Thursday, 4 January 2018

04-JAN-2018 (READING -XMAS-YB-C2)

Thu the 4th: Memorial of Elizabeth Ann Seton (Americas).
1 John 3:7-10; Ps 98:1-9; John 1:35-42

ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး (1 John 3:7-10);

ချစ်သားတို့၊ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေနှင့်။ အကြင်သူသည်ဖြောင့်မတ်ခြင်း တရားကိုကျင့်၏။ ကိုယ်တော်ဖြောင့်မတ်ခြင်းရှိ၏။
မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ ဒုစရိုက်ကိုပြုသော သူဖြစ်သောကြောင့်၊ အကြင်သူသည် ဒုစရိုက်ကိုပြု၏။ ထိုသူသည်မာရ်နတ်နှင့်ဆိုင်၏။ မာရ်နတ်အမှုတို့ကို ပယ်ဖျက်ခြင်းငှါ၊ ဘုရားသခင်၏ သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူ၏။
ဘုရားသခင်ဖြစ် ဘွားစေတော်မူသော သူမည်သည်ကား၊ ဒုစရိုက်ကိုမပြုတတ်။ အကြောင်းမူကား၊ ထိုသူ၌မျိုးစေ့တော်တည် လျက်ရှိ၏။ ထိုသူသည်ဘုရားသခင်ဖြစ်ဘွား စေတော်မူသောသူဖြစ်သောကြောင့် ဒုစရိုက်ကိုမပြုနိုင်။
၁၀ ထိုသို့သောလက္ခဏာ အားဖြင့်ဘုရားသခင်၏ သားတို့နှင့် မာရ်နတ်၏သားတို့သည် ထင်ရှားကြ၏။ ဖြောင့်မတ်ခြင်းတရားကိုမကျင့်သောသူ၊ မိမိညီအစ်ကိုကိုမချစ်သောသူမည်သည်ကား၊ ဘုရားသခင်နှင့် မဆိုင်။

ဆာလံကျမ်း အခန်းကြီး ၉၈(Ps 98:1-9);

ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့၊၊ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူပြီ၊၊ လက်ျာလက်တော်နှင့် သန့်ရှင်းသောလက်ရုံးတော်သည် ကိုယ်တော်အဘို့ ကယ်တင်ခြင်းအမှုကို ပြုလေပြီ၊၊
ထာဝရ ဘုရားသည် ကယ်တင်တော်မူခြင်း ကျေးဇူးကိုထင်းရှားစေ၍ ဖြောင့်မတ်တော်မူခြင်းတရားကိုလည်း တပါးအမျိုးသား တို့ အားဘော်ပြတော်မူပြီ၊၊
ဣသရေလအမျိုးသား တို့၌ကရုဏာတော်နှင့် သစ္စာတော်ကို အောက်မေ့တော်မူပြီ၊၊ ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်း ကျေးဇူးကိုမြေကြီးစွန်း အပေါင်းတို့သည် မြင်ကြရပြီ။
မြေကြီးသား အပေါင်းတို့ ထာဝရဘုရားအား ကြွေးကြော်ကြလော့။ အသံဗလံကိုပြု၍ ရွှင်လန်းစွာသီချင်းဆိုလျက် ချီးမွမ်းကြလော့။
စောင်းတီး၍ ထာဝရဘုရားအား သီချင်းဆိုကြလော့၊၊ စောင်းတီး၍ တုရိယသံကိုပြုကြလော့၊၊ 
တံပိုးနှဲခရာကိုမှုတ်၍၊ ရှင်ဘုရင်တည်းဟူသော ထာဝရဘုရား ရှေ့တော်၌ ကြွေးကြော်ကြလော့။
ထာဝရဘုရားရှေ့တော်၌၊ ပင်လယ်နှင့် ပင်လယ်တန်ဆာ သည်အသံဗလံကို ပြုစေ၊၊ လောကဓါတ်နှင့် လောကသားတို့သည် ထိုနည်းတူ 
မြစ်တို့သည် လက်ခုပ်တီး၍ တောင်ရှိသမျှတို့သည်လည်း ရွှင်လန်းကြစေ၊၊
အကြောင်းမူကား မြေကြီးသားတို့ကို တရား စီရင်ခြင်းငှါ ကြွလာတော်မူ၏။  လောကသားတို့ကို ဖြောင့်မတ်စွာစီရင်၍ လူများကိုဟုတ်မှန်ခြင်းတရားအတိုင်း စီရင်ခြင်းဆုံး ဖြတ်တော်မူလတံ့၊၊

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး (John 1:35-42);

၃၅ တဖန်ယောဟန်သည် နက်ဖြန်နေ့၌ တပည့်နှစ်ယောက်တို့နှင့်အတူ ရပ်နေ၍၊
၃၆ ယေရှုကြွတော်မူ သည်ကို မြင်လျှင်၊ ဘုရားသခင်၏သိုးသငယ်ကိုကြည့်လော့ဟုဆို၏၊
၃၇ တပည့်နှစ်ယောက်တို့သည် ထိုစကား ကိုကြားလျှင်၊ ယေရှုနောက်တော်သို့လိုက်ကြ၏။
၃၈ ယေရှုသည် လှည့်၍ထိုသူတို့လိုက်ကြသည်ကို မြင်တော်မူ လျှင်၊ အဘယ်အလိုရှိသနည်း ဟုမေးတော်မူ၏။ ထိုသူတို့က၊ ရဗ္ဗိ၊ ကိုယ်တော်သည် အဘယ်မှာနေ တော်မူသနည်းဟု မေးလျှောက်ကြ၏။ ရဗ္ဗိ၊ အနက်ကား၊ အရှင်ဘုရားဟုဆိုလိုသတည်း။
၃၉ ယေရှုကလည်း လာ၍ကြည့်ကြလော့ဟု မိန့်တော်မူ၏။ ထိုသူတို့သည် သွား၍နေတော်မူရာအရပ်ကို ကြည့်ကြ၏။ ထိုအချိန်သည် ဆယ်နာရီအချိန်ဖြစ်၍ မိုဃ်းချုပ်သည့်တိုင်အောင် အထံတော်၌နေကြ၏။
၄၀ ယောဟန်၏ စကားကိုကြား၍ နောက်တော်သို့လိုက်သောသူ နှစ်ယောက်တို့တွင် တယောက်ကား ရှိမုန်ပေတရုညီ အနြေ္ဒပေတည်း။
၄၁ ထိုသူသည် မိမိအစ်ကိုရှိမုန်ကို ရှေ့ဦးစွာတွေ့လျှင်၊ ငါတို့သည် မေရှိကိုတွေ့ကြပြီဟု ပြောဆိုလျက်၊
၄၂ သူ့ကို ယေရှုထံသို့ပို့ဆောင်လေ၏။ မေရှိအနက်ကား ခရစ်တော်ဟု ဆိုလိုသတည်း။ ယေရှုသည် ထိုသူကိုကြည့်ရှု၍၊ သင်သည် ယောန၏သား ရှိမုန်ဖြစ်၏ ကေဖအမည်သစ်ကို ရလတံ့ ဟု မိန့်တော်မူ၏၊ ကေဖအနက်ကား ပေတရုဟုဆိုလိုသတည်း။