Sun the 15th: Psalter III, Easter Week 3.
Acts 3:13-19; Ps 4:1-9; 1 John 2:1-5; Luke 24:35-48
တမန်တော်ဝတ္ထု အခန်းကြီး ၃ (Acts 3:13-19);
၁၃ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ဘုရားသခင်၊ ငါတို့ဘိုးဘေးများ၏ ဘုရားသခင်သည် မိမိသားတော်၏ဘုန်းကို ထင်ရှားစေတော်မူပြီ။ ထိုသခင်ကို သင်တို့သည် ပိလတ်မင်း လက်သို့ အပ်နှံ၍၊ ထိုမင်းသည် လွှတ်မည် အကြံရှိသော်လည်း သင်တို့သည် ထိုသခင်ကိုငြင်းပယ် ကြ၏။
၁၄ သန့်ရှင်းဖြောင့်မတ်တော်မူသောသခင်ကို ငြင်းပယ်၍၊ လူအသက်ကိုသတ်ခြင်းအပြစ်ရှိသော သူတယောက်ကို ရမည်အကြောင်း တောင်းပန်သဖြင့်၊
၁၅ အသက် ရှင်ခြင်းသို့ ပို့ဆောင်တော်မူသောအရှင်ကို ကွပ်မျက်ကြပြီတကား၊ ထိုအရှင်ကို ဘုရားသခင်သည် သေခြင်းမှထ မြောက်စေတော်မူသည်ကို ငါတို့သည် သက်သေခံဖြစ်ကြ၏။
၁၆ ထိုသခင်ကိုယုံကြည်ခြင်းအားဖြင့် ထိုသခင်၏နာမ တော်သည် သင်တို့သိမြင်သော ဤသူအား အစွမ်းကိုပေးတော်မူပြီ။ ထိုသခင်ကြောင့်ရသောယုံကြည်ခြင်းသည် သင်တို့မျက်မှောက်တွင် ဤသူ၌ စေ့စုံခြင်းအခွင့်ကို ပေး၍ရှိလေပြီ။
၁၇ ယခုလည်း ညီအစ်ကိုတို့၊ သင်တို့မှစ၍ အစိုးရသောသူတို့သည် မသိဘဲလျက် ထိုသို့ပြုကြသည်ကို ငါသိ၏။
၁၈ ခရစ်တော်သည် အသေခံရမည်ဟု ပရောက်ဖက်အပေါင်းတို့သည် ဟောပြော၍၊ ဘုရားသခင်ဘော်ပြတော်မူနှင့်သော အမှုကိုထိုသို့အားဖြင့် ပြီးစီးတော်မူပြီ။
၁၉ ထိုကြောင့် ထာဝရဘုရားထံတော်မှ ချမ်းဧသောအချိန်ကာလသည် ရောက်လာ၍၊
၂၀ သင်တို့အဘို့အလို့ငှါ ခန့်ထားတော်မူနှင့်သော ယေရှုခရစ်ကို စေလွှေတ်တော်မူမည်အကြောင်း၊ သင်တို့အပြစ်များကို ပြေစေခြင်းငှါ နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။
ဆာလံကျမ်း အခန်းကြီး ၄ (Ps 4:1-9);
၁ အကျွန်ုပ်ကို ဖြောင့်မတ်စေတော်မူသော ဘုရား အကျွန်ုပ်ခေါ်သောအခါ နားထောင်တော်မူပါ။ အကျွန်ုပ် သည် ဆင်းရဲစဉ်တွင် ကိုယ်တော်သည်ချမ်းသာပေးတော်မူပါပြီ၊၊ ယခုလည်း သနား၍ အကျွန်ုပ်၏ ပဌာနာစကားကို နားထောင်တော်မူပါ။
၂ အချင်းလူသားတို့ အဘယ်မျှကာလပတ်လုံး ငါ၏ ဘုန်းကိုရှုတ်ချကြမည်နည်း။ အဘယ်မျှကာလပတ်လုံး အနတ္တကို နှစ်သက်၍ မုသာကို လိုက်ရှာကြမည်နည်း၊၊
၃ ထာဝရဘုရားသည် မိမိသန့်ရှင်းသူကို ရွေးထားတော်မူသည် ကို သိမှတ်ကြလော့၊၊ ငါခေါ်၍ လျှောက်သောအခါ ထာဝရဘုရားသည် နားထောင်တော်မူလိမ့်မည်၊၊
၎ ကြောက်ရွံ့တုန် လှုပ်၍ ဒုစရိုက်အပြစ်ကို ရှောင်ကြလော့။ အိပ်ရာပေါ်မှာ စိတ်နှလုံးနှင့် ဆွေးနွေးစဉ်းစား၍ တိတ်ဆိတ်ခြင်း ရှိကြလော့။
၅ တရားသဖြင့် ယဇ်ပူဇော်၍ ထာဝရဘုရားကို ကိုးစားကြလော့။
၆ ကောင်းမွန် သောအရာကို ငါတို့အားဘယ်သူ ပြမည်နည်းဟု မေးတတ်သော သူအများရှိပါသည်ဖြစ်၍ အိုထာဝရဘုရား မျက်နှာတော်အလင်းကို အကျွန်ုပ်တို့ အပေါ် မှာ ပေါ်ထွန်းစေတော်မူပါ။
၇ သူတို့၌ ဆန်စပါး စပျစ်ရည်ပေါများ၍ သူတို့ဝမ်း မြောက်ခြင်းရှိသည်ထက် အကျွန်ုပ်ကိုသာ၍ ဝမ်းမြောက်စေတော်မူ၏။
၈ ငြိမ်ဝပ်စွာ အိပ်၍ ပျော်ပါမည်။ အကြောင်းမူကား အကျွန်ုပ်သည် လုံခြုံစွာ နေရသောအခွင့်ကို ကိုယ်တော်အရှင် ထာဝရဘုရား သာလျှင် အခွင့်ပေးတော်မူ၏။
ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၂ (1 John 2:1-5);
၁ ချစ်သားတို့၊ သင်တို့သည် ဒုစရိုက်ကိုမပြုစေခြင်းငှါ ဤအရာများကို သင်တို့အား ငါရေး၍ပေး လိုက်၏။ တစုံတယောက်သောသူသည် ဒုစရိုက်ကိုပြုမိလျှင်၊ ဖြောင့်မတ်တော်မူသောအရှင် ယေရှုခရစ်တည်း ဟူသော ငါတို့ အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ ရှိတော်မူ၏။
၂ ထိုသခင်သည် ငါတို့၏အပြစ်မက၊ လောကီသား အပေါင်းတို့၏ အပြစ်ဖြေစရာ အကြောင်းဖြစ်တော်မူ၏။
၃ ထိုသခင်ကို ကိုယ်တိုင်သိကျွမ်း သည်ကို အဘယ်သို့ သိရသနည်း ဟူမူကား၊ ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း။
၎ ထိုသခင်ကိုငါသိ၏ဟု ပညတ်တော်တို့ကို မစောင့်ဘဲလျက် ဆိုသောသူသည် မုသာကိုသုံးသောသူဖြစ်၍ ထိုသူ၌ သစ္စာမရှိ။
၅ ထိုသခင်၏စကားတော်ကို နားထောင်သောသူမည်သည်ကား၊ ဘုရားသခင်ကို ချစ်ခြင်းမေတ္တာနှင့် အမှန်ပြည့်စုံ၏။ ငါတို့သည် ထိုသခင်ရှိ ကြောင်းကို ထိုသို့အားဖြင့် သိရကြ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၄ (Luke 24:35-48);
၃၅ ထိုတပည့် တော် နှစ်ယောက် တို့သည် လမ်း၌ဖြစ်သောအကြောင်းအရာကို၎င်း၊ မုန့်ကိုဖဲ့စဉ်တွင် ထင်ရှားတော်မူသော အကြောင်းကို၎င်း၊ ပြန်ကြားကြ၏။
၃၆ ထိုသို့ အချင်းချင်းပြောဆိုသောအခါ၊ ယေရှုသည် သူတို့အလယ်၌ ရပ်တော်မူလျက်၊ သင်တို့အား ငြိမ်သက်ခြင်းဖြစ်စေသတည်းဟု မိန့်တော်မူ၏၊
၃၇ တပည့်တော်တို့သည် တစ္ဆေကိုမြင်သည်ဟု စိတ်ထင်နှင့် ထိတ်လန့် ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။
၃၈ ကိုယ်တော်ကလည်း၊ အဘယ်ကြောင့် တုန်လှုပ်ခြင်းရှိကြ သနည်း။ အဘယ် ကြောင့်အထူးထူး အထွေထွေသော စိတ်ရှိကြသနည်း။
၃၉ ငါ့လက်ကို ကြည့်ကြလော့။ ငါ့ခြေကိုလည်းကြည့်ကြလော့။ ငါ့ကိုယ်ပင်ဖြစ်၏။ ငါ့ကိုကြည့်ရှုစမ်းသပ်ကြလော့။ ငါသည် သင်တို့မြင်သည် အတိုင်း အရိုးအသားနှင့်ပြည့်စုံ၏။ တစ္ဆေမည်သည်ကား ဤကဲ့သိုမပြည့်စုံဟု မိန့်တော်မူလျှက်၊
၄၀ လက်တော်ခြေတော်တို့ကို တပည့်တော်တို့အား ပြတော်မူ၏။
၄၁ ထိုသူတို့သည် အံ့သြ၍ ဝမ်းမြောက်သော အားဖြင် မယုံနိုင်ဘဲ နေသေးသောအခါ၊ သင်တို့၌ စားစရာ တစုံတခုရှိသလောဟု မေးတော်မူလျှင်၊
၄၂ ငါးကင်တပိုင်းနှင့် ပျားလပို့ကို ကပ်ပေးကြ၏။
၄၃ ကိုယ်တော်သည် ယူ၍ သူတို့ရှေ့မှာ စားတော်မူ၏။
၄၄ တဖန် မိန့်တော်မူသည်ကား၊ မောရှေ၏ပညတ္တိကျမ်းစာ၌၎င်း၊ ပရောဖက်တို့၏ကျမ်းစာ၌၎င်း၊ ဆာလံ ကျမ်းစာ၌၎င်း၊ ငါ့ကိုရည်မှတ်၍ ရေးထားသမျှသော အချက်တို့သည် ပြည့်စုံရမည်ဟု ငါသည် သင်တို့နှင့်အတူ ရှိစဉ်အခါ သင်တို့အား ဟောပြောသောအကြောင်းအရာတို့ကား ဤအကြောင်းအရာ ပေတည်းဟု မိန့်တော်မူ၏။
၄၅ ထိုအခါ ကျမ်းစာကို နားလည်စေခြင်းငှါ တပည့်တော်တို့၏ ဥာဏ်ကို ဖွင့်တော်မူလျှင်၊
၄၆ ဤသို့ကျမ်းစာလာ၏။ ဤသို့ခရစ်တော်သည် အသေခံ၍ သုံးရက်မြောက်သောနေ့၌ သေခြင်းမှထမြောက်ရမည်။
၄၇ ခရစ်တော်၏ အခွင့်အားဖြင့် နောင်တတရားနှင့် အပြစ်လွှတ်ခြင်းတရားကို ယေရုရှလင်မြို့မှစသော လူမျိုးတကာတို့အား ဟောပြောရမည်။
၄၈ သင်တို့သည်လည်း ဤအကြောင်း အရာတို့၏ သက်သေဖြစ်ကြ၏။