Saturday, 13 January 2018

13-JAN-2018 (READING -XMAS2-YB-C2)

Sat the 13th:    Optional memorial of Hilary, bishop and doctor.
1 Sam 9:1-10:1; Ps 21:1-7; Luke 4:18; Mark 2:13-17

ဓမ္မရာဇဝင်ပဌမစောင် အခန်းကြီး (1 Sam 9:1-10:1);

ဗင်္ယာမိန်အမျိုးသားအာဖိ၊ ဗေခေါရတ်၊ ဇေရော်၊ အဗျေလမှဆင်းသက်၍ကိရှအမည်ရှိသော ဗင်္ယာမိန် အမျိုးသားတစ်ယောက်ရှိ၏။ သူသည်အလွန် ခွန်အားကြီးသောသူဖြစ်၏။
ထိုသူ၌ရှောလု အမည်ရှိသောသား တစ်ရှိ၏ ထိုသားသည်းအဆင်းလှ၍ထူးဆန်းသောသူဖြစ်၏။ ဣသရေလ အမျိုးသားတိုတွင် ထိုသူထက်သာ၍ အဆင်း လှသော သူတစ်ယောက်မျှမရှိ။ သူသည်အခြားသော သူထက်ပခုံးအထက်မှာ အရပ်သာ၍ မြင့်၏။
ရှောလုအဘကိရှ၏ မြည်းတိုသည် ပျောက်သောကြောင့်၊ ကိရှက  သင်သည် ငယ်သားတစ်ယောက်ကို ခေါ်၍မြည်းတိုကိုရှာအံ့ သောငှါ သွားလော့ မိမိသားရှောလုအားဆိုသည်အတိုင်း၊
သူတိုသည်ဧဖရိမ်တောင် အရပ်နှင့် ရှလိရှအရပ်တရှောက်လုံး၌ ရှာ၍မတွေလျှင်၊ တဖန် ရှလိမ်အရပ်မှသည် ဗင်္ယာမိန်အရပ်များ တစ်ရှောက်လုံး၌  ရှာ၍မတွေ
ဇုဖအရပ်သို ရောက်သောအခါ ရှောလုက၊ ပြန်ကြစို သိုမဟုတ် အဘသည် မြည်းတိုကြောင့် မစိုးရိမ်၊ ငါတိုကြောင့် စိုးရိမ်လိမ့် မည်ဟု ငယ်သားကိုပြောဆိုလျှင်၊
ငယ်သားက ဤမြို့၌ အသရေထင်ရှားသော ဘုရားသခင်၏လူတယောက် ရှိ၏။ သူပြောသမျှသောစကားသည် ဧကန်အမှန်ပြည့် စုံတတ်၏။ သူ့ထံသို့သွားကြစို့။ ငါတို့သွားရသောလမ်းကို သူပြကောင်းပြလိမ့်မည်ဟု ဆို၏။
ရှေလုကလည်း၊ သွားလျှင် အဘယ်အရာကိုလှူရမည်နည်း။ ငါတို့၌ပါသောမုန့်ကုန်ပြီ။ ဘုရားသခင်၏လူကို လှူစရာတစုံတခုမျှမရှိ။ ငါတို့၌ တစုံတခုရှိသေးသလောဟု ငယ်သားကိုမေးသော်၊
ငယ်သားက၊ ကျွန်တော်လက်၌ ငွေတမတ်ရှိပါ၏။ ငါတို့ကို လမ်းပြသည်အတွက် ဘုရားသခင်၏လူအား ပေးပါမည်ဟု ရှောလုအား ပြန်ပြော၏။
ရှေးကာလ၌ ဣသရေလ အမျိုးသားတို့သည် ဘုရားသခင်ကို မေးမြန်းခြင်းငှါသွားမည်ဟု အကြံရှိလျှင်၊ မြင်သောသူထံသို့ သွားကြစို့ဟု ဆိုတတ်ကြ၏။ ပရောဖက်ဟူ၍ ယခုခေါ်သောသူကို ရှေးကာလ၌မြင်သောသူဟူ၍ ခေါ်ဝေါ်ကြ သနည်း။
၁၀ ရှောလု ကလည်း၊ ကောင်းပြီ သွားကြစို့ဟု ငယ်သားအားဆိုလျက်၊ ဘုရားသခင်၏ လူရှိရာမြို့သို့ သွားကြ၏။
၁၁ မြို့ပြင် ကုန်းပေါ်သို့ ရောက်သောအခါ၊ ရေခပ်လာသော မိန်းမပျိုတို့ကိုတွေ့၍၊ ဤအရပ်၌ မြင်သောသူရှိသလောဟု မေးသော်၊
၁၂ ရှိပါ၏။ သင်တို့ရှေ့မှာရှိပါ၏။ အလျှင်အမြန်သွားလော့။ မြင်သောသူသည် ဤမြို့သို့ ယနေ့လာပြီ။ လူများတို့သည် မြင်သော အရပ်၌ ယနေ့ယဇ်ပွဲကို ဆောင်ကြ၏။
၁၃ ဆရာသည် မြင်သောအရပ်၌ ယဇ်သားကို စားအံ့သောငှါ မတက်မှီ သင်တို့သည် မြို့ထဲသို့ဝင်လျင် ချက်ခြင်းတွေ့လိမ့်မည်။ သူမရောက်မှီလူများတို့သည် မစားတတ်ကြ။ သူသည် ယဇ်ပွဲ၌ ဘုရားဝတ်ကို ပြုတတ်၏။ ဝတ်ပြုပြီးမှ ခေါ်ဘိတ်သောသူတို့သည် စာတတ်ကြ၏။ ယခုမှာသွားလျှင် တွေ့ကြလိမ့်မည် ဟု ပြန်ပြောသည်နှင့်အညီ၊
၁၄ သူတို့သည် မြို့ထဲသို့ဝင်၍ ရှမွေလသည် မြင့်သောအရပ်သို့ တက်သွားလျက် သူတို့ကို ဆီး၍ကြိုလေ၏။
၁၅ ရှောလုမရောက်မှီမနေ့၌ ထာဝရဘုရားက၊ နက်ဖန်နေ့၊
၁၆ ဤအချိန်၌ ဗင်္ယာမိန်ပြည်မှ လူတယောက်ကို သင်ရှိရာသို့ ငါစေလွှတ်မည်။ သင်သည် ထိုသူကို ငါ၏ဣသရေလအမျိုး၏ မင်းအရာ၌ခန့်ထား၍ ဆီလောင်းခြင်းဘိသိက်ကို ပေးရမည်။ သူသည် ငါ၏လူတို့ကို ဖိလိတ္တိလူတို့လက်မှ ကယ်တင်ရလိမ့်မည်။ ငါသည် သူတို့အော်ဟစ်သံကို ကြား၍၊ သူတို့ကို ကြည့်ရှုသည်ဟု ရှမွေလနားအပါး၌ မိန့်တော်မူနှင့်ပြီ။
၁၇ ရှမွေလသည် ရှေလုကိုမြင်သောအခါ၊ ထာဝရဘုရားက၊ ငါပြောသောသူကို ကြည့်လော့၊ ဤသူသည် ငါ၏လူတို့ကို အုပ်ချုပ်ရလိမ့်မည်ဟု မိန့်တော်မူ၏။
၁၈ ထိုအခါ ရှောလုသည် ရှမွေလရှိရာ တံခါးဝသို့ ချဉ်းကပ်လျှင်၊ မြင်သောသူ၏ အိမ်ကိုပြပါလော့ဟု တောင်းပန်သော်၊
၁၉ ရှမွေလက၊ ငါသည်မြင်သောသူဖြစ်၏။ ငါ့ရှေ့မှာ မြင့်သောအရပ်သို့ တက်သွားလော့။ ယနေ့ငါနှင့်အတူ စားရမည်။ နက်ဖန်နေ့ ငါလွှတ်မည်။ သင့်စိတ်နှလုံးထဲမှာ ရှိသမျှကိုလည်း ငါဘော်ပြမည်။
၂၀ တမြန်နေ့ကပျောက်သော သင်၏မြည်းတို့ကို မအောက်မေ့နှင့် တွေ့လျက်ရှိပြီ။ ဣသရေလအမျိုး သည် အဘယ်သူကို အလိုရှိသနည်း။ သင်နှင့် သင်၏ဆွေမျိုးအပေါင်းကို အလိုရှိသည်မဟုတ်လောဟု ရှောလုအား ပြောဆို၏။
၂၁ ရှောလုကလည်း၊ အကျွန်ုပ်သည် ဣသရေလအမျိုးတို့တွင် အငယ်ဆုံးသောအမျိုး၊ ဗင်္ယာမိန်အမျိုး သား ဖြစ်ပါသည်မဟုတ်လော။ အကျွန်ုပ်အဆွေအမျိုးသည် ဗင်္ယာမိန်အဆွေအမျိုး အပေါင်းတို့တွင် အငယ်ဆုံး ဖြစ်ပါသည် မဟုတ်လော။ ကိုယ်တော်သည် အကျွန်ုပ်အား အဘယ်ကြောင့် ဤသို့ပြောပါသနည်းဟု လျှောက်လေ၏။
၂၂ ထိုအခါ ရှမေလသည် ရှောလုနှင့်သူ၏ငယ်သားကိုခေါ်၍ အိမ်ခန်းထဲသို့ သွင်းပြီးလျှင်၊ ခေါ်ဘိတ်သောသူ သုံးဆယ်တို့တွင် အမြတ်ဆုံးသောအရပ်၌ ထိုင်စေ၏။
၂၃ ပွဲသူကြီးကိုလည်း ခေါ်ပြီးလျှင်၊ သင်၌ ငါအပ်ပေး၍ အခြားဆီထားစေခြင်းငှါ၊ ငါမှာခဲ့သောအဘို့ကို ယူခဲ့တော့ဟု ဆိုသည်အတိုင်း၊
၂၄ ပွဲသူကြီးသည် ပခုံးနှင့် ပခုံးပေါ်မှာခင်းသော အရာကိုယူ၍ ရှောလုရှေ့မှာ ထားလေ၏။ ရှမွေလကလည်း၊ ချန်ထားသောအရာကို ယူ၍စားတော့။ ခေါ်ဘိတ်သောသူတို့အား ပြောနှင့်သည်အတိုင်း သင့်အဘို့ ယခုတိုင်အောင် သိုထားလျက်ရှိပြီ ဟုဆို၍ ထိုနေ့၌ ရှောလုသည် ရှမွေလနှင့်အတူ စားသောက်လေ၏။
၂၅ ထိုသူတို့သည် မြင့်သောအရပ်မှဆင်း၍ မြို့ထဲသို့ဝင်ပြီးလျှင်၊ ရှမွေလနှင့်ရှောလုတို့သည် အိမ်မိုးပေါ်မှာ စကားပြောလျက်နေကြ၏။
၂၆ နံနက်စောစောထ၍ မိုဃ်းလင်းသောအခါ ရှမွေလက၊ ထလော့။ သင့်ကိုငါလွှတ် လိုက်မည်ဟု ရှောလုကို အိမ်မိုးပေါ်မှာခေါ်ပြီးလျှင်၊ ရှောလုသည်ထ၍ ထိုသူနှစ်ယောက်တို့သည် ထွက်သွားကြ၏။
၂၇ မြို့စွန်းသို့ရောက်သောအခါ ရှမွေလက၊ သင်၏ငယ်သားကို ရှေ့သို့သွားစေခြင်းငှါ ပြောတော့ဟု ရှောလုအား ဆိုသဖြင့်၊ ငယ်သားသည် ရှေ့သို့သွားလေ၏။ ရှမွေလကလည်း ရပ်နေတော့။ ဘုရားသခင်၏အမိန့်တော်ကို ငါပြန်မည်ဟု ဆိုလျက်၊
ဆီဘူးကိုယူ၍ ရှောလု၏ခေါင်းပေါ်မှာလောင်းလေ၏။ တဖန်သူ့ကိုနမ်းသဖြင့် ထာဝရဘုရားသည် သင့်ကို အမွေတော်လူမျိုး၏ မင်းအရာ၌ ခန့်ထား၍ ဆီလောင်းခြင်းဘိသိက်ကို ပေးတော်မူ၏။  

ဆာလံကျမ်း အခန်းကြီး ၂၁(Ps 21:1-7);

အိုထာဝရဘုရား မင်းကြီးသည် ကိုယ်တော်၏အစွမ်း သတ္တိကြောင့် ဝမ်းမြောက်၍ ကယ်တင်တော်မူခြင်း အားဖြင့် အလွန်ရွှင်လန်းပါ၏၊၊
သူ၏ နှုတ်နှင့် ဆုတောင်းသည်ကို ငြင်းပယ်တော်မမူ၊၊ သူ၏ စိတ်အလိုရှိသည်အတိုင်း ပေးသနားတော်မူပြီ၊၊
ကောင်းမြတ်သော မင်္ဂလာတို့ကို အဦးပြု၍ ပေးတော်မူပြီ၊၊ ရွှေစင်သရဖူကို သူ၏ခေါင်းပေါ်မှာ တင်တော်မူပြီ။
သူသည်အသက်ကို ဆုတောင်း၍ ကိုယ်တော်သည် အသက်မက၊ထာဝရအသက်ကို ပေးသနား တော်မူပြီ၊၊
ကယ်တင်တော်မူခြင်းအားဖြင့် သူသည် ဘုန်းကြီး၍ လက်တော်မှ ဂုဏ်အသေရေနှင့် တန်ခိုးအာနုဘော်ကို ခံရပါ၏၊၊
ကိုယ်တော်သည် သူ့ကို ထာဝရ မင်္ဂလာ အရာ၌ ခန့်ထား၍ မျက်နှာတော်အားဖြင့် အလွန်ဝမ်းမြောက် စေတော်မူ၏၊၊
အကြောင်းမူကား မင်းကြီးသည် ထာဝရဘုရားကို ကိုးစား၍ အမြင့်ဆုံးသော ဘုရား၏ ကရုဏာတော် ကြောင့် တည်ကြည်တတ်ပါ၏၊၊

ရှင်လုကာခရစ်ဝင် အခန်းကြီး (Luke 4:18);

၁၈ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌တည်တော်မူ၏။  

ရှင်မာကုခရစ်ဝင် အခန်းကြီး (Mark 2:13-17);

၁၃ နောက်တဖန် အိုင်နားသို့ကြွတော်မူ၍၊ လူအစုအဝေးအပေါင်းတို့သည် အထံတော်သို့ လာကြလျှင်၊ သူတို့အား ဆုံးမသြဝါဒ ပေးတော်မူ၏။
၁၄ လမ်း၌ကြွတော်မူစဉ်၊ အာလဖဲ၏သား လေဝိသည် အခွန်ခံရာ တဲ၌ ထိုင်နေသည်ကိုမြင်သော်၊ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။
၁၅ ထိုသူသည်လည်းထ၍ နောက်တော်သို့ လိုက်လေ၏။ ထိုနောက်မှ သူ၏အိမ်တွင်စားပွဲ၌ လျောင်းတော်မူစဉ်၊ အခွန်ခံသောသူများနှင့် ဆိုးသောသူများ တို့သည် ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ၌လျောင်းကြ၏။ ထိုသူအများတို့သည် နောက်တော် သို့လိုက်ကြ၏။
၁၆ ထိုသို့အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့်အတူ စားတော်မူသည်ကို ကျမ်းပြုဆရာ ဖာရိရှဲတို့သည် မြင်လျှင်၊ ဤသူသည် အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့်အတူ အဘယ်ကြောင့် စားသောက်သနည်း ဟု တပည့်တော်တို့အားဆိုကြ၏။
၁၇ ယေရှုသည် ကြားတော်မူလျှင်၊ ကျန်းမာသော သူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်းငှါ ငါလာသည်မဟုတ်၊ ဆိုးသောသူတို့ကို ခေါ်ခြင်းငှါ ငါလာသတည်းဟု မိန့်တော်မူ၏။