2 Sam 11:1-17; Ps 51:3-11; Matt 11:25; Mark 4:26-34
ဓမ္မရာဇဝင်ဒုတိယစောင် အခန်းကြီး ၁၁(2 Sam 11:1-17);
၁ အခါလည်၍ ရှင်ဘုရင်တို့သည် စစ်တိုက်ချိန်ရောက်သောအခါ၊ ဒါဝိဒ်သည် ယွာဘနှင့်ကျွန်များ၊ ဣသရေလအမျိုးသားတို့အပေါင်းတို့ကိုစေလွှတ်သဖြင့်၊ သူတို့သည် အမ္မုန်အမျိုးသားတို့ကို တိုက်ဖျက်၍ ရဗ္မာမြို့ကိုဝိုင်း ထားကြ၏။ ဒါဝိဒ်သည်ကိုယ်တိုင်ယေရုရှလင်မြို့၌ နေလေ၏။
၂ နောက်တနေ့ ညဦးယံ၌ ဒါဝိဒ်သည် လျောင်းစက်ရာ မှာထ၍ နန်းတော်မိုးပေါ်မှာ စင်္ကြံသွားစဉ်တွင်၊ အလွန်အဆင်းလှသော မိန်းမတယောက် ရေချိုးသည်ကို မြင်တော်မူ၏။
၃ ထိုမိန်းမကား အဘယ်သူနည်းဟုစေလွှတ်၍ မေးမြန်းလျှင်၊ ဧလျံသမီး၊ ဟိတ္တိလူ ဥရိယ၏ မယားဗာသရှေဘဖြစ်ပါ သည်ဟုလျှောက်လေ၏။
၎ တဖန် လူကိုစေလွှတ်သဖြင့်၊ ထိုမိန်းမကို အထံတော်သို့ခေါ်ခဲ့၍ ရှက်တင်လေ၏။ ထိုမိန်းမ သည်မိမိအညစ်အကြေးနှင့်စင်ကြယ်အောင်ပြု၍ မိမိအိမ်သို့ပြန်ပြီးမှ၊
၅ ပဋိသန္ဓြေွရှိသဖြင့် ဒါဝိဒ်ထံသို့လူစေလွှတ်၍၊ ကျွန်မ၌ပဋိသန္ဓြေွရှိပါ၏ဟု လျှောက်စေသော်၊
၆ ဒါဝိဒ်သည်ယွာဘဆီသို့လူကိုစေလွှတ်၍ ဟိတ္တိလူဥရိယကို ငါ့ထံသို့စေ လွှတ်ရမည်ဟုမှာလိုက်သည်အတိုင်း၊ ယွာဘသည်စေလွှတ်၍၊
၇ ဥရိယရောက်လာသောအခါဒါဝိဒ်က၊ ယွာဘကျန်း မာ၏လော။ လူများကျန်းမာ၏ လော။ စစ်တိုက်၍အောင်မြင်သလောဟုမေးမြန်းပြီးမှ၊
၈ သင့်အိမ်သို့သွား၍ခြေဆေး လော့ဟုမိန့်တော် မူသည်အတိုင်း၊ ဥရိယသည်နန်းတော်မှထွက်၍သူနောက်မှခဲဘွယ်စားဘွယ်ကိုရှင်ဘုရင်ပေးလိုက်လေ ၏။
၉ သို့ရာတွင် ဥရိယသည် မိမိအိမ်သို့မသွားဘဲ၊ မိမိအရှင်၏ ကျွန်အပေါင်းတို့နှင့်အတူ နန်းတော် တံခါးဝ၌ အိပ်လေ၏။
၁၀ ဥရိယသည်မိမိအိမ်သို့ မသွားကြောင်းကိုနားတော်လျှောက်လျှင်ဒါဝိဒ်က၊ သင်သည်ခရီးသွား ရာမှရောက်လာသည် မဟုတ်လော။ သင့်အိမ်သို့အဘယ်ကြောင့်မသွားဘဲနေသနည်းဟု ဥရိယကိုမေးသော်၊
၁၁ ဥရိယက၊ သေတ္တာတော်နှင့် ဣသရေလအမျိုး၊ ယုဒအမျိုးသားတို့သည်တဲ၌နေကြပါ၏။ သခင်ယွာဘနှင့် သခင်၏ကျွန်များတို့သည်လွင်ပြင်၌တည်း ရကြပါ၏။ ကျွန်တော်သည်ကိုယ်အိမ်သို့သွား၍စားသောက်လျက် မယားနှင့် ပျော်မွေ့လျက်နေသင့်ပါမည်လော။ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ ထိုသို့ကျွန်တော် မပြုပါဟု ဒါဝိဒ်အားလျှောက်လေ၏။
၁၂ ဒါဝိဒ်ကလည်း၊ ဤမြို့၌ယနေ့နေဦးလော့။ နက်ဖြန်နေ့ငါလွှတ် လိုက်မည်ဟု မိန့်တော်မူသည်အတိုင်း၊ ဥရိယသည်ထိုနေ့၊ နက်ဖြန်နေ့၊ ယေရုရှလင်မြို့၌နေ၏။
၁၃ ဒါဝိဒ်သည်လည်းဥရိယကိုခေါ်၍ရှေ့တော်၌စားသောက်လျက်ယစ်မူးသည်တိုင်အောင် သောက်ရ၏။ သို့သော်လည်း ညဦးမှာမိမိအိမ်သို့မသွားဘဲ၊ အရှင်၏ကျွန်တို့နှင့်အတူအိပ်ခြင်းငှါထွက်သွားလေ၏။
၁၄ နံနက်မှာ ဒါဝိဒ်သည်မှာစာကိုရေး၍ ဥရိယလက်တွင်ယွာဘသို့ပေးလိုက်၏။
၁၅ မှာစာချက်ဟူမူကား၊ ကျပ်တည်းစွာစစ် တိုက်ရာတပ်ဦး၌ဥရိယကိုခန့်ထားပြီးမှ၊ သူသည်ရန်သူ့လက်သို့ရောက်၍ သေစေခြင်းငှါ တပ်များကိုရုပ်သိမ်းလော့ဟုပါ သတည်း။
၁၆ အမိန့်တော်အတိုင်းယွာဘသည် မြို့ကိုကြည့်ရှုပြီးမှ၊ ခွန်အား ကြီးသော သူရဲရှိရာ အရပ်၌ဥရိယကိုခန့်ထား လေ၏။
၁၇ မြို့သားတို့သည်ထွက်၍ယွာဘနှင့်စစ်ပြိုင်သောအခါ၊ ဒါဝိဒ်၏ ကျွန်အချို့တို့သည်သေကြ၏။ ဟိတ္တိလူဥရိယ သည်လည်းသေ၏။
ဆာလံကျမ်း အခန်းကြီး ၅၁ (Ps 51:3-11);
၃ အကျွန်ုပ်လွန်ကျုးပါပြီ ဟုဝန်ချလျက် ကိုယ်အပြစ်ကို အစဉ်မပြတ် အောက်မေ့လျက်နေပါ၏၊၊
၎ ကိုယ်တော်ကိုပြစ်မှားပါပြီ၊၊ ကိုယ်တော်ကိုသာ ပြစ်မှား၍ မျက်မှောက်တော်၌ပင် မတရားသောအမှုကို ပြုပါပြီ၊၊ သို့ဖြစ်၍ မိန့်တော်မူချက်သည် ဖြောင့်ပါ၏၊၊ တရားစီရင်တော် မူချက်သည် အပြစ်လွတ်ပါ၏၊၊
၅ အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျက်ရှိပါ၏၊၊ အမိဝမ်းထဲမှာ ပဋိသန္ဓြေွယူစဉ်ပင် အပြစ်စွဲပါ၏၊၊
၆ ဟုတ်မှန်ဖြောင့်မတ်သောစိတ်နှလုံးကို နှစ်သက်တော်မူသည်ဖြစ်၍ အကျွန်ုပ်၏စိတ်နှလုံးထဲမှာ ပညာ ကိုသွန်သင်တော်မူပါ၊၊
၇ အကျွန်ုပ်ကို စင်ကြယ်စေခြင်းငှါ ဟုဿုပ်ပင်ညွန့်နှင့်သန့်ရှင်းခြင်း မင်္ဂလာကိုပေးတော်မူပါ၊၊ အကျွန်ုပ်ကိုမိုဃ်းပွင့် ထက်သာ၍ ဖြူစေခြင်းငှါ ဆေးကြောတော်မူပါ၊၊
၈ စိတ်သက်သာဝမ်းမြောက်ခြင်း ရှိမည်အကြောင်း စကားကို အကျွန်ုပ်အား ကြားစေတော်မူသည်၊၊
၉ သို့ပြုလျှင် ချိုးဖဲ့တော်မူသော အရိုးတို့သည် ရွှင်မြူးခြင်း ရှိကြပါလိမ့် မည်၊၊ အကျွန်ုပ်လွန်ကြူးခြင်း ဒုစရိုက်တို့မှမျက်နှာတော်ကို လွှဲ၍အကျွန်ုပ်အပြစ်ရှိသမျှ တို့ကိုလည်း ဖြေတော်မူပါ၊၊
၁၀ အိုဘုရားသခင် အကျွန်ုပ်အထဲ၌စင်ကြယ်သော နှလုံးကိုဖန်ဆင်းတော်မူပါ၊၊ မြဲမြံတည်ကြည်သော သဘောကို အသစ်ပြုပြင် တော်မူပါ၊၊
၁၁ အကျွန်ုပ်ကို အထံတော်ထဲက နှင်ထုတ်တော်မမူပါနှင့်၊၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ရုပ်သိမ်းတော်မမူပါနှင့်၊၊
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၁ (Matt 11:25);
၂၅ ထိုအခါယေရှုက၊ ကောင်းကင်နှင့်မြေကြီးကိုအစိုးရတော်မူသောအဘ၊ ကိုယ်တော်သည်ပညာ အလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကိုထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အားဘော်ပြတော် မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၄ (Mark 4:26-34);
၂၆ ထိုမှတပါး၊ လူသည် လယ်၌ မျိုးစေ့ကြဲပြီးမှ
၂၇ နောက်တဖန် မိမိမကြည့်မမှတ်၊ ညဥ့်၊ နေ့၊ အိပ်လျက်၊ နိုးလျက် နေသော်လည်း အပင်ပေါက်၍ ကြီးပွားသည်နှင့် ဘုရားသခင်၏နိုင်ငံတော်တူ၏။
၂၈ မြေကြီးသည် မိမိအလို အလျောက် အသီးကိုသီးစေ၍ ရှေ့ဦးစွာ အညှောက်၊ ထိုနောက်အနှံ၊ ထိုနောက် အနှံထဲမှာ အောင်မာသော အဆန်ကို ဖြစ်စေတတ်၏။
၂၉ အသီးမှည့်၍ ရိတ်ချိန်ရောက်သောအခါ၊ လယ်ရှင်သည် မဆိုင်းမလင့်၊ တံစဉ်နှင့် ရိတ်စေတတ်သည်ဟု မိန့်တော်မူ၏။
၃၀ ထိုမှတပါး၊ ဘုရားသခင်၏နိုင်ငံတော်ကို အဘယ်သို့ပုံပြရအံ့နည်း။ အဘယ်ဥပမာနှင့် ခိုင်းနှိုင်းရအံ့နည်း ဟူမူကား၊
၃၁ မုံညှင်းစေ့နှင့်တူ၏။ မုံညှင်းစေ့သည် မြေ၌စိုက်သောအခါ မြေ၌ရှိသောအစ့တကာတို့ထက် ငယ်သော်လည်း၊ စိုက်ပြီးမှအပင်ပေါက်၍၊
၃၂ မြက်ပင်တကာတို့ထက် ကြီးပွားသဖြင့်၊ မိုဃ်းကောင်းကင်ငှက်တို့ သည် အရိပ်ခို၍ နားနေလောက်သောအကိုင်းအခက်ကြီးတို့ကို ဖြစ်စေတတ်သည်ဟု မိန့်တော်မူ၏။
၃၃ ထိုသို့ သောဥပမာစကားများအားဖြင့် ကိုယ်တော်သည် ပရိသတ်များနားထောင်နိုင်သည်အတိုင်း တရားဟောတော် မူ၏။
၃၄ ဥပမာကင်း၍ ဟောပြောတော်မမူ။ ရှိသမျှသောအရာတို့ကို ဆိတ်ကွယ်ရာအရပ်၌ တပည့်တော်တို့အား ဖွင့်ပြတော်မူ၏။