Monday, 15 January 2018

15-JAN-2018 (READING -7ORD-YB-C2)

Mon the 15th:1 Sam 15:16-23; Ps 50:8-23; Heb 4:12; Mark 2:18-22

ဓမ္မရာဇဝင်ပဌမစောင် အခန်းကြီး ၁၅ (1 Sam 15:16-23);

၁၆ ရှမွေလကလည်း၊ နေပါဦးလော့၊ မနေညမှာ ထာဝရဘုရားမိန်တော်မူသော စကားကို ပြန်ပြောပါမည်ဟု ရှောလုအားဆိုလျှင်၊ ရှောလုကပြောပါတော့ဟုဆို၏။
၁၇ ရှမွေလကလည်း၊ သင်သည်ကိုယ်အထင်အတိုင်းငယ်သော သူဖြစ်လျက်ပင်၊ ဣသရေလအမျိုးတို အထွဋ်သို ရောက်၍ ဣသရေလရှင်ဘုရင်အရာနှင့် ထာဝရဘုရားဘိသိတ်ပေးတော်မူသည်မဟုတ်လော။
၁၈ ထာဝရဘုရားက သွားလော့၊ အပြစ်များသော အာမလက်အမျိုးသားတိုကို ရှင်းရှင်းဖျက်ဆီးလော့။ မဖျက်ဆီးမှီတိုင်အောင် စစ်တိုက်လော့ဟု သင့်ကိုဝေးသောအရပ်သိုစေလွတ်တော်မူ၏။
၁၉ သိုဖြစ်၍သင်သည်ထာဝရဘုရား၏ အမိန်တော်ကို နားမထောင်ဘဲ၊ ရန်သူ၏ဥစ္စာကိုလုယူ၍ထာဝရဘုရားရှေတော်၌ ဤဒုစရိုက်ကိုအဘယ့်ကြောင့် ပြုဘိသနည်းဟု ပြောဆိုသော်၊
၂၀ ရှောလုက၊ အကíန်ုပ်သည် ထာဝရဘုရား အမိန်တော်ကို ဧကန်အမှန် နားထောင်ပါပြီ၊ ထာဝရဘုရားစေခိုင်းတော်မူ သော လမ်းသိုလိုက်ပါပြီ၊ အာမလက်ရှင်ဘုရာအာဂတ်ကို ဆောင်ခဲ့၍။ အာမလက်အမျိုးသားတိုကို ရှင်းရှင်းဖျက်စီးပါပြီ။
၂၁ သိုရာတွင် လူများတိုသည် ဂိလဂါလမြို ကိုယ်တော်၏ ဘုရားသခင်ထာဝရ ဘုရားအား ယဇ်ပူဇော်လိုသောငှါ လုယူသောသိုးနွား၊ ရှင်းရှင်း ဖျက်ဆီးအပ်သောအရာ အကောင်းဆုံးတိုကို သိမ်းယူကြပါပြီဟုပြောဆိုပြန်၏။
၂၂ ရှမွေလကလည်း၊ ထာဝရ ဘုရား၏ အမိန်တော်ကိုနားထောင်ခြင်း၌ အားရတော်မူသကဲ့သို မီးရှို၍ရာယဇ်အစရှိသော ယဇ်မျိုးတိုကို ပူဇော်ခြင်း၌ အားရတော်မူမည်လော။ အလိုတော်သိုလိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ကောင်း၏။
၂၃ ငြင်းဆန်သောသဘောသည် နတ်ဆိုးနှင့်ပေါင်းခြင်း ကဲ့သိုင်း၊ ခိုင်မာသောသဘောသည် ဗေဒင်တန်ဆာကိုသုံးခြင်းကဲ့သိုင်း အပြစ်ကြီး၏။ သင်သည် ထာဝရ ဘုရား၏ စကားတော်ကိုပယ်သောကြောင့်၊ ထာဝရဘုရားသည် ရှင်ဘုရင်ကိုပယ်သောကြောင့်၊ ထာဝရဘုရား သည် ရှင်ဘုရင်အရာကို နှုတ်၍ သင့်ကိုပယ်တော်မူပြီဟုဆို၏။

ဆာလံကျမ်း အခန်းကြီး ၅၀ (Ps 50:8-23);

မီးရှို့သောယဇ်မှစ၍ ယဇ်ပူဇော်ခြင်း အမျိုးမျိုးအတွက် ငါသည်သင်၌ အပြစ်မတင်၊၊ ထိုယဇ်တို့သည် ငါ့ရှေ့မှာအစဉ်ရှိကြ၏၊၊
သင့်အိမ်ထဲက နွားကို၎င်း၊ သင့်ခြံထဲက ဆိတ်ထီးကို၎င်း ငါမခံမယူ၊၊
၁၀ တောတိရစ္ဆာန်ရှိသမျှတို့နှင့် တထောင်သော တောင်ပေါ်မှာ ရှိသောတိရစ္ဆာန်တို့သည် ငါ၏ဥစ္စာဖြစ်ကြ၏၊၊
၁၁ တောင်ပေါ်မှာနေတတ်သော ငှက်အပေါင်းတို့ ကို ငါသိ၏၊၊
၁၂ တောသားရဲတို့သည် ငါ၌ရှိကြ၏။ ငါသည်ငတ်မွတ်လျင် သင့်ကိုမပြော၊၊ လောကဓာတ်နှင့် လောကဥစ္စာသည် ငါ၏ဥစ္စာဖြစ်၏၊၊
၁၃ နွားသားကို ငါစားမည်လော၊၊ ဆိတ်သွေးကို ငါသောက်မည်လော၊၊
၁၄ ကျေးဇူးချီးမွမ်းခြင်း ယဇ်ကိုဘုရားသခင်အားပူဇော်လော့၊၊ သစ္စာကတိ ထားသည်အတိုင်း အမြင့်ဆုံးသောဘုရား၌ သစ္စာဝတ်ကိုဖြေလော့၊၊
၁၅ အမှုရောက်သည်ကာလ၌ ငါ့ကိုပဌနာ ပြုလော့၊၊ ငါသည်ကယ်လွှတ်မည်၊၊ သင်သည်လည်း ငါ့ကိုချီးမွမ်းလိမ့်မည်ဟု မိန့်တော်မူသည်၊၊
၁၆ မတရားသောသူကိုကား သင်သည်ငါ၏အထုံးအဖွဲ့တို့ကို ကြားပြော၍ငါ၏ ပဋိညာဉ်တရားကို မြွက်ဆိုခြင်းငှါ အဘယ်သို့ဆိုင်သနည်း၊၊
၁၇ ဆုံးမသွန်သင်ခြင်းကို သင်သည်မုန်း၍ငါ့စကားကို သင်နောက်၌ ပစ်ထား ပါသည်တကား၊၊
၁၈ သင်သည်သူခိုးကို မြင်လျှင်သူနှင့် သဘောတူတတ်၏၊၊ သူ့မယားကို ပြစ်မှားသောသူတို့နှင့် ဆက်ဆံတတ်၏၊၊
၁၉ သင်၏နှုတ်ကို ဒုစရိုက်၌အပ်နှံ၍ သင်၏လျှာဖြင့် မုသာကိုစီရင်တတ်၏၊၊
၂၀ သင်သည်ထိုင်လျက် ကိုယ်ညီအစ်ကိုကို ဆန့်ကျင်ဘက်ပြု၍ ပြောဆိုတတ်၏၊၊ ကိုယ်အမိ၏သားကို ဆဲရေးတတ်၏၊၊
၂၁ ထိုသို့ကျင့်၍ ငါသည်တိတ်ဆိတ်စွာ နေသောကြောင့် ငါ့ကိုသင်နှင့်တူသည်ဟု ထင်လေပြီတကား၊၊ သင်၏အပြစ်ကို ငါဘော်ပြ၍ သင့်မျက်မှောက်၌ ခင်းထားမည်၊၊
၂၂ ဘုရားသခင်ကို မေ့လျော့သောသူတို့ ဤအမှု ဆင်ခြင်ကြလော့၊၊ သို့မဟုတ် သင်တို့ကို ကယ်နှုတ်သောသူမရှိ၊၊
၂၃ ငါသည်အပိုင်းပိုင်းဆွဲဖြတ်မည်၊၊ ကျေးဇူးချီးမွှမ်းခြင်း ယဇ်ကိုပူဇော်သောသူသည် ငါ၏ဘုန်းကို ထင်ရှားစေသောသူဖြစ်၏၊၊ မိမိသွားသောလမ်းကို ဆင်ခြင်သောသူအားလည်း ကယ်တင်တော်မူခြင်း ကျေးဇူးကို ငါပြမည်ဟုဘုရားသခင်မိန့်တော်မူ၏၊၊

ဟေဗြဲသြဝါဒစာ အခန်းကြီး (Heb 4:12);

၁၂ ဘုရားသခင်၏ နှုတ်ကပတ်တရား တော်သည် အသက်ရှင် ခြင်း၊ တန်ခိုးနှင့် ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့်စိတ်ဝိညာဉ်ကို၎င်း၊  အရိုးဆစ်နှင့် ခြင်ဆီကို၎င်း ပိုင်ခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံ အစည်များကိုလည်း သိမြင်တတ်၏။

ရှင်မာကုခရစ်ဝင် အခန်းကြီး (Mark 2:18-22);

၁၈ အစာရှောင်တတ်သော ယောဟန်၏တပည့်တို့နှင့် ဖာရိရှဲတို့သည်လာ၍၊ ယောဟန်၏တပည့်တို့နှင့် ဖာရိရှဲတို့သည် အစာရှောင်ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော်၏တပည့်တို့သည် အစာမရှောင်ဘဲ နေကြပါသနည်းဟု လျှောက်ကြ၏။
၁၉ ယေရှုကလည်း၊ မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဘော်တို့နှင့် အတူရှိစဉ်အခါ သူတို့သည် အစာရှောင်တတ်ကြသလော။ ရှိစဉ်ကာလပတ်လုံး အစာမရှောင်တတ်ကြ။
၂၀ မင်္ဂလာဆောင်လုလင်ကို သူ၏အပေါင်းအဘော်တို့နှင့်ခွါ၍ ယူဆောင်သွားသောအချိန်ကာလ ရောက်လိမ့်မည်။ ထိုကာလအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။
၂၁ အဝတ်ဟောင်းကို အထည်သစ်နှင့်ဖါလေ့မရှိ။ ထိုသို့ ဖာလျှင် ဖာသောအထည်သစ်သည် အဝတ်ဟောင်းကိုစား၍ အပေါက်ကျယ်တတ်၏။
၂၂ ၎င်းနည်း ဟောင်းသောသားရေဘူးး၌ အသစ်သောစပျစ်ရည်ကို ထည့်လေ့မရှိ။ ထိုသို့ထည့်လျှင် အသစ်သောစပျစ်ရည် သည် သားရေဘူးကို ဆုတ်ခွဲသဖြင့် စပျစ်ရည်သည်ယို၍ သားရေဘူးလည်းပျက်ဆီးတတ်၏။ အသစ်သော စပျစ်ရည်ကို အသစ်သောသားရေဘူး၌ ထည့်ရသည်ဟု မိန့်တော်မူ၏။