Mon the 9th: Acts 4:23-31; Ps 2:1-9; Col 3:1; John 3:1-8
တမန်တော်ဝတ္ထု အခန်းကြီး ၄ (Acts 4:23-31);
၂၃ တမန်တော်တို့သည် လွှတ်သောအခါ မိမိတို့အပေါင်းအသင်းရှိရာသို့သွား၍၊ မိမိတို့အား ယဇ်ပုရော ဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့ပြောဆိုသမျှကို ပြန်ကြားကြ၏။
၂၄ ထိုသူများတို့သည် ကြားလျှင်၊ တညီတညွတ်တည်း ဘုရားသခင်ထံသို့ အသံကိုလွှင့်လျက်၊ အစိုးရတော်မူသောအရှင်၊ ကိုယ်တော်သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍ ထိုအရပ်တို့၌ ရှိသမျှတို့ကို ဖန်ဆင်းတော်မူသောဘုရားသခင် ဖြစ်တော်မူ၏။
၂၅ ကိုယ်တော်ကလည်း၊ လူမျိုးတို့သည် အဘယ်ကြောင့် ရုန်းရင်းခတ်ပြုကြသနည်း။ လူစုတို့သည် အဘယ်ကြောင့် အချည်းနှီးကြံစည်ကြသနည်း။
၂၆ လောကီရှင်ဘုရင်တို့သည် ထကြ၍၊ မှူးမတ်အရာရှိတို့လည်း ထာဝရဘုရား နှင့် ခရစ်တော်ကိုရန်ဘက်ပြုလျက် စည်းဝေးကြ၏ဟု ကိုယ်တော်ကျွန်ဒါဝိဒ်၏နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူ သည်နှင့်အညီ၊
၂၇ ဟေရုဒ်မင်း၊ ပုန္တိပိလတ်မင်းမှစ၍ ဣသရေလအမျိုးသား၊ တပါးအမျိုးသားတို့သည်၊
၂၈ ကိုယ်တော်၏ အလိုရှိသည် အတိုင်း၊ ရှေးမဆွက လက်တော်ဖြင့် ခွဲခန့်မှတ်သားတော်မူနှင့်သမျှတို့ကို ပြုခြင်းငှါ ဘိသိက်ပေးတော်မူသော သားတော်မြတ်ယေရှုကို ဤမြို့၌ရန်ဘက်ပြု၍ စည်းဝေးကြပြီ၊ အမှန်ဖြစ်ပါ၏။
၂၉ အိုထာဝရဘုရား၊ ယခုအခါ ထိုသူတို့၏ ခြိမ်းချောက်ခြင်းကို မှတ်တော်မူပါ။
၃၀ အနာရောဂါငြိမ်းစေခြင်းငှါ လက်တော်ကိုဆန့်တော်မူ၍၊ သန့်ရှင်းသောသားတော် ယေရှု၏ နာမတော်အားဖြင့် နိမိတ်လက္ခဏာ၊ အံ့သြဘွယ်သောအမှုတို့ကို ဖြစ်တော်မူစဉ်တွင်၊ ကိုယ်တော်၏ ကျွန်တို့သည် နှုတ်ကပတ်တရားတော်ကို ရဲရင့်စွာ ဟောပြောပါမည်အကြောင်း ကယ်မသနားတော်မူပါဟု ဆုတောင်း ကြ၏။
၃၁ ထိုသို့ဆုတောင်းပဌနာပြုပြီးမှ၊ စုဝေးသောအရပ်သည် တုန်လှုပ်၍၊ ထိုသူအပေါင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်ပြည့်သဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ရဲရင့်စွာဟောပြောကြ၏။
ဆာလံကျမ်း အခန်းကြီး ၂ (Ps 2:1-9);
၁ လူမျိုးတို့သည် အဘယ်ကြောင့် ရုန်းရင်းခတ်ပြုကြသနည်း၊၊ လူစုတို့သည် အဘယ်ကြောင့် အချည်းနှီး ကြံစည်ကြသနည်း၊၊
၂ လောကီရှင်ဘုရင်တို့သည် ထကြ၍ မှူးမတ်အရာရှိတို့လည်း ထာဝရဘုရား နှင့် ခရစ်တော်ကို ရန်ဘက်ပြုလျက်
၃ သူတို့ချည်နှောင်ခြင်းကို ဖြေကြကုန်အံ့။ ချည်နှောင်သောကြိုးတို့ကို ပယ်ကြကုန်အံ့ဟု သင်းဖွဲ့ ကြ၏၊၊
၎ ကောင်းကင်ဘုံ၌ ထိုင်တော်မူသောသူသည် ပြုံးရယ်၍ ထာဝရဘုရားသည် သူတို့ကို ကဲ့ရဲ့တော်မူ၏၊၊
၅ ထိုအခါ အမျက်တော်ထွက်၍ သူတို့ကို မိန့်တော်မူမည်။ ပြင်းစွာသောအမျက်တော်နှင့် သူတို့ကို ပူပန်စေတော်မူမည်။
၆ ငါ၏ ရှင်ဘုရင်ကို သန့်ရှင်းသော ဇိအုန်တောင်တော်ပေါ်မှာ ငါကိုယ်တိုင် ဘိသိက်ပေးပြီဟု မိန့်တော်မူမည်၊၊
၇ ဗျာဒိတ်တော်အချက်ကို ငါပြန်ကြားပေအံ့၊၊ ထာဝရဘုရားက သင်သည် ငါ့သားဖြစ်၏၊၊ ယနေ့ပင် သင့်ကို ငါဖြစ်ဘွားစေပြီ၊၊
၈ င့ါကို တောင်းလော့၊၊ လူအမျိုးမျိုးတို့ကို သင်၏အမွေဥစ္စာဘို့ ငါပေးမည်၊၊ မြေကြီးစွန်းတိုင်အောင် ပိုင်ထိုက်သော အခွင့်ကိုလည်း ငါပေးမည်၊၊
၉ သင်သည် သူတို့ကို သံလှံတံနှင့် အုပ်စိုး၍ မြေအိုးကို ခွဲဖျက်သကဲ့သို့ ခွဲဖျက်လိမ့်မည် ဟု င့ါအား မိန့်တော်မူပြီ၊၊
ကောလောသဲသြဝါဒစာ အခန်းကြီး ၃ (Col 3:1);
၁ အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ သင်တို့သည်ခရစ်တော်နှင့် အတူထမြောက်ကြသည်မှန်လျှင်၊ ဘုရား သခင်၏ လက်ျာတော်ဘက်မှာ ခရစ်တော်သည် ထိုင်နေတော်မူရာ အရပ်၌ရှိသော အထက်အရာတို့ကို ရှာကြလော့။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၃ (John 3:1-8);
၁ ယုဒလူတို့တွင် အရာရှိဖြစ်သော နိကောဒင်အမည်ရှိသော ဖာရိရှဲတယောက်သည်၊
၂ ညဥ့်အခါ ယေရှုထံတော်သို့ လာ၍၊ အရှင်ဘုရား၊ ကိုယ်တော်သည် ပြတော်မူသော ဤနိမိတ်လက္ခဏာတို့ကို ဘုရားသခင်၏ အခွင့်မရှိလျှင် အဘယ်သူမျှ မပြနိုင်သည်ကို အကျွန်ုပ်တို့သည် ထောက်၍၊ ကိုယ်တော်သည် ဘုရားသခင့်အထံတော်မှ ကြွလာတော်မူသော ဆရာဖြစ်ကြောင်းကို သိကြပါ၏ဟု လျှောက်သော်၊
၃ ယေရှုက၊ ဒုတိယမွေးခြင်းကို မခံသောသူ မည်သည်ကား၊ ဘုရာသခင်၏နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန် ဆိုသည်ဟု ပြန်၍မိန့်တော်မူ၏။
၎ နိကောဒင် ကလည်း၊ အသက်ကြီးသောသူသည် မွေးခြင်းကို အဘယ် သို့ခံနိုင်ပါမည်နည်း။ အမိဝမ်းထဲသို့တဖန်ဝင်၍ မွေးခြင်းကို ခံနိုင်ပါမည်လောဟု လျှောက်၏။
၅ ယေရှုကလည်း၊ ရေနှင့်ဝိညာဉ်တော်မမွေးသောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်ရဟု ငါအမှန် အကန်ဆို၏။
၆ ဇာတိပကတိမွေးသောအရာသည် ဇာတိပကတိဖြစ်၏။ ဝိညာဉ်တော် မွေးသောအရာသည် ဝိညာဉ်ဖြစ်၏။
၇ ဒုတိယမွေးခြင်းကို ခံရမည်ဟု ငါဟောပြောသည်ကို အံ့သြခြင်းမရှိနှင့်။
၈ လေသည် အလိုရှိတိုင်းသွားလာ၏။ လေ၏အသံကိုသင်သည် ကြားရသော်လည်း အဘယ်အရပ်ကဖြစ်သည်၊ အဘယ်အရပ် သို့သွားသည်ကိုမသိနိုင်။ ထိုနည်းတူ ဝိညာဉ်တော်မွေးသောသူဖြစ်သည်ဟု မိန့်တော်မူ၏။