အဘယ်သို့ကျင့်ရမည်၊ ဘုရားသခင်ကို အဘယ်သို့ နှစ်သက်စေရမည်ကို ငါတို့ထံ၌ နည်းခံကြသည်နှင့်အညီ တိုးပွား၍ကြွယ်ဝပြည့်စုံမည်အကြောင်း၊ သခင်ယေရှုကို အမှီပြုလျက်၊ ငါတို့သည် တောင်းပန်၍ တိုက်တွန်းသွေးဆောင်ကြ၏။
၂ အဘယ်သို့သောပညတ်တို့ ကို သခင်ယေရှု၏ အခွင့်တော်နှင့် ငါတို့သည် အပ်ပေးသည်ကို သင်တို့သိကြ၏။
၃ ဘုရားသခင်၏ အလိုတော် ဟူမူကား၊ သင်တို့သည် မတရားသောမေထုန်ကို ကြဉ်ရှောင်၍ သန့်ရှင်းစေခြင်းငှါ၎င်း၊
၎ ဘုရားသခင်ကို မသိသော သာသနာပလူတို့သည် ကိလေသာတပ်မက်ခြင်းရှိသကဲ့သို့ မရှိ၊
၅ သင်တို့အပေါင်းသည် သန့်ရှင်းခြင်း၊ အသရေ တင့်တယ်ခြင်းနှင့် မိမိကိုယ်ကို မိမိထိန်းတတ်စေခြင်းငှါ၎င်း၊
၆ ဤအမှုအရာ၌ လွန်ကျူး၍ ညီအစ်ကိုကို ပရိယာယ် အားဖြင့် မပြစ်မှားစေခြင်းငှါ၎င်း၊ အလိုတော်ရှိ၏။ ငါတို့သည် အထက်ကဟောပြော၍ သစ္စာပေးနှင့်သည်အတိုင်း၊ သခင်ဘုရားသည် ထိုသို့သောပြစ်မှားခြင်းကို ခံသောသူအပေါင်းတို့ဘက်၌ တရားစီရင်တော်မူလိမ့်မည်။
၇ ဘုရား သခင်သည် ညစ်ညူးစေခြင်းငှါ ငါတို့ကိုခေါ်တော်မူသည်မဟုတ်၊ သန့်ရှင်းစေခြင်းငှါ ခေါ်တော်မူ၏။
၈ ထိုကြောင့်၊ ငါတို့ကို ငြင်းပယ်သောသူသည် လူကိုသာငြင်းပယ်သည်မဟုတ်၊ ကိုယ်တော်၏ သန့်ရှင်းသောဝိညာဉ်တော်ကို ငါတို့အား ပေးတော်မူသော ဘုရားသခင်ကို ငြင်းပယ်၏။

ဆာလံကျမ်း အခန်းကြီး ၉၇ (Ps 97:1-12);

၁ ထာဝရဘုရားသည် စိုးစံတော်မူ၏။ မြေကြီးသည် ဝမ်းမြောက်၍၊ ကျွန်းများတို့သည်လည်း ရွှင်လန်းကြစေ။
၂ မိုဃ်းတိမ်နှင့် မှောင်မိုက်တို့သည် ထာဝရဘုရား၏ပတ်ဝန်းကျင်တို့၌ ရှိကြသည်၊၊ တရားသဖြင့်စီရင်ခြင်း ဖြောင့်မတ်စွာ ဆုံးဖြတ်ခြင်းသည် ပလ္လင်တော်၏တည်ရာဖြစ်၏၊၊
၃ မီးသည်ရှေ့တော်၌ သွား၍ ရန်သူတို့ကိုအလှည့်လည့်   လောင်လေ၏။
၎ လျှပ်စစ်တော်သည် လောကဓါတ်ကိုလင်းစေ၏၊၊ မြေကြီးသည်မြင်၍ တုန်လှုပ်၏၊၊
၅ ထာဝရဘုရားရှေ့ မြေကြီးတပြင်လုံး ကိုအစိုးရတော်မူသော အရှင်၏ရှေ့တော်၌ တောင်တို့သည်ဘယောင်းကဲ့သို့ အရည်ဖြစ်ကြသည်၊၊
၆ ဖြောင့်မတ်တော်မူ ခြင်း အကြောင်းကိုကောင်းကင်တို့သည် ထင်ရှားစွာပြ၍ လူများအပေါင်းတို့သည် ဘုန်းတော်ကိုမြင်ရကြ၏၊၊
၇ ရုပ်တု ဆင်းတုကို ဝတ်ပြုသောသူ အချည်းနှီးသက်သက်သော အရာ၌ဝါကြွားသောသူ အပေါင်းတို့သည် အရှက်ကွဲခြင်း ရှိကြစေ၊၊ ဘုရားအပေါင်းတို့ ထာဝရဘုရားကို ပြပ်ဝပ်ကိုးကွယ်ကြလော့၊၊
၈ အိုထာဝရဘုရား ကိုယ်တော်သည်တရားစီရင်တော်မူချက်တို့ အကြောင်းကြောင့် ဇိအုန်မြို့သည် ကြား၍ ရွှင်လန်းပါ၏၊၊ ယုဒသတို့သမီးတို့လည်း ဝမ်းမြောက်ကြပါ၏၊၊
၉ အိုထာဝရဘုရား ကိုယ်တော်သည် မြေကြီင်္းသားအ ပေါင်းတို့ ထက်ကြီးမြင့်တော်မူ၏၊၊ ဘုရားတကာတို့ထက် အလွန်မြှောက်ခြင်းရှိတော်မူ၏၊၊
၁၀ ထာဝရားဘုရားကို ချစ်တော်မူသောသူတို့ မကောင်းသောအမှုကို ရွံရှာကြလော့၊၊ ကိုယ်တော်၏ သန့်ရှင်းသူတို့၏အသက်ဝိညာဉ်ကို စောင့်မတော်မူ၍ မတရားသောသူတို့၏ လက်မှလည်းကယ်နှုတ် တော်မူ၏၊၊
၁၁ အလင်းသည်တရားသောသူတို့ အဘို့ ဝမ်းမြောက်ခြင်းသည် သဘောဖြောင့်သောသူတို့ အဘို့ပျိုးကြဲလျက်ရှိကြ၏၊၊
၁၂ ဖြောင့်မတ်သောသူတို့ ထာဝရဘုရားကို အမှီပြု၍ဝမ်းမြောက်ကြလော့၊၊ သန့်ရှင်းသောနာမတော်ကို ချီးမွမ်းကြလော့၊၊

ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၁ (Luke 21:36);

၃၆ ထိုကြောင့် သင်တို့သည် ဖြစ်လတံ့သောအမှုအရာတို့နှင့် ကင်းလွတ်၍ လူသားထံသို့ ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း၊ အစဉ်ဆုတောင်းလျက် စောင့်နေကြလော့ဟု မိန့်တော်မူ၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၅(Matt 25:1-13);

၁ ထိုအခါကောင်းကင်နိုင်ငံတော်သည်ကား၊ မင်္ဂလာဆောင်လုလင်ကို ခရီးဦးကြိုပြုအံ့သောငှါ မီးခွက်ကိုကိုင် ယူ၍ ထွက်သွားသောသတို့သမီးတကျိပ်နှင့်တူ၏။
၂ ထိုသတို့သမီးတို့တွင်ငါးယောက်သည် ပညာသတိရှိကြ၏။ ငါးယောက်မူကားအမိုက်ဖြစ်ကြ၏။
၃ မိုက်သောသူတို့သည်မီးခွက်တို့ကိုသာယူ၍ ဆီကိုမယူကြ။
၎ ပညာသတိရှိသောသူတို့မူကား၊ မီးခွက်နှင့်တကွဘူး၌ပါသောဆီကိုလည်းယူကြ၏။
၅ မင်္ဂလာဆောင်လုလင်သည် မလာဘဲနေစဉ်၊ ထိုသတို့သမီးအပေါင်းတို့သည် ငိုက်၍ အိပ်ပျော်ကြ၏။
၆ သန်းခေါင်ယံ၌ ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည်လာပြီ။ ခရီးဦးကြိုပြုခြင်းငှါထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊
၇ ထိုသတို့သမီးအပေါင်းတို့သည်ထ၍ မီးခွက်များကိုပြင်ဆင်ကြ၏။
၈ မိုက်သောသူတို့က ငါတို့ဆီမီး သေပါပြီ။ သင်တို့ဆီကိုအနည်းငယ်ပေးပါဟု ပညာရှိသောသူတို့အား တောင်းကြ၏။
၉ ပညာရှိသောသူတို့ကလည်း၊ သင်တို့အဘို့နှင့် ငါတို့အဘို့ဆီမလောက်။ ထိုကြောင့် ဆီရောင်းသော သူရှိရာသို့သွား၍ ကိုယ်သုံးဘို့ဝယ်လျှင် သာ၍ကောင်းသည်ဟု ပြန်ပြောကြ၏။
၁၀ ထိုသူတို့သည် ဆီဝယ်သွားသည်အခိုက်တွင် မင်္ဂလာဆောင်လုလင်သည် လာ၍၊ အသင့်ရှိသော သတို့သမီးတို့သည် လုလင်နှင့်အတူပွဲသို့ဝင်ကြပြီးလျှင် တံခါးကိုပိတ်ထား၏။
၁၁ ထိုနောက် ကြွင်းသော သတို့သမီးတို့သည်လာ၍ အရှင်၊ အရှင်၊ ကျွန်မတို့အားတံခါးကိုဖွင့်ပါဟုတောင်းလျှောက်ကြသော်၊
၁၂ အရှင်ကလည်း၊ ငါအမှန်ဆိုသည်ကား၊ သင်တို့ကို ငါမသိဟုပြန်ပြောလေ၏။
၁၃ သို့ဖြစ်၍ လူသားသည် ကြွလာအံ့သော နေ့ရက်အချိန်နာရီကို သင်တို့သည် မသိသောကြောင့်စောင့်နေကြလော့။