Friday, 19 January 2018

19-JAN-2018 (READING -7ORD-YB-C2)

Fri the 19th: 1 Sam 24:3-21; Ps 57:1-11; 2 Cor 5:19; Mark 3:13-19

ဓမ္မရာဇဝင်ပဌမစောင် အခန်းကြီး ၂၄ (1 Sam 24:3-21);

လမ်းနားမှာ သိုးခြံရှိရာသိုရောက်၍  ဥမင်ကိုတွေသဖြင့်၊ ရှောလုသည်အိပ်မည်ဟု ဝင်လေ၏။ ဒါဝိဒ်နှင့်သူ၏ လူတိုသည် ထိုဥမင်နံဖေးတဘက် တချက်၌ နေကြ၏။
ဒါဝိဒ်၏လူတိုကလည်း၊ ထာဝရဘုရားက၊ သင်၏ရန်သူကို သင့်လက်၌ငါအပ်မည်။ သူ၏သင်ပြုချင်တိုင်း ပြုရသောအခွင့်ရှိလိမ့်မည်ဟု ကိုယ်တော်အားမိန်တော်မူသော နေရက် ရောက်ပါပြီဟု ဆိုကြလျှင်၊ ဒါဝိဒ်သည်ထ၍ ရှောလုဝတ်လျက်ရှိသော အင်္ကျီအောက်ပိုင်းကို တိတ်ဆိတ်စွာလှီးဖြတ်လေ၏။ 
ထိုသိုရှောလု၏အင်္ကျကိုလှီးဖြတ်မိ သောကြောင့်၊ ဒါဝိဒ်သည် နောက်တဖန် နောင်တရ၍၊
ထာဝရဘုရားပေးတော်မူသော ဘိသိတ်ကိုခံသော ငါ့အရှင်သည်၊ ထာဝရဘုရားအခွင့်နှင့် ဘိသိတ်ခံသူဖြစ်သောကြောင့်၊ ထိုအရှင်ကိုထိခိုက်ခြင်းငှါငါလက်ဆန်သောအမှုကို ထာဝရဘုရားဆီးတား တော်မူပါ စေသောဟု မိမိလူတိုအားဆိုသဖြင့်။
ရှောလုကိုထိခိုက်စေခြင်းငှါ အခွင့်မပေး မြစ်တားလေ၏။ ရှောလုသည်လည်း ထ၍ဥမင်ထဲကထွက်သွားလေ၏။
ထိုနောက်ဒါဝိဒ်သည်ထ၍ ဥမင်ထဲကထွက်လျက်၊ ကျွန်တော်၏သခင်အရှင်မင်းကြီးဟု ရှောလုနောက်၌ ဟစ်သဖြင့်၊ ရှောလုသည်နောက်သိုကြည့်သောအခါ၊ ဒါဝိဒ်သည်မြေပေါ်၌ဦးချ၍ပြပ်ဝပ်လျက်၊
ဒါဝိဒ်သည်ကိုယ် တော်၏ အကျိုးကိုဖျက်အံ့ခြင်းငှါ ရှာကြံသည်ဟု လူအချိုပြောသောစကားကိုအဘယ့်ကြောင့် နားထောင်တော်မူ သနည်း။
၁၀ ယနေထာဝရဘုရားသည် ဥမင်ထဲမှာ ကိုယ်တော်ကို ကျွန်တော်လက်၌အပ်တော်မူကြောင်းကို ကြည့်ရှုတော်မူပါ။ အသက်တော်ကိုသတ်စေခြင်းငှါ အချိုတိုသည် တိုက်တွန်းသော်လည်း၊ ကျွန်တော်သည် နှမြောသောစိတ်ရှိ၍ ငါ့အရှင်သည် ထာဝရဘုရား၏ဘိသိက်ခံသူဖြစ် တော်မူသောကြောင့်၊ ထိုအရှင်ကို ထိခိုက်ခြင်းငှါ ငါသည်လက်ကိုမဆန်ဟုအကြံရှိပါ၏။
၁၁ ထိုမှတပါးကျွန်တော်အဘ ကြည့်ရှုတော်မူပါ။ ကျွန်တော်လက်၌ အင်္ကျီတော်အောက်ပိုင်းကို ကြည့်ရှုတော်မူပါ။ အသက်တော်ကိုမသတ်၊ အင်္ကျီတော်အောက်ပိုင်း ကို လှီးဖြတ်ရုံမျှသာ ပြုသောကြောင့်၊ ကျွန်တော်၌ ဒုစရိုက်အပြစ်မရှိ လွန်ကျူးခြင်းမရှိကြောင်းကို သိမြင်တော်မူပါ။ ကိုယ်တော်ကိုမပြစ်မှားပါ။ သိုသော်လည်း ကျွန်တော်အသက်ကို သတ်အံသောငှါလိုက်၍ ရှာတော်မူပါသည် တကား။
၁၂ ထာဝရဘုရားသည် ကျွန်တော်နှင့် ကိုယ်တော် စပ်ကြားမှာစီရင်တော်မူပါစေသော။ ကျွန်တော်အား ပြစ်မှားသောအပြစ်ကိုထာဝရ ဘရားဆပ်ပေးတော်မူပါ စေသား၊ သိုရာတွင် ကျွန်တော်လက်သည်ကိုယ်တော် အပေါ်သိုမရောက်ပါစေနှင့်။
၁၃ ရှေးပုံစကားလာသည်အတိုင်း၊ ဆိုးသောသူလက်မှ ဆိုးသောအမှုထွက်တတ်၏၊ သို့ရာတွင် ကျွန်တော်လက်သည် ကိုယ်တော်အပေါ်သို့ မရောက်ပါစေနှင့်။ 
၁၄ ဣသရေလရှင်ဘုရင်သည် အဘယ် သူ၏ အတွက်ကြောင့်ကြလာတော်မူသလော။ ခွေးသေကောင်ကိုလိုက်၍ရှာတော်မူသလော။ ခွေးလှေးကို လိုက်၍ ရှာတော်မူသလော။
၁၅ သိုဖြစ်၍ထာဝရဘုရားသည် တရားသူကြီးလုပ်တော်မူပါစေသော။ ကျွန်တော်နှင့်ကိုယ် တော်စပ်ကြားမှာ စီရင်တော်မူပါစေသော။ ကြည့်ရှု၍ကျွန်တော်အမှုကို စောင့်သဖြင့်၊ ကျွန်တော်ကိုကိုယ်တော် လက်မှ ကယ်လွှတ်တော်မူပါစေသောဟုရှောလုအားလျှောက်ဆို၏။
၁၆ ထိုသိုဒါဝိဒ်သည် ရှောလုအား အကုန်အစင် လျှောက် ဆိုပြီးမှ၊ ရှောလုကငါ့သားဒါဝိဒ်၊ ငါကြားသောစကားသံသည် သင့်စကားသံလောဟုမေးလျှက် အသံကိုလွင့်၍ ငိုကြွေးလေ၏။
၁၇ တဖန်လည်း၊ သင်သည် ငါ့ထက်သာ၍တရားစောင့်၏။ သင့်အကျိုးကို ငါဖျက်သော်လည်း၊ သင်သည် ငါ၌အကျိုးကျေးဇူးပြုပြီ။
၁၈ ငါ၌အဘယ်သိုကျေးဇူးပြုသည်ကိုသင်သည်ယနေပြပြီ၊ အကြောင်းမူကား ထာဝရဘုရားသည် ငါ့ကိုသင့်လက်၌အပ်တော်မူသော်လည်း၊ သင်သည်မသတ်ဘဲ နေပါသည်တကား။
၁၉ လူသည် ရန်သူကိုတွေလျှင်ချမ်းသာစွာ လွတ်လိမ့်မည်လော။ သိုဖြစ်၍သင်သည် ငါ၌ယနေပြုသောကျေးဇူးကို ထာဝရဘုရားဆပ် တော်မူပါစေသော။
၂၀ ယခုမှာသင်သည်စင်စစ် ရှင်ဘုရင် ဖြစ်လိမ့်မည်ဟူ၍င်း၊ ဣသရေလနိုင်ငံသည် သင့်လက်၌တည်လိမ့်မည်ဟူ၍င်း၊ ငါအမှန်သိ၏။
၂၁ သိုဖြစ်၍ သင်သည် ငါ၏သားစဉ်မြေးဆက်တိုကိုမသုတ်သင်၊ ငါ့အဆွေအမျိုးထဲက ငါ၏နာမကိုမပယ်ရှင်းမည်အကြောင်း ထာဝရဘုရားကို တိုင်တည်၍ ငါ့အား ကျိန်ဆိုခြင်းကိုပြုလော့ဟု ဒါဝိဒ်အားဆိုပြီးမှ၊
၂၂ ဒါဝိဒ်သည် ရှောလုအား ကျိန်ဆိုခြင်းကို ပြု၍ရှောလုသည် မိမိနေရာသို့သွား၏။ ဒါဝိဒ်နှင့်သူ၏လူတို့သည်လည်း ခိုင်ခံ့သောအရပ်သို့ သွားကြ၏။

ဆာလံကျမ်း အခန်းကြီး ၅၇ (Ps 57:1-11);

ဒါဝိဒ်သည် ဥမင်၌ ရှောလုထံမှ ထွက်ပြေးသောအခါ စပ်ဆိုသော ဆာလံ၊၊ အိုဘုရားသခင်၊ အကျွန်ုပ်ကို သနားတော်မူပါ၊၊ သနားတော်မူပါ၊၊ ဘေးမလွန်မှီတိုင်အောင် အကျွန်ုပ်၏ ဝိညာဉ်သည်ကိုယ်တော်ကို ခိုလှုံပါ၏၊၊
အတာင်တော်အရိပ်၌ ခိုလှုံပါ၏၊၊ ငါသည် အမြင့်ဆုံးသော ဘုရားသခင်၊ ငါ့အမှုကို ပြီးစီးစေတော်မူသော ဘုရားသခင်ကို အော်ဟစ်မည်၊၊
ကောင်းကင်ကလက်တော်ကို ဆန့်တော်မူမည်၊၊ ငါ့ကို ကိုက်စားအံ့သောသူကို အရှက်ခွဲသဖြင့် ငါ့ကို ကယ်တင်တော်မူမည်၊၊ ကရုဏာတော်နှင့် သစ္စာတော်ကို ဘုရား သခင်စေလွှတ်တော်မူမည်၊၊
ငါ့ဝိညာဉ်သည် ခြင်္သေ့စုထဲမှာ နေရ၏၊၊ ဒေါသမီးလောင်လျက် ရှိသော လူသားတို့တွင် ငါအိပ်ရ၏၊၊ သူတို့သွားတို့သည် လှံနှင့် မြားဖြစ်ကြ၏၊ သူတို့လျှာသည်လည်း ထက်သောသန်လျက် ဖြစ်၏၊၊
အိုဘုရားသခင်၊ ကောင်းကင်မြင့်သည်ထက် ကိုယ်တော်ကြီးမြင့်တော်မူစေသတည်း၊၊ မြေကြီး တပြင်လုံးကို ဘုန်းတော်လွှမ်းမိုးပါစေသတည်း၊၊
သူတို့သည် ငါသွားရာလမ်း၌ကျော့ကွင်းကို ပြင်ဆင်ကြပြီ၊၊ ငါ့ဝိညာဉ်သည် နှိမ့်ချ လျက်ရှိ၏၊၊ ငါ့ရှေ့၌ တွင်းကိုတူးကြပြီးမှ ကိုယ်တူးသောတွင်းထဲသို့ ကိုယ်ကျကြပြီ၊၊
အိုဘုရားသခင် အကျွန်ုပ်နှလုံး သည် တည်ကြည်ပါ၏၊၊ အကျွန်ုပ်နှလုံးသည် တည်ကြည်ပါ၏၊၊ သီချင်းဆိုပါမည်၊၊ ချီးမွမ်းထောပနာပြုပါမည်၊၊
အို ငါ့ဝိညာဉ် နိုးလော့၊၊ တယောနှင့် စောင်းတို့နိုးကြလော့၊၊ ငါလည်း စောစောနိုးမည်၊၊
အို ထာဝရဘုရား၊ ပရိသတ် အလယ်၌ ကိုယ်တော်ကို ချီးမွမ်းပါမည်၊၊ လူမျိုးတို့တွင် ကိုယ်တော်အား ထောမနာသီချင်းဆိုပါမည်၊၊
၁၀ အကြောင်းမူကား၊ ကရုဏာတော်သည် ကောင်းကင်သို့၎င်း၊ သစ္စာတော်သည် မိုဃ်းတိမ်သို့၎င်း မှီပါ၏၊၊
၁၁ အိုဘုရားသခင် ကောင်းကင် မြင့်သည်ထက် ကိုယ်တော်ကြီးမြင့်တော်မူစေသတည်း၊၊ မြေကြီးတပြင်လုံးကို ဘုန်းတော်လွှမ်းမိုး ပါစေသတည်း၊၊


ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး (2 Cor 5:19);

၁၉ ထိုတရားဟူမူကား၊ ဘုရား သခင်သည် ခရစ်တော်အထဲ၌ ရှိနေလျက်၊ လောကီသားတို့၏ အပြစ်များကိုမှတ်တော်မမူ၊ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ၏။

ရှင်မာကုခရစ်ဝင် အခန်းကြီး (Mark 3:13-19);

၁၃ ထိုအခါ ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ အလိုတော်ရှိသောသူတို့ကို ခေါ်တော်မူလျှင်၊ အထံတော်သို့လာကြ၏။
၁၄ ကိုယ်တော်နှင့်အတူရှိနေစေခြင်းငှါ၎င်း၊ တရားဟောသောအခွင့်၊ အနာရောဂါတို့ကို ငြိမ်းစေ၍၊
၁၅ နတ်ဆိုးတို့ကိုနှင်ထုတ်နိုင်သောအခွင့်နှင့် စေလွှတ်ခြင်းငှါ၎င်း၊ တကျိပ်နှစ်ပါးသောသူတည်းဟူသော၊
၁၆ ပေတရုအမည်သစ်ကိုပေးတော်မူသောရှိမုန်၊
၁၇ မိုဃ်းကြိုးသားဟုဆိုလိုသော ဗောနေရဂက် အမည်သစ်ကို ပေးတော်မူသော ဇေဗေဒဲ၏သားနှစ်ယောက် ယာကုပ်နှင့်ယောဟန်၊
၁၈ အနြေ္ဒ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ၏သား ယာကုပ်၊ သဒ္ဒဲ၊ ကာနနိတ်လူရှိမုန်၊
၁၉ ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်တို့ကို ခန့်ထား တော်မူ၏။