Thursday, 11 January 2018

11-JAN-2018 (READING -XMAS2-YB-C2)

Thu the 11th: 1 Sam 4:1-11; Ps 44:10-25; Matt 4:23; Mark 1:40-45

ဓမ္မရာဇဝင်ပဌမစောင် အခန်းကြီး (1 Sam 4:1-11);

တဖန်ဣသရေလအမျိုးသားတိုသည် ဖိလိတ္တိလူတိုကို တိုက်ခြင်းငှါ ချီသွား၍ဧဗနေဇာမြိုနားမှာတပ်ချလျက်၊ ဖိလိတ္တိလူတိုသည် အာဖက်မြို၌တပ်ချလျက် နေကြ၏။
ဖိလိတ္တိလူတို့သည် ဣသရေလအမျိုးကို စစ်ခင်းကျင်း၍ တိုက်ကြသောအခါ၊ ဣသရေလအမျိုးသည် စစ်ရှုံး၍၊ ရန်သူလက် တွင်သူရဲလေးထောင်ခန်မျှ သေကြ၏။
လူများ တို့သည် တပ်ထဲသိုရောက်သောအခါ၊ ဣသရေလအမျိုးအသက်ကြီးသူတိုက၊ ယနေထာဝရဘုရားသည် ငါတိုကို ဖိလိတ္တိလူတိုရှေမှာအဘယ်ကြောင့် ရှုံးစေတော်မူသနည်း။ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည်လာ၍၊ ငါတိုကို ရန်သူလက်မှ ကယ်တင်စေခြင်းငှာ၊ ရှိလောမြိုမှ ဆောင်ခဲ့ကြကုန်အံ့ဟုဆိုကြသည်အတိုင်း။
လူများတို့သည်ရှိလောမြို့ သို့ လူကိုစေလွှတ်၍၊ ခေရုဗိမ်စပ်ကြားမှာ နေသော ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ဆောင်ခဲ့သဖြင့်၊ ဘုရားသခင်၏ ပဋိညာဉ်သေတ္တာတော်နှင့်အတူ ဧလိ၏သား ဟောဖနိနှင့် ဖိနဟတ်နှစ်ယောက်တိုသည် ပါကြ၏။
ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်သည် တပ်ထဲသို ရောက်သောအခါ၊ မြေကြီးအသံမြည်သည်တိုင်အောင် တပ်သားအပေါင်းတိုသည် ကြွေးကြော် ကြ၏။
ကြွေးကြော်သံကို ဖိလိတ္တိလူတိုသည် ကြားလျှင်၊ ဟေဗြဲတပ်၌ပြုသော ကြွေးကြော်သံကြီးကား အဘယ်သိုနည်းဟုမေးလျက်၊ ထာဝရဘုရား၏ သေတ္တာတော်သည် ထိုတပ်ထဲသိုရောက်ကြောင်းကို သိကြ၏။
ဖိလိတ္တိလူတိုသည် ကြောက်၍၊ ဘုရားသခင်သည်ဟေဗြဲတပ်ထဲသိုရောက်လေပြီတကား။  ငါတိုသည် အမင်္ဂလာရှိကြ၏။ တခါမျှဤ သိုမဖြစ်စဖူး၊
ငါတိုသည် အမင်္ဂလာရှိကြ၏။ တန်ခိုးကြီးမားသော ဤဘုရားသခင်၏လက်မှငါတိုကို အဘယ်သူကယ် တင်လိမ့်မည်နည်း။ တော၌ အဲဂုတ္တုလူတိုကို ဘေးအပေါင်းနှင့် ဒဏ်ခတ်သောဘုရားကား၊ အခြားမဟုတ် ဤဘုရား ပေတည်း။
အိုဖိလိတ္တိလူတို  ဣသရေလလူတိုသည် သင်တိုထံ၌ ကíန်ခံရသကဲ့သို သူတိုထံ၌ ငါတိုသည် ကíန်မခံရ မည်အကြောင်း၊ အားယူ၍ ယောက်ျားပြုကြလော့။ ယောက်ျားပြု၍တိုက်ကြ လော့ဟု ပြောဆိုကြ၏။
၁၀ ဖိလိတ္တိလူ တို့သည်စစ်တိုက်သဖြင့်။ ဣသရေလအမျိုး ရှုံးပြန်၍၊ လူတိုင်းမိမိနေရာသို ပြေးလေ၏။ ကြီးစွာသောလုပ်ကြံခြင်းဖြစ်၍၊ ဣသရေလခြေသည်သူရဲသုံးသောင်းတိုသည် သေကြ၏။
၁၁ ဘုရားသခင်၏သေတ္တာတော်သည် ရန်သူလက်သို ရောက်၍၊ ဧလိ၏သားဟောဖနိနှင့် ဖိနဟတ်နှစ်ယောက် တိုသည် အသက်ဆုံးလေ၏။

ဆာလံကျမ်း အခန်းကြီး ၄၄ (Ps 44:10-25);

၁၀ အကျွန်ုပ်တို့ ဗိုလ်ခြေနှင့်အတူ ကြွတော်မမူပါ၊၊ အကျွန်ုပ်တို့ကို ရန်သူရှေ့မှာ ပြန်ပြေးစေတော်မူ၍ မုန်းသောသူတို့သည် အလိုလို လုယူရကြ၏၊၊
၁၁ ဟင်းလျာဖြစ်သော သိုးများကဲ့သို့ အကျွန်ုပ်တို့ကို အပ်လိုက်၍ တပါးအမျိုးသားတို့တွင် အရပ်ရပ် ကွဲပြားစေတော်မူ၏၊ 
၁၂ ကိုယ်တော်၏ လူများကို အဘိုးမခံဘဲရောင်း၍ ရောင်းသောအားဖြင့် စီးပွားတော်ကို တိုးပွား စေတော်မူသည်မဟုတ်၊၊
၁၃ အကျွန်ုပ်တို့ကို အိမ်နီးချင်းများ ကဲ့ရဲ့ရာပတ်ဝန်းကျင်၌နေသော သူများ ပြက်ယယ်ပြု၍ အရှက်ခွဲရာ ဖြစ်စေခြင်းငှါ စီရင်တော်မူ၏၊၊
၁၄ တပါးအမျိုးသားတို့သည် အကျွန်ုပ်တို့ကို ပုံခိုင်းရသောအခွင့်၊ လူစုတို့ သည် ခေါင်းညိတ်ရသော အခွင့်ကို ပေးတော်မူ၏၊၊
၁၅ ကဲ့ရဲ့သောသူနှင့် အသရေဖျက်သောသူ၏ စကားကြောင့် ၎င်း၊
၁၆ ရန်ဘက်ပြုသောသူနှင့်လက်စားချေသော သူ၏ မျက်နှာကြောင့်၎င်း၊ အကျွန်ုပ်သည် ကိုယ်အရှက်ကွဲခြင်း အကြောင်းကို အစဉ်မျက်မှောက်ပြုရပါ၏၊၊ မျက်နှာရှက်ခြင်းအားဖြင့် မွန်းလျက် နေရပါ၏။
၁၇ ထိုမျှလောက်ခံရသော်လည်း အကျွန်ုပ်တို့သည် ကိုယ်တော်ကို မမေ့လျော့၊၊ သစ္စာတော်ကို မဖျက်ကြပါ။
၁၈ စိတ်နှလုံးသည် နောက်သို့မဆုတ် တရားတော်လမ်းမှလွှဲ၍ မသွားကြပါ၊၊
၁၉ ကိုယ်တော်မူကား မြေခွေးနေရာ အရပ်မှာ အကျွန်ုပ်တို့ကို ချိုးဖဲ့နှိပ်စက်၍ သေခြင်းအရိပ်နှင့် ဖုံးလွှမ်းတော်မူ၏၊၊
၂၀ အကျွန်ုပ်တို့သည် ကိုယ်ဘုရားသခင် နာမတော်ကို မေ့လျော့၍ တပါးအမျိုး၏ ဘုရားထံသို့ လက်ကို ဆန့်သည်မှန်လျှင်
၂၁ နှလုံး၌ ဝှက်ထားသော အရာများကို ဘုရားသခင် သိတော်မူသည်ဖြစ်၍ ထိုအမှုကို မစစ်ဘဲ နေတော်မူမည်လော၊၊
၂၂ အကယ်စင်စစ် ကိုယ်တော်အတွက် အကျွန်ုပ်တို့သည် အစဉ်မပြတ် အသေသတ်ခြင်းကို ခံရကြပါ၏၊၊ သတ်ဘို့ရာ ထားသောသိုးကဲ့သို့ အကျွန်ုပ်တို့ကို သူတပါး မှတ်တတ်ကြပါ၏၊၊
၂၃ အို ဘုရားရှင်၊ နိုးတော်မူပါ၊၊ အဘယ်ကြောင့် ကျိန်းစက်တော်မူသနည်း၊၊ ထတော်မူပါ၊၊ အကျွန်ုပ်တို့ကို အစဉ်စွန့်ပစ်တော်မမူပါနှင့်၊၊
၂၄ အကျွန်ုပ်တို့ခံရသော နှိမ့်ချခြင်းနှင့် ဉ်းဆဲခြင်းကို မျက်နှာတော်လွှဲ၍ အဘယ်ကြောင့် မေ့လျော့တော်မူသနည်း၊၊
၂၅ အကျွန်ုပ်တို့၏ စိတ်ဝိညာဉ်သည် မြေတိုင်အောင် နှိမ့်ချခြင်းကို ခံရ၍ ရင်ပတ်လည်း မြေ၌ ကပ်လျက် ရှိပါ၏၊၊
ရှင်မဿဲခရစ်ဝင် အခန်းကြီး (Matt 4:23);

၂၃  ယေရှုသည် တရားစရပ်တို့၌ဆုံးမသြဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူတို့တွင် အနာရောဂါအမျိုးမျိုးတို့ကိုငြိမ်းစေလျက်၊ ဂါလိလဲပြည်တပြည်လုံးကို ဒေသစာရီလှည့်လည်တော်မူ၏။

ရှင်မာကုခရစ်ဝင် အခန်းကြီး (Mark 1:40-45);

၄၀ နူနာစွဲသောသူတယောက်သည် အထံတော်သို့လာ၍ ဒူးထောက်လျက်၊ ကိုယ်တော်အလိုရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည် ဟု တောင်းပန်လေ၏။
၄၁ ယေရှုသည် သနားသောစိတ်ရှိသဖြင့် လက်တော် ကိုဆန့်၍ ထိုသူကို တို့လျက်၊ ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ရောက်စေဟု မိန့်တော်မူ၏။
၄၂ ထိုသို့မိန့်တော်မူသည် ခဏခြင်းတွင် နူနာပျောက်၍သန့်ရှင်းခြင်းသို့ ရောက်လေ၏။
၄၃ ယေရှုကလည်း၊ သင်သတိပြု။ အဘယ်သူအား စကားတခွန်းကိုမျှမပြောနှင့်။ ယဇ်ပရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြလော့။ သူတပါး၌ သက်သေဖြစ်စေခြင်းငှါ သန့်ရှင်းခြင်းသို့ရောက်သည်အတွက်၊  မောရှေစီရင်မှာထားသော ပူဇော်သက္ကာကို ဆက်လော့ ဟု မြစ်တား၍ ချက်ခြင်းလွှတ်လိုက်တော်မူ၏။
၄၄ ထိုသူသည် ထွက်သွား၍ စကားများသောအားဖြင့် ထိုအကြောင်းကို အနှံ့အပြား ကျော်စောစေ၏။ ထိုကြောင့် ကိုယ်တော်သည် နောက်တဖန်မြို့ထဲသို့ ထင်ရှားစွာ မဝင်ရဘဲ၊ မြို့ပြင်တောအရပ်၌သာ နေတော်မူ၍ အရပ်ရပ်တို့မှ အထံတော်သို့ရောက်လာကြ၏။