Friday, 19 January 2018

10-FEB-2018 (READING -ORD5-YB-C2)

Sat the 10th:     Memorial of Scholastica, virgin.
1 Kgs 12:26-32, 13:33-34; Ps 106:6-22; Matt 4:4; Mark 8:1-10

ဓမ္မရာဇဝင် တတိယစောင် အခန်းကြီး ၁၂ (1 Kgs 12:26-32, 13:33-34);

၂၆ ယေရောဗောင်က၊ ဤနိုင်ငံသည် ဒါဝိဒ်မင်းမျိုးလက်သို့ ပြန်ကောင်းပြန်လိမ့်မည်။
၂၇ ပြည်သား တို့သည် ထာဝရဘုရား၏ဗိမာန်တော်၌ ယဇ်ပူဇော်ခြင်းငှါ ယေရုရှလင်မြို့သို့သွားလျှင်၊ သူတို့စိတ်နှလုံးသည် မိမိတို့ သခင် ယုဒရှင်ဘုရင် ရောဗောင်ဘက်သို့ ပြောင်းလဲ၍၊ ငါ့ကိုသတ်ပြီးမှ ယုဒရှင်ဘုရင် ရောဗောင်ဘက်သို့တဖန် ဝင်စားကြ လိမ့်မည်ဟု အောက်မေ့သောကြောင့်၊
၂၈ သူတပါးနှင့်တိုင်ပင်၍ ရွှေနွားသငယ် နှစ်ကောင်ကိုလုပ်ပြီးလျှင်၊ သင်တို့သည် ယေရုရှလင်မြို့သို့သွားရသောအမှုခက်လှ၏။ အိုဣသရေလအမျိုး၊ သင်တို့ကိုအဲဂုတ္တုပြည်မှ နှုတ်ဆောင်သော ဘုရားတို့ ကိုကြည့်ရှုကြလော့ဟုဆိုလျက်၊
၂၉ ဗေသလမြို့၌တကောင်၊ ဒန်မြို့၌တကောင်ကိုထားသဖြင့်၊
၃၀ ပြစ်မှားစရာအကြောင်း ကိုပြုလေ၏။ ပြည်သားတို့သည် နွားသငယ်ကို ကိုးကွယ်ခြင်းငှါ၊ ဒန်မြို့တိုင်အောင်သွားတတ်ကြ၏။
၃၁ ယေရောဗောင် သည်လည်း၊ မြင့်သောအရပ်ပေါ်မှာ အိမ်ကိုဆောက်၍၊ လေဝိသားမဟုတ်သော သာမညလူတို့ကိုယဇ်ပုရောဟိတ် အရာ၌ခန့်ထားလေ၏။
၃၂ ယုဒပြည်၌ ခံသောပွဲကဲ့သို့ အဋ္ဌမလ တဆယ်ငါးရက်နေ့တွင်ပွဲကိုစီရင်၍၊ ယဇ်ပလ္လင်ပေါ်မှာပူဇော်၏။ ထိုသို့ဗေသလမြို့၌ စီရင်၍၊ မိမိလုပ်သောနွားသငယ်တို့အား ယဇ်ပူဇော်၏။ မြင့်သောအရပ်၌ခန့်ထားသော ယဇ်ပုရောဟိတ်တို့ကိုလည်း ဗေသလမြို့မှာ နေရာချ၏။
၃၃ ထိုနောက်မှ ယေရောဗောင်သည် မိမိအဓမ္မလမ်းကို မရှောင်။ သာမည လူတို့ကို မြင့်သောအရပ်တွင်ယဇ်ပုရောဟိတ်အရာ၌ ထပ်၍ခန့်ထား၏။ ယဇ်ပုရောဟိတ် လုပ်ချင်သောလူ ရှိသမျှကို မြှောက်သဖြင့်၊ သူတို့သည် မြင့်သော အရပ်တွင်ယဇ်ပုရောဟိတ်ဖြစ်ကြ၏။
၃၄ ထိုသို့ပြုသောကြောင့်ယေရောဗောင် အမျိုးကို မြေကြီးပြင်မှ သုတ်သင်ပယ်ရှားစေသောအပြစ် ရောက်သတည်း။

ဆာလံကျမ်း အခန်းကြီး ၁၀၆ (Ps 106:6-22);

၆ အကျွန်ုပ်တို့သည် ဘိုးဘေးတို့နှင့်အတူ ပြစ်မှားကြပါပြီ။ ဒုစရိုက်ကို ပြုကြပါပြီ။ မတရား သောအမှုကို ပြုကြပါပြီ။
၇ အဲဂုတ္တုပြည်၌ ပြုတော်မူသော အံ့သြဘွယ် တို့ကို ဘိုးဘေးတို့သည် နားမလည်ကြ။ များစွာ သော ဂရုဏာတော်တို့ကို မအောက်မေ့ကြ။ပင်လယ်နား၊ ဧဒုံပင်လယ်နား မှာ ပုန်ကန်ကြပါ၏။
၈ သို့သော်လည်း၊ မဟာ တန်ခိုးတော်ကို ထင်ရှားစေခြင်းငှါ နာမတော်သည် အကြောင်းကြောင့် သူတို့ကို ကယ်တင်တော်မူ၏။
၉ ဧဒုံ ပင်လယ်ကိုဆုံး မတော်မူ၍၊ ပင်လယ်ရေသည် ခန်းခြောက်လေ၏။ တော၌ ပို့ဆောင်သကဲ့သို့ နက်နဲရာ အရပ်၌ သူတို့ကို ပို့ဆောင်တော် မူ၏။
၁၀ မုန်းသောသူ၏ လက်မှ သူတို့ကို ကယ်တင်၍၊ ရန်သူ၏ လက်မှ ရွေးနှုတ်တော်မူ၏။
၁၁ ရန်သူတစ်စုံ တစ်ယောက်ကိုမျှ မကျန်ရစ်စေခြင်းငှာ၊ ရေသည်လွှမ်းမိုးလေ၏။
၁၂ ထိုအခါ စကားတော်ကို ယုံ၍ဂုဏ်ကျေးဇူတော်ကို သီချင်းဆိုကြ၏။
၁၃ သို့သော်လည်း၊ အမှုတော်ကို အလျင်အမြန် မေ့လျော့သည်ဖြစ်၍ ၊ အကြံအစည်တော်ကို မဆိုင်းမလင့်ဘဲ၊
၁၄ တော၌ အလွန်တပ်မက်၍၊ လူဆိတ်ညံရာအရပ်၌ ဘုရားသခင်ကို စုံစမ်းကြ၏။
၁၅ သူတို့တောင်းသောဆုကို ပေးတော်မူ၏။သို့သော် လည်း၊ သူတို့၌ ပိန်ကြုံခြင်းကို သွင်းပေးတော်မူ၏။
၁၆ ထိုသူတို့သည်လည်း၊ တပ်ထဲမှာ မောရှေကို၎င်း၊ ထာဝရဘုရား၏ သန့်ရှင်းသူ အာရုန်ကို၎င်း ငြူစူကြ၏။
၁၇ မြေကြီးသည်  ကွဲလျက်၊ ဒါသန်ကိုမျို၍၊ အဘိရံ၏ အသင်းအဝင်ကို ဖုံးအုပ်လေ၏။
၁၈ သူတို့အသင်းအဝင်ထဲမှာမီးရှို့၍၊ မတရားသောသူတို့ကို လောင်လေ၏။
၁၉ သူတို့သည်ဟောရပ်တောင်နား မှာ နွားသငယ်ကိုလုပ်၍ အရည်သွင်းသော ရုပ်တုကို ပြပ်ဝပ်ကိုးကွယ်ကြ၏။
၂၀ သူတို့၏ ဘုန်းကိုလဲ၍ မြက်ကိုစားသော နွား၏ပုံသဏ္ဍာန်ကို ယူကြ၏။
၂၁-၂၂ အဲဂုတ္တု  ပြည်၌  ကြီးသောအမှုတို့ကို၎င်း၊ ဟာမအမျိုးနေရာပြည်၌ အံဘွယ်သောအမှုတို့ကို၎င်း၊ ဧဒုံပင်လယ်နားမှာ ကြောက်မက်ဘွယ်သော အမှုတို့ကို၎င်း၊ ပြု၍၊ ကယ်တင်တော်မူသော အရှင်ဘုရားသခင်ကို မေ့လျော့ကြ၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၄ (Matt 4:4);
၎ ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာအသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာ လာသည်ဟုပြန်ပြောတော်မူ၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၈ (Mark 8:1-10);

၁ ကိုယ်တော်သည် တောင်ပေါ်ကဆင်းကြွတော်မူလျှင်၊ များစွာသောလူအပေါင်း တို့သည်နောက် တော်သို့ လိုက်ကြ၏။
၂ ထိုအခါ နူနာစွဲသောသူတယောက်သည် ညွတ်ပြပ်လျက်၊ သခင်အလိုတော်ရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟုလျှောက်လေ၏။
၃ ယေရှုကလည်း ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ရောက်စေဟု မိန့်တော် မူလျက် လက်တော်ကိုဆန့်၍ ထိုသူကို တို့တော်မူ၏။ ထိုခဏခြင်းတွင် နူနာပျောက်၍ သန့်ရှင်းခြင်းသို့ရောက်လေ၏။
၎ ယေရှုကလည်း သင်သတိပြု။ ဤအကြောင်းကိုအဘယ်သူအားမျှမပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြလော့။ သူတပါး၌သက်သေဖြစ်စေခြင်းငှါ မောရှေစီရင်မှာထားသော ပူဇော်သက္ကာကိုဆက်လော့ဟု မိန့်တော်မူ၏။
၅  ထိုနောက်မှ ကပေရနောင်မြို့သို့ကြွဝင်တော်မူလျှင်၊ တပ်မှူးတယေက်သည်အထံတော်သို့လာ၍၊
၆ သခင်၊ ကျွန်တော်၏ငယ်သားတယောက်သည် လက်ခြေသေသည်အနာနှင့်ပြင်းစွာ ခံရ၍အိမ်တွင်တုံးလုံး နေပါသည်ဟု တောင်းပန်လေ၏။
၇ ယေရှုကလည်း ငါလာ၍ချမ်းသာပေးမည်ဟုမိန့်တော်မူလျှင်၊
၈ တပ်မှူးက၊ သခင်၊ ကျွန်တော်၏ အိမ်မိုးအောက်သို့ကြွဝင်တော်မူခြင်းကျေးဇူးတော်ကိုကျွန်တော်မခံထိုက်ပါ။ အမိန့်တော်တခွန်းရှိလျှင် ကျွန်တော်၏ ငယ်သားသည်ချမ်းသာရပါလိမ့်မည်။
၉ ဥပမာကား၊ ကျွန်တော်သည် မင်းအောက်၌ကျွန်ခံသောသူဖြစ်သော်လည်း၊ စစ်သူရဲများကိုအုပ်စိုး၍၊ တဦးကိုသွားချေဟုဆိုလျှင်သွားပါ၏။ တဦးကိုလာခဲ့ဟုဆိုလျှင်လာပါ၏။ ကျွန်ကိုလည်း ဤအမှုကိုလုပ်တော့ဟုဆိုလျှင်လုပ်ပါ၏ ဟုတပ်မှူး လျှောက်လေ၏။
၁၀ ထိုစကားကိုယေရှုသည်ကြားလျှင်အံ့သြခြင်း ရှိ၍၊ငါအမှန်ဆိုသည်ကား၊ ဤမျှလောက် သော ယုံကြည်ခြင်းကို ဣသရေလအမျိုး၌ပင်ငါမတွေ့ဘူးသေး။