Thu the 5th: (Optional memorial of Vincent Ferrer, priest.)
Acts 3:11-26; Ps 8:1-9; Ps 118:24; Luke 24:35-48
တမန်တော်ဝတ္ထု အခန်းကြီး ၃ (Acts 3:11-26);
၁၁ ထိုသူသည် ပေတရုနှင့်ယောဟန်ကို အမှီပြုလျက်ရှိရာအရပ်၊ ရှောလမုန်ကနားပြင် အမည်ရှိသော ကနားပြင်သို့ပြေးဝင်ကြ၍ စုဝေးကြ၏။
၁၂ ပေတရုသည် မြင်လျှင်၊ ဣသရေလလူတို့အဘယ်ကြောင့် ဤအမှုကိုအံ့သြကြသနည်း။ ဤသူသည် လှမ်းသွားနိုင်သောအခွင့်ကို ငါတို့သည် ကိုယ်တန်ခိုး၊ ကိုယ်သီလအားဖြင့် ပေးဘိသကဲ့သို့ အဘယ်ကြောင့် ငါတို့ကို စေ့စေ့ကြည့်ရှုကြသနည်း။
၁၃ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ဘုရားသခင်၊ ငါတို့ဘိုးဘေးများ၏ ဘုရားသခင်သည် မိမိသားတော်၏ဘုန်းကို ထင်ရှားစေတော်မူပြီ။ ထိုသခင်ကို သင်တို့သည် ပိလတ်မင်း လက်သို့ အပ်နှံ၍၊ ထိုမင်းသည် လွှတ်မည် အကြံရှိသော်လည်း သင်တို့သည် ထိုသခင်ကိုငြင်းပယ် ကြ၏။
၁၄ သန့်ရှင်းဖြောင့်မတ်တော်မူသောသခင်ကို ငြင်းပယ်၍၊ လူအသက်ကိုသတ်ခြင်းအပြစ်ရှိသော သူတယောက်ကို ရမည်အကြောင်း တောင်းပန်သဖြင့်၊
၁၅ အသက် ရှင်ခြင်းသို့ ပို့ဆောင်တော်မူသောအရှင်ကို ကွပ်မျက်ကြပြီတကား၊ ထိုအရှင်ကို ဘုရားသခင်သည် သေခြင်းမှထ မြောက်စေတော်မူသည်ကို ငါတို့သည် သက်သေခံဖြစ်ကြ၏။
၁၆ ထိုသခင်ကိုယုံကြည်ခြင်းအားဖြင့် ထိုသခင်၏နာမ တော်သည် သင်တို့သိမြင်သော ဤသူအား အစွမ်းကိုပေးတော်မူပြီ။ ထိုသခင်ကြောင့်ရသောယုံကြည်ခြင်းသည် သင်တို့မျက်မှောက်တွင် ဤသူ၌ စေ့စုံခြင်းအခွင့်ကို ပေး၍ရှိလေပြီ။
၁၇ ယခုလည်း ညီအစ်ကိုတို့၊ သင်တို့မှစ၍ အစိုးရသောသူတို့သည် မသိဘဲလျက် ထိုသို့ပြုကြသည်ကို ငါသိ၏။
၁၈ ခရစ်တော်သည် အသေခံရမည်ဟု ပရောက်ဖက်အပေါင်းတို့သည် ဟောပြော၍၊ ဘုရားသခင်ဘော်ပြတော်မူနှင့်သော အမှုကိုထိုသို့အားဖြင့် ပြီးစီးတော်မူပြီ။
၁၉ ထိုကြောင့် ထာဝရဘုရားထံတော်မှ ချမ်းဧသောအချိန်ကာလသည် ရောက်လာ၍၊
၂၀ သင်တို့အဘို့အလို့ငှါ ခန့်ထားတော်မူနှင့်သော ယေရှုခရစ်ကို စေလွှေတ်တော်မူမည်အကြောင်း၊ သင်တို့အပြစ်များကို ပြေစေခြင်းငှါ နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။
၂၁ ကမ္ဘာဦးမှစ၍ သန့်ရှင်းသောပရောဖက်ဆရာတို့နှုတ်ဖြင့် ဘုရားသခင် ဗျာဒိတ်ထားတော်မူသော ထိုကပ်ကာလ၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်တော်မူသော ကပ်ကာလ မရောက်မှီတိုင်အောင် ကောင်းကင်ဘုံသည် ထိုခရစ်တော်ကို ခံယူသိမ်းဆည်းရမည်။
၂၂ ငါတို့ဘိုးဘေးများတို့ အားလည်း မောရှေက၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည်၊ သင်တို့အမျိုးသားအချင်းတို့ထဲ၌ ငါနှင့်တူသော ပရောဖက်တပါးကို သင်တို့အဘို့ ပေါ်ထွန်းစေတော်မူမည်။ ထိုပရောဖက်ဟောပြောသမျှသော အရာတို့ကို သင်တို့သည် နားထောင်ရကြမည်။
၂၃ အကြင်သူသည် ထိုပရောဖက်၏စကားကို နားမထောင်ဘဲနေအံ့၊ ထိုသူ သည်မိမိအမျိုးထဲက ပယ်ခြင်းကိုခံရမည်ဟု ဟော၏။
၂၄ ပရောဖက်ရှမွေလမှစ၍ နောက်ဟောသောပရောက်ဖက် ရှိသမျှတို့သည် ဤသည်နေ့ရက်ကာလကို ဟောပြောပြညွှန်ကြပြီ။
၂၅ သင်တို့သည် ပရောဖက်အမျိုးအနွှယ် ဖြစ်ကြ၏။ ဘုရားသခင်သည် အာဗြဟံကို သင်၏အမျိုးအနွှယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ဗျာဒိတ်ထားတော်မူ၍၊ ငါတို့ဘိုးဘေးများတို့အား ပေးတော်မူသော ပဋိညာဉ် တရားတော်နှင့်သင်တို့သည် ဆိုင်ကြ၏။
၂၆ သင်တို့တွင် မိမိဒုစရိုက်တို့ကို ကြဉ်ရှောင်ဖယ်ရှားသောသူ ရှိသမျှ တို့အား ကောင်းကြီးမင်္ဂလာကို ပေးစေခြင်းငှါ ဘုရားသခင်သည် မိမိသားတော်ယေရှုကို ထမြောက်စေတော် မူပြီးလျှင်၊ သင်တို့ရှိရာသို့ ရှေးဦးစွာစေလွှတ်တော်မူသည်ဟု လူများတို့အား ပေတရုဟောပြော၏။
တမန်တော်ဝတ္ထု အခန်းကြီး ၈ (Ps 8:1-9);
၁ ထိုအခါ ယေရုရှလင်မြို့၌ရှိသော အသင်းတော်သည် ပြင်းစွာသောညှဉ်းဆဲခြင်းကို ခံရသဖြင့် တမန် တော်တို့မှတပါး သင်းဝင်သူအပေါင်းတို့သည် ယုဒပြည်၊ ရှမာရိပြည် အရပ်ရပ်တို့၌ အနှံ့အပြားကွဲပြားကြ၏။
၂ တရားကိုရိုသေသောသူတို့သည် သတေဖန်ကိုသင်္ဂြိုဟ်၍ပြင်းစွာသော ငိုကြွေးမြည်တမ်းခြင်းကိုပြုကြ၏။
၃ ရှောလုသည် အသင်းတော်ကိုဖျက်ဆီးလေ၏။ အိမ်များသို့ဝင်ပြီးလျှင် ယောက်ျားမိန်းမတို့ကို ဆွဲငင်၍ထောင် ထဲ၌လှောင်ထား တတ်၏။
၎ ထိုကြောင့် အရပ်ရပ်သို့ကွဲပြားသောသူတို့သည် လှည့်လည်၍ နှုတ်ကပတ်တော် တည်းဟူသော ဧဝံဂေလိတရားကို ဟောပြောကြ၏။
၅ ဖိလိပ္ပုသည်လည်း၊ ရှမာရိမြို့သို့သွား၍ ခရစ်တော်၏ အကြောင်းကိုဟောလေ၏။
၆ လူအစုအဝေးတို့ သည်ကြား၍ ဖိလိပ္ပုပြုသော နိမိတ်လက္ခဏာတို့ကိုမြင်သောအခါ၊ သူ၏စကားကို တညီတညွတ်တည်း နားထောင် ကြ၏။
၇ အကြောင်းမူကား၊ နတ်ဆိုးစွဲသောသူများတို့၏အထဲမှ နတ်ဆိုးတို့သည် ပြင်းစွာသောအသံနှင့် အောဟစ်လျက် ထွက်သွားကြ၏။ ကိုယ်မလှုပ်နိုင်သောသူ၊ ခြေမစွမ်းသောသူအများတို့သည်လည်း ပကတိ အဖြစ်သို့ရောက်ကြ၏။
၈ ထိုမြို့သူမြို့သားတို့သည် အလွန်ဝမ်းမြောက်ခြင်းရှိကြ၏။
၉ ရှိမုန်အမည်ရှိသာသူတယောက်သည်၊ ထိုမြို့၌ နတ်ဝိဇ္ဇာအတတ်နှင့်ပြုပြင်၍၊ ငါသည် ထူးဆန်းသော သူဖြစ်သည်ဟုဆိုလျက်၊ ရှမာရိအမျိုးသားတို့ကို မိန်းမောတွေဝေစေခြင်းငှါပြု၏။
ဆာလံကျမ်း အခန်းကြီး ၁၁၈ (Ps 118:24);
၂၄ ဤနေ့ရက်သည် ထာဝရဘုရားစီရင်တော်မူသော နေ့ရက်ဖြစ်၍ ယနေ့ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့၊၊
ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၄ (Luke 24:35-48);
၃၅ ထိုတပည့် တော် နှစ်ယောက် တို့သည် လမ်း၌ဖြစ်သောအကြောင်းအရာကို၎င်း၊ မုန့်ကိုဖဲ့စဉ်တွင် ထင်ရှားတော်မူသော အကြောင်းကို၎င်း၊ ပြန်ကြားကြ၏။
၃၆ ထိုသို့ အချင်းချင်းပြောဆိုသောအခါ၊ ယေရှုသည် သူတို့အလယ်၌ ရပ်တော်မူလျက်၊ သင်တို့အား ငြိမ်သက်ခြင်းဖြစ်စေသတည်းဟု မိန့်တော်မူ၏၊
၃၇ တပည့်တော်တို့သည် တစ္ဆေကိုမြင်သည်ဟု စိတ်ထင်နှင့် ထိတ်လန့် ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။
၃၈ ကိုယ်တော်ကလည်း၊ အဘယ်ကြောင့် တုန်လှုပ်ခြင်းရှိကြ သနည်း။ အဘယ် ကြောင့်အထူးထူး အထွေထွေသော စိတ်ရှိကြသနည်း။
၃၉ ငါ့လက်ကို ကြည့်ကြလော့။ ငါ့ခြေကိုလည်းကြည့်ကြလော့။ ငါ့ကိုယ်ပင်ဖြစ်၏။ ငါ့ကိုကြည့်ရှုစမ်းသပ်ကြလော့။ ငါသည် သင်တို့မြင်သည် အတိုင်း အရိုးအသားနှင့်ပြည့်စုံ၏။ တစ္ဆေမည်သည်ကား ဤကဲ့သိုမပြည့်စုံဟု မိန့်တော်မူလျှက်၊
၄၀ လက်တော်ခြေတော်တို့ကို တပည့်တော်တို့အား ပြတော်မူ၏။
၄၁ ထိုသူတို့သည် အံ့သြ၍ ဝမ်းမြောက်သော အားဖြင် မယုံနိုင်ဘဲ နေသေးသောအခါ၊ သင်တို့၌ စားစရာ တစုံတခုရှိသလောဟု မေးတော်မူလျှင်၊
၄၂ ငါးကင်တပိုင်းနှင့် ပျားလပို့ကို ကပ်ပေးကြ၏။
၄၃ ကိုယ်တော်သည် ယူ၍ သူတို့ရှေ့မှာ စားတော်မူ၏။
၄၄ တဖန် မိန့်တော်မူသည်ကား၊ မောရှေ၏ပညတ္တိကျမ်းစာ၌၎င်း၊ ပရောဖက်တို့၏ကျမ်းစာ၌၎င်း၊ ဆာလံ ကျမ်းစာ၌၎င်း၊ ငါ့ကိုရည်မှတ်၍ ရေးထားသမျှသော အချက်တို့သည် ပြည့်စုံရမည်ဟု ငါသည် သင်တို့နှင့်အတူ ရှိစဉ်အခါ သင်တို့အား ဟောပြောသောအကြောင်းအရာတို့ကား ဤအကြောင်းအရာ ပေတည်းဟု မိန့်တော်မူ၏။
၄၅ ထိုအခါ ကျမ်းစာကို နားလည်စေခြင်းငှါ တပည့်တော်တို့၏ ဥာဏ်ကို ဖွင့်တော်မူလျှင်၊
၄၆ ဤသို့ကျမ်းစာလာ၏။ ဤသို့ခရစ်တော်သည် အသေခံ၍ သုံးရက်မြောက်သောနေ့၌ သေခြင်းမှထမြောက်ရမည်။
၄၇ ခရစ်တော်၏ အခွင့်အားဖြင့် နောင်တတရားနှင့် အပြစ်လွှတ်ခြင်းတရားကို ယေရုရှလင်မြို့မှစသော လူမျိုးတကာတို့အား ဟောပြောရမည်။
၄၈ သင်တို့သည်လည်း ဤအကြောင်း အရာတို့၏ သက်သေဖြစ်ကြ၏။