Friday, 12 January 2018

12-JAN-2018 (READING -XMAS2-YB-C2)

Fri the 12th: 1 Sam 8:4-22; Ps 89:16-19; Luke 7:16; Mark 2:1-12

ဓမ္မရာဇဝင်ပဌမစောင် အခန်းကြီး (1 Sam 8:4-22);

ထိုအခါ ဣသရေလအမျိုးအသက်ကြီးသူအပေါင်းတိုသည် စည်းဝေး၍၊ ရှမွေလရှိရာ အရပ်ရာမမြိုသိုလာပြီးလျှင်၊
ကိုယ်တော်သည် အသက်ကြီးပါ၏။ ကိုယ်တော်၏သားတိုသည် ကိုယ်တော်လမ်းသိုမလိုက်ကြပါ။ လူမျိုးအပေါင်းတို၏ထုံးစံရှိသည်အတိုင်း အကíန်ုပ်တိုကို အုပ်စိုးရသော ရှင်ဘုရင်ကို ချီးမြောက်ပါလော့ဟု လျှောက်ကြလေ၏။
ထိုသိုအကíန်ုပ်တိုကို အုပ်စိုးရ သောရှင်ဘုရင်ကို ပေးပါလော့ဟု လျှောက်သောအမှုကို ရှမွေလသည် မနှစ်သက်သောကြောင့် ထာဝရဘုရားအား ဆုတောင်းလေ၏။
ထာဝရဘုရားကလည်း သင့်အားလူများတိုပြောဆိုသမျှသောစကားကိုနားထောင်လော့။ သူတိုသည်သင့်ကိုသာ မပယ်၊ ငါသည်သူတိုကို မအုပ်စိုးစေခြင်းငှာ ငါ့ကိုလည်းပယ်ကြပြီ။
သူတိုကို အဲဂုတ္တရပြည်မှ ငါဆောင်ခဲ့သော နေမှစ၍ ယနေတိုင်အောင်ငါ့ကိုစွန်၍အခြားတပါးသော ဘုရားတိုကို ဝတ်ပြုသဖြင့် ကျင့်မိသမျှသော အကျင့်အတိုင်းသင်၌လည်း ပြုကြ၏။
ယခုမှာ သူတိုစကားကိုနားထောင်လော့။ သိုရာတွင် သတိပေး၍ သူတိုကို အုပ်စိုးသော ရှင်ဘုရင်၏ထုံးစံကိုပြလော့ဟု မိန်တော်မူ၏။
၁၀ ရှမွေလသည်လည်း၊ ရှင်ဘုရင်ကို တောင်းသောသူတိုအား ထာဝရဘုရားအမိန်တော်ရှိသမျှကို ပြန်ပြော၍၊
၁၁ သင်တိုကိုအုပ်စိုးသော ရှင်ဘုရင်၏ထုံးစံဟူမူကား၊ သင်တိုသားများကိုယူ၍မိမိရထားထိန်း၊ မြင်းထိန်းအရာ၌ ခန်ထား၍၊အချိုတိုသည်လည်း သူ၏ရထားရှေမှာ ပြေးရကြမည်။
၁၂ လူတထောင်အုပ်၊ တရာအုပ်၊ ငါးဆယ်အုပ်၊ တဆယ်အုပ်အရာ ခန်ထား၍၊ လယ်လုပ်ခြင်း၊ စပါးရိတ်ခြင်း၊ စစ်တိုက်တန်ဆာ၊ ရထားတန်ဆာကိုလုပ်ခြင်းအမှုများကို ဝေဖန်လိမ့်မည်။
၁၃ သင်တိုသမီးများကိုလည်းယူ၍၊ ခဲဘွယ်စားဘွယ်တိုကို ပြင်ဆင်စေခြင်းငှာင်း၊ စားတော်ကဲ၊ မုန်သည်ဖြစ်စေခြင်းငှာင်း ခန်ထားလိမ့်မည်။
၁၄ သင်တို့လယ်ကွက်၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ် အကောင်းဆုံးတို့ကို ယူ၍ မိမိကျွန်တို့အား ပေးလိမ့်မည်။
၁၅ သင်တိုမျိုးစေ့ စပျစ်သီးဆယ်ဘိုတစ်ဘိုကို ယူ၍ သူ၏အရာရှိ အမှုထမ်းတို့အား ပေးလိမ့်မည်။
၁၆ သင်တို့ကျွန်၊ ကျွန်မ၊ အကောင်းဆုံးသောလုလင်၊ မြည်းများကိုယူ၍ သူ၏အမှုကို လုပ်ကိုင်စေလိမ့်မည်။
၁၇ သင်တို့သိုးစု ဆယ်ဘို့တဘို့ကိုလည်း ယူ၍သင်တိုသည် သူ၏ကíန်ခံရကြမည်။ 
၁၈ သင်တိုရွေးယူသောရှင်ဘုရင်ကြောင့်၊ ထိုနေ သင်တိုအော်ဟစ်သော်လည်း၊ ထာဝရဘုရား သည် နားထောင် တော်မမူဟုသတိပေးလေ၏။
၁၉ သိုသော်လည်း လူများတိုက၊ မဟုတ်ပါ။ အုပ်စိုးသောရှင်ဘုရင်ကို လိုချင်ပါ၏။
၂၀ အကíန်ုပ်တိုသည်တပါးအမျိုးသားအပေါင်းတိုနှင့် တူမည်အကြောင်း အကíန်ုပ်တိုကို အုပ်စိုးသော ရှင်ဘုရင်ရှိရမည်။ အကíန်ုပ်တိုရှေမှာ ထွက်ကြွ၍စစ်တိုက် ရမည်ဟု ရှမွေလ၏စကားကို နားမထောင်ဘဲဆိုကြ၏။
၂၁ ထိုသူတို၏စကားများကို ရှမွေလသည် ကြားလျှင်၊ ထာဝရ ရှေတော်၌ လျှောက်လေ၏။
၂၂ ထာဝရ ဘုရားကလည်း၊ သူတိုစကားကိုနားထောင်၍ သူတိုအဘိုရှင်ဘုရင်ကိုချီးမြောက်လော့ဟု မိန်တော်မူသဖြင့်၊ ရှမွေလက၊ သင်တိုအသီးအသီး နေရာမြိုရွာသိုပြန်သွားကြ လော့ဟု ဣသရေလ လူတိုအားပြောဆိုလေ၏။  

ဆာလံကျမ်း အခန်းကြီး ၈၉ (Ps 89:16-19);

၁၆ သူတို့သည် မျက်နှာတော်အလင်း၌ သွားလာရကြပါ၏။ နာမတော်၌အစဉ် ဝမ်းမြောက်၍ ဖြောင့်မတ်တော်မူခြင်း တရားအားဖြင့် ချီးမြှောက်ခြင်းသို့ ရောက်ရကြပါ၏။
၁၇ ကိုယ်တော်သည် သူတို့အစွမ်းသတ္တိ၏ ဘုန်းဖြစ်တော်မူ၏။ ကျေးဇူးတော်အားဖြင့်လည်း အကျွန်ုပ်တို့၏ ဦးချိုသည် ချီးမြှောက်လျက် ရှိပါ၏။
၁၈ ထာဝရဘုရားသည် အကျွန်ုပ်တို့ကို ကွယ်ကာတော်မူ၏။ ဣသလေအမျိုး၏ သန့်ရှင်းသော ဘုရားသည် အကျွန်ုပ်တို့၏ ရှင်ဘုရင်ဖြစ်တော်မူ၏။
၁၉ တရံရောအခါ ကိုယ်တော်၏ သန့်ရှင်းသူတို့ကို ဗျာဒိတ်တော်အားဖြင့် မိန့်မြွက်တော်မူသည်ကား၊ အားကြီးသော သူသည် ကူမမည်အကြောင်းငါခန့်ထားပြီ။ လူစုထဲက ရွေးကောက်သော သူတစ်ယောက်ကို ငါမြှောက်ပြီ။ 

ရှင်လုကာခရစ်ဝင် အခန်းကြီး (Luke 7:16);

၁၆ လူအပေါင်းတို့သည် ကြောက်ရွံ့ခြင်း သို့ရောက်၍၊ ကြီးစွာသောပရောဖက်သည် ငါတို့တွင်ပေါ်ထွန်းပြီ။ ဘုရားသခင်သည် မိမိလူမျိုးကို အကြည့်အရှုကြွလာတော်မူပြီဟူ၍ ဘုရားသခင်၏ဂုဏ်တော် ကို ချီးမွမ်းကြ၏။

ရှင်မာကုခရစ်ဝင် အခန်းကြီး (Mark 2:1-12);

နောက်တနေ့သ၌ ကိုယ်တော်သည် ကပေရနောင်မြို့သို့ဝင်ပြန်၍ အိမ်၌ရှိတော်မူသည်ကို ကြားကြလျှင်၊
တံခါးပြင်နားမှာ နေစရာမရှိနိုင်အောင် လူများတို့သည် အလျှင်အမြန် စုဝေးကြသည်ဖြစ်၍ သူတို့အား တရားဟောတော်မူ၏။
ထိုအခါ လက်ခြေသေသောသူတယောက်ကို လူလေးယောက်တို့သည် ထမ်း၍ အထံတော်သို့ ဆောင်ခဲ့ကြ၏။
လူစုဝေးလျက်ရှိသောကြောင့် ကိုယ်တော်ရင်းသို့ မချဉ်းကပ်နိုင်သဖြင့်၊ ကိုယ်တော်ရှိရာအပေါ်မှာ အမိုးကိုဖောက်ထွင်းပြီးမှ လူနာနှင့်တကွ အိပ်ရာခုတင်ကို လျော့ချကြ၏။
ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်း ကိုမြင်လျှင်၊ လက်ခြေသေသောသူအား၊ ငါ့သား၊ သင်၏အ
ပြစ်ကိုလွတ်စေပြီ ဟု မိန့်တော်မူ၏။ ထိုအရပ်၌
ထိုင်သော ကျမ်းပြုဆရာအချို့တို့က၊ ဤသူသည် ဘုရားကိုလွန်ကျုး၍ အဘယ်ကြောင့် ဤသို့ပြောရသနည်း။ ဘုရားသခင် မှတပါး အဘယ်သူသည်အပြစ်ကို လွှတ်နိုင်သနည်းဟု စိတ်ထဲမှာ ထင်မှတ်ကြ၏။
သူတို့စိတ်ထဲမှာ ထိုသို့ထင် မှတ်ခြင်းရှိသည်ကို ယေရှုသည် မိမိဥာဏ်အားဖြင့် ချက်ခြင်းသိတော် မူလျှင်၊ သင်တို့စိတ်ထဲမှာအဘယ်ကြောင့် ဤသို့ထင်မှတ်ကြသနည်း။
လက်ခြေသေသောသူအား အဘယ် စကားကိုသာ၍ပြောလွယ်သနည်း။ သင်၏အပြစ် ကိုလွတ်စေပြီဟု ပြောလွယ်သလော။ သင်ထလော့။ ကိုယ်အိပ်ယာကိုဆောင်၍ လှမ်းသွားလော့ဟု ပြောလွယ်သ လော။
၁၀ လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှါ၊
၁၁ ထလော့။ ကိုယ်အိပ်ယာကို ဆောင်၍ ကိုယ်အိမ်သို့သွားလော့ဟု သင့်အားငါဆိုသည်ဟု လက်ခြေသေသောသူအား မိန့်တော်မူ၏။

၁၂ ထိုသူသည်လည်း ချက်ခြင်းထ၍ အိပ်ယာ ကိုဆောင်လျက် လူအပေါင်းတို့ရှေ့မှာထွက်သွား၏။ ထိုလူအပေါင်း တို့သည် မိန်းမောတွေဝေခြင်းရှိ၍၊ ဤကဲ့သို့ တခါမျှ မမြင်စဖူးဟု ပြောဆို၍ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။