Tue the 4th: Memorial of John Vianney, priest.
Num 12:1-13; Ps 51:3-13; John 1:49; Matt 14:22-36
တောလည်ရာကျမ်း အခန်းကြီး ၁၂(Num 12:1-13);
၁ မောရှေသည် ဣရှအမျိုးသားမိန်းမနှင့် စုံဘက်သည်ဖြစ်၍၊ ထိုမိန်းမကြောင့် မိရိအံနှင့်အာရုန်သည် မောရှေကို အပြစ်တင်လျက်၊
၂ အကယ်၍ ထာဝရဘုရားသည် မောရှေအားဖြင့်သာ ဗျာဒိတ်ပေးတော်မူ သလော။ ငါတို့အားဖြင့်လည်း ပေးတော်မမူလောဟု ဆိုကြ၏။ ထိုစကားကို ထာဝရဘုရားကြားတော်မူ၏။
၃ မောရှေသည် မြေကြီးပေါ်မှာရှိနေသော သူအပေါင်းတို့ထက်သာ၍ နူးညံ့သိမ်မွေ့သောသဘောရှိ၏။
၎ ထာဝရဘုရားကလည်း၊ သင်တို့သုံးယောက်သည် ပရိသတ်စည်းဝေးရာ တဲတော်သို့ ထွက်သွားကြလော့ဟု မောရှေ၊ အာရုန်၊ မိရိအံတို့အား ချက်ခြင်းမိန့်တော်မူ၍ သူတို့သည် ထွက်သွားကြ၏။
၅ ထာဝရဘုရားသည် မိုဃ်းတိမ်တိုင်ဖြင့် ဆင်းသက်၍၊ ပရိသတ်စည်းဝေးရာ တဲတော် တံခါးဝ၌ ရပ်လျက်၊ အာရုန်နှင့် မိရိအံကိုခေါ်တော်မူ၍၊ သူတို့သည် ချဉ်းကပ်ကြ၏၊
၆ ထာဝရဘုရားကလည်း၊ ငါ့စကား ကို နားထောင်ကြ လော့။ သင်တို့တွင် ပရောဖက်ရှိလျှင်၊ ငါထာဝရဘုရားသည် ထိုသူ၌ ထူးဆန်းသောရူပါရုံအားဖြင့် ကိုယ်ကိုပြမည်။ သို့မဟုတ် အိပ်မက်အားဖြင့် ဗျာဒိတ်ပေးမည်။
၇ အိမ်တော်တအိမ်လုံး၌ သစ္စာစောင့်သော ငါ့ကျွန် မောရှေသည် ထိုသို့မဟုတ်။
၈ သူ၌ ဗျာဒိတ်ပေးသောအခါ၊ နက်နဲသောစကားအားဖြင့် မပေး၊ ကိုယ်တိုင်ကိုယ်ကျ ထင်ရှားစွာဗျာဒိတ်ပေးမည်။ သူသည် ထာဝရဘုရား၏ ပုံသဏ္ဌာန်ကိုလည်း မြင်ရမည်။ သို့ဖြစ်၍ သင်တို့သည် ငါ့ကျွန်မောရှေကို အဘယ်ကြောင့် အပြစ်တင်ဝံ့သနည်းဟု မိန့်တော်မူလျက်၊
၉ အမျက်တော်ထွက်၍ ထာဝရဘုရား ကြွသွားတော်မူသဖြင့်၊
၁၀ မိုဃ်းတိမ်သည် တဲတော်အပေါ်မှ ကွာသွား၏။ မိရိအံသည်လည်း၊ နူနာစွဲ၍ မိုဃ်းပွင့်ကဲ့သို့ ဖြူလေ၏။ အာရုန်ကြည့်၍ မိရိအံနူသည်ကိုမြင်လျှင်၊
၁၁ အိုအကျွန်ုပ်သခင်၊ အကျွန်ုပ်တို့သည် မိုက်သောအမှုကို ပြုမိ၍ ပြစ်မှားသောအပြစ်ကို အကျွန်ုပ်တို့ အပေါ်မှာ တင်တော်မမူပါနှင့်။ အကျွန်ုပ်တောင်းပန်ပါ၏။
၁၂ ဘွားစပင် ကိုယ်အသား တဝက်ပျက်သော အသေကောင်ကဲ့သို့ သူသည် မဖြစ်ပါစေနှင့်ဟု တောင်းပန်လျှင်၊
၁၃ မောရှေက၊ အိုဘုရားသခင်၊ သူ၏အနာကို ပျောက်စေတော်မူပါ၊ အကျွန်ုပ်တောင်းပန်ပါ၏ဟု ထာဝရဘုရားအား အော်ဟစ်လေ၏။
ဆာလံကျမ်း အခန်းကြီး ၅၁ (Ps 51:3-13);
၃ အကျွန်ုပ်လွန်ကျုးပါပြီ ဟုဝန်ချလျက် ကိုယ်အပြစ်ကို အစဉ်မပြတ် အောက်မေ့လျက်နေပါ၏၊၊
၎ ကိုယ်တော်ကိုပြစ်မှားပါပြီ၊၊ ကိုယ်တော်ကိုသာ ပြစ်မှား၍ မျက်မှောက်တော်၌ပင် မတရားသောအမှုကို ပြုပါပြီ၊၊ သို့ဖြစ်၍ မိန့်တော်မူချက်သည် ဖြောင့်ပါ၏၊၊ တရားစီရင်တော် မူချက်သည် အပြစ်လွတ်ပါ၏၊၊
၅ အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျက်ရှိပါ၏၊၊ အမိဝမ်းထဲမှာ ပဋိသန္ဓြေွယူစဉ်ပင် အပြစ်စွဲပါ၏၊၊
၆ ဟုတ်မှန်ဖြောင့်မတ်သောစိတ်နှလုံးကို နှစ်သက်တော်မူသည်ဖြစ်၍ အကျွန်ုပ်၏စိတ်နှလုံးထဲမှာ ပညာ ကိုသွန်သင်တော်မူပါ၊၊
၇ အကျွန်ုပ်ကို စင်ကြယ်စေခြင်းငှါ ဟုဿုပ်ပင်ညွန့်နှင့်သန့်ရှင်းခြင်း မင်္ဂလာကိုပေးတော်မူပါ၊၊ အကျွန်ုပ်ကိုမိုဃ်းပွင့် ထက်သာ၍ ဖြူစေခြင်းငှါ ဆေးကြောတော်မူပါ၊၊
၈ စိတ်သက်သာဝမ်းမြောက်ခြင်း ရှိမည်အကြောင်း စကားကို အကျွန်ုပ်အား ကြားစေတော်မူသည်၊၊
၉ သို့ပြုလျှင် ချိုးဖဲ့တော်မူသော အရိုးတို့သည် ရွှင်မြူးခြင်း ရှိကြပါလိမ့် မည်၊၊ အကျွန်ုပ်လွန်ကြူးခြင်း ဒုစရိုက်တို့မှမျက်နှာတော်ကို လွှဲ၍အကျွန်ုပ်အပြစ်ရှိသမျှ တို့ကိုလည်း ဖြေတော်မူပါ၊၊
၁၀ အိုဘုရားသခင် အကျွန်ုပ်အထဲ၌စင်ကြယ်သော နှလုံးကိုဖန်ဆင်းတော်မူပါ၊၊ မြဲမြံတည်ကြည်သော သဘောကို အသစ်ပြုပြင် တော်မူပါ၊၊
၁၁ အကျွန်ုပ်ကို အထံတော်ထဲက နှင်ထုတ်တော်မမူပါနှင့်၊၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ရုပ်သိမ်းတော်မမူပါနှင့်၊၊
၁၂ ကယ်တင်တော်မူခြင်းနှင့် ယှဉ်သောဝမ်းမြောက်ခြင်း အခွင့်ကိုပြန်၍ ပေးသနား တော်မူပါ၊၊ ကြည်ညိုသောစေတနာ စိတ်သဘောသည် အကျွန်ုပ်ကို ထောက်မပါစေသော၊၊
၁၃ အကျွန်ုပ်သည်လည်း မတရားသောသူ တို့အား တရားတော်လမ်းကို ပြသသွန်သင်ပါမည်၊၊ အပြစ်ရှိသော သူတို့သည် ကိုယ်တော်ထံသို့ ပြန်ကြပါလိမ့်မည်။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁ (John 1:49);
၄၉ အရှင်ဘုရား၊ ကိုယ်တော်သည်ဘုရား သခင်၏သားတော် ဖြစ်တော်မူ၏၊ ဣသရေလလူတို့၏ရှင်ဘုရင်လည်း ဖြစ်တော်မူ၏ဟု နာသနေလ လျှောက်လေ၏၊
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၄ (Matt 14:22-36);
၂၂ ယေရှုသည် စည်းဝေးသောသူတို့ကိုလွှတ်တော်မူစဉ်တွင်၊ တပည့်တော်တို့ကို လှေစီးစေ၍ကမ်း တဘက်သို့ အရင်ကူးစေတော်မူ၏။
၂၃ စည်းဝေးသောသူတို့ကိုလွှတ်ပြီးမှဆုတောင်းပဌနာပြုအံ့သောငှါ တောင်ပေါ် ၌ဆိတ် ကွယ်ရာအရပ်သို့ တက်ကြွသဖြင့်၊ ညအချိန်ရောက်သောအခါ၊ တယောက်တည်း ရှိနေတော်မူ၏။
၂၄ လှေမူကား အိုင်အလယ်၌ရှိ၍ လေမသင့်သောကြောင့် လှိုင်းတံပိုးလှုပ်ရှားခြင်းကို ပြင်းစွာခံရ၏။
၂၅ ညသုံးချက်တီးကျော်ချိန်၌ ယေရှုသည် အိုင်ပေါ်မှာစက်တော်ဖြန့်လျက် တပည့်တော်တို့ ရှိရာသို့ ကြွတော်မူ၏။
၂၆ ထိုသို့အိုင်ပေါ်မှာစက်တော် ဖြန့်၍ကြွတော်မူသည်ကို သူတို့သည်မြင်လျှင် ထိတ်လန့်၍၊ ဖုတ်တစ္ဆေ ဖြစ်သည်ဟုကြောက်သောစိတ်နှင့် အော်ဟစ်ကြ၏။